Channel Myanmar

José Luis Aguilera

Blanquita (2023)
Blanquita (2023)  IMDb - 6.3ဒီရုပ်ရှင်ကတော့ 2000 ခုနှစ်အစောပိုင်း ချီလီနိုင်ငံမှာဖြစ်သွားခဲ့တဲ့ သက်ငယ်ပြည့်တန်ဆာအမှုအပေါ်အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဘလန်ကာဟာ ဖာသာ မန်နျူရယ် ဦးစီးတဲ့မိဘမဲ့ဂေဟာမှာနေပါတယ်။ တစ်နေ့မှာ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်ရဲ့ သက်ငယ်ပြည့်တန်ဆာအမှုတွေနဲ့အတူ အဖမ်းခံလိုက်ရပြီး ဘလန်ကာတို့ဂေဟာက ကားလို့စ်ဆိုတဲ့ ဉာဏ်ရည်အားနည်းတဲ့ကောင်လေးကလည်း ဒီအမှုရဲ့နစ်နာသူသက်သေအဖြစ် ပါဝင်နေခဲ့ပါတယ်။ဒီလိုယုတ်မာတဲ့ သက်ငယ် မု-ဒိန်းသမား‌တွေကို ထောင်ထဲမှာအဆုံးသတ်ပေးဖို့အတွက် ဘလန်ကာကလည်း သူကြုံတွေ့ရတဲ့ဖြစ်ရပ်နဲ့ လူ‌ထုကြားကိုထွက်လာတဲ့အခါမှာတော့ ဘလန်ကာနဲ့ တခြားနစ်နာသူအကုန်လုံးအတွက် တရားမျှတမှုရနိုင်မှာလား၊ တရားရေးစနစ်ရဲ့ မတရားမှုတွေကို ဘလန်ကာတို့ တွန်းလှန်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1 GB)/(554 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Blanquita (2023)

Jailbreak Pact (2020) 7
Jailbreak Pact (2020) Jailbreak Pact (2020)~ IMDb - 7/10, Rotten Tomatoes - 89% ~၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ...
movie

Jailbreak Pact (2020)

2020