Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joshua Leonard
Madhouse (2004)
ဒီဇာတ်ကားကတော့ စိတ္တဇဆေးရုံမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ကလော့ဒ်စတီဗင်စ်ဆိုတဲ့ အလုပ်သင်တစ်ယောက်က စိတ္တဇဆေးရုံမှာတာဝန်ကျခဲ့ပါတယ် သို့ပေမဲ့အဲ့နေရာက အထောက်ပံ့တွေ အဆောက်ဦးတွေက သိပ်အဆင်မပြေခဲ့ပါဘူး အဲ့ဒါကြောင့် သူကအဲ့ဆေးရုံကို ပိုကောင်းအောင်ပြုပြင်ချင်ပါတယ်ဒါမဲ့ဆေးရုံအုပ်က လက်မခံခဲ့ပါဘူး ပြီးတော့ ဆေးရုံအုပ်က အရမ်းထူးဆန်းနေတော့ စိတ်ထဲဘဝင်မကျဖြစ်လာခဲ့ပါတယ် ထို့အပြင်မှာဆေးရုံကလူနာတွေကလည်း တိုးတက်လာတာရှိမနေခဲ့ပါဘူး သူနာပြုဟန်းဒရစ်ဆိုသူကလည်း လူနာတွေကို ဂရုစိုက်သလိုနဲ့နှိပ်စက်တတ်ပါသေးတယ် အဲ့ဒါကြောင့်စတီဗင်စ်ရဲ့ ဆေးရုံအပေါ်သံသယတွေက ကြီးထွားလာခဲ့ပါတယ်သူစုံစမ်းရင်းကနေ မထင်မှတ်တာတွေသိလာခဲ့တော့ အဲ့ဒါဘာအကြောင်းတွေလည်း ပြီးတော့ဇာတ်လမ်းကအရမ်းထင်မှတ်မထားသလိုဖြစ်လာခဲ့တာကြောင့် ကြည့်ရှူသူတွေအတွက်ဟာခနဲဟင်ခနဲ ဖြစ်သွားစေမဲ့ဇာတ်ကားမျိုးပါ ရင်ခုန်စိတ်လှုပ်ရှားစရာဟော်ရာဆိုတာမျိုးထက် တစိမ့်စိမ့်နဲ့စိတ်ဝင်စားစရာကောင်းအောင်ဇာတ်အိမ်တည်ထားတာကြောင့် လက်လွတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်File size…(1.6 GB)/(792 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe
movie
Madhouse (2004)
6.6
Wildlike (2014)
သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Fallout video game ရဲ့live action series ထဲက မင်းသမီး Ella Purnellပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီကားထဲမှာတော့ Ella Purnell ဟာ 14နှစ်အရွယ်ဆယ်ကျော်သက်မလေး Mckenzie နေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ထဲက မက်ကန်ဇီဟာ 13နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူကိုဆုံးရှုံးခဲ့ရပြီး အမေဖြစ်သူကလည်း ဆေးကုသမှု ခံယူနေတာကြောင့် ဦးလေးနဲ့အတူနေထိုင်ဖို့အတွက် အလက်စကာကိုအပို့ခံလိုက်ရပါတယ်။အဲဒီမှာ ဇာတ်လမ်းကို တစ်ဆစ်ချိုးသွားစေတာက ဦးလေးဖြစ်သူဟာ မြီးကောင်ပေါက်အရွယ် မက်ကန်ဇီကို ၅၂၈မေတ္တာမျိုးနဲ့မစောင့်ရှောက်ပေးဘဲ လူ့တိရစ္ဆာန် တဏှာမျက်လုံးနဲ့ကြည့်ပြီး မက်ကန်ဇီအိပ်နေချိန်မှာ sexual harassment တွေတစ်စတစ်စလုပ်လာပါတော့တယ်။ အသက်ကလည်းငယ်၊အားကိုးစရာရယ်လို့လည်းမရှိတဲ့ မက်ကန်ဇီခမျာ ကြံရာမရဘဲအခွင့်အရေးရတုန်း ဦးလေးဆီကနေ ထွက်ပြေးပါတော့တယ်။ဒီလို ထွက်ပြေးရင်းနဲ့ ရီနေး ဘာ့ဒ်လက် ဆိုတဲ့လူတစ်ယောက်နဲ့မတာ်တဆ ဆုံမိသွားတဲ့အခါ.......ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.53GB / 713MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Adventure , Drama ...
movie
Wildlike (2014)
The Town that Dreaded Sundown (2014)
ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ...
