Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jonathan Kowalsky
Impulse (2023)
ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဆိုဖီယာဟာ လူစိတ်ဝင်စားမှုများနေတဲ့ လူသတ်မှုသတင်းတွေကို လိုက်ရင်းနဲ့ ဒွိဟဖြစ်စေတဲ့ သီအိုရီတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရပါတယ်။ လူစိတ်ဝင်စားမှုမြင့်တက်စေတဲ့ လူသိများကျော်ကြားသူတွေ သက်သေအစအနမရှိဘဲနဲ့ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေကို လိုက်ရင်းနဲ့ ဆိုဖီယာဟာ မထင်မှတ်ထားဘဲ ဇိန်းဆိုသူ အုပ်ချုပ်တဲ့ ဂိုဏ်းဆန်ဆန်နယ်ပယ်ကို သတိထားမိသွားပါတော့တယ်။လူသတ်မှုတွေဟာ အချိတ်အဆက်ရှိတယ်လို့ တွေးမိသွားတဲ့နောက် ဂျာနယ်လစ်တစ်ယောက်အနေနဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ထုတ်ဖော်ဖို့ ကြိုးစားနေတဲ့ ဆိုဖီယာဟာ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ကြောက်စရာကောင်းလွန်းတဲ့ ဇိန်းအဖွဲ့အစည်းနဲ့ ပတ်သက်နေမိသူလည်း ဖြစ်ပါတယ်။ဇိန်းအုပ်ချုပ်တယ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကမ္ဘာပေါ်က အရေးပါအရာရောက်သူတွေဖြစ်ကြတဲ့ သတင်းမီဒီယာအကြီးပိုင်းတွေ၊ နိုင်ငံရေးပိုင်းက အကောင်ကြီးကြီးအမြီးရှည်ရှည်တွေ၊ ဟောလိဝုဒ်နာမည်ကျော်တွေအထိပါ ပါဝင်ပတ်သက်နေရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ အရာရာကို ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ကမ္ဘာကိုတောင် လွှမ်းမိုးခြယ်လှယ်နေတယ်လို့ သိထားရတဲ့ သူတို့အဖွဲ့အစည်းကို အရိပ်အစိုးရလို့ ခေါ်ကြတယ်။ အရိပ်အစိုးရလို့ ခေါ်တဲ့ ကမ္ဘာပေါ်က ကဏ္ဠတော်တော်များများကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့ ဇိန်းတို့အဖွဲ့အစည်းအကြောင်းကို သတိထားမိသွားချိန်မှာတော့ ...
movie
Impulse (2023)
7.7
Road House (2024)
ဂျိတ် ယီလင်ဟော အဓိကမင်းသားအဖြစ်ပါဝင်ထားပြီးUFC ဖိုက်တာကြီး Conor McGregor ကြီးဗီလိန်လုပ်ထားတဲ့ဒီရုပ်ရှင်ကို အတော်များများ မျှော်နေကြမယ်ထင်တယ်။တကယ်လည်း ကြမ်းပါတယ်။ ကြည့်ရတာ အားရတယ်။ဒါရိုက်တာကလည်း Edge of Tomorrow ကိုရိုက်ခဲ့တဲ့Doug Liman ပါပဲ။ ဂျိတ်ယီလင်ဟောဟာ ဒီရုပ်ရှင်မှာUFC ဖိုက်တာဟောင်းအဖြစ်သရုပ်ဆောင်ဖို့ တရားလွန်ကိုလေ့ကျင့်ခဲ့ပြီး ဒါရိုက်တာက ရိုက်ဖူးသမျှ ရုပ်ရှင်တွေထဲမှာဂျိတ်ရဲ့ သရုပ်ဆောင်ချက်ဟာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဒေါ်တန် ဆိုတဲ့ UFC ဖိုက်တာဟောင်းတစ်ယောက်ဟာအကြောင်းတစ်ခုကြောင့် လောကကြီးကိုစိတ်ကုန်နေပြီးလမ်းဘေးပွဲတွေမှာပဲလုပ်စားနေတာကြာပါပြီ။တစ်နေ့မှာတော့ Road House လို့ခေါ်တဲ့ ဘားရဲ့ ပိုင်ရှင်ကောင်မလေးက သူ့ဘားအတွက် လုံခြုံရေးလုပ်ဖို့လာကမ်းလှမ်းတာကိုလက်ခံလိုက်ပါတယ်။ ဒါပေမဲ့သူလုံခြုံရေးလုပ်ရတဲ့ဘားက သာမန်ရန်ဖြစ်တဲ့လူတွေတင်မကဘဲ လူမိုက်အဖွဲ့ကြီးတစ်ခုကပါ ဘားကိုတမင်ပျက်စီးအောင်လာလုပ်နေတာကိုတွေ့ရပြီး တစ်ယောက်တည်းနဲ့လူမိုက်အုပ်ကြီးကို ခံချရပါတော့တယ်။ အက်ရှင်အသားပေးမို့ဇာတ်လမ်းက ထွေထူးပြောစရာမလိုပါဘူး။ရှယ်ကြိတ်တာတွေသာ ကြည့်လိုက်ကြပါ။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…6GB/2.81GB ...
