Channel Myanmar

Jonathan Stoddard

Killer Fortune Teller (2024) 5.0
Killer Fortune Teller (2024)  ဇာတ်လမ်းခပ်အေးအေးနဲ့ ဘယ်ဇာတ်ကောင် ကလိမ်ကျနေတာလဲဆိုတာကို စိတ်ကူးပုံဖော်ကြည့်ရတာ နှစ်သက်သူတွေအတွက် လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရှိန်းနဲ့ အိုလီဗီယာဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။မောင်နှမနှစ်ယောက်လုံး သူတို့အဖေ တည်ထောင်ခဲ့တဲ့ ဆက်တယ်လ်ဆေးဝါးကုမ္ပဏီကြီးမှာအလုပ်လုပ်နေကြပြီး အစ်ကိုဖြစ်သူ စီအီးအိုနေရာမှာရှိနေတာကို ညီမဖြစ်သူကမကြိုက်။ အဖေဖြစ်သူ ရှိစဉ်အခါက လမ်းကူးရင်တောင် တားရော့ကတ်တွေက ဘေးကင်းတယ်ပြောမှ ကူးရလောက်အောင်ထိ တားရော့ကိုရူးသွပ်ခဲ့တဲ့သူ။သားဖြစ်သူ ရှိန်းလည်း ကုမ္ပဏီက အရေးပါတဲ့အဆုံးအဖြတ်တစ်ခုအတွက် တားရော့ဆရာမဆီက လမ်းညွှန်မှုမှန်နေတာကို တွေ့လိုက်ရတဲ့နောက်မှာတော့ အဖေဖြစ်သူလိုပဲ တားရော့ကို အတော်လေးယုံကြည်လာခဲ့ပါတော့တယ်။ နောက်ထပ် သူ့ဘ၀အတွက်အရေးပါတဲ့နေရာကိုရောက်လာမဲ့ မိန်းကလေးကို ဘားတစ်ခုမှာ ရှိန်းတွေ့ခဲ့ရပြန်တယ်။ ရှိန်းမသိတာ သူ့ပတ်ဝန်းကျင်က ဒီအမျိုးသမီးတွေဆီမှာ ကိုယ်စီကိုယ်စီ ဖုံးကွယ်ထားတဲ့အရာတွေ ရှိနေတဲ့အခါမှာတော့...။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Killer Fortune Teller (2024)

A Royal Christmas Holiday (2023) 6.0
A Royal Christmas Holiday (2023) A Royal Christmas Holiday (2023) ========================= IMDb Rating - 6.0/10CM ပရိတ်သတ်ကြီးတို့အတွက် ခရစ္စမတ်အချစ်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အစီအစဉ်တင်ဆက်သူကောင်မလေးနဲ့ နိုင်ငံခြားက မင်းသားတစ်ပါးတို့ရဲ့ ခရစ္စမတ်ဖူးစာလေးပဲဖြစ်ပါတယ်။ ကိတ်တီဟာ ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အစီအစဉ်တင်ဆက်သူ ကောင်မလေးတစ်ယောက်။ ဒါပေမဲ့ သူဟာ အဓိကတင်ဆက်သူနေရာကို မရနိုင်ဖြစ်နေတာကြာပါပြီ။တစ်နေ့ကျ သူ့အထက်လူကြီးက သူတို့နိုင်ငံကို အလည်လာတဲ့ မင်းသား တစ်ပါးကို အင်တာဗျူးဖို့ ကိတ်တီ့ကို အခွင့်အရေးပေးလိုက်ပါတယ်။ မင်းသားဂျော်နသန်ကတော့ အမေဖြစ်သူဆီကနေ မိန်းမယူဖို့ အကြိမ်ကြိမ် တိုက်တွန်းခံနေရသူပါ။ အခုချိန်ထိ နှစ်သက်မိတဲ့မိန်းကလေးမရှိသေးတာ ခက်နေတာပေါ့။ ပြတိုက်ဖဲကြိုးဖြတ်ပွဲအတွက် ခရီးထွက်လာရင်း သူ့ဖူးစာ ဖက်နဲ့ နိုင်ငံရပ်ခြားမှာဆုံရမယ်လို့ ဘယ်ကြိုသိခဲ့ပါ့မလဲလေ။ ဒီလိုနဲ့ ခရစ္စမတ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ်ပေါက်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.58 GB) / (573 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Ngwe Zin Encoder..........SWM
movie

