Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Josh Charles
6.3
Mothers’ Instinct (2024)
The idea of youထဲက လန်ဒန်ဘွိုင်းလေးရဲ့ မမကြီးAnne Hathaway ရဲ့ crime dramaလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါတော့ ချစ်တတ်တဲ့မမ မဟုတ်ဘဲအချစ်ကြီးလွန်းတဲ့ မိခင်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့တွေ့မြင်ရမှာပါ။စီလင်းတို့လင်မယားနှစ်ယောက် ခက်ခက်ခဲခဲကြိုးစားပြီးတော့မှ မက်စ်ဆိုတဲ့သားငယ်လေးကိုမွေးလာတာပေါ့။ ဖြစ်ချင်တော့ မက်စ်လေးကိုမွေးအပြီးမှာ စီလင်းတစ်ယောက် ချို့ယွင်းမှုတစ်ခုရှိနေတာသိလိုက်ရပြီး မက်စ်လေးဟာ သူ့ဘဝရဲ့တစ်ယောက်တည်းသောကလေးဆိုတာ သိလိုက်ရချိန်မှာတော့ ကလေးရူးရူးနေတဲ့စီလင်းတို့မက်စ်လေးကို ပိုးလိုဥထားကြတာပေါ့။စီလင်းတို့အိမ်ဘေးမှာရှိနေတာကတော့စီလင်းရဲ့သူငယ်ချင်း အဲလစ်တို့လင်မယားဖြစ်ပြီးတော့သူတို့မှာလည်း သီအိုဆိုတဲ့သားငယ်လေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာပေါ့။စီလင်းနဲ့ အဲလစ်တို့ခင်မင်ကြသလိုပဲ မက်စ်လေးဟာလည်းသီအိုရဲ့ကစားဖော်ဖြစ်နေခဲ့တာပေါ့။ဒီလိုသာယာနေတဲ့ မိသားစုနှစ်ခုရဲ့အလယ်ကိုကံကြမ္မာဆိုးဝင်လာပြီးတော့ မက်စ်လေးကိုခေါ်ဆောင်သွားရာကစလို့ စီလင်းတစ်ယောက်တစ်စစနဲ့ပြောင်းလဲသွားတဲ့အခါ...မူရင်း French versionမှာကလည်း လူကြိုက်များသလိုဝတ္ထုကလည်းအောင်မြင်ထားတဲ့ ဒီရုပ်ရှင်လေးကိုAnne Hathaway ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ပေါင်းစပ်လို့ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။ File size…1.13GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD
movie
Mothers’ Instinct (2024)
6.7
Memory (2023)
Memory (2023)~ IMDb - 6.7/10, RT - 84%, Meta - 72% ~လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ ...
movie
Memory (2023)
2023
4K HEVC
After.Life (2009)
အန်နာဟာ မိုးသည်းထန်တဲ့ညတညမှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပါတယ်။ သူနိုးလာတဲ့အချိန်မှာတော့ သူဟာ အီလီယက်ဒီကန်လို့အမည်ရတဲ့ အလောင်းပြင်ပေးတဲ့လူကြီးနေတဲ့ စံအိမ်ရဲ့ အောက်ထပ်ကိုရောက်ရှိနေတာကို သတိထားမိလိုက်ပါတယ်။ အီလီယက်က အန်နာကို သူ(မ)ရဲ့သေလက်မှတ်ကိုပြလိုက်ပါတယ်။ဒါပေမဲ့ အန်နာဟာ အသက်ရှူနေသေးပြီး သာမန်လူတယောက်လို လှုပ်ရှားသွားလာလို့ရနေသေးတာကို သတိထားမိလိုက်တဲ့နောက်မှာတော့ အီလီယက်အပေါ် စပြီးသံသယ၀င်လာပါတယ်။ တချိန်တည်းမှာပဲ အန်နာရဲ့ စေ့စပ်ထားတဲ့ခင်ပွန်းဖြစ်သူ ပေါလ်ကိုးလ်မန်းဟာလည်း အန်နာသေဆုံးသွားတာကိုမယုံကြည်ဘဲ အန်နာကို အပူတပြင်းလိုက်ရှာနေပါတယ်။ဒီလိုနဲ့ အန်နာဟာ တကယ်သေဆုံးသွားခဲ့တာလား