Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jordan Peele
5.6
Wanderlust (2012)
Wanderlust (2012)Paul Rudd ရယ်...Jennifer Aniston နဲ့ အဲ့တုန်းက သူ့ချစ်သူ Justin Theroux တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကားက Comedy Romance အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပါတယ်...အလုပ်အကိုင်မရှိတော့လို့ ဓာတ်ကျနေတဲ့ စုံတွဲတစ်တွဲဟာဒီကမ္ဘာမှာ ကိုယ့်ကိုပျော်ရွှင်စေမယ့် တခြားရှင်သန်နေထိုင်မှုပုံစံတမျိုးမျိုးကိုရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..ဒါကြောင့်မလို့ နယူးယောက်ကနေ တင်နက်ဆီ ပြည်နယ်က ဟစ်ပီရွာလေးမှာ သွားနေထိုင်ရင်းမတူကွဲပြားတဲ့လူတွေကြား အလွဲလွဲအချော်ချော်ဖြစ်ကြရင်းအေးချမ်းတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိကြမလားဆိုတာ...။ File size….(3 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Wanderlust (2012)
First Time Female Director (2023)
First Time Female Director (2023)Dark Comedy ပုံစံမျိုးကိုမှ သဘောကျတတ်တဲ့ ပရိတ်သတ်ကြီးအတွက် ၂၀၂၃ တုန်းကထွက်ထားတဲ့ First Time Female Director ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ Brooklyn Nine Nine ထဲက Gina အဖြစ်သရုပ်ဆောင်ထားတဲ့ Chelsea Peretti ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဒါရိုက်တာအနေနဲ့လဲ သူပဲရိုက်ထားပြီးတော့ ဇာတ်ကားနာမည်အတိုင်း First Time Female Director ပါပဲ။ တမင်အခွက်ပြောင်ထားသလားတောင် မှတ်ရတယ်။ Dark Comedy ဆိုတဲ့အတိုင်း သူတို့နိုင်ငံကလူတွေကို ထေ့လုံးရွဲ့လုံးတွေနဲ့ ဟာသလုပ်ထားတာဆိုတော့ နဲနဲတော့ နားလည်ရခက်နေပါလိမ့်မယ် ဒါပေမဲ့ ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပြဇာတ်ရေးပြီးအလုပ်လုပ်နေတဲ့ ဆမ်တစ်ယောက် သူ့ရဲ့ ကုထုံးဆရာဝန်ကလဲ လက်လန်စရာ ဆေးစွဲဖူးတဲ့သူ ဒီလို တလွဲလူနာနဲ့ တလွဲကုထုံးဆရာ တွေ့ပြီး ဆွေးနွေးကြတယ်ပေါ့။ ပြဇာတ်ရေးဆရာမကနေ ရုတ်တရက်ကြီး သူ့ရှေ့က ဒါရိုက်တာတစ်ယောက်က သရုပ်ဆောင်တစ်ယောက်နဲ့ အိပ်လိုက်တဲ့အတွက် အထုတ်ခံလိုက်ရပြီး နေ့ချင်းညချင်း ပြဇာတ်ရေးဆရာမကနေ ကောက်ကာငင်ကာ ဒါရိုက်တာလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒီတလွဲလူနာနဲ့ ကုထုံးဆရာ နှစ်ယောက်ပေါင်း တိုင်ပင်ပြီး ဒါရိုက်တာအလုပ်ကို ...
movie
First Time Female Director (2023)
2023
8.2
Toy Story 4 (2019)
ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီးကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင်ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာမိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာနှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင်ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာအရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ်အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကိုရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ဒီတစ်ခေါက်မှာလည်း အန်ဒီဟာဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေပေးပစ်လိုက်တာကနေ စတင်ပါတယ်။ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့အရုပ်လေးတွေ ရှိတတ်ပါတယ်။အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်ဝုဒီလည်း ပါနေတာပေါ့။ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကိုဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာအားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာဖော့ကီကို ...
