Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Josh Hartnett
6.2
Trap (2024)
ဒါရိုက်တာ M. Night Shyamalan ရဲ့ နာမည်ကြီးနေတဲ့ ဟော်ရာကားသစ်ရပါပြီ။The Sixth Sense တို့ Split, Glass တို့ကို ဖန်တီးတဲ့သူပီပီ လှည့်ကွက်တွေနဲ့ကျောချမ်းစရာ ရုပ်ရှင်တွေကို ရိုက်တဲ့နေရာမှာတော့ သူ့အပိုင်ပါပဲ။ဒီရုပ်ရှင်ကတော့ စိတ္တဇလူသတ်သမားကို ရှိုးပွဲတစ်ခုမှာ မျိုးစုံပိတ်ဖမ်းဖို့ကြိုးစားကြတဲ့ကြားကနေ အလွတ်ရုန်းဖို့ ကြိုးစားတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ကူပါဟာ သူ့ရဲ့သမီး ရိုင်လီကို သူအရမ်းကြိုက်တဲ့အဆိုတော်လေဒီရေဗန်ရဲ့ ရှိုးပွဲကို လိုက်ပို့ပါတယ်။အဲဒီရှိုးပွဲထဲမှာ မတော်တဆ သိလိုက်ရတာကအက်ဖ်ဘီအိုင်က ၇ နှစ်ကြာ လိုက်ရှာနေတဲ့ ကွင်းဆက်လူသတ်သမားနာမည်ဝှက် သားသတ်သမားဆိုတဲ့လူဟာ ဒီပွဲမှာရှိမယ်လို့သတင်းရထားတာကြောင့် ရှိုးပွဲတစ်ခုလုံးကို ထောင်ချောက်အနေနဲ့ပိတ်ဆို့ပြီး မမိမိအောင်ဖမ်းဖို့ အစီအစဉ်ချထားတယ်ဆိုတာပါပဲ။အက်ဖ်ဘီအိုင်ဘက်ကလည်း လူသတ်သမားရဲ့အမူအကျင့်ကိုလေ့လာထားသလောက်နဲ့ကင်မရာမှတ်တမ်းတွေ အရ ဖြစ်နိုင်ချေရှိတဲ့ တရားခံပုံကြမ်းတွေ အသက်တွေပေါ်မူတည်ပြီး လူပေါင်းထောင်ချီကြားထဲမှာလိုက်ရှာရမှာမို့ ပဟေဠိကြီးပါပဲ။ ရှိုးပွဲတလျှောက်မှာ သားသတ်သမားနဲ့ အက်ဖ်ဘီအိုင်တွေဘယ်လို စိန်ပြေးလိုက်တမ်းကစားကြမလဲဆိုတာကိုလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။ File size… 11.27GB / 2.21 GB / 1.05GB Quality… WEB-DL 4K ...
movie
Trap (2024)
4K HEVC
Wicker Park (2004)
အချစ်ဆိုတာ အင်မတန် သိမ်မွေ့နက်နဲလွန်းတဲ့ အရာတစ်ခုပါ မြင်မြင်ချင်းချစ်မိတဲ့အချစ် အသံလေးကြားနေရုံနဲ့ချစ်မိတဲ့အချစ် အတူရှိနေတာကြာလာလို့ ချစ်မိတဲ့အချစ် အဓိပ္ပာယ်မဖွင့်ဆိုနိုင်လောက်အောင် သိပ်ကိုကြီးမားလွန်းတဲ့ခံစားချက်လေးတစ်ခုပါပဲ......ချစ်တာဟာ ချစ်ရုံသပ်သပ်တင်မဟုတ်ဘဲ မေတ္တာတွေ သစ္စာတွေ သံယောဇဉ်တွေနဲ့ပါ အထပ်ထပ်ရစ်နှောင်လာရာကနေ လိုတာထက်ပိုတဲ့ စွဲလန်းစိတ်ထိဖြစ်သွားရင်တော့ ကိုယ်တိုင်ရော ကိုယ်ချစ်နေတဲ့ အချစ်ခံရတဲ့သူအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးတွေလည်းဖြစ်တတ်ပါသေးတယ်.....သိမ်ကိုသိမ်မွေ့လွန်းသလို သိပ်ကိုလည်း အန္တရာယ်များလှတဲ့အချစ်ကိုမှ ရူးမတတ်စွဲလန်းခံစားမိသွားကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ကြ.....