movie
The Town that Dreaded Sundown (2014)
6.7
If I Stay (2014)
If I Stay (2014) IMDb-6.7/10အထက်တန်းကျောင်းပြီးသွားလို့ ကောလိပ်ရွေးချယ်ရတော့မဲ့ဆယ်လိုပညာရှင် ဆယ်ကျော်သက်မလေး မီယာဟော တစ်ယောက်သူ့ရဲ့ အချစ်ဆုံးကောင်လေးဖြစ်သူအဒမ်နဲ့ အတူဆက်ရှိနေမလား၊ ဒါမှမဟုတ်သူ့အိပ်မက်ဖြစ်တဲ့ ဂီတလမ်းကြောင်းကို ရွေးချယ်ဖို့ မွေးရပ်မြေနဲ့ မိုင်သုံးထောင်ကျော်ဝေးတဲ့နယူးယော့ခ်မြို့မှာ ကောလိပ်တက်ရမလားဆိုပြီးရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။တစ်ဖက်မှာလည်း ဂျူးလိယက်ကောလိပ်ဝင်ခွင့် ရ၊ မရစာကရောက်လာတော့မှာဖြစ်လို့ မီယာတစ်ယောက်ပိုလို့တောင် စိတ်တွေရှုပ်ထွေးနေခဲ့ပါပြီ။ ကောလိပ်ဝင်ခွင့်စာရောက်လာမဲ့နေ့မှာ ဆီးနှင်းတွေကျနေတာကြောင့်မီယာတို့မိသားစုလည်း မိတ်ဆွေတွေဆီအလည်သွားကြရင်းလမ်းချော်ပြီး ကားမှောက်သွားခဲ့ပါတယ်။မတော်တဆမှုကြောင့် မီယာရဲ့ ခန္ဓာကိုယ်က ကိုမာဝင်သွားခဲ့ပြီးသတိရှိမနေပေမဲ့ မသိစိတ်ဝိဉာဉ်ကတော့ ဝိဉာဉ်အနေနဲ့ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားပြီး လောကကြီးမှာ ဆက်ရှင်သန်မလား၊ ဒါမှမဟုတ်ဒီတိုင်းလက်လျော့ပြီး သေဆုံးလိုက်မလားဆိုတာကိုတော့မီယာတစ်ယောက်ရွေးချယ်ရပါတော့မယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး Kiss Ass (2010) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Chloë Grace Moretz ကဇာတ်လိုက်အနေနဲ့ သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ် ဒရာမာကားကောင်းလေးဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 829 mb / 684 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... ...
movie
If I Stay (2014)
2014
Shark Night (2011)
Shark Night 2011 ဇာတ်ကားကတော့ imdb rating 4.0 ကို ရရှိထားတဲ့ thriller အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၂ Chainsaw Award အတွက် တင်သွင်းခံရတဲ့ movie ဖြစ်တာကြောင့် horror movie စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ David R. Ellis က ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်က အနုပညာသရုပ်ဆောင်ပေါင်း ၂၀ ခန့်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်း သားတစ်စုက ပိတ်ရက်ကို အေးအေးဆေးဆေးဖြတ်သန်းဖို့ဆိုပြီး ရေကန်တွေရှိတဲ့ ကျောင်းရဲ့ အဝေးနေရာကို အပျော်ထွက်လာကြရင်း ငါးမန်း ၊ မိကျောင်း စီးရီးတွေရဲ့ ပုံစံအတိုင်း ငါးမန်းတွေရဲ့ ဒုက္ခပေးမှုကို ဘယ်လို ရင်ဆိုင်ကြရတာပါ။ ဇာတ်လမ်းကို တင်ဆက်ပုံမှာ သရုပ်ဆောင်အများအပြားဟာ တစ်ယောက်ချင်းစီက အံ့သြမင်သက်ရမှုတစ်ခုချင်းစီကို ဖန်တီးတဲ့ပုံစံဖြစ်လို့ ...
