Channel Myanmar

Josh Morris

Sniper 3 (2004) 5.5
Sniper 3 (2004)  အမေရိကန်မရိန်းတပ်ရဲ့ လက်အဖြောင့်ဆုံး စနိုက်ပါလူသတ်သမားမာစတာတပ်ကြပ်ကြီး Thomas Beckett ကို စစ်ဆင်ရေးတခုဆောင်ရွက်ဖို့ CIA က တာဝန်ပေးခဲ့ပါတယ်။သူ့ရဲ့မစ်ရှင်တာဝန်က ဟိုချီမင်းမြို့ရဲ့ အရက်စက်ဆုံးဒုစရိုက်မှောင်ခိုဂိုဏ်းချုပ်ကြီးကို ရှင်းပစ်ဖို့ပါ။ဒါပေမဲ့ အဲဒီ ဘိန်းမှောင်ခိုဆရာကြီးဟာ Beckett ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်နေတဲ့အပြင် သူနဲ့ အတူတူတာဝန်ထမ်းဆောင်ဖူးတဲ့ စစ်ပြန်ဟောင်းတဦးဖြစ်နေတဲ့အခါမှာတော့သစ္စာတရားနဲ့ သစ္စာဖောက်မှုကြားက မျဉ်းပါးပါးလေးကိုဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမှာလဲ၊ စီအိုင်အေက သူ့ကိုအသုံးချခဲ့တယ်ဆိုတာကို သိရှိသွားတဲ့အခါမှာ တကိုယ်တော်စွန့်စားမှုနဲ့အမှန်တရားကို ဘယ်လိုရှာဖွေသွားမလဲဆိုတာ အမိုက်စားစောင့်ကြည့်ရမယ့် အက်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…1.92GB / 966MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 30m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Sniper 3 (2004)

My Week with Marilyn (2011) 6.9
My Week with Marilyn (2011) My Week with Marilyn (2011)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ...
movie

My Week with Marilyn (2011)

2011
The Rescue (2021) 8.4
The Rescue (2021) The Rescue (2021) DocumentaryIMDb - 8.4/10ဆုပေါင်း ၉ ဆု ရရှိထားပြီးတော့ တစ်ကြိုစာရင်း ၁၀ ကြိမ် ဝင်ထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ မိတ်ဆက်ပေးပါရစေ။၂၀၁၈ လောက်က မြန်မာပြည်နယ်နဲ့ နီးစပ်နေတဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ် သမ်လန်ဂူထဲမှာ ပျောက်သွားတဲ့ ထိုင်းကလေး ၁၃ ယောက်အကြောင်းကို အားလုံးသိကြမှာပါ...ဒီကလေးတွေ ပျောက်ဆုံးမှုကို US, UK ထိုင်းရေတပ်အပြင် ကမ္ဘာအရပ်ရပ်က ကယ်ဆယ်ရေးတွေ၊ အဖွဲ့တွေနဲ့ လာရောက်ကယ်ဆယ်ခဲ့ကြပြီး အတော်လေး ဟိုးလေးတကျော်ဖြစ်သွားပြီး ကမ္ဘာ့အရေးတစ်ခုဖြစ်သွားခဲ့ပါသေးတယ်ဒါပေမယ့် ဒီကယ်ဆယ်ရေးကို အဓိကဦးဆောင်ခဲ့ပြီး ကလေး ၁၃ ယောက်ကိုကယ်ထုတ်ပေးခဲ့တဲ့ ဗြိတိန် လူမျိုး ကမ္ဘာ့အတော်ဆုံးရေငုပ်သမား ၂ ယောက်အကြောင်းကိုတော့ သိပ်သိကြမယ် မထင်ဘူး..NatGeo ကလွှင့်တဲ့ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ဒီကယ်ဆယ်ရေးကို သူတို့ နှစ်ယောက်ဘယ်လိုတွေ ခက်ခက်ခဲခဲဆောင်ရွက်ခဲ့တယ်ဆိုတာအပြင် မြန်မာပြည်က ပုဂ္ဂိုလ်ထူးအချို့ကိုလည်း တွေ့ရမှာပါ... တကယ်ဖြစ်ပျက်ခဲ့တာကို ရိုက်ကူးထားတဲ့အပြင် Rating 8.4 လောက်ရထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ကြည့်ရှုသင့်တာတော့ ...
movie

The Rescue (2021)

2021