Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jordana Brewster
5.4
On Our Way (2021)
ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဟာ သူ့ရဲ့အိမ်မက်ကို လိုက်ခဲ့ပြီး မမျှော်လင့်တဲ့ ခရီးတစ်ခုကို ကြုံတွေ့ရတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်ဟာ သူ့ရဲ့ အိမ်မက်ဆိုး Trauma တွေရှိတဲ့တဲ့ ဘဝတစ်ခုကနေ လွတ်မြောက်ဖို့ ကြိုးစားနေသူ ဖြစ်ပြီး သူ့ရဲ့ ပန်းတိုင်တွေကို ပြည့်ဝစေဖို့ သင်ယူနေရတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ဇာတ်လမ်းမှာ လူငယ်တွေရဲ့ အိမ်မက်တွေ၊ ပန်းတိုင်တွေကို ဆီလျော်စွာဖော်ပြထားပြီး လမ်းခရီးတစ်ခုမှာ ကြုံတွေ့ရမယ့် အတားအဆီးတွေကို ကူးဖြတ်ရင်း ဘယ်လိုအောင်မြင်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးထားပါတယ်။ဒီဇာတ်ကားဟာ ရိုးရှင်းပြီး ထိထိမိမိရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တွေ ကြည့်ရှုခံစားနိုင်အောင် ဖန်တီးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ File size…(1.5 GB)/(680 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:31:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
On Our Way (2021)
5.5
American Heist (2014)
ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ်သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆိုပီပြင်တဲ့ မင်းသားAdrien Brody...နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်းမြင်တွေ့ရဦးမှာပါ...။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်...ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့်ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန်တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်....။ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်းအသုံးမကျနေပါစေ... ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက်တတ်သူပါ...။ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ...။ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့...။သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား...။ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲဘယ်လိုပါသွားမလဲ...ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်...။ File size…1.64GB / 764MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
American Heist (2014)
5.3
D.E.B.S. (2004)
အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကို အောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်း ထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာက လူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှ အသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲ ဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာ အေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။ အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။(တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ...
movie
D.E.B.S. (2004)
Who Invited Charlie? (2023)
Who invited Charlie? (2023)တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာ ကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။ မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။ အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့ စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။ အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့....ဖစ်လ်တစ်ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီက နဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. ...
movie
Who Invited Charlie? (2023)
6.3
Fast X(2023)
Fast X(2023)************Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါHan အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ...
movie
Fast X(2023)
4K HEVC
5.1
Simulant (2023)
Simulant (2023)AI စက်ရုပ်တွေအကြောင်း ရိုက်ကူးထားတဲ့ Sci-Fi ဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ခင်ပွန်းသေဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ Faye က သူ့ယောက်ျား Evan နဲ့ ပုံစံတူတဲ့ အသွင်တုစက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပြီးတော့မှ သူ့ယောက်ျားမဟုတ်တဲ့အတွက် စက်ရုပ်ကို ပြန်ပိတ်ချဖို့ စိတ်ကူးနေပါတယ်။ တစ်ဖက်မှာတော့ စက်ရုပ်တွေရဲ့ အခွင့်အရေးအတွက် စက်ရုပ်တွေကို လွတ်မြောက်ဖို့ လုပ်ပေးနေတဲ့ Casey ကို စက်ရုပ်ထိန်းသိမ်းရေးအဖွဲ့ AICE က လိုက်ဖမ်းနေပါတယ်။ AICE အဖွဲ့ က အေးဂျင့် Kessler ကလည်း စက်ရုပ်ရဲ့ပေါ့ဆမှုကြောင့် သူ့ကလေးသေဆုံးရတယ်ဆိုပြီး နာကျင်နေတဲ့သူပါ။ Casey နဲ့ Evan တို့ တွေ့သွားကြပြီး စက်ရုပ်တွေကို လွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲ၊ အေးဂျင့် Kessler က သူတို့ကို ဖမ်းဆီးနိုင်သွားမှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ စက်ရုပ်တွေလည်း လူသားတွေလို ခံစားတတ်တယ်၊ ချစ်တတ်တယ်၊ လူသားတွေနဲ့ အတူနေထိုင်လို့ရတယ်ဆိုတာကို စက်ရုပ်နဲ့ လူသားကြားထဲက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့လည်း ပုံဖော်ထားပါသေးတယ်။အညွှန်း နဲ့ ...
movie
Simulant (2023)
2023
6.1
The Integrity of Joseph Chambers (2022)
The Integrity of Joseph Chambers (2022)~ IMDb - 6.1/10, RT - 88%, Meta - 63% ~2022 ရဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ The Integrity of Joseph Chambers က ဇာတ်လမ်းတဖြည်းဖြည်း ဇာတ်ရှိန်တက်သွားတာမျိုးကိုကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cast တွေအနေနဲ့ F&F အတွဲလိုက်ကြီးမှာ ဒွန်မနစ်တိုရက်တိုရဲ့ ညီမ၊ ဘရိုင်ယန်အိုကော်နာရဲ့ မိန်းမအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jordana Brewster ရယ်၊ The Walking Dead ထဲက အကောင်းဆုံး Villain ဘဲကြီးလည်းဖြစ်သလို Watchmen ထဲမှာ Comedian အဖြစ်နဲ့ရော၊ BvS မှာ ဘရုစ်ဝိန်းရဲ့အဖေအဖြစ်နဲ့ရော သရုပ်ဆောင်ခဲ့တဲ့ Jeffrey Dean Morgan တို့ ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအညွှန်း ...