movie
Shark Night (2011)
5.6
Hatchet (2006)
Genre – Horror, Thriller, Comedy IMDB – 5.6/10 အမေရိကန် လူဝီဆီယားနာပြည်နယ်မှာ ချောက်ခြားဖွယ်ရာစိမ့်တောပုံပြင်လေး တစ်ပုဒ်ရှိပါတယ်။ဗစ်တာခရောင်လီဆိုတာ ရုပ်ဆိုးပန်းဆိုးနဲ့မွေးဖွားလာတဲ့ကလေးတစ်ယောက်ပါ။သားအဖနှစ်ယောက်တည်း လူသူကင်းဝေးတဲ့တောထဲနေကြတာပေါ့၊ အဲဒီလိုနဲ့ တစ်ညကြတော့ ဖခင်ဖြစ်သူဟာစိတ်ဖောက်သွားပြီး သားဖြစ်သူကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ဆိုပြီးရဲတင်းကြီးနဲ့ ခုတ်သတ်လိုက်ပါတယ်။အဲဒါကြောင့် ခုထိ စိမ့်တောထဲမှာ သူတို့အိမ်နားဖြတ်ရင် “ဖေဖေရေ” လို့ ငိုယိုပြီး ခေါ်နေသံ ကြားရတယ်လို့ ဆိုကြပါတယ်။ဘန်တစ်ယောက် ၈ နှစ်ကြာတွဲခဲ့တဲ့ ကောင်မလေးနဲ့ပြတ်ပြီး ဘော်ဒါတွေနဲ့ ခရီးထွက်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေ မရပဲလင်းတမှိုင်မှိုင်ပြီး ရည်းစားပူမိနေတာပေါ့။ ဒီလိုနဲ့ သူ့ ဘော်ဒါတွေနဲ့ မလိုက်ပဲ ကောလိပ်တုန်းကလူတွေအကြံပေးလိုက်တဲ့ စိမ့်တောထဲက သရဲခြောက်တဲ့လှေစီးခရီးစဉ် သွားဖို့ ကြံစည်ပါတော့တယ်။အဲဒီမှာ မနေနိုင်တဲ့ သူငယ်ချင်း မားကပ်စ်ကလည်း ပါလာခဲ့တာပေါ့။သူတို့ရဲ့ စိမ့်တောခရီးစဉ်မှာတော့ အသက်ကြီးကြီး စုံတွဲတစ်တွဲရယ်အပျော့စားအပြာကားရိုက်ဖို့ ကောင်မလေးနှစ်ယောက်နဲ့ဒါရိုက်တာလိုဘဲကြီးရယ် စကားနည်းပြီး ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ရယ်ခရီးစဉ်ခေါင်းဆောင် လူလိမ်လိုလိုကောင်ရယ် ဘန်တို့ရယ်စိမ့်တောထဲ ထွက်လာကြတဲ့အချိန်မှာတော့…..။Friday the 13th တို့ Texas ...
movie
Hatchet (2006)
2006
5
The Drop (2022)
သမီးရည်းစားလင်မယားတွေအနေနဲ့ လက်ထပ်ကြမယ် ဒါမှမဟုတ် လက်ထပ်ပြီးခဲ့ပြီရှိသော် နောက်ထပ်တက်လှမ်းရမယ့် အဆင့်တွေထဲက တစ်ခုကတော့ သားသမီးထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ခေါင်းစဉ် Drop ဆိုတဲ့အတိုင်း မန်နီနဲ့ လက်စီတို့ လင်မယားဟာ ကျွန်းပေါ်မှာ ကျင်းပမယ့် သုငယ်ချင်း မင်္ဂလာဆောင်ကို လာကြရင်း မယားဖြစ်သူ လက်စီက သူများကလေးကို ပွေ့ချီထားရင်း လွတ်ကျမိတာကနေ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။ ဇနီးဖြစ်သူရဲ့ ကလေးတစ်ယောက်ကို လက်လွတ်စပယ်လွတ်ကျမှုဟာ မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါရဲ့လားဆိုတာကနေ ဇာတ်လမ်းကို ဆွဲခေါ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီကားကို လင်မယားတွေ သမီးရည်းစားတွေအနေနဲ့ သင်ခန်းစာလည်းရ အပန်းလည်းပြေအောင် ကြည်သင့်တယ်လို့ အကြံပြုပါရစေFile Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:30:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie
