Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jorma Taccone
5.7
An American Pickle (2020)
An American Pickle Genre - Comedy,Fantasy IMDb - 5.7/10Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာ အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။ ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲ Cossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကို ဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကို အခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelက ကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelက အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့ စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်း သခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီး Sarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။ အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေသေးမှန်းသိသွားပြီး Benရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့ လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရော လူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာ ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။File size… 2.2 GB / 781 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jonny Miller
movie
An American Pickle (2020)
Hot Rod (2007)
ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ဒါပေမဲ့ ပထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ...
movie
Hot Rod (2007)
6.3
Neighbors (2014)
Neighbors (2014) IMDb-6.3/10 Rotten Tomatoes-73% CM ပရိတ်သတ်ကြီးအတွက် 2014က ထွက်ရှိခဲ့တဲ့ဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Seth Rogen, Zac Efron နဲ့ Rose Byrne စတဲ့သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်ခ်နဲ့ ကယ်လီတို့ဟာအခုမှကလေးရထားတဲ့ စုံတွဲလေးဖြစ်ပြီး သူတို့ရဲ့လူငယ်ဘဝကုန်ဆုံးသွားခဲ့ပြီလို့ ခံစားနေကြရတဲ့ စုံတွဲလေးပါဆိတ်ငြိမ်ရပ်ကွက်လေးမှာ အိမ်လေးတစ်လုံးဝယ်ပြီးမိသားစုသုံးယောက်အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။တစ်နေ့မှာတော့ သူတို့ ဘေးအိမ်ကို ဒယ်တာ ဆိုင်လ်ဆိုတဲ့တက္ကသိုလ်ကလပ်က ကျောင်းသားတွေအပြုံလိုက်ပြောင်းချလာပါတော့တယ်။ မက်ခ်နဲ့ ကယ်လီတို့လည်း အနှောက်အယှက်မဖြစ်အောင်ပြောဆိုထားပေမဲ့ နေ့တိုင်း ရက်ဆက်ပါတီတွေပေးပြီးဆူညံနေကြတာမလို့ ရဲကိုတိုင်လိုက်တဲ့ကိစ္စကနေစပြီးဒယ်တာဆိုင်လ်အဖွဲ့ဝင်တွေနဲ့ သူတို့နှစ်ယောက်ကြားမှာအချင်းချင်းဒုက္ခတွေပေးကြရင်း နောက်ဆုံးဘယ်ဘက်ကနိုင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 921 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard ...
movie
Neighbors (2014)
2014
6.8
Role Models (2008)
Role Models (2008) - ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ...
movie
Role Models (2008)
9.1
Spider-Man: Across the Spider-Verse (2023)
IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man:Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်းစပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။ File size… 1.93 GB , 4.21 GB , 5.16 GB Quality…Web-Dl 4k / 1080p ...
movie
Spider-Man: Across the Spider-Verse (2023)
2023
4K HEVC
8.6
Spider-Man: Into the Spider-Verse (2018)
Spider-Man: Into the Spider-Verse (2018) IMDb - 8.4/10____Rotten Tomatoes - 97% Metacritic - 87% Won 1 Oscar. Another 79 wins & 55 nominations With great power comes great responsibility ကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ်ဒီစကားပုံလေးကိုမြင်တာနဲ့long long ago Spider man movie ထဲကUncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါ Spider man ဆိုတဲ့ comic characterကို Tobey Magurie နဲ့ triologyရိုက်ခဲ့သလို Andrew Garfield နဲ့လဲ၂ ကားထပ်ရိုက်ခဲ့ပါတယ် Tobey ရော Andrew ရော အတော်အောင်မြင်ခဲ့တယ်ပြောရမှာပါ အခု Into the spiderverse ဆိုပြီး Animation တစ်ကားထပ်ထွက်လာပါတယ် ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော် ပီတာပါကာ ...
movie
Spider-Man: Into the Spider-Verse (2018)
2018
4K HEVC
5.3
Land of the Lost (2009)
Land of the Lost (2009)ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသားတွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား... ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား... ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 850MB Quality - ...
