Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joseph Millson
5.5.
Hard Home (2024)
အခုတစ်ခါ cm ပရိသတ်ကြီးကို လတ်တလော ထွက်ရှိထားပြီးသည်းထိတ်ရင်ဖို ဇာတ်ကားတစ်ခုဖြစ်တဲ့ Hard Home ဆိုတဲ့ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာ ဒီရာဘလို ကွင်းဆက် စိတ္တဇလူသတ်သမားရဲ့ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ကယ်လီဆိုတဲ့ကောင်မလေးရဲ့ မိခင်ဖြစ်သူ အန်နာက ကိုယ်တိုင်စုံစမ်းထောက်လှမ်းပြီး လူသတ်သမားနဲ့ အပြိုင်ကြဲတဲ့ သရုပ်ဆောင်ချက်တွေ တွေ့ရမှာပါ။ဒီလူသတ်သမား ကိုယ်တိုင်က စကားမပြောနိုင်ဘဲ အ'နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သားကောင်တွေ အားလုံးဟာ ဆံပင်အမည်းရောင်နဲ့ ပိန်ပိန်ပါးပါး မိန်းကလေးငယ်တွေချည်းပါပဲ။သူဟာ သေဆုံးသူတိုင်းကို မလှုပ်ရှားနိုင်အောင် ဆေးထိုးထားပြီးလျှာကိုဖြတ်ယူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာပါ။တစ်ဦးတည်းသော သမီးလေးအတွက် လက်စားချေဖို့ဆန္ဒပြင်းပြနေတဲ့ အန်နာဟာ ကိုယ်တိုင်လည်း အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ထားခဲ့တဲ့စမတ်နည်းပညာအဆင့်မြင့် နေအိမ်ကို လူသတ်သမားထောင်ဖမ်းနိုင်ဖို့အတွက် လုံခြုံရေးတိုးမြှင့်မှုတွေ လုပ်၊နှိပ်စက်ညှင်းပန်းဖို့အတွက် သီးသန့်အခန်းပါ နေအိမ်ထဲထပ်မံတည်ဆောက်ပါတော့တယ်။အန်နာ တစ်ယောက် လူသတ်သမားကို ထောင်ဖမ်းဖို့ ကြိုးစားရင်းကိုယ်တိုင်ပဲ သားကောင် ဖြစ်သွားမလား....ဒီလူသတ်သမားကရောဘာကြောင့် ဒီလိုမျိုးတွေ ကျူးလွန်နေတာလဲ....။ File size…1.31GB / 612MB Quality…WEB-DL ...
movie
Hard Home (2024)
5.7
I Give It a Year (2013)
အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size… 1.56 GB / 686 MB Quality… Blu-Ray ...
movie
I Give It a Year (2013)
2013
Prancer: A Christmas Tale (2022)
ကဲ ဒီဇင်ဘာလည်း ရောက်ခါနီးပြီဆိုတော့ UNIVERSAL ကနေ လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ခရစ္စမတ်မှာ မြေးအဘိုး၂ယောက် ထူးဆန်းတဲ့ဒရယ်တစ်ကောင်နဲ့ တွေ့ပြီး တိုင်ပတ်ကြတဲ့အကြောင်းကို ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာပါ ဒါရိုက်တာကတော့ Star Wars: Originsရဲ့ စာရေးဆရာနဲ့ ဒါရိုက်တာဖြစ်သူ Phil Hawkins ဖြစ်ပြီး To Oliviaထဲက Olivia အဖြစ်သရုပ်ဆောင်ထားတဲ့ Darcey Ewartက မြေးမလေးအဖြစ် ပါဝင်ထားပါတယ် ဒီဇာတ်ကားကို ရိုမေးနီးယားနိုင်ငံမှာ သွားရောက်ရိုက်ကူးထားပြီး ဖွေးဆွတ်နေတဲ့ နှင်းတောကြီးတွေ ထင်းရှူးတောအုပ်ကြီးတွေနဲ့ Christmas Vibe ကို အပြည့်အဝခံစားရမှာဖြစ်လို့ အချိန်ပေးရကျိုးနပ်စေမှာပါဇာတ်လမ်းအကျဥ်း၁၀နှစ်အရွယ် မြေးမလေး ဂလိုရီယာနဲ့ မုဆိုးဖိုဖြစ်ထားတာမကြာသေးတဲ့ ဘတ်ထ်တို့ မြေးအဘိုး၂ယောက် ခရစ္စမတ်မှာဆုံကြရင်း ထူးဆန်းတဲ့ ဒရယ်တစ်ကောင်နဲ့ တွေ့ခဲ့ကြတယ် အဘိုးဖြစ်သူ ဘတ်ထ်က ဒရယ်ကို မှော်ဝင်ဒရယ်လို့ ယုံနေပြီး ဂလိုရီယာကတော့ ...
movie
Prancer: A Christmas Tale (2022)
8.0
[James Bond] Casino Royale (2006)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်....https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။ဒီဇာတ်ကားက ဂျိမ်းဘွန်းမင်းသားသစ်အဖြစ် Daniel Craig ကိုစတင်အသက်သွင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ ထူးခြားလာတာက ယခင် ဂျိမ်းဘွန်းကာရိုက်တာတွေနဲ့ မတူတော့ဘဲ တမူထူးခြားတဲ့ ကာရိုက်တာကိုအသက်သွင်းလာတာတွေ့ရပါတယ်။ယခင်ကလို တိုက်တိုင်းအောင် ပုံစံမျိုးမဟုတ်တော့ဘဲလက်တွေ့ပုံစံဆန်လာပြီးခပ်ကြမ်းကြမ်းနဲ့ မိုးဆုံးမြေဆုံး လိုက်လံချေမှုန်းတတ်တဲ့ အေးဂျင့်တစ်ယောက်အဖြစ် 007 ပုံစံကို ပြောင်းလာပါတယ်။ ဒီဇာတ်ကားကတော့ IMDb Rating(8/10) နဲ့ Rotten Tomatoes (95%) ထိရရှိထားပါတယ်။ File size…(1.9 GB) and (1 ...
movie
[James Bond] Casino Royale (2006)
HEVC 1080p 5.1
5.2
All the Devil’s Men (2018)
Action ကားပရိတ်သတ်တွေအတွက်ဒီရုပ်ရှင်ကတော့ CIA ထောက်လှမ်းရေး၊စစ်ပြန်ကြေးစားတွေနဲ့ အကြမ်းဖက်သမားတွေကြားထားက အရှုပ်တော်ပုံကို ပြထားတာပါ။သူတို့လောကရဲ့ အမြဲတမ်း ရန်သူ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိပုံတွေ၊အချင်းချင်း တစ်ပတ်ရိုက်ကြတဲ့ လှည့်ကွက်တွေနဲ့မို့ ကြည့်ရတာ မဆိုးဘူးလို့ ပြောရမှာပါပဲ။ဇာတ်လမ်းကိုသိချင်ရင်တော့ ကိုယ်တိုင်ဒေါင်းကြည့်ကြပါ... File Size : (860 MB) & (225 MB)Quality :Wed-DL 720pRunning Time :1hr 35 minFormat : Mp4Genre : Action Subtitle : Myanmar Subtitle (Hard Sub)Encoded by Moe Myint Lwin
movie
All the Devil’s Men (2018)
2018