A Royal Christmas Holiday (2023)

2023
Break In (2023)
Break In (2023)  ဟယ်သာဟာ ယောကျာ်းဖြစ်သူနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးနောက်ကွာရှင်းဖို့ဆိုပြီး မိခင်ဖြစ်သူရဲ့စံအိမ်ဟောင်းကြီးကိုပြန်လာခဲ့ပါတယ်....။အဲ့ဒီအိမ်ကြီးဟာ မြို့ပြင်ခပ်လှမ်းလှမ်းမှာတည်ရှိပြီး ဖုန်းလိုင်းလည်းမမိတဲ့နေရာမျိုးမှာရှိတာပါ....။အိမ်ထဲမှာလည်း တန်ဖိုးကြီးအနုပညာပစ္စည်းတွေ အများကြီးပါ...။ဒီလိုနေရာကြီးကိုမှ ဟယ်သာကတစ်ယောက်တည်း လာနေဖြစ်ခဲ့ရင်းတစ်ရက်မှာတော့....လူစိမ်းတစ်ယောက်ဟာ ခြံထဲကိုတိုးတိုးတိတ်တိတ်ဝင်ရင်း အိမ်ကိုဖောက်ထွင်းဖို့ကြံပါတော့တယ်....ဒီလူကရော သာမန်ဖောက်ထွင်းသူခိုးပဲလား...ဒါမှမဟုတ် ဟယ်သာ့ကိုအန္တရာယ်ပြုဖို့တမင်ရောက်လာတဲ့လူလား....ဟယ်သာတစ်ယောက်ရော အသက်ဘေးကလွတ်ပါ့မလားဆိုတာဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.16 GB / 449 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Break In (2023)

Secret Love Triangle (2023)
Secret Love Triangle (2023) IMDb 6.1 ရရှိထားတဲ့ ၂၀၂၃ထွက် သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တစ်ကာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆီကာနဲ့ လော်ရီတို့က မြို့ငယ်လေးတစ်ခုမှာ ကိတ်မုန့်ဆိုင်အတူဖွင့်တဲ့ သူငယ်ချင်းနှစ်ဦးပါ။ ဂျက်စီကာမှာ မက်လို့ခေါ်တဲ့ ခင်ပွန်းတစ်ဦးရှိပြီး လော်ရီရဲ့ခင်ပွန်းကတော့ ရောဘတ်ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ရောဘတ်ဟာ အသတ်ခံလိုက်ရပြီး ဂျက်ဆီကာဟာ မတရားစွပ်စွဲခံလိုက်ရပြီး ထောင်ကျသွားပါတယ်။အပြစ်မရှိတဲ့ ဂျက်ဆီကာဟာ ရောဘတ်ကိုသတ်ခဲ့တဲ့သူကို ဖော်ထုတ်ဖို့အတွက် ဆက်လက်ကြိုးစားတဲ့နောက်မှာတော့ ဂျက်ဆီကာ၊ မက် နဲ့ လော်ရီတို့သုံးယောက်ထဲမှာ ရောဘတ်ကို သတ်ခဲ့တဲ့လူသတ်သမားအစစ်က ဘယ်သူများဖြစ်နေမလဲ တရားမျှတမှုကရော ပေါ်ပေါက်လာပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Secret Love Triangle (2023)

A Prince and Pauper Christmas (2022) 5.5
A Prince and Pauper Christmas (2022) A Prince and Pauper Christmas (2022) ===========================ဒီဇာတ်ကားလေးကတော့ အလုပ်အရမ်းကြိုးစားတဲ့အေးဂျင့် မက်ဝေါလ်နဲ့ ဂျာကိုးဗီးယားနိုင်ငံကမင်းသားတို့ရဲ့ အချစ်ဇာတ် လမ်းလေးပါ။ အေးဂျင့်မက်ဝေါလ်နဲ့အမှုလိုက်နေတဲ့ သူလျှိုပက် ထရစ်ဟာထွက်ပြေးသွားပြီး ကယ်လီဖိုးနီးယားကိုတာဝန်နဲ့လာတဲ့ မင်းသားလေးနဲ့တွေ့ခဲ့တာပါ။ မင်းသားလေးဟာ ပက်ထရစ်နဲ့ရုပ် ချင်းဆင်ပြီး သူမရဲ့သူလျှိုအနေနဲ့ဟန်ဆောင်ပေးကာ အမှုကိုဘယ် လိုဖော်ထုတ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်လို့ရနိုင်မယ့် ခရစ္စမတ် ကားကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်)File Size..........(1.6 GB) / (620 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Crime, Mystery Translator.......Nang Aye Myat Phoo Encoder..........SWM
movie