ရှိနေကြ.....ရှိလာကြဦးမှာပါပဲ......ဒီကားလေးထဲမှာတော့ အမှတ်မထင် ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘဝရဲ့ ရာသက်ပန်အချစ်အဖြစ် သတ်မှတ်မိရာကနေ ကောင်မလေးကို သူ့ဘဝထဲရောက်လာဖို့ တစိုက်မတ်မတ်ကြိုးစားအားထုတ်တဲ့ကားလေးတစ်ကားပါပဲ.....ဇွဲရှိရှိကြိုးစားအားထုတ်ရင်း ဘာတွေကြုံတွေ့ရမလဲ ခံစားချက်တွေဘယ်လိုရှိမလဲ အလယ်အလတ်ဆိုတာထက် လွန်ကဲတဲ့ဘက်ရောက်ရင်ဘာဖြစ်နိုင်မလဲ ဆိုတာတွေကို ကြည့်ရှုခံစားရမှာမို့ စီးမျောလိုက်ကြပါဦးလို့...... File size…(1.7 GB)/(865 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Mystery, Romance, Thriller , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Myat Paing
movie
Wicker Park (2004)
Die Hart the Movie(2023)
Die Hart the Movie(2023)***********************ဟာသမင်းသား ကယ်ဗင်ဟာ့ထ်ရဲ့ ဟာသအက်ရှင်ကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Game of Thrones ရဲ့ နာမည်ကြီးမင်းသမီး Nathalie Joanne Emmanuel ပါပဲ။ဇာတ်လမ်းကတော့ နည်းနည်းဆန်းပါတယ်။ကယ်ဗင်ဟာ့က ကယ်ဗင်ဟာ့အနေနဲ့ပဲ သရုပ်ဆောင်ထားတာပါ။ကယ်ဗင်ဟာ ဒဝိန်းသရော့ဂျွန်ဆန်နဲ့အတူ အက်ရှင်ဟီးရိုးရဲ့ တွဲဘက်ဟာသကောင်အနေနဲ့ဇာတ်ကားတွေအများကြီး သရုပ်ဆောင်ရင်း လက်ရှိအခြေအနေကို စိတ်ပျက်လာပါပြီ။သူက အက်ရှင်ကားမှာ ဟာသကောင်အနေနဲ့မဟုတ်ဘဲ အတည်အက်ရှင်ဟီးရိုးအနေနဲ့ ရိုက်ချင်တာပါ။ဒါပေမဲ့ သူ့ကိုဘယ်သူမှ အတည်မမှတ်ကြပါဘူး။ အဲဒီမှာပဲ အက်ရှင်ကားတွေရဲ့ နာမည်ကြီးဒါရိုက်တာကလောက်ဗန်ဒဗဲဒီက သူ့ကို အက်ရှင်ကားတစ်ကားမှာမင်းသားလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒါပေမဲ့ မင်းသားလုပ်ဖို့ဆိုရင် အက်ရှင်သင်တန်းတစ်ခုကို အောင်မြင်အောင်တက်ရမယ်လို့ ပြောပါတယ်။ အဲဒီကျောင်းကနေပဲ စတားလုံး၊ ဂျေဆန်စတေသန်၊ ဂျက်ကီချန်း၊ဂဲဂဒေါ့တို့လိုလူတွေကို မွေးထုတ်ပေးလိုက်တာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။အဲဒီ လျို့ဝှက်အက်ရှင်ကျောင်းကို ရောက်သွားချိန်မှာတော့ ဘယ်လိုတွေ တလွဲတွေဖြစ်မလဲဆိုတာကို....File Size :(1.8GB) and (646MB) Quality :Web-Dl 1080P5.1Ch,720p Format…mp4 Duration…01:18:00 Genre : Action, Comedy Subtitle : ...
