Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joyce Guy
The Santa Clause (1994)
Walt Disney ကရိုက်ကူးတဲ့ The Santa(1994) ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ခရစ္စမတ်ရောက်ဖို့ကလည်းလိုသေးတာမလို့ ဒီဇာတ်ကားလေးကိုကြည့်ရင်း ခရစ္စမတ်အငွေ့အသက်လေးတွေကိုကြိုပြီးခံစားနိုင်မှာပါဇာတ်လမ်းလေးကတော့...... စကော့ကယ်လ်ဗင်နဲ့လော်ရာတို့မှာ ချာလီဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် ဒါပေမဲ့ သူတို့ဟာကွာရှင်းထားကြပြီး လော်ရာက နေးလ်ဆိုတဲ့သူနဲ့ နောက်အိမ်ထောင်ပြုထားပါတယ် ချာလီကိုတော့မိခင်ဖြစ်သူလော်ရာကပဲခေါ်ယူထားပါတယ် တစ်ရက် ခရစ္စမတ်အကြိုညမှာ လော်ရာဟာ သူ့ရဲ့လက်ရှိခင်ပွန်းဖြစ်သူနေးလ်ရဲ့မိဘတွေနဲ့ညစာသွားစားဖို့ရှိတာကြောင့် ချာလီလေးကို စကော့ဆီလာပို့ထားပါတယ်ကလေးသေချာမထိန်းတတ်တဲ့ စကော့ဟာ ချာလီကိုခရစ္စမတ်နဲ့ဆန်တာအကြောင်းပုံပြင်ဖတ်ပြပြီး ချော့သိပ်ပါတယ် အဲ့ညမှာပဲ ဆန်တာကလော့ကြီးဟာ အရုပ်လာပို့ရင်း သူတို့အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျလာပါတယ် အဲ့ပြုတ်ကျလာတဲ့ဆန်တာကလော့ကြီးရဲ့ဝတ်စုံကို စကော့တစ်ယောက်ဘုမသိဘမသိဝတ်ကြည့်မိရာကနေ ဆန်တာရဲ့တာဝန်တွေကိုယူရမလိုဖြစ်လာတဲ့အခါ...... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Santa Clause (1994)
6.1
Nobel Son (2007)
ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie
Nobel Son (2007)
7.6
Moneyball(2011)
Moneyball(2011) IMDb....7.6,,,,Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ်သူရတဲ့လစာဟာတခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမယ့် သူဟာ အသင်းကိုအကောင်းဆုံးတည်ဆောက်ဖို့ ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီးလမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့့်အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့အခက်အခဲတွေ အားကစားသမားတွေရဲ့ခံယူချက်တွေကို တွေ့ရမှာဖြစ်သလို အားကစားလောကရဲ့ အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်းအတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin Wright, Jonah Hill တို့ကိုတော့အတော်များများသိကြမယ်ထင်ပါတယ်.. .IMDbနဲ့ Rottenကလည်း အလန်းကြီးဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Tinnilar Lwin ...
movie
Moneyball(2011)
2011