A Prince and Pauper Christmas (2022)

2022
Lies My Sister Told Me (2022)
Lies My Sister Told Me (2022)  ဒီတစ်ခေါက်မှာတော့ Thriller ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရောင်းရဆုံးအချစ်ဝတ္တုစာရေးဆရာမ တစ်ယောက်ဖြစ်သူ ဂျနီဖာရေးရ်က အဖေဖြစ်သူရဲ့ သေဆုံးမှုကြောင့် စိတ်အကြီးအကျယ်ထိခိုက်သွားတဲ့ သူနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ သူ့ရဲ့အမြွှာညီမဖြစ်သူ ထရေစီရေးရ်ကို မတတ်သာဘဲ စိတ်ကျန်းမာရေးဆေးရုံမှာ တင်ထားခဲ့ရပါတယ်။ လူတိုင်းက လေးစားအားကျပြီး ချစ်ခင်ကြတဲ့ သူမကတော့ အမြွှာညီမဖြစ်သူက စိတ်ကျန်းမာရေးဆေးရုံတက်နေတဲ့အကြောင်း ဘယ်သူ့ကိုမှ အသိမပေးထားခဲ့ပါဘူး။ဒီလိုနဲ့ တစ်နေ့မှာတော့ ညီမဖြစ်သူ ထရေစီ့ကို ဧည့်တွေ့ဖို့အသွားမှာ သူ့ညီမက သူနဲ့လူချင်းလဲပြီး သူ့ဟန်ဆောင်ကာ ဆေးရုံကနေ လွတ်မြောက်သွားခဲ့ပါတယ်။ လူစားအလဲခံခဲ့ရသူ ဂျနီဖာရေးရ်ကတော့ စိတ်ကျန်းမာရေး ဆေးရုံထဲ ပိတ်မိနေခဲ့ရတာပေါ့လေ။ သူက သူ့ကိုယ်သူ ဂျနီဖာရေးရ်ပါလို့ သူနာပြုတွေ၊ ဆရာဝန်တွေကို အကြိမ်ကြိမ်ပြောပေမဲ့ အားလုံးက သူ့ကို ထရေစီလို့ပဲထင်ခဲ့ကြပြီး ဘယ်သူကမှ သူပြောတာကို မယုံပေးခဲ့တာမို့ ဆေးရုံကထွက်ပြေးနိုင်ဖို့အရေး နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း သူ့ဟန်ဆောင်ပြီး အပြင်ကိုလွတ်မြောက်သွားခဲ့သူ ထရေစီတစ်ယောက်ကတော့ အပျော်ကြီးပျော်ကာ လုပ်ချင်တာလုပ်လို့ရပြီလို့ ထင်ခဲ့ပေမဲ့ သူ ထင်မထားတဲ့ ...
movie

Lies My Sister Told Me (2022)