movie
Road House (2024)
4K HEVC
Tekken (2010)
ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်ကျော် Tekkenဂိမ်းကို Live actionအဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အနောက်တိုင်းသရုပ်ဆောင်တွေနဲ့ ပြန်ရိုက်ထားတဲ့Live actionဆိုတော့ ထွေထွေထူးထူးပြောစရာရယ်တော့ မရှိပါဘူး။ကြည့်ပျော်ရှုပျော်တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲတွေဖြစ်အပြီးမှာ အစိုးရအဖွဲ့တွေပြိုလဲသွားပြီးကော်ပိုရေးရှင်းဆိုတဲ့အဖွဲ့တွေ ကမ္ဘာ့အနှံ့မှာ သူ့နေရာနဲ့သူ သီးခြားရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းကတော့တက်ခန်မြို့တော်ဆိုတဲ့ အဖွဲ့အစည်းပေါ့။ ဒီကော်ပိုရေးရှင်းတွေကတစ်နှစ်တစ်ခါ စုစည်းပြီး "သံမဏိလက်သီး"ဆိုတဲ့ ပြိုင်ပွဲတစ်ခုကိုကျင်းပလေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာတစ်ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့တော်ရဲ့ အပြင်ဘက် အန်ဗေးလ်ဆိုတဲ့မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ကောင်လေးကဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့အမေကိုသေစေခဲ့တဲ့ တက်ခန်ကော်ပိုရေးရှင်းရဲ့ အကြီးပိုင်းခေါင်းဆောင်တွေကို လက်စားချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် အောင်မြင်နိုင်မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်အဆင့်ထိရောက်နိုင်မလဲ၊ဘယ်လိုရန်သူတွေကို ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက်အထိုးအကြိတ်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / ...
movie
Tekken (2010)
7.3
American Sniper (2014)
American Sniper ( 2014 )IMDb Rating (7.3) / Rotten Tomatoes (72%)အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။Chris Kyle ဟာ အစကတော့ ...
movie
American Sniper (2014)
2014
4K HEVC
6.5
Catch the Fair One (2022)
Catch the Fair One (2022)===================IMDb Rating - 6.5/10အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပျောက်သွားတဲ့ ညီမလေးကိုလိုက်ရှာနေတဲ့ လက်ဝှေ့ဖိုက်တာမလေးတစ်ဦးရဲ့ စွန့်စားခန်းလေးကို ရင်တဖိုဖိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်ခိုင်မာသူဖြစ်ပါစေ ချစ်ရသူတွေကိုဆုံးရှုံးရတဲ့အခါ ပြိုလဲ ကြရတာပါပဲ။ ပရိသတ်အားပေးခံရတဲ့ လက်ဝှေ့သမတစ်ဦးဖြစ်တဲ့ K.O ဟာလည်း ချစ်ရတဲ့ညီမလေးပျောက်ဆုံးသွားပြီးနောက် ပြိုင်ပွဲတွေကို အာရုံမစိုက်နိုင်တော့ဘဲ ညီမကိုလိုက်ရှာနေခဲ့ပါတယ်။ ပိုက်ဆံစုပြီး သတင်းလိုက်ရာကနေ ညီမငယ်ကို ဖမ်း သွားတဲ့ဂိုဏ်းနောက်လိုက်ဖို့ သူ့ကိုယ်သူ လူမှောင်ခိုကူးခံရမယ့် ကောင်မလေးတစ် ယောက်အဖြစ် အသွင်ပြောင်းလိုက်ပြီးချိန်မှာတော့ . . . K.O တစ်ယောက် ဒုစရိုက် ဂိုဏ်းရဲ့ ခရီးကြမ်းတွေကြား အကြမ်းစားဖိုက်တင်းစကေးတွေနဲ့ ဘယ်လိုဖြတ်ကျော် မလဲဆိုတာကို ရင်တဖိုဖိုနဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်)File Size - (1.17 GB) / (456 MB) / (290 MB) Quality – WebDL 1080p / ...
movie
Catch the Fair One (2022)
2021