movie
Toy Story 4 (2019)
2019
4K HEVC
6.2
Keanu(2016)
Keanu (2016)============IMDb - 6.2 Rotten tomatoes - 78%ဟာသဇာတ်မြူးကားကောင်းတွေကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက်Key & Peel လို့လူသိများတဲ့ ဟာသသရုပ်ဆောင်နှစ်ယောက်ရဲ့ ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး ကီနူး ရီဗ်ကကြောင်လေး "ကီနူး" နေရာမှာအသံသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင် ကောင်မလေးကထားသွားလို့ အသည်းကွဲနေတဲ့ရဲလ်ရဲ့အိမ်ရှေ့ကိုကြောင်လေးတကောင်ရောက်လာခဲ့တာမလို့ မြင်မြင်ချင်းမှာပဲမွေးစားဖို့ဆုံးဖြတ်လိုက်ပြီး "ကီနူး" လို့အမည်ပေးလိုက်ပါတယ်။ဒါပေမဲ့ ဒီကြောင်လေးက သာမာန်လမ်းဘေးကြောင်လေးမဟုတ်ပဲ အယ်လ်အေကမူးယစ်ရာဇာတယောက်က မွေးထားတဲ့ ကြောင်လေးဖြစ်နေတာပါ။ဒီလိုနဲ့တနေ့မှာ ရဲလ်တယောက် သူ့ရဲ့အကိုဝမ်းကွဲဖြစ်တဲ့ ကလဲရန့်စ်နဲ့အတူရုပ်ရှင်ကြည့်ပြီး အိမ်အပြန်မှာအိမ်အဖောက်ခံရပြီး ကီနူး အခိုးခံခဲ့ရပါတယ်။ဒီလိုနဲ့သူတို့ယောက်အတူ လိုက်လံစုံစမ်းကြည့်လိုက်တဲ့အခါမှာ ကီနူးကိုလူဆိုးဂိုဏ်းတဂိုဏ်းကခိုးသွားတာမလို့ သူတို့လည်း ကီနူးကိုပြန်ရအောင်လုပ်ရင်းဘယ်လိုအရှုပ်ထုတ်တွေထဲဝင်ပါမိသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဟာသကားကောင်းလေးတကားဖြစ်တာမလို့ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျ။ File size…1.19GB / 598MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie
Keanu(2016)
6.5
Wendell & Wild (2022)
Wendell & Wild (2022) ================= IMDb Rating - 6.5/10ဒီ အန်နီမေးရှင်းဇာတ်ကားလေးကတော့ The Nightmare Before Christmas တို့၊ Coraline တို့လို ဘယ်လောက်ပြန်ကြည့်ကြည့်မရိုး ရအောင် ဇာတ်အိမ်ကောင်းကောင်းနှင့် အမိုက်စား stop-motion animation တွေနဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ Henry Selick ရဲ့ လက်ရာအသစ် စက်စက်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းမိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့ ကလေးမလေးကို ကက်သလစ်ကျောင်းအုပ် ဖာသာတစ်ယောက်က သူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။ ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ သတိထားမိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့ မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ရှိ တာပေါ့။ သူတို့က ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင် သူတို့ဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။အဲဒါနဲ့ သူတို့နှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတို့ကို ငရဲအပျိုစင် ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီး ကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊ ဒီလောက်ဆို ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက် ကြည့်ရှုပေးလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Settမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(2.32 ...