movie
Land of the Lost (2009)
2009
5.7
The People We Hate at the Wedding (2022)
The People We Hate at the Wedding (2022)(1080p ရပါပြီ)ဒိုနာရဲ့ဘဝမှာ ဟန်နရစ်နဲ့ ဘေလ်ဆိုတဲ့ ခင်ပွန်းသည်နှစ်ဦးနဲ့ ချစ်ခင်ပေါင်းသင်းခဲ့ပြီး အယ်လိုဝီ ၊ အယ်လစ် နဲ့ ပေါလ်လို့အမည်ရတဲ့ သားသမီးသုံးဦးဖြစ်ထွန်းခဲ့ပါတယ်။ ယခင်ယောက်ျားနဲ့ ရခဲ့တဲ့ သမီးဖြစ်သူ အယ်လိုဝီဟာ ကျောင်းပိတ်ရက်တိုင်း သူနေထိုင်ရာ အင်္ဂလန်ကနေ အမေရိကန်အထိလာပြီး သူ့ရဲ့မောင်ငယ် ညီမငယ်တွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။ဒီလိုနဲ့ ငယ်စဉ်အချိန်မှာ ရင်းနှီးပျော်ရွှင်ခဲ့ကြတဲ့ အမေတူအဖေကွဲ မောင်နှမသုံးဦးဟာ လောကကြီးအလည် ရှင်သန်ကြီးပြင်းလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ကြပြီး ဒါကိုသတိထားမိတဲ့ အစ်မကြီးဖြစ်သူ အယ်လိုဝီက သူ့မင်္ဂလာပွဲမှာ သူ့ရဲ့မိသားစုဝင်တွေကို ဖိတ်ကြားပြီး မိသားစုပြန်လည်ပေါင်းစည်းဖို့ စီစဉ်ခဲ့ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ စကားပြောလာတဲ့ ကြွယ်ဝချမ်းသာမှု၊ အဆင့်အတန်းတွေရဲ့ ကွာဟမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သူတို့မောင်နှမသုံးဦးကြားက ကတောက်ကဆလေးတွေဟာ အချင်းချင်းထိခိုက်နစ်နာစရာတွေပါ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါင်းစည်းဖို့ကြံကာမှ သံယောဇဉ်ကုန်စရာတွေပါ ဖြစ်လာခဲ့ကြတဲ့ သူတို့မိသားစုတစ်ခု အင်္ဂလန်မှာ ...
movie
The People We Hate at the Wedding (2022)
2022
7.5
Weird: The Al Yankovic Story
Weird The Al Yankovic Story (2022)ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h ...
movie
Weird: The Al Yankovic Story
2022
7.3
Chip ‘n Dale: Rescue Rangers (2022)
Chip 'n Dale: Rescue Rangers (2022)~ IMDb - 7.3/10, Rotten Tomatoes - 79% ~Chip 'n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating - 5/5 , 10/10 တွေ ပေးထားကြပါတယ်။ Chip 'n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ...
movie
Chip ‘n Dale: Rescue Rangers (2022)
2022
5.6
I Used to Go Here (2020)
ကိတ်ဟာ စာအုပ်သစ်ထုတ်ဝေလိုက်တာမကြာသေးတဲ့ ငယ်ရွယ်တဲ့စာရေးဆရာမပါ။သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ဝတ္ထုရေးဆရာမ ဖြစ်ခဲ့ပေမယ့်သူ့စာအုပ်ဟာသူထင်သလောက်ရောင်းအားမကောင်းခဲ့ပါဘူး။သူ့ထုတ်ဝေသူကလည်း သူ့စာအုပ်မိတ်ဆက်ပွဲတွေကိုဖျက်လိုက်ပါတယ်။သူ့ရည်းစားကလည်းသူနဲ့မနေတော့တဲ့ဆက်ဆံရေးမျိုးပါ။တစ်ရက်တော့ သူတက်ခဲ့တဲ့ကောလိပ်က ပရော်ဖက်ဆာကကျောင်းမှာစာဖတ်ပွဲလေးလာလုပ်ဖို့ ကမ်းလှမ်းပါတယ်။ဒါနဲ့ သူ့ကိုစာရေးဆရာဖြစ်အောင် အားပေးခဲ့တဲ့ပရော်ဖက်ဆာရဲ့စကားကြောင့်ကောလိပ်ရှိတဲ့မြို့လေးကို ခဏပြန်လာခဲ့ပါတယ်။ပြီးတော့ သူတည်းတဲ့အိမ်ရှေ့က သူကျောင်းသူဘဝကနေခဲ့တဲ့အိမ်ဖြစ်ပြီးကျောင်းသားလေးတွေနေနေတဲ့အတွက် အိမ်ကိုသွားလည်ရင်းဇာတ်လမ်းလေးတွေစကြတာပေါ့။ပေါ့ပေါ့ပါးပါးဇာတ်မြူးလေးတစ်ကားပါ။ File Size : ( 823 MB , 258 MB) Quality : WEB Rip 720p Running Time : 1 hr 20 min Format : Mp4 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by ...
