Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jonathan Walker
7.2
Shooter (2007)
Shooter (2007)ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့ Thriller/Action ကားလေးပဲဖြစ်ပါတယ်။ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။အေးချမ်းတဲ့သူ့ဘဝထဲကို "သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ"ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့..သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ...
movie
Shooter (2007)
2007
4K HEVC
7.0
RED (2010)
Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး "အငြိမ်းစား-အလွန်ကြမ်း" ဆိုသလို အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့....အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ...ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ်အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ ...
movie
RED (2010)
2010
4K HEVC
7.2
Michael Clayton (2007)
အော်စကာဆုကို ထိုင်ထိုက်တန်တန်ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားကတော့ Crime, Mystery, Thriller အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်သူ မိုက်ကယ်ကလေတွန်ဟာဆိုရင် အကြွေးနွံနစ်နေတဲ့ fixer တစ်ယောက်ပဲဖြစ်တယ်။ သု့အလုပ်က သူများအရှုပ်တွေကို ရှင်းပေးဖို့ပဲဖြစ်ပြီး တရားခွင်ရှေ့နောက်တစ်ယောက်မဟုတ်။ဒါပေမဲ့ မိုက်ကယ်က သူ့ရဲ့လက်ရှိအသက်မွေးဝမ်းကျောင်းကို စိတ်ကုန်လာပြီး သူ့အစ်ကို တင်မီနဲ့ ဘားဖွင့်ခဲ့ပေမဲ့လဲ ဆေးစွဲနေတဲ့ တင်မီကြောင့် အကြွေးပဲတင်သွားခဲ့တယ်။ နောက်ဆုံး ကိုင်ရတဲ့အမှုက အလုပ်က စီနီယာဖြစ်သူ အာသာအီဒင်ရဲ့ ကေ့စ်။ အာသာက လယ်ယာဓာတုကုမ္ပဏီ U/North ရဲ့ ဒေါ်လာ ၃ ဘီလီယံတန် Action Lawsuit တစ်ခုတည်းကို ကိုင်တွယ်နေတာ ၆ နှစ်ရှိပြီဆိုပေမဲ့ အီဒင်က စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးပုံမှန်သောက်နေရတဲ့သူတစ်ယောက်။ တစ်ရက် ဆေးပုံမှန်မသောက်မိဘဲ ကိစ္စကို အန္တရယ်တောထဲ ပို့မိသွားခဲ့တယ်။ မိုက်ကယ်ဟာ အရှုပ်တွေကို ရှင်းပေးနေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို သတ်ဖို့ကြိုးစားခဲ့ပြန်ပါရော.....ဘယ်သူများဖြစ်နိုင်မလဲ? File ...
movie
Michael Clayton (2007)
6.4
Along Came a Spider (2001)
မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက်ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာစစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းကသူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်းရည်ရွယ်ချက်မရှိဖြတ်သန်းနေသူပါ။ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီးသူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကိုနိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size… 2.77 GB / 742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
movie
Along Came a Spider (2001)
2001
6.8
Man on a Ledge(2012)
