Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Josh Flitter
5.3
License to Wed (2007)
ဆေဒီ က သူ့ချစ်သူ ဘန်နဲ့သူ့တို့မိသားစု ဘုရားကျောင်းမှာလက်ထပ်ချင်နေတယ် ဒါပေမယ့် ဘုန်းတော်ကြီးဖရန်ခ့်ကတော့ သူ့ရဲ့သင်ရိုးအတိုင်းအောင်မှ ထိမ်းမြားပေးမှာပါ.ဆေဒီနဲ့ဘန် နဲ့က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြတဲ့ အတွဲတွေလို့ထင်ထားကြပေမယ့် ဘုန်းတော်ကြီးဖရန့်ရဲ့ သင်ရိုးတွေအတိုင်းစမ်းသပ်ကြည့်တော့မှ ကတောက်ကဆ ဖြစ်စရာလေးတွေပေါ်လာတာပါ.ဒါကြောင့်သူတို့၂ယောက်ကြားထဲက ဘယ်လိုနားလည်မှုပြန်ယူမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Andy Baker ပါ )File size_(1.3GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:331:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Andy Baker
movie
License to Wed (2007)
8.3
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of The Spotless Mind (2004)IMDb Rating (8.3) / Rotten Tomatoes (93%)သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့....မင်းသားကြီး ဂျင်မီကာရေး မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။++++++++++++++++++++++++++++++“ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင် အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့ မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။” အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင် မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ ) ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။ ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့ Eternal ...
movie
Eternal Sunshine of the Spotless Mind (2004)
2004
4K HEVC
5.9
[18+]Drive-Away Dolls (2024)
No Country for Old Men ရုပ်ရှင်နဲ့ အော်စကာ ၄ ဆုရခဲ့တဲ့ဒါရိုက်တာ Ethan Coen ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဧည့်သည်သရုပ်ဆောင်အဖြစ် Pedro Pascal နဲ့Matt Damon တို့ ပါဝင်ပေးထားပြီး အဓိကသရုပ်ဆောင်နေရာမှာတော့ Once Upon a Time... in Hollywood ထဲကMargaret Qualley နဲ့ Miracle Workers စီးရီးထဲကGeraldine Viswanathan တို့ ပါဝင်ထားပါတယ်။အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း****************လက်စ်ဘီယံစုံတွဲနှစ်ယောက်ဟာ အပျော်ခရီးထွက်ဖို့အတွက်တစ်လမ်းသွား ကားတစ်စီးငှားပြီး ယူလာပါတယ်။တစ်လမ်းသွား ကားဆိုတာက ကားတစ်စီးကို လူတစ်ယောက်ဆီကိုပို့ဖို့ရှိရင် အဲဒီနေရာကို မောင်းသွားပြီး ယူပေးမယ်ဆိုရင်အခမဲ့ ငှားမောင်းခွင့်ရှိတာမျိုးပါ။ ဒါပေမဲ့ သူတို့ငှားမိတဲ့ ကားထဲမှာအရေးကြီးပစ္စည်းတွေ ပါလာတဲ့အတွက် လူမိုက်နှစ်ယောက်ကသူတို့နောက်ကိုလိုက်ရှာပါတော့တယ်။ အရေးကြီးတဲ့ပစ္စည်းဆိုတာလူတစ်ယောက်ရဲ့ ခေါင်းကြီးနဲ့ ရွှေပန်းအတုတွေ ပြည့်နေတဲ့သေတ္တာတစ်လုံးပါပဲ။ လူမိုက်တစ်စုက ဘာလို့ ရွှေပန်းသေတ္တာကိုအသေအလဲ လိုက်ယူနေတာလဲ၊ ...
movie
[18+]Drive-Away Dolls (2024)
7.4
The Greatest Game Ever Played (2005)
ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်.တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ.အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်. ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best ...
movie
The Greatest Game Ever Played (2005)
4.8
Big Momma’s House 2 (2006)
Big Momma's House 2 (2006) ======================ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma's House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.0 GB) Quality............BLU-RAY 1080p ...
movie
Big Momma’s House 2 (2006)
2006
7.8
Horton Hears a Who! (2008)
IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး...ကျွန်တော်တို့လို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး...ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်...ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်.. ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကိုအမှတ်မထင်တွေ့သွားပါတယ်...မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့..... ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး... တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ...ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်းအတွေးပွားစေလိုပါတယ်... ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီးကြည့်ရှုခံစားလိုကိကြပါဦး...(သေးသေးလေးတွေတော့ ထပ်သွားတယ် )(ဇာတ်ကားအတွက် ...
movie
Horton Hears a Who! (2008)
2008