A Christmas Frequency (2023)
A Christmas Frequency (2023)   နာမည်ကြီး ရေဒီယိုတိုက်ရိုက်အသံလွှင့်တင်ဆက်သူ ဘရွတ်က ခင်ပွန်းနဲ့ကွဲပြီး ပုံမှန်တင်ဆက်နေကျ "ဘရွတ်နဲ့နံနက်စာ" ရေဒီယိုအစီအစဉ်မှာ လုပ်ငန်းစွမ်းဆောင်ရည်တွေကျဆင်းနေခဲ့တယ်။ ဘရွတ်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကန်ဇီကတော့ မကြာခင် "ဘရွတ်နဲ့နံနက်စာ" အသံလွှင့်အစီအစဉ်ဖျက်ချခံရပြီး အလုပ်ပြုတ်တော့မှာကို စိုးရိမ်နေခဲ့တာပေါ့။ဒီလိုနဲ့ အစီအစဉ်တစ်ခုဆွဲပြီး "ဘရွတ်နဲ့နံနက်စာ"ရှိုးကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ အစီအစဉ်ကတော့ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးဖို့ပါပဲ။ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးနေတဲ့ကန်ဇီရဲ့အ​ချစ်ရေးကရော ဘယ်လိုမျိုးဖြစ်နေလဲ နောက်ဆုံးမှာဘရွတ်နဲ့သင့်တော်တဲ့ဒိတ်ကိုရှာတွေ့ပြီး ရှိုးကိုကယ်တင်နိုင်ပါ့မလားနဲ့ အချစ်ရေးနဲ့ အလုပ်ကြား ပဋိပက္ခနဲ့ဦးစားပေးမှု ရွေးချယ်မှုတွေအကြောင်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

A Christmas Frequency (2023)

The Plus One (2023)
The Plus One (2023)   ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် October 3 ရက်နေ့ကမှထွက်ရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...အချစ်ငှက်ကလေး သတို့သမီးလေး လစ်ဇီ နဲ့ သတို့သား လု့ခ် တို့အချစ်ခရီးကိုစတင်မယ့် သူတို့ရဲ့လက်ထပ်ပွဲလေးကို ဖ‌လော်ရီဒါမှာလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးကို သူတို့ချစ်ရတဲ့သူငယ်ချင်းတွေ မိသားစုအနည်းအကျဉ်းကိုသာဖိတ်ကြားခဲ့ပါတယ်။"Male of honor" အဖြစ်ဖိတ်ကြားထားတဲ့ လစ်ဇီရဲ့ အချစ်ဆုံးသူငယ်ချင်းက မာရှယ်လ်က မင်္ဂလာပွဲမှာအတူတူတက်ရောက်မယ့်သူအဖြစ် လစ်ဇီအမုန်းဆုံး မာရီဂျမ်းကိုခေါ်လာခဲ့တဲ့အခါမှာတော့ သတို့သမီးလေးလစ်ဇီတစ်ယောက် မာရီဂျိမ်းနဲ့ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ... လက်ထပ်ပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားမှာလားဆိုတာကို ဟာသလေးတွေရောနှောပြီး ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

The Plus One (2023)

Bone Cold (2023) 6.0
Bone Cold (2023)  ဂျွန် နဲ့ မာကို ဟာ လျှို့ဝှက်စစ်ဆင်ရေးတွေ၊ လုပ်ကြံရေးတွေလုပ်ကြတဲ့အထူးတပ်ဖွဲ့ဝင် စနိုက်ဘာသမားနဲ့ နေရာပြသမားပါ..။သူတို့ရဲ့ တစ်ခုသော မစ်ရှင်ဟာ ယူကရိန်း-ရုရှားနယ်စပ်က တောအုပ်ထဲမှာပုန်းအောင်းနေတဲ့ ရုရှားထောက်ခံ ယူကရိန်းခွဲထွက်ရေးသမားကို လုပ်ကြံဖို့ပါ...။ဘာလို့ဆို ဒီခွဲထွက်ရေးသမားဟာ စစ်မီးမွေးဖို့ကြံနေတာကြောင့်ပါပဲ...။ဒီလိုနဲ့ ဂျွန်နဲ့ မာကိုဟာ တာဝန်ထမ်းဆောင်ဖို့အတွက် ယူကရိန်းနယ်စပ်တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်...။ယုံတမ်းစကားတွေအရဆိုရင် ယူကရိန်းတောအုပ်ထဲမှာက ဒဏ္ဍာရီလာ သတ္တဝါတွေအစုံရှိပါတယ်တဲ့...။ဒါကိုမသိတဲ့ ဂျွန်နဲ့မာကိုဟာ တာဝန်ထမ်းဆောင်ဖို့လာရင်းနဲ့ ဒီသတ္တဝါကြီးနဲ့ဆုံတွေ့တဲ့အခါမှာတော့....Sniper battleတွေအပြင် ဒဏ္ဍာရီလာသတ္တဝါတွေနဲ့ဖိုက်တာပါ မြင်တွေ့ရမယ့်Thriller movieလေးဖြစ်ပါတယ်....။  File size…1.63 GB / 740 MB Quality… WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 49m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Bone Cold (2023)

