Channel Myanmar

Jonathan Mercedes

Ghostbusters: Frozen Empire (2024) 6.3
Ghostbusters: Frozen Empire (2024) Ghostbusters: Frozen Empire (2024)IMDb Rating (6.3) / Rotten Tomatoes (83%)သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။ဇာတ်လမ်းအကျဉ်းသရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ...
movie

Ghostbusters: Frozen Empire (2024)

4K HEVC
Guardians of the Galaxy Volume 3 (2023) 8.4
Guardians of the Galaxy Volume 3 (2023) Guardians of the Galaxy Volume 3 (2023)**************************************WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ဒါလေးကိုမကြည့်ခင် Guardians ...
movie

Guardians of the Galaxy Volume 3 (2023)

4K HEVC
Big George Foreman (2023) 6.5
Big George Foreman (2023) Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie

Big George Foreman (2023)

2023
Willy’s Wonderland (2021) 5.5
Willy’s Wonderland (2021) Willy's Wonderland (2021) နစ်ကိုလပ်ကေ့ဂ်ဟာ ဟိုးတုန်းက National Treasure တို့ Lord Of War တို့ The Rock တို့လို ရုပ်ရှင်ကားကောင်းအများကြီးရိုက်ခဲ့တဲ့အပြင် Leaving Las Vegas တို့ City Of Angels တို့ Wild at Heart တို့လို အနုပညာရည်မနိမ့်တဲ့ကားကောင်းတွေလည်း ရိုက်ခဲ့တဲ့သူပါ။ ဟိုးတုန်းက သူရိုက်သမျှ မကောင်းတဲ့ကားမရှိပါဘူး။ နောက်ပိုင်းမှာတော့ တစ်နှစ်ငါးကားလောက် ပေါပေါလာလောရိုက်ခဲ့လို့ ဇာတ်ညွှန်းချာတဲ့ ကားတွေများလာပါတယ်။ ဒါပေမဲ့ နစ်ကေ့ရဲ့ ဇာတ်ကောင်အပေါ် စိတ်နှစ်ကြိုးစားမှုကတော့ မလျော့ခဲ့ပါဘူး။ အင်တာဖန်အများစုကလည်း ကားတွေညံ့ပေမဲ့ နစ်ကေ့ကတော့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုပါတယ်။ နစ်ကေ့ကိုယ်တိုင်လည်း ဒီလိုပဲပြောထားပါတယ်။ သူ့ကိုချစ်တဲ့သူတွေ ချစ်သေးတာပါပဲ။2021 မှာတော့ နစ်ကေ့ဟာ ဘရုစ်ဝီလီစ်တို့ မယ်ဂစ်ဆွန်တို့ စုံးစုံးမနစ်သွားဘဲ ကားကောင်းတွေချည်း ပြန်ရွေးရိုက်လာပါတယ်။ ဝီလီ၀န်းဒါးလန်းလို သရဲကားအနေနဲ့မဆိုးတဲ့ကားကနေ စလိုက်တာပြောရမယ်။ ...
movie

Willy’s Wonderland (2021)

2021