အန်နာသေဆုံးသွားတာမှန်ရင်တောင် အီလီယက်ဒီကန်ဆိုတဲ့လူကြီးကရော ဘာလို့ အန်နာနဲ့ စကားပြောနေနိုင်တာလဲ အန်နာရဲ့ခင်ပွန်း ပေါလ်ကရော အန်နာကို လိုက်ရှာလို့တွေ့သွားပါ့မလား နောက်ဆုံးမှာ အန်နာက သေဆုံးသွားခဲ့တာလား မသေဆုံးသွားခဲ့ဘူးလား ဒီဖြစ်ရပ်ဆန်းကြယ်ကိစ္စတွေရဲ့ အဖြေကဘာများလဲဆိုတာ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(616 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
After.Life (2009)
7.0
Whiskey Tango Foxtrot(2016)
Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie
Whiskey Tango Foxtrot(2016)
7.0
S.W.A.T.(2003)
S.W.A.T.(2003) အညွှန်း********************မာသာဖတ်ကာကြီးအဓိက ဦးဆောင်ထားတဲ့ အက်ရှင်အလန်းကားလေးတင်ဆက်ပေးလိုက်ပါတယ်..SWAT အဖွဲ့ဆိုတာ အန္တရာယ်ရှိတဲ့အခြေအနေတွေကို ထိန်းကျောင်းဖို့၊ဓားစားခံဖမ်းခေါ်ထားတဲ့အခြေအနေတွေမှာ ကယ်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီးရဲဌာနလက်အောက်မှာ ဖွဲစည်းထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။လော့စ်အိန်ဂျယ်လ်ရဲဌာနရဲ့ SWAT အဖွဲ့ဟာ ကမ္ဘာပေါ်မှာဂုဏ်သိက္ခာအကြီးမားဆုံးနဲ့ လေးစားမှုအခံရဆုံး အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ်။တစ်ရက်မှာတော့ နိုင်ငံပေါင်း 12 နိုင်ငံကျော်မှာ မူးယစ်ဆေးကုန်ကူးမှု၊မှောင်ခိုသွင်းမှု၊ လူသတ်မှုပေါင်းများစွာနဲ့ အလိုရှိနေတဲ့အန္တရာယ်ရှိရာဇဝတ်သားတစ်ယောက်ကိုလော့စ်အိန်ဂျယ်ရဲဌာနက မမျှော်လင့်ပဲ ဖမ်းမိပါတော့တယ်။ အဲ့ဒီရာဇဝတ်သားဟာလည်းနှယ်နှယ်ရရမဟုတ်လေတော့ မီဒီယာတွေရှေ့မှာပါ သူ့ကိုကယ်ထုတ်ပေးနိုင်တဲ့ဘယ်သူမဆို အမေရိကန်ဒေါ်လာ သန်းတစ်ရာပေးမယ်ဆိုပြီးအတိအလင်းကြေငြာထားသူဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လ် SWAT အဖွဲ့အနေနဲ့အဲ့ဒီအကျဉ်းသားကို ဗဟိုအကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ရဖို့ ဖြစ်လာတဲ့အခါမှာတော့ဒေါ်လာသန်းတစ်ရာရဖို့ ရာဇဝတ်သားကိုအပြိုင်အဆိုင်ကယ်ထုတ်ကြမယ့်သူတွေနဲ့ ကြုံဆုံရပါတော့တယ်။လော့စ်အိန်ဂျယ် SWAT အဖွဲ့အနေနဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့စစ်ဆင်ရေးကိုအကောင်အထည်ဖော်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာစိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ File Size :(2.7GB)(1.08GB) and (380 MB) Quality : BLU-RAY1080P5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Crime , Adventure, Action Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
S.W.A.T.(2003)
8.1
Dead Poets Society (1989)