Jacir (2022) 6.7
Jacir (2022) Jacir (2022) ========== IMDb Rating - 6.7/10ဒီဇာတ်လမ်းက Syrian စစ်ဘေးရှောင် ဒုက္ခသည်တစ်ယောက် ဖြစ်တဲ့ Jacir အမေရိကန်ပြည်ထောင်စုရဲ့ Memphis မှာ နေထိုင် အလုပ်လုပ်ရင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဖော်ပြထား ပါတယ်။ အင်္ဂလိပ်စကားကို သင်ယူရင်း အမေရိကန်လူနေမှုဘဝ ကို နေသားကျအောင် ကြိုးစားနေတဲ့ Jacir ပေါ့။ဒါပေမဲ့ တခြားနိုင်ငံမှာ အလုပ်လုပ်ရင်း နေထိုင်နေရတဲ့ Jacir ဘဝက အရမ်းခက်ခဲခဲ့တယ်။ Syria မှာ​ သူ့မိသားစုဝင်တွေ အကုန်လုံးကို ဆုံးရှုံးခဲ့ရတာမို့ Jacir တစ်ယောက်တည်း အာရပ် စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း စားဝတ်နေရေးအတွက် ငွေရှာရတယ်။ ဒီကြားထဲ လူမျိုးရေး ခွဲခြားတာတွေ၊ ရဲတွေဆီက နယ်နှင်ဒဏ်ခြိမ်းခြောက်ခံရတာတွေ၊ ဆင်းရဲချို့တဲ့မှုနဲ့ ​မူးယစ်ဆေး အပေးအယူ ကိစ္စတွေပါ ​ပါဝင်လာလို့ ပြဿနာပေါင်းစုံ ရှောင်လေ တိုးလေ ဖြစ်လာတာပါပဲ။ဒီဇာတ်လမ်းမှာ လူအချင်းချင်း ကြင်နာတတ်ဖို့၊ Friendshipရဲ့ အရေးပါပုံနဲ့ Jacir ရဲ့ ဘဝအပေါ် ခံယူထားတဲ့ အဓိကအချက်ဖြစ် တဲ့ "ဘယ်လောက်ပဲ နာကျင်ရပါစေ ပျက်ဆီးနေတဲ့ အရာတွေကို ပြန်ပြင်ပြီး ...
movie

Jacir (2022)

2022
Sisters on the Run (2023) 5.7
Sisters on the Run (2023) Sisters on the Run (2023) ==================ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ား ရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက် လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddy အိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddy က သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့ ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။ Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေး ဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းပုံစံ နေတာပေါ့။ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မ Maddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့ Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်း ဆောင်ဖြစ်နေ​တဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲ တမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့ Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။ Selma သူ့ယောကျ်ားကိုသတ်ပြီး ...
movie

Sisters on the Run (2023)

2023
Killer Ambition (2022) 4.1
Killer Ambition (2022) Killer Ambition ဆိုတဲ့ ဇာတ်ကားကတော့ သည်းထိတ်ရင်ဖိုဒရမ်မာကားတွေကြောင့် နာမည်ကြီးတဲ့ Lifetime Movie Clubကနေတင်ဆက်ပေးထားတဲ့ 2022ခုနှစ်ထွက် IMDB rating 4.1 ရရှိထားတဲ့ dramaဇာတ်ကားတစ်ကား​ဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ အမျိုးသမီးတစ်ယောက် လှေဆိပ်မှာ သေဆုံးနေတာကနေ စဖွင့်ထားပါတယ်။ 15 နှစ်အကြာမှာတော့ သေဆုံးသွားတဲ့သူရဲ့သမီးဖြစ်သူဟာ အောင်မြင်တဲ့ ​ေကကေ်မျက်ရတနာကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင် ရည်မှန်းချက်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ လျို့ဝှက်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်အသင်းကို ဝင်ပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ သူ့ကိုတိုက်ခိုက်နေတာကဘယ်သူလဲ။ သူ့ရဲ့လုပ်ငန်းဒီဇိုင်းတွေကို ခိုးယူနေတာကရော ဘယ်သူလဲ။ သူ့အမေရဲ့လူသတ်တရားခံကရော ဘယ်သူလည်းဆိုတာ ရုပ်ရှင်ကားမှာ ဆက်လက်ရှု့စားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို plotပိုင်းနဲ့ သရုပ်ဆောင်အပိုင်းကို အရမ်းမျှော်လင့်ပြီးမကြည့်ကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်File size…(1.65GB)  / (772MB) / 434.73MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Killer Ambition (2022)