movie
Die Hart the Movie(2023)
6.1
Bunraku (2010)
Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန်ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာနောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင်အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကိုBunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့်ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း************** သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့်သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာလူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်းခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အားအကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေအများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကိုယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမားတစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာမြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့်အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့်နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။ File size…2.33GB , 1.02GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Bunraku (2010)
8.7
Oppenheimer (2023)
Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie
Oppenheimer (2023)
2023
4K HEVCHDR
7.7
Black Hawk Down(2001)
Black Hawk Down(2001)IMDb - 7.7/10_____Rotten - 76%Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေအချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာMohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီးထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကိုငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီးတစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာAididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီးအမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေစစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီးအကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ် File Size :(14.55 GB) (4.3GB) (1.4GB) Quality : Web-Dl 4K ...
movie
Black Hawk Down(2001)
4K HEVC
7.0
30 Days of Night(2007)
30 Days of Night(2007)********************ဒီHorror,Action ကားဟာ အကောင်းဆုံး ဟော်ရာဇာတ်ကားစာရင်းဝင်သလိုဆုပေါင်း ၁၄ ခု ရရှိခဲ့ပြီး BOလည်းဝင်ခဲ့ပါတယ်...ဇာတ်ကားထဲက အက်ရှင်ခန်းတွေနဲ့သတ်ဖြတ်ခန်းတွေဟာ ကြောက်စရာလည်းကောင်းသလို သွေးသံရဲရဲ ထိတ်လန့်စရာတွေလည်းပါတာမို့ ကလေးသူငယ်တွေနဲ့ကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ပြီးတော့ ဇာတ်ကားရဲ့ အခြေပြုတည်နေရာကလည်း အနှုတ် ၁၀ ဒီဂရီလောက်အေးတဲ့မြောက်ဝင်ရိုးစွန်းမှာတည်ရှိတဲ့မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ဟော်ရာအရာသာအပြည့်အဝကြီးကိုခံစားရမှာဖြစ်ပါတယ်...အာတိတ်စက်ဝိုင်းရဲ့မြောက်ဘက်ပိုင်း ကမ္ဘာ့မြောက်ဘက်စွန်းအခြမ်းဒေသထဲပါဝင်တဲ့ အလက်စကာပြည်နယ် ဘာရိုမြို့ငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကို တစ်လတာ ညအမှောင် နေရောင်မရတဲ့ရာသီဥတုရှိပါတယ် ...နိုဝင်ဘာလပေါ့...ဒီတော့ လူတော်တော်များများဟာ ဆောင်းခိုဖို့ စက်တင်ဘာလကတည်းကတောင်ဘက်ပိုင်းဒေသတွေကို ဆောင်းခိုတဲ့အနေနဲ့ တဖွဲဖွဲထွက်သွားလေ့ရှိကြတယ်..အဲ့ဒီနောက် နိုဝင်ဘာလရောက်တဲ့အချိန်တိုက်ဆိုင်စွာပဲ မြို့ခံလူတွေဟာ တဖြည်းဖြည်းအကောင်တွေကိုက်ခံရသလိုမျိုး ရက်ရက်စက်စက်နဲ့သေသွားကြလေ့ရှိတယ်..အသတ်ခံရတဲ့သူတိုင်းဟာလည်း ဒီလိုအရာမျိုးတွေနဲ့တွေ့ဆုံတိုင်းမြန်ဆန်လွန်းတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်မရလိုက်ဘဲ ဆိုးဝါးစွာသေဆုံးသွားလေ့ရှိတယ်..နေရောင်မရတဲ့ဘဲ တစ်လလုံးမှောင်မိုက်နေတဲ့အပြင် အနှုတ် ၁၀ ကျော်အေးနေတဲ့ ဒီမြို့မှာမြိုခံလူတွေဟာ ဒီကံကြမ္မာဆိုးကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့...File Size : (2.7GB)(724MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:53:00 Genre : Action, Adventure, Horror Subtitle : Myanmar ...