movie
Wendell & Wild (2022)
2022
7.1
The Bob’s Burgers Movie(2022)
ဟာသရုပ်ရှင် ကြိုက်တဲ့သူတွေအတွက် ဒီနှစ်ထွက် animated movie အသစ်စက်စက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2011 လောက်ကတည်းကစပြီး ထုတ်လွှင့်နေဆဲဖြစ်တဲ့ နာမည်ကြီး Bob's Burgers animated series ရဲ့ တစ်ကားပြီး ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။Series အကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင် ဘော့ဘ်နဲ့ လင်ဒါတို့ လင်မယားနှစ်ယောက်က ဘာဂါဆိုင်ဖွင့်ထားတာ။ သူတို့မှာ တီနာ ဂျင်း လူးဝစ်ဆိုတဲ့ ကလေးသုံးယောက်ရှိတယ်။ သူတို့မိသားစုက နည်းနည်းဂေါက်စီတော့နိုင်တယ်။ ပြီးတော့ ပြဿနာတစ်ခုခုဖြစ်လိုက်တိုင်း သူတို့မိသားစုပါတယ်။ မိသားစုလိုက်ကို စွန့်စားခန်းဖွင့်ကြတာ။ ဒါက series အကြောင်းပေါ့။အခု ရုပ်ရှင်က သူတို့စွန့်စားခန်းတွေထဲကတစ်ခုအကြောင်းရိုက်ထားတာပါ။ series မကြည့်ဖူးလည်း ခွီလို့ရအောင် ရိုက်ထားတာမို့ ရှုစားလို့ရပါတယ်ခင်ဗျာ။ (ရုပ်ရှင်မှာ ခေတ်စကားတွေ အရမ်းသုံးထားတော့ အတတ်နိုင်ဆုံး ကြိုးစားဘာသာပြန်ပေးထားပါတယ်။ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့File size…(1.18GB)/(711MB)/(361MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy ...
movie
The Bob’s Burgers Movie(2022)
5.5
Little Fockers (2010)
Little Fockers (2010) ရုပ်ရှင်အညွှန်းသားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ် တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်းတွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူး အဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ် ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ...
movie
Little Fockers (2010)
7.3
Us (2019)
UsAdelaide ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဇာတ်လမ်းစပါတယ်။ သူငယ်ငယ်က မိဘတွေနဲ့ Santa Cruz ကမ်းခြေမှာ အပန်းဖြေထွက်ရင်တစ်ယောက်ထဲ လျှောက်သွားရာက လမ်းပျောက်သွားတယ်။ Hall of Mirrors ထဲရောက်သွားပြီး အထဲမှာ သူနဲ့ တစ်ထေရာထဲတူတဲ့ ကလေးမလေးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။အဲအတွက် Adelaide ဟာ စိတ်ဒဏ်ရာတွေရပြီး တော်တော်ကြာစကားမပြောတတ်တော့ပါဘူး။ မိဘတွေက ဆရာဝန်တွေနဲ့ပြပြီး သူ့စိတ်ပုံမှန်ပြန်ဖြစ်အောင် ဝိုင်းကြိုးစားခဲ့ရတယ်။အခုလက်ရှိအချိန်ရောက်လာတော့ လင်နဲ့ သားနဲ့ဖြစ်နေပါပြီ။ကလေး ၂ ယောက်ရနေတဲ့အထိ Adelaide က traumatic ဖြစ်နေတုန်းပါ။သားဖြစ်သူ Jason က ကမ်းခြေသွားချင်တယ်ဆိုလို့မသွားချင်သွားချင်နဲ့ လိုက်သွားခဲ့တယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာကြောက်နေတုန်း။ညကျတော့ သူ့ယောကျင်္ားကိုသူငယ်ငယ်ကအကြောင်း ပြောပြတယ်။ အဲဒီ သူနဲ့တစ်ပုံတည်းဖြစ်နေတဲ့ ကောင်မလေးက သူ့ကိုဒုက္ခပေးဖို့ ရောက်လာတော့မယ်လို့ ခံစားနေရတယ်ဆိုပြီး။မကြာပါဘူး သူတို့မိသားစုနဲ့ တစ်ပုံထဲတူတဲ့ လူတစ်အုပ်ရောက်လာ ခဲ့သောအခါမှာတော့.... (ရုပ်ရှင်အညွှန်းအား DatShin Page မှ ကူးယူဖော်ပြပါသည်။ )(စပွိုင်လာဖြစ်မှာစိုး၍ ...