The Drop (2022)
The Blair Witch Project (1999)
တောအကြောင်း ကြားဖူးနား၀ရှိသူတွေဆိုရင် တောကြီးမျက်မည်းထဲမှာ တောလည်တယ် တောခြောက်တယ် ဆိုတာမျိုး ကြားဖူးကြမှာပါ။ တောအလယ်ကြီးထဲ ဘယ်ကိုသွားသွား ဒီနေရာပဲ ပြန်ရောက်နေတာမျိုး၊ အသံဗလံတွေ ကြားရတာမျိုးပေါ့။The Blair Witch Project ဆိုတဲ့ ၁၉၉၉ ခုနှစ်ထွက် ဇာတ်ကားလေးမှာလည်း အဲဒီလိုမျိုးအကြောင်းအရာတွေကို အသားပေးရိုက်ကူးထားပါတယ်။ တောကြီးမျက်မည်းထဲမှာ မှတ်တမ်းရုပ်ရှင် သွားရိုက်ကူးကြတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပေါ့။ သူတို့သုံးယောက်ဟာ မှတ်တမ်းရုပ်ရှင်အတွက် Black Hills ဆိုတဲ့တောကြီးထဲကို သွားကြရင်း ပျောက်ဆုံးသွားခဲ့ပြီး သူတို့ကျန်ခဲ့တဲ့ footage ကို ပြန်ပြသတဲ့ပုံစံနဲ့ ဇာတ်လမ်းကိုရိုက်ကူးထားပါတယ်။ ဟယ်သာ၊ မိုက်ကယ်လ် နဲ့ ဂျော့ရှ်တို့ဟာ မှတ်တမ်းရုပ်ရှင်တစ်ပုဒ် ဖန်တီးဖို့ ကြိုးစားနေကြတဲ့ လူငယ်လေးတစ်စုပါ။ ဒီတစ်ခေါက် သူတို့ဖန်တီးဖို့ကြိုးစားတဲ့အကြောင်းအရာကတော့ The Blair Witch ( ဘလဲရ်စုန်းမ ) အကြောင်းပါ။ မြို့ခံလူတွေအကြားလည်း ဟိုးလေးတကျော်ကျော်ပေါ့။ ယုံတမ်းလိုလိုဖြစ်နေတဲ့ ဒီစုန်းမအကြောင်းကို သူတို့က မှတ်တမ်းရုပ်ရှင် ဖန်တီးဖို့ကြိုးစားရင်း Black ...
movie
The Blair Witch Project (1999)
5.2
Torn Hearts (2022)
Torn Hearts (2022)======================="Torn Hearts" ဆိုတာက တက်သစ်စ အမျိုးသမီး နှစ်ယောက်တွဲပြီး ဖွဲ့ထားတဲ့ တီးဝိုင်းအဖွဲ့ နာမည်ပါ။အရက်ဘားတွေမှာ အပျော်တမ်း တီးကြဆိုကြရင်း ဝမ်းစာရှာနေရတဲ့ အဆိုရှင် တစ်ယောက်နဲ့ တေးရေးတစ်ယောက်သာ ပါတဲ့ ဒီအဖွဲ့က ကောင်မလေးနှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အခွေထုတ်နိုင်ဖို့ ဂွင်ကောင်းကောင်းတစ်ခုကို လိုက်ရှာကြရင်းနဲ့ နာမည်ကျော်အဆိုတော်ဟောင်း တစ်ယောက်ဆီ ရောက်သွားကြပါတယ်။ ဒီအဆိုတော်မှာ လူသိမခံဝံ့တဲ့ နောက်ကြောင်းရာဇဝင်တွေ ရှိနေသလို ကြေကွဲစရာ ဇာတ်လမ်းတွေလည်း ရှိထားပြန်ပါတယ်။ဒီအမျိုးသမီး ၃ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်လာမလဲ.....။ အချစ်၊ သံယောဇဥ် နဲ့ ကျော်ကြားမှုတို့ ယှဥ်လာကြတဲ့အခါ အဖုအထစ်တွေဖြစ်လာရင်း......ဘယ်လိုပြောင်းလဲသွားကြမလဲ....။အောင်မြင်မှုနောက်ကိုလိုက်ကြရင်း နောက်ဆုံး သင်ခန်းစာရဖွယ် ဖြစ်ရပ်ကိုသာ ကြုံခဲ့ရတာကို ပညာပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ တွေးစရာပေးတဲ့ ဇာတ်လမ်းလေးဖြစ်လို့ အချိန်ရရင် ကြည့်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။Genre.....Drama, Horror, Music Quality….1080p | 720p| 480p File size…1.1GB | ...