movie
I Used to Go Here (2020)
6.8
The Lego Movie 2: The Second Part (2019)
The Lego Movie 2: The Second Part (2019)အားလုံးသဘောကျကျတဲ့ lego တုံးလေးဇာတ်ကောင်တွေနဲ့ရိုက်ကူးထားတဲ့ဇာတ်ကားလေးရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ အမ်နက်ဆိုတဲ့ အရာရာကိုအကောင်းမြင်တတ်တဲ့စိတ်ရှိသူလေးတစ်ယောက်သူတို့ရဲ့ကမ္ဘာကို ဒပ်ပလိုဂြိုလ်သားတွေလာရောက်တိုက်ခိုက်တဲ့နေရာကနေစတင်ထားပါတယ်။အရာရာမှာအကောင်းမြင်စိတ်ရှိပြီးတော့သဘောကောင်းတဲ့သူလေးဆိုတော့ငါတို့တွေကသူငယ်ချင်းတွေပါဘာညာပြီးတော့စကားလေးနဲ့ဖောပြီးတော့ပြေငြိမ်းမယ်ကြံတာဟိုကလဲမရပါဘူး ဖိုက်ခံရတာပါပဲ။ဒီလိုနဲ့ သူတို့ကမ္ဘာမှာအရာအားလုံးပျက်သုဉ်းနီးပါးဖြစ်နေတဲ့အချိန်မှာသူ့ရဲ့သူငယ်ချင်းတွေကို စင်စတာအဖွဲ့အစည်းကဖမ်းခေါ်သွားပါလေရော။ဒီတော့ အမ်နက်တစ်ယောက် သူ့သူငယ်ချင်းတွေနောက်ကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့အာကာသယာဉ်လေးဆောက်ပြီး အမှီလိုက်ပါတော့တယ်။ဆိုတော့ အမ်နက်တစ်ယောက်သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလားသူ့သူငယ်ချင်းတွေကိုရော စင်စတာ အဖွဲ့အစည်းကဘာကြောင့်ခေါ်ဆောင်သွားရတယ်ဆိုတာကိုဆက်လက်သိရှိဖို့အတွက် ဇာတ်ကားကိုဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။Legoဆိုတဲ့အတိုင်းဇာတ်ကောင်လေးတွေကတော်တော်လေးကိုချစ်စရာကောင်းတဲ့အပြင်ဘတ်မန်းရဲ့ပုံစံကတကယ့်ကိုအသဲယားစရာလေးပါ(ကိုယ်တိုင်လဲချစ်လို့နေမှာပေါ့နော် ဟီး..ဟီးး..) File size…760MB Quality…WEB Dl 720p Format…Mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Hard Sub) Encoder….Si Thu Translated by Aye Chan Su
movie
The Lego Movie 2: The Second Part (2019)
2019
7.7
The Lego Movie (2014)
The Lego Movie (2014) IMDb - 7.7/10_____Rotten - 96% သာမန်ဆောက်လုပ်ရေးလုပ်သားလေး အန်းမက်ဟာပုံမှန်သမားရိုးကျအတိုင်းနေထိုင်တတ်သူဖြစ်ပြီး ညွှန်ကြားချက်တွေ စည်းမျဉ်းစည်းကမ်းတွေကိုအတိအကျလိုက်နာတတ်သူ စာအုပ်ကြီးသမားဖြစ်ပါတယ်… တစ်နေ့မှာတော့ သူဟာ ကမ္ဘာကြီးကိုကယ်တင်ပေးနိုင်မယ့် ပစ္စည်းအပိုင်းအစတစ်ခုကို မတော်တဆရှာဖွေတွေ့ရှိမိရာမှ ဒဏ္ဍာရီလာသူရဲကောင်းအဖြစ်မှားယွင်းယုံကြည်ခြင်းခံရပါတော့တယ်… ဒါပေမယ့်သူဟာ ဘာကိုမှမတီထွင်တတ်သူဖြစ်တဲ့အတွက် သူဦးဆောင်ရမယ့်သူရဲကောင်းအမျိုးမျိုး Batman,Superman တို့ကြားမှာ အခက်အခဲတွေကြုံတွေ့လာရပါတယ်… အဲ့ဒီလိုအခြေအနေကြားထဲမှ အန်းမက်ဟာ ဘယ်နည်းဘယ်ပုံနဲ့ အားလုံးကိုဦးေဆောင်နိုင်မယ်ဆိုတာတွေ ကမ္ဘာကြီးကိုကယ်တင်နိုင်မယ်ဆိုတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ… ချစ်စရာAnimationတွေ နဲ့ဒီmovieလေးဟာ ကိုယ်တွေရဲ့နေ့စဉ်လူနေမှုဘဝကိုထင်ဟပ်နေပြီး လူတိုင်းဟာ အသီးသီးထူးခြားကြပြီးသူရဲကောင်းတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြထားပါတယ်… Quality…..BluRay Rip 1080p Duration…..01:40:00 Format…Mp4 File Size…(720 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint
movie
The Lego Movie (2014)
2014
6.8
Storks (2016)
Storks (2016) IMDb - 6.8/10_____Rotten - 66% ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သို့မဟုတ် ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို့ ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို နှုတ်သီးဖြင့် သယ်ယူလာပြီး အိမ်ခေါင်းတိုင်မှ ဖြစ်စေ အိမ်ရှေ့တံခါးမှ ဖြစ်စေ ပို့ပေးဖူးတယ်လို့ ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်.... ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပို့တဲ့ အလုပ်တွေ မလုပ်တော့ပါဘူး Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပို့ပေးတဲ့ Stork.com က ပစ္စည်းပို့ဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ :D ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို့ ခေါ်ကြပြီး သူတို့ အားလုံးရဲ့ Boss ဟာ ဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်.... ငှက်ကြားဖြူ အားလုံးထဲမှာ မှ FA ဖြစ်ပြီး အလုပ်ကြိုးစားတဲ့ သူကတော့ ဂျူနီယာ လို့ခေါ်တဲ့ ငှက် ...
movie
Storks (2016)
2016