movie
30 Days of Night(2007)
8.0
Sin City (2005)
Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie
Sin City (2005)
2005
1080p HEVC
6.4
Operation Fortune: Ruse de Guerre (2023)
ဒါရိုက်တာ Guy Ritchie ရဲ့ Action, Comedy, Thriller လေးပါပဲ။ မင်းသားကတော့ ဂျေဆန်စတက်သန်ပါ။ ဒီထဲက လူဆိုးတွေက ယူကရိန်းသားတွေဖြစ်နေလို့ ရုရှား ယူကရိန်းစစ်ပွဲအစနဲ့ ရုံတင်ပြသမယ့်ရက်တိုက်နေတာကို ၂၀၂၃ အထိ ရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။File size…(1.86GB)/(100.6MB)/(502 Mb) Quality….Webrip ...
movie
Operation Fortune: Ruse de Guerre (2023)
7.2
The Virgin Suicides(1999)
The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ...
movie
The Virgin Suicides(1999)
6.5
The Faculty (1998)
Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie
The Faculty (1998)
7.4
Wrath of Man (2021)
Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie
Wrath of Man (2021)
2021
6.2
Pearl Harbor (2001)
Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie
Pearl Harbor (2001)
2001
6.2
Target Number One
ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားပါ။ Most Wanted ဆိုတဲ့ အမည်ခွဲလည်း ပေးထားပါသေးတယ်။ ထိုင်းနိုင်ငံမှာ ဘိန်းမှောင်ခိုမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ကနေဒါ နိုင်ငံသားတစ်ယောက်ကို ကယ်တင်ခဲ့တဲ့ ကနေဒါနိုင်ငံက ဂျာနယ်လစ်တစ်ယောက်ရဲ့ကြိုးပမ်းမှုကို တင်ဆက်ထားတာပါ။ အကျင့်ပျက် ခြစားတဲ့ ရဲတချို့ရဲ့ လုပ်ရပ်ကြောင့် သာမန်ပြည်သူတစ်ယောက် ဒုက္ခရောက်ခဲ့ရတဲ့အကြောင်းပါ။ မီဒီယာရဲ့အခန်းကဏ္ဍက ပြည်သူတွေအပေါ်မှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ရိုက်ပြထားတာပါ။ အတ္ထုပ္ပတ္တိကို တင်ပြထားတာဆိုပေမယ့် ဇာတ်လမ်းက လုံးဝကို ပျင်းစရာကောင်းမနေခဲ့ပါဘူး။ ကြည့်ရင်းကြည့်ရင်းနဲ့ ဘာဖြစ်လာမလဲဆိုပြီး စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ် ဇာတ်ကားကောင်းတစ်ကားပါ IMDb - 6.2/10 ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ File Size - 1.3 gb Quality - web-dl 1080p Subtitle - burmese Translator - August Encoder - Thit San Khant
movie
Target Number One
2020
5.0
Inherit the Viper (2019)
unicodeဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက်Crime Drama ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Inherit the Viper (2019)ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကွန်လေ မိသားစုဆိုတာမူးယစ်ဆေးရောင်းဝယ်ကာ အသက်ရှင်နေထိုင်ရတဲ့ မိသားစုပါ။ကစ်ပ်ဆိုတဲ့ အကိုကြီးရယ် ဂျိုဆီဆိုတဲ့ အမရယ်က မူးယစ်ဆေးရောင်းဝယ်ပြီးညီငယ်လေး ဘူးတ်ကိုတော့ ဒီကိစ္စတွေနဲ့ မပါတ်သတ်ခိုင်းပါဘူး။တစ်နေ့မှာတော့ထင်ရာစိုင်းတတ်တဲ့ လူရွယ်လေး ဘူးတ်ကဆေးတွေခိုးကာအရောင်းအဝယ်လုပ်ဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့် ထင်ထားသလိုဖြစ်မလာပဲ ပြဿနာတွေတက်လာတဲ့အခါကွန်လေမိသားစု ဘယ်လိုဖြေရှင်းမလဲ?ဘာတွေဆက်ဖြစ်မလဲ?ဆိုတာ စိတ်ဝင်စားစရာပါ။မိသားစုထဲ စိမ့်ဝင့်ပျံ့နှံ့နေတဲ့ ဒီပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းထုတ်မလဲဆိုတာဇာတ်လမ်းအဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမလို့CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။File Size : ( 786 MB , 255 MB )Quality : WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Crime , Drama , ThrillerSubtitle : Myanmar Subtitle ...