movie
The Integrity of Joseph Chambers (2022)
2022
6.5
The Faculty (1998)
Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie
The Faculty (1998)
5.5
F9 (2021) Fast and Furious 9
(function(f,b,n,j,x,e){})(); F9: The Fast Saga(2021) အညွှန်း****************************ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ.....အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်းထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်....ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်....လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ....ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ.....ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား...ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ပိုမြိုင်လာတယ်လို့ပြောရမှာပဲ...Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့....F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ် ..ဘရိုင်ယန်မပါတဲ့နောက်ပိုင်းပေါ့သွားတယ်ဘာညာပေါ့လေ..သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေအက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး....ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ.. File Size :(2.7GB) / (2.6GB)/(1.4GB)/586MB Quality :WEB-DL HEVC / 1080p / 720p / 480p Format…mp4 Duration…02:23:00 Genre : Action, Crime , Adventure Subtitle ...
movie
F9 (2021) Fast and Furious 9
HEVC 1080p 5.1
7.2
Furious 7 (2015) Fast and Furious 7
Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie
Furious 7 (2015) Fast and Furious 7
2015
7.1
Fast & Furious 6 (2013) Fast and Furious 6
Fast and Furious အဆက်အနေနဲ့ထွက်ရှိထားတဲ့ နံပါတ် ၆ ခုမြောက်ဇာတ်ကားဖြစ်ပါတယ်...ထုံးစံအတိုင်း နာမည်ကျော်မင်းသားမင်းသမီးတွေ ကားတွေ သေနတ်တွေနဲ့ အက်ရှင်အလန်းစားတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File Size : (2.4 GB) / (1.3 GB) Quality : BluRay 1080p / 720p 5.1CH Running Time : 2hr 10min Format : MKV Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Nyeinsaeya Aung
movie
Fast & Furious 6 (2013) Fast and Furious 6
2013
7.3
Fast Five (2011) Fast and Furious 5
ရုပ်ရှင်မိတ်ဆက်ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O'Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ...
movie
Fast Five (2011) Fast and Furious 5
2011
6.6
Fast & Furious (2009) Fast and Furious 4
ဆီကုန်ကားကြီး(၂)စီးကို ဓားပြတိုက်ပြီး ဒွန်တို့အဖွဲ့ဟာ အေးဆေးနေဖို့ကြိုးစားကြတယ်...ရဲတွေကလည်း ဒွန်ဆိုတာကို အဓိကပစ်မှတ်ဖြစ်လာတာမို့ဒွန်ကိုယ်တိုင်ခြေရာဖျောက်ဖို့အကောင်းဆုံးနည်းဖြစ်တယ်လို့ ဆုံးဖြတ်မိတာကြောင့်နည်းမျိုးစုံကြိုးစားခဲ့တယ်....သို့ပေမဲ့ အဲ့အခိုက်အတန့်အတွင်းမှာပဲ လက်တီဟာအသတ်ခံလိုက်ရတယ်....အဲ့ဒီနောက်မှာတော့.... File Size : (2.05GB)(0.99 GB) Quality : Blu-Ray 1080P5.1CH,720p Running Time : 1hr 47min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Joker.phs Encoded by Thanhtike Zaw
movie
Fast & Furious (2009) Fast and Furious 4
2009
6.7
The Fast and the Furious (2001) Fast and Furious 1
ဒွမ်တို့အဖွဲ့ဟာ မြို့ရဲ့ အကြီးမားဆုံးသောခိုးမှုတွေမှာ ရဲတပ်ဖွဲ့တွေရဲ့ သံသယအရှိဆုံးသူတွေပါ...အချီကြီးမှချတတ်သလို ပိရိလွန်းပြီးလက်တွဲညီလွန်းတဲ့သူတို့အဖွဲ့ကြောင့် ရဲတပ်ဖွဲ့ဟာကြိတ်မနိုင်ခဲမရ ဘယ်ကအစကောက်ပြီးလိုက်ရမှန်းမသိဖြစ်နေတယ်...အဲ့ဒီအချိန်မှာပဲ ကားမောင်းကျွမ်းကျင်ပြီး ဂျလေဘီပုံပေါက်နေတဲ့ ဘရိုင်ယန်ကိုသူလျှိုအဖြစ်စေခိုင်းရင်း ဒွန်တို့အဖွဲ့ကို ရဲတပ်ဖွဲ့ဟာ ဖြိုခွင်းဖို့ကြိုးစားပါတော့တယ်....File Size : (2.06GB) ,(0.99 GB) Quality : Blu-Ray 10805.1CH , 720p Running Time : 1hr 46min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Thura Zarni Aung Encoded by Phyo Pyae/Thanhtike Zaw
movie
The Fast and the Furious (2001) Fast and Furious 1
2001