movie
Torn Hearts (2022)
2022
5.4
Bliss (2021)
Bliss (2021)==========ကိုယ့်အသွေးအသားခန္ဓာကိုယ်ကိုသုံးကုန်တစ်ခုလို အသုံးချခံနေရတဲ့ ပြည့်တန်ဆာမလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ကိုယ်ပိုင်ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့သူတို့နှစ်ယောက်ကြားမှာ သူတို့အတွက် ပျော်ရွှင်မှုဆိုတာဖြစ်လာနိုင်တာကိုသိလာရတဲ့နောက်.. ကိုယ်စီအဓိပ္ပါယ်နဲ့ပျော်ရွှင်မှုတွေနောက်ကိုရှာဖွေကြတဲ့သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက မိသားစုနဲ့အတူ မကြည့်သင့်တဲ့အခန်းတွေပါဝင်တာမလို့ သူငယ်ချင်း အပေါင်းအဖော်(၁၈)ယောက်အရင်စုပြီးမှကြည့်ရှုကြပါလို့ သတိပေးတင်ဆက်လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.51 GB) / (1.27 GB) / (619 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 2hr 16min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Sci-Fi Translator – Chit Tee Encoder – San Win Maung
movie
Bliss (2021)
2021
6.3
Four Good Days (2020)
Four Good Days (2020)==================IMDb Rating - 6.3/10လူတစ်ယောက်အတွက် အချိန် ၄ ရက်ဟာ ဘဝတစ်ခုကို ပြန်လည် ပြောင်းလဲနိုင်စွမ်းရှိနိုင်ပါ့မလားလို့တွေးကြည့်ဖူးလား၊ ဒီဇာတ်ကားလေးကတော့ ဆေးစွဲနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆေးသမားဘဝကို စွန့်လွှတ်တဲ့ တကယ့်ဖြစ်စဥ်ကိုအခြေခံပြီးရိုက်ပြထားတာပါ၊ သူ့ဘဝမှာ ဆေးမသုံးဘဲ ၄ ရက်တာ ဖြတ်သန်းရမယ်ဆိုတာ ခက်ခဲလွန်းပြီး အဲ့ ၄ရက်တာဟာ ကြီးမားကြာရှည်လွန်းတဲ့ ဒုက္ခရက်စွဲဆိုတွေပါပဲ၊ နောက်ပြီး သူမဆေးဖြတ်ရခြင်းအကြောင်းရင်းကလည်း သူမရဲ့ မိခင်က ဆေးမပြတ်ရင် ပြန်လည်ပြီး အတူနေခွင့်မပေးတာကြောင့် သူမက ဒီအလုပ်ကိုလုပ်ကိုလုပ်ရမှာပါ၊ ဒီဇာတ်ကားဟာ တကယ့်လက်တွေ့ဖြစ်ရပ်မှန်ကိုအခြေခံရေးသား ရိုက်ကူးထားပြီး Winning Washington Post Writer - Pulitzer Prize ရရှိထားတဲ့ Drama ကားကောင်းတစ်ကားပါ IMDb Rating 6.3/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို SWM မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 40minSubtitle ...
movie
Four Good Days (2020)
2021
5.3
Bliss (2021)
Bliss (2021) ******************(IMDb 5.3)ဇတ်လမ်းအညွှန်းBliss ဇာတ်ကားလေးက ၂၀၂၁ မှာထွက်ရှိထားတဲ့ ကားသစ်လေး ဖြစ်ပါတယ် IMDbမှာ rating 5.3 ရရှိထားပြီး နာမည်ကြီးမင်းသား Owen Wilson ပါဝင်ထားတဲ့ အချစ် Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်Bliss ဇာတ်လမ်း ကတော့ ကွာရှင်းထားခံရပြီး ဂရတ်ဟာ သူတစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကို အတွေးထဲမှာ အမြဲပေါ်နေတတ်ပြီး ရင်းနှီးနေသလို ခံစားနေရတယ်..လုပ်သမျှ အဆင်မပြေဖြစ်ကာ အလုပ်ကနေအထုပ်ခံလိုက်ရတဲ့အချိန်မှာ လမ်းပေါ်မှာနေပြီး ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ဆုံမိခဲ့တယ်... သူမ နာမည်က အစ်စဘဲလ် အစ်စဲဘဲလ်နဲ့ တွေ့ဆုံရပြီး သူမသိရသေးတဲ့ အကြောင်းအရာတွေ သူနေထိုင်ရာ ကမ္ဘာကြီးရဲ့ လှို့ဝှက်ဆန်းကျယ်မှုတွေကို သိလိုက်ရတယ်ဒါပေမဲ့ အစ်စဲဘဲလ် ပြောပြတာကကော တကယ်လား... လမ်းဘေးမှာနေတဲ့ အစ်စဲဘဲလ်ရဲ့ စကားတွေကြောင့် မရှိတာကို ရှိတယ်လို့ ထင်နေမိမလား... တကယ်သူတို့နေတဲ့ ကမ္ဘာကြီးကကော ဘယ်မှာရှိတာလဲ ... ဒီဇာတ်လမ်းထဲလေးက လောကကြီးမှာ တစ်ချိန်တည်းမှာ နောက်ကမ္ဘာကြီးကို ခံစားနိုင်တဲ့ ဖန်တီးသူ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို အခြေခံပြီး ...