movie
Inherit the Viper (2019)
Lucky Number Slevin (2006)
Lucky Number Slevin 2006===================IMDB rating – 7.7 / 10#Unicodeဒီဇာတ်ကားကတော့ Thriller , Drama , Action ပဲဖြစ်ပါတယ် မြင်းလောင်းပြိုင်ပွဲတစ်ခုကနေအစပြုပြီးတော့ မိသားစုတွေအကုန်အသတ်ခံရတယ် အဲ့ဒါကိုမကျေနပ်လို့ပြန်လက်စားချေတာပါ ဇာတ်ညွှန်းကိုအများကြီးမရေးတော့ပါဘူး ဇာတ်ကားမှာ Trick တွေအများကြီးပါလို့ပါ ပြောလိုက်ရင် ဇာတ်လမ်းအရသာ ပျက်သွားမှာသေချာပါတယ် ဇာတ်လမ်းကောင်းလားမကောင်ဘူးဆိုတာ Rating ကသက်သေပါပဲ ဇာတ်ကောင်တွေကတော့ နာမည်ကြီးမင်းသားကြီး Bruce Willis, Chinese-American သရုပ်ဆောင် Lucy liu အော်စကာဆုရှင် ဂရမ်မီဆုရှင် စတဲ့ဆုတွေရထားတဲ့ Ben Kingsley , နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့ Morgan Freeman စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါတဲ့အတွက် ထပ်ညွှန်းဖို့တောင်မလိုတော့ပါဘူး မင်းသားကြီး Bruce Willis ကတော့ အခုနောက်ပိုင်းထွက်တဲ့ကားတွေမှာ သိပ်မအောင်မြင်ပေမယ့် အရင်တုန်းကရိုက်တဲ့ဇာတ်ကားတွေမှာ သိတဲ့အတိုင်းပါပဲ အဲ့တော့ ပေးလိုက်ရတဲ့အချိန်နဲ့ ထိုက်တန်တဲ့ဇာတ်ကားကောင်းတစ်ကားမို့လို့တင်ဆက်ပေးလိုက်ပါတယ်။#Zawgyiဒီဇာတ်ကားကတော့ Thriller , Drama , Action ပဲဖြစ်ပါတယ် မြင်းလောင်းပြိုင်ပွဲတစ်ခုကနေအစပြုပြီးတော့ မိသားစုတွေအကုန်အသတ်ခံရတယ် အဲ့ဒါကိုမကျေနပ်လို့ပြန်လက်စားချေတာပါ ဇာတ်ညွှန်းကိုအများကြီးမရေးတော့ပါဘူး ...