movie
Us (2019)
2019
6.6
Captain Underpants: The First Epic Movie (2017)
ဒီကာတွန်းကားလေးက အမေရိကားရဲ့ ကလေးကြိုက်ကာတွန်းစီးရီးစာအုပ်ကို Dreamwork Animation ကနေ ရုပ်ရှင်အဖြစ် ပြန်ပြီးတော့ အသက်သွင်းထားတာပါ။မူရင်း ကာတွန်းစီးရီးက ၁၂ အုပ်တိတိ ရှိပြီး ၃ ကြိမ်တိုင်တိုင် ပြန်လည် ထုတ်ဝေထားပါတယ်။ဒီကာတွန်းကို ဘာသာစကားပေါင်း ၂၀ကျော်လောက်နဲ့ဘာသာပြန်ထုတ်ဝေခဲ့ပြီးစာအုပ်ပေါင်းသိန်း၇၀လောက်ရောင်းရခဲ့တဲ့ကာတွန်းစီးရီးလေးပါ။ဇာတ်လမ်းလေးကတော့ ကျောင်းသားလေးနှစ်ယောက်နဲ့ သူငယ်ချင်းသံယောဇဉ်ကို ဖော်ကျူးထားတဲ့ဇာတ်လမ်းမျိုးလေးပါ။ ကာရိုးဒ်နဲ့ ဂျော့ရှ်က အစအနောက်သန်တဲ့ စတုတ္ထတန်းကျောင်းသားလေးတွေပါ။သူတို့က ဟာသဥာဏ်ရွှင်ပြီးတော့ ကာတွန်းရုပ်ပြတွေကို အတူဖန်တီးရေးဆွဲနေတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။သူတို့က ကက်ပတိန်အန်ဒါပန့်လို့ခေါ်တဲ့ စူပါဟီးရိုး ကာတွန်းရုပ်ပြလေးကို အတူတူရေးဆွဲခဲ့တယ်။ သူတို့ရဲ့ကျောင်းအုပ်ကြီးက စိတ်တိုစိတ်ဆိုး စည်းကမ်းတင်းကြပ်တဲ့သူမို့ သူတို့နှစ်ယောက်ကို ကြည့်မရပါဘူး။ သူတို့နောက်ပြောင်နေတာကို သက်သေမရှိသေးလို့ ဘာမှမလုပ်နိုင်သေးပေမယ့် တစ်နေ့နေ့တော့ စောင့်ဖမ်းပြမယ်လို့ကြုံးဝါးထားပါတယ်။တစ်နေ့ သူတို့ပြဿနာရှာတာကို လက်ပူးလက်ကြပ်မိတဲ့ အခါမှာတော့ အကြီးဆုံးပြစ်ဒဏ်အနေနဲ့ သူတို့နှစ်ယောက်ကို အတန်းခွဲထားဖို့ လုပ်ပါတော့တယ်။ သူတို့သူငယ်ချင်းနှစ်ယောက် မခွဲချင်တာနဲ့ ကြံမိကြံရာနဲ့ ကျောင်းအုပ်ကြီးကို အိပ်မွေ့ချကြိုးစားတာ ရလိုက်တယ်။အိပ်မွေ့ချထားရင်း ကျောင်းအုပ်ကြီးက ...
movie
2017
7.7
Get Out (2017)
Get Out (2017) IMDb - 7.7/10_____Rotten - 98% Won 1 Oscar. Another 152 wins & 201 nominationsလူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ ဆက်ဆံပါတယ် ... ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ ... ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် ... အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့ အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ဂျ် မိသားစုရဲ့ မသင်္ကာဖွယ်ရာတွေကို သူ ...
movie
Get Out (2017)
2017
6.8
Storks (2016)
Storks (2016) IMDb - 6.8/10_____Rotten - 66% ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သို့မဟုတ် ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို့ ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို နှုတ်သီးဖြင့် သယ်ယူလာပြီး အိမ်ခေါင်းတိုင်မှ ဖြစ်စေ အိမ်ရှေ့တံခါးမှ ဖြစ်စေ ပို့ပေးဖူးတယ်လို့ ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်.... ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပို့တဲ့ အလုပ်တွေ မလုပ်တော့ပါဘူး Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပို့ပေးတဲ့ Stork.com က ပစ္စည်းပို့ဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ :D ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို့ ခေါ်ကြပြီး သူတို့ အားလုံးရဲ့ Boss ဟာ ဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်.... ငှက်ကြားဖြူ အားလုံးထဲမှာ မှ FA ဖြစ်ပြီး အလုပ်ကြိုးစားတဲ့ သူကတော့ ဂျူနီယာ လို့ခေါ်တဲ့ ငှက် ...
movie
Storks (2016)
2016