Hot Seat (2022) 3.9
Hot Seat (2022) Hot Seat (2022) ========== 2022 ထွက် အက်ရှင်ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အော်လန်ဒိုဆိုတာ အရမ်းတော်တဲ့ ဟက်ကာ IT သမားတစ်ယောက်ပါ။ သို့ပေမယ့် အလုပ်အရမ်းရှုပ်တော့ မိသားစုကို အချိန်မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူတို့မြို့မှာ ပေါက်ကွဲမှုတစ်ခုနဲ့အတူ ပြဿနာတွေစတင်ရှုပ်ထွေးလာပါတော့တယ်။ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက တစ်မြို့လုံးအတွက် အချက်အချာဖြစ်လာသောအခါမှာတော့.... အဲ့ဒီပြဿနာတွေထဲ အော်လန်ဒိုတစ်ယောက်ဘယ်လို ပါဝင်ပတ်သက်နေတာပါလဲ။ သူ့လို IT သမားတစ်ယောက်က ဘယ်လိုဖြေရှင်းနိုင်ပါ့မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုမှာပါ။ Mad Max မင်းသားကြီး Mel Gibson လည်းပါဝင်ထားပြီး Rating အရမ်းကြီးကောင်းတာ မဟုတ်သော်ငြားလည်း အက်ရှင်ပရိသတ်တွေအတွက် အပျင်းပြေ ရေငတ်ပြေစေတဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။    File size…1.3GB /  629MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtile (Hard Sub) Encoder….YK  Translated by SPA
movie

Hot Seat (2022)

2022
One Little Finger (2019) 7.8
One Little Finger (2019) One Little Finger (2019)==================IMDb Rating - 7.8/10#Unicodeဒီဇာတ်ကားလေးဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ဒရမ်မာအမျိုးစားဖြစ်ပါတယ်၊ အဓိကအားဖြင့် ကိုယ်အင်္ဂါချို့တဲ့သူတွေအပေါ် လူတွေအမြင်ပြောင်းလဲသွားစေမယ့် ဇာတ်ကားမျိုးပါပဲ....ဇာတ်လမ်းအကျဉ်းက‌တော့ အမေရိကန်နိုင်ငံသူ ဦးနှောက် နှင့် အာရုံကြောဆရာ၀န် ဒေါက်တာ ရေနာက ဂီတကုထုံး နှင့် ပတ်သတ်တဲ့ထိရောက်မှုတွေကို သုတေသနပြုချင်လို့ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပါတယ်...သူဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ မသန်စွမ်းကျောင်းမှာ အဆိုပါ ဂီတကုထုံးကို သုတေသနပြုရင်း မသန်ပေမယ့်စွမ်းတဲ့ ဂျီဂျာ အိန်ဂျယ်တို့နဲ့ဆုံတွေပြီး သူတို့ရဲ့မျှော်လင့်ချက်တွေကြိုးစားအားထုတ်မှုတွေကို ပြထားတာဖြစ်ပါတယ် ... ဒီဇာတ်ကားထဲမှာတော့ ဂီတဟာ လူသားတွေကို တစ်သားတည်း‌ဖြစ်စေတတ်ပုံတွေ...မသန်စွမ်းတွေအနေနဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ အနိုင်ကျင့်ခံရတာတွေ ရှိပေမယ့် သူတို့က ဘယ်လို မျိုး လူ့အဖွဲ့အစည်းကို ပြန်ပြီးကောင်းကျိုးပြုနိုင်လဲဆိုတာတွေကို ဖော်ကျူးထားပါတယ်...ဒီဇာတ်ကားလေးဟာ IMDb 7.8/10 ရရှိထားခဲ့ပါတယ်...(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်ကားလေးဟာ ၂၀၁၉ ခုနှစ်မှာ ...
movie

One Little Finger (2019)

2019