Dead Poets Society (1989) IMDb - 8.0/10_____Rotten - 84% Won 1 Oscar. Another 19 wins & 18 nominations အခု ပြောမှာက ဒီရုပ်ရှင်ကနေ ကျွန်တော် ဖမ်းဆုပ်လို့ရသလောက် အတွေးမျှင်တွေအကြောင်းပါ။ ဒီ ရုပ်ရှင်ထဲက Robin Willain ရဲ့ စကားကို မှီးပြောရရင် ပညာရေးဆိုတာ ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ သင်ပေးရတာပါတဲ့။ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ (ဝါ) ကိုယ့်ဆင်ခြင်တုံတရား ကိုယ့်အသိစိတ်နဲ့ ကိုယ် ရှင်သန်တတ်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့အရာကရော ဘာများလဲ ကျွန်တော်ကတော့ အနုပညာလို့ပဲ ဆိုချင်တယ်။ ဂီတ စာပေ ကဗျာ ပန်းချီ ဘာမဆိုပါပဲ။ ဒီရုပ်ရှင်မှာတော့ ကဗျာတွေနဲ့ပဲ ဥမေယျပြုသွားပါတယ်။ အတွေးအခေါ်နဲ့ ခံစားချက်အပေါ်အခြေခံတဲ့ ကဗျာဆိုတာဟာ အပေါ်ယံကြည့်ရင် ဘာမှမဆိုင်သလိုနဲ့ တစ်သားတည်းပါပဲ။ အနုပညာကိုမုန်းပါတဲ့ ကျော်ကြားလှစွာသော ဒဿ နိကဆရာကြီး ပလေတိုတောင် သူ ဘယ်လိုပဲ အနုပညာကိုမုန်းမုန်း သူ့ကျမ်းတွေကတော့ အတော်ပြေပြစ်လှပတဲ့ အရေးအသား ဖြစ်နေခဲ့ပါတယ်။ အနုပညာနဲ့ ဒဿဘ နိကဟာ မဆိုင်သလိုနဲ့ဆိုင်နေတဲ့ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းပါပဲ။ပြီးတော့ကာ တွေးခေါ်မှုဟာ ခံစားချက်မပါရင် အတော်အန္တရယ်ကြီးတဲ့အရာပါပဲ။ ဒီဇာတ်လမ်းမှာ ...
movie
Dead Poets Society (1989)
1989
6.9
Four Brothers (2005)
2005 ခု နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Four Brother ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ John Singleton ကရိုက်ကူးတင်ဆက်ထားပါတယ်..IMDb Rating ကလည်း 6.9 ရရှိထားတာမို့ကားကောင်းတစ်ကားလို့ဆိုလိုရမှာဖြစ်ပါတယ်..အက်ရှင်ဇာတ်ကားအကြမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့သဘောတွေ့မယ့်ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်..ဇာတ်လမ်းပုံစံလေးကတော့..အင်မတန်ဆိုးတဲ့ ညီအကိုလေးယောက်...သူတို့ဟာဆိုးလွန်းလို့လူတိုင်းကသဘောမကျကြဘူး..အကြီးဆုံးအကိုကြီးဆိုရင်..မြို့ထဲမှာတောင်နေလို့မရတဲ့အဆင့်ထိပါပဲ..တစ်နေ့မှာ သူတို့လေးယောက် ကို ငယ်ငယ်ကတည်းက မွေးစားခဲ့တဲ့ အမျိုးသမီးအသတ်ခံရတဲ့အချိန်မှာတော့ ရဲတွေကရော..မြို့လူထု ကရော သူတို့ကိုသံသယဝင်နေကြပါတယ်..သူတို့တကယ်ပဲ သူတို့ရဲ့မွေးစားမိခင်ကိုသတ်တာလား..သူတို့ရဲ့ဆိုးသွမ်းမှုတွေကြောင့်အထင်ခံရတာလား..ဒီကိစ္စတွေကိုသူတို့ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကို..စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါFile Size : (850 MB) and (355 MB)Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Myat Noe Wutt Yi Encoded by Thanhtike Zaw
movie
Four Brothers (2005)
2005