movie
Bliss (2021)
2021
5.6
6 Years (2015)
6 Years (2015) IMDb 5.6 Rotten Tomato 69% “ ငါ့ အသက် ၂၆ နှစ်ပြည့်ရင် ငါသူနဲ့ လက်ထပ်မယ် သူ့အတွက် ဘေဘီလေးတွေ မွေးပေးမယ်” “ နင့်ကို တစ်ရက်မတွေ့ရဘဲ ငါ မနေနိုင်ဘူး” “ နင်နဲ့ဝေးပြီး ငါမနေနိုင်ပါဘူး” အဲဒီလောက်ထိ ချစ်ကြတဲ့ ချစ်သူ ၂ ယောက်ရှိပါတယ်။ ဒန် နဲ့ မယ်လ်နင် တဲ့။ တက္ကဆပ်မှာနေကြတယ်။ ကလေးဘဝတည်းက ခင်မင်လာပြီး ချစ်သူသက်တမ်း ၆ နှစ်တောင် ရှိနေပြီဖြစ်တဲ့ ငယ်ချစ်တွေ။ ဘယ်သွားသွား ဘယ်လာလာ အမြဲ တပူးပူးတတွဲတွဲပေါ့။ တစ်နေ့ကျရင် လက်ထပ်ကြမယ် သာယာတဲ့အိမ်ထောင်တစ်ခု ကို ထူထောင်ကြမယ် ဆိုတဲ့ အိပ်မက်တွေကိုယ်စီနဲ့ အသက် ၂၀ကျော် Love Bird လေးတွေရဲ့ ဘဝထဲကို တစ်နေ့တော့ ဘဝရဲ့ စိန်ခေါ်စမ်းသပ်ချက်တွေ ရောက်လာခဲ့ပါတယ်။ မယ်လ် တစ်ယောက် သူငယ်ချင်းတွေနဲ့ ပါတီသွားရင်း အမူးလွန်ပြီး ဒန့် ဆီကို သွားရာကနေ စ ...
movie
6 Years (2015)
2015
6.5
Unsane (2018)
ဒီတစ်ခါမှာတော့ IMDb 6.6 ရရှိထားတဲ့ Psychological Thriller ဇာတ်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဒါရိုက်တာကတော့ Steven Soderbergh ဖြစ်ပြီးတော့ Clarie Foy က ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ကတော့ နာမည်ကျော်ကြီး Matt Damon ဟာ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ========== Sawyer Valentini ဟာ ဘဏ်ဝန်ထမ်းတစ်ဦး၊ သူ့မှာနောက်ယောင်ခံလိုက်တဲ့သူရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာကြောင့် လုပ်လက်စအလုပ်တွေကိုပါပစ်တခြားမြို့ကိုပြောင်းပြီး အဲဒီစိတ်ရောဂါကို ပျောက်အောင်ကုဖို့ကြိုးစားတယ်။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဆေးကုသမှုခံယူမယ့်ဆေးရုံကအာမခံကြေးလိုချင်တာကြောင့် လာသမျှလူနာကို အရူးတံဆိပ်ကပ်ပြီး အာမခံကြေးရမှ ပြန်လွှတ်ပေးတဲ့ဆေးရုံဖြစ်နေတယ်။သူဟာ အဲဒီဆေးရုံမှာ အလိုမတူဘဲ ဘုမသိဘမသိနဲ့ စိတ်ရောဂါဝေဒနာရှင် အမည်ခံပြီးဆေးကုသမှုကိုတစ်ပတ်ခန့်ခံယူဖို့အကြောင်းဖန်လာတော့တယ်။ပိုဆိုးတာက အဲဒီဆေးရုံကဝန်ထမ်းတစ်ဦးက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့David Strine ဆိုတဲ့လူဖြစ်နေတဲ့အခါမှာတော့...။အကုသိုလ်အပြွှတ်လိုက်ဝင်နေတဲ့ မင်းသမီးတစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား မကျော်ဖြတ်နိုင်ဘူးလာဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ)File Size : (800 MB) and (360 MB) Quality : Blu-Ray 720p Running Time : ...
movie
Unsane (2018)
2018