movie
2006
5.7
6 Below: Miracle on the Mountain (2017)
ဖြစ်ရပ်မှန် Survivalကားကောင်းလေးတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် 6 Below Miracle on the Mountain(2017)ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အရာအားလုံးဆုံးရှုံးပြီးမျှော်လင့်ချက်ကင်းမဲ့သွားတဲ့အချိန်မှာ အတော်များများကတော့ လက်လျှော့အရှုံးပေးလိုက်ကြတာပါပဲ။ဒါကပဲ အောင်မြင်သူ နဲ့ ရှုံးနိမ့်သူဆိုတဲ့စည်းတစ်ခုဖြစ်လာစေတယ်ပြောရမှာပဲ။ငယ်စဉ်ကတည်းကဝါသနာပါခဲ့တဲ့ ဟော်ကီအားကစားလောကမှာရှုံးနိမ့်ခဲ့တဲ့Ericတစ်ယောက် နှင်းလျှောစီးဖို့တောင်တစ်ခုမှာအနားယူနေခဲ့တာပါ။သူနှင်းလျှောစီးထွက်လာတဲ့အချိန်မှာနှင်းမုန်တိုင်းကျလာခဲ့ပါတော့တယ်။လမ်းပျောက်သွားခဲ့ပြီးခက်ခက်ခဲခဲ အသက်ရှင်ဖို့ကြိုးစားခဲ့တာကိုရိုက်ပြထားတဲ့ကားကောင်းလေးပါ။စိတ်ဓါတ်ကျနေချိန် ဒီကားလေးနဲ့ ခွန်အားယူလို့ရပါတယ်လို့ပဲ ညွှန်းလိုက်ပါရစေ။ File Size : (730 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 38min Format : Mp4 Genre :Adventure, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-DRONES Translated by Aye Mon Kyaw Encoded by Thanhtike Zaw
movie
6 Below: Miracle on the Mountain (2017)
2017
6.6
The Ottoman Lieutenant (2017)_____IMDb - 6.6/10 ဒီဇာတ်ကားလေးကတော့ ဒီနှစ်မှ အသစ်စက်စက်ထွက်ထားတဲ့ ရိုမက်တစ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးပါ ပထမကမ္ဘာစစ်အတွင်းက ခရစ်ယာန်သူနာပြုမလေးနဲ့ အော့တမန်စစ်တပ်က အစ္စလာမ်စစ်ဗိုလ်တို့ရဲ့ အချစ်အကြောင်းလေးပါ သူတို့နှစ်ယောက် ဆုံတွေ့ပုံလေးတွေ ဘာသာမတူဘဲချစ်မိသွားပုံလေးတွေကတော့ ညွှန်းစရာမလိုလောက်အောင်ကို ရိုမက်တစ်ဆန်လွန်းပါတယ် အဲလို ရင်ခုန်စရာအချစ်ဇာတ်ဝင်ခန်းလေးတွေအပြင် ပတမကမ္ဘာစစ်ကြောင့် ဖြစ်ခဲ့ရတဲ့အပျက်အစီးတွေ အဖြစ်အပျက်လေးတွေလဲ ဝေဝေဆာဆာနဲ့ရိုက်ကူးထားတာပါ တကယ့်ကိုကောင်းတဲ့ ဇာတ်ကားလေးလို့ ညွှန်းပါရစေ စိတ်ဝင်စားစရာ ချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ကြည့်ရှုအားပေးကြပါလို့ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်က မေသရဖီလွင် ပါ) ဒီဇာတ်ကားလေးကတော့ ဒီနှစ်မှ အသစ်စက်စက်ထွက်ထားတဲ့ ရိုမက်တစ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးပါ ပထမကမ္ဘာစစ်အတွင်းက ခရစ်ယာန်သူနာပြုမလေးနဲ့ အော့တမန်စစ်တပ်က အစ္စလာမ်စစ်ဗိုလ်တို့ရဲ့ အချစ်အကြောင်းလေးပါ သူတို့နှစ်ယောက် ဆုံတွေ့ပုံလေးတွေ ဘာသာမတူဘဲချစ်မိသွားပုံလေးတွေကတော့ ညွှန်းစရာမလိုလောက်အောင်ကို ရိုမက်တစ်ဆန်လွန်းပါတယ် အဲလို ရင်ခုန်စရာအချစ်ဇာတ်ဝင်ခန်းလေးတွေအပြင် ပတမကမ္ဘာစစ်ကြောင့် ဖြစ်ခဲ့ရတဲ့အပျက်အစီးတွေ အဖြစ်အပျက်လေးတွေလဲ ဝေဝေဆာဆာနဲ့ရိုက်ကူးထားတာပါ တကယ့်ကိုကောင်းတဲ့ ဇာတ်ကားလေးလို့ ညွှန်းပါရစေ စိတ်ဝင်စားစရာ ချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ကြည့်ရှုအားပေးကြပါလို့ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်က မေသရဖီလွင် ပါ) File Size : (800 MB) Quality : Bluray 720p Running Time ...
movie
2017