Man on a Ledge(2012)((နင်းကန်လန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့် တင်ဆက်ပေးထားပါသည်။)) ခေါင်မိုးစွန်းပေါ်ကလူတစ်ယောက် သောင်းပြောင်းထွေလီလှတဲ့ လူ့လောကမှာလူပေါင်းများစွာကို ထောင်နှုတ်ခမ်းနားမဟုတ်တဲ့ တိုက်ခေါင်မိုးနှုတ်ခမ်းနားရောက်စေတဲ့ကိစ္စတွေအများကြီးရှိပါတယ်.... ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Avatar မင်းသား Sam Worthington တစ်ဖြစ်လဲ နစ်ကတ်စီဒီဆိုတဲ့လူဟာ ရုစဗဲ့ဟိုတယ်ရဲ့ ၂၁လွှာကနေခုန်ချဖို့လုပ်ပါတယ် ......သူ့ကြည့်ရတာ ဒီလိုခုန်ချဖို့အစီအစဉ်ကို သေသေချာဆွဲထားသလားထင်ရပါတယ်... ခုန်ချဖို့ ခေါင်မိုးစွန်ကိုမသွားခင် လက်ဗွေရာမကျန်အောင် နှုတ်ဆက်စာဆန်ဆန်ရေးခဲ့သလို ဝိုင်ပုလင်းတွေမနက်စာစားတုန်းက ကျန်ခဲ့တဲ့လက်ဗွေရာတွေကိုပါ ရှင်းခဲ့ပါသေးတယ်...ဒီလိုခုန်ချဖို့ စီစဉ်နေတုန်းမှာ နစ်ကတ်စီဒီ ရဲ့နောက်ကြောင်းကို တစ်ချက်ပြတယ်...သူကအရင်ကရဲဖြစ်ဖူးခဲ့ပြီး ပြဿနာတစ်ခုကြောင့် ထောင်(၂၅)နှစ်ကျသွားတယ်...ခုတော့ လူစည်ကားလွန်းတဲ့မြို့လယ်ခေါင်ရဲ့ ဟိုတယ်တစ်ခုပေါ်မှာ ခုန်ချဖို့ကြိုးစားနေပါတယ်...ခုန်ချဖို့ကြိုးစားတာက တခြားကြီးမားတဲ့အစီအစဉ်ကြီးအတွက် အစိတ်အပိုင်းတစ်ခုများဖြစ်လေမလား.... ဒီကားက အီသွားတဲ့နေရာမရှိဘူး...ဇာတ်လမ်းစစချင်းလူတစ်ယောက်တိုက်ပေါ်ခုန်ချဖို့ကြိုးစားတယ်..ပြီးတော့သူနောက်ကြောင်းကိုတစ်ချက်ပြတယ်...အက်ရှင်ခန်းတွေနဲ့ ဇာတ်ကိုပုံဖော်သွားတာ...ကိုယ်တိုင်လိုက်လံအဖြေထုတ်ရင်းဇာတ်လမ်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာသလို အစကနေအဆုံးထိ ကြည့်ရင်း ကိုယ်ပါ ဇောချွေးပြန်လာတဲ့ဇာတ်ကားမို့ ကျန်တဲ့ဟာတွေမပြောတော့ပါဘူး...နည်းနည်း Spoiler လုပ်တာနဲ့ ရသပျက်သွားနိုင်တဲ့ကားမို့ပါ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်....File ...
movie
Man on a Ledge(2012)
6.2
The Thing (2011)
The Thing (2011)_______IMDb - 6.2/10ဒီကားကတော့ သိပ္ပံသည်းထိတ်ရင်ဖိုဇတ်ကားတစ်ကားဖြစ်ပါတယ် ရေခဲပြင်ထဲကိုယာဉ်ကြီးတစ်စင်းပျက်ကျခဲ့တယ် အဲ့ဒီ့ယာဉ်ရဲ့အချက်ပြတစ်ခုဟာ သိပ္ပံပညာရှင်တွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့တယ် ဒါ့ကြောင့် ပညာရှင်အသီးသီးစုပေါင်းပြီး ယာဉ်ပျက်ကြီးကိုစူးစမ်းရှာဖွေမှုအစီအစဉ်စခဲ့တယ် ယာဉ်ပျက်ကြီးဆီရောက်တဲ့အချိန်မှာ အံအားသင့်စရာတွေကဆက်တိုက်ဖြစ်နေခဲ့တယ် ရေခဲတုံးထဲမှာ ဂြိုလ်သားလို့ယူဆရတဲ့အကောင်တစ်ကောင်တွေ့ခဲ့တယ် ပုံစံမပျက်စေဖို့အတုံးလိုက်ဖြတ်ပြီး ရေခဲပြင်မှာပဲရှိတဲ့သုတေသနစခန်းကိုယူလာခဲ့တယ် အားလုံးဟာ ဆက်လုပ်ရမဲ့သုတေသနအတွက် အတွေးကိုယ်စီ စိတ်ကူးကိုယ်စီတွေ ဆွေးနွေးရင်းပျော်နေခဲ့ကြတယ် ဒါပေမဲ့ အဲ့ဒီညမှာပဲ ရေခဲတုံးကြီးထဲက အကောင်ဟာ သိပ္ပံပညာရှင်အဖွဲ့ကို အန္တရယ်ဆိုးကြီးတွေကျရောက်စေခဲ့တယ် အသက်ကိုယ်ရန်ပြုစေတဲ့အပြင် လူသားတွေရဲ့ဇီဝဖြစ် စဉ်အသွင်းပြောင်းဟန်တွေပါလာခဲ့တယ် စာရေးဆရာ John W.camphbell ရဲ့ who goes there?စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇတ်ကားဖြစ်ဖြစ်ပါတယ် JOEL EDGERTONနဲ့မင်းသမီးချော Mary Elizabeth Winstead တို့ကသရုပ်ဆောင်ထားပါတယ် တစ်ကားလုံးမှာ ဘယ်သူကအသွင်းပြောင်းသွားမလဲ ရန်ပြုနိုင်မလဲ ဒွိဟတွေနဲ့ အတော်လေးကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဇတ်ကား မို့ခံစားကြည့်လိုက်ပါဦးလို့ (ဘာသာပြန်သူက တော. Myo Myint Maung ဖြစ်ပြီး ဇာတ်လမ်းအညွန်းကို ကို Phyo ...
movie
The Thing (2011)
2011