Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jonathan Keeble
7.3
The Ministry of Ungentlemanly Warfare (2024)
The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာလာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံးသေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီးဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်းအဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက်ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ...
movie
The Ministry of Ungentlemanly Warfare (2024)
2024
4K HEVC
5.1
Older Gods (2023)
အမေရိကန် Horror စာရေးဆရာ H.P Lovecraftရဲ့ vibe မျိုးကိုခံစားချင်သူတွေအတွက် ကားကောင်းလေးပါ...။အကြောင်းအရာကဘယ်လိုလဲဆိုတော့ စကြဝဠာကြီးနဲ့ချိန်ဆနှိုင်းယှဥ်ကြည့်ရင် လူသားတွေဆိုတာ သိမ်နုပ်သေးငယ်လွန်းလို့အရာသွင်းစရာတောင်မလိုအပ်ပါဘူး....။လူသားတွေဆိုတာ အဖိုးမတန်လို့ သေမထူးနေမထူးတွေပေါ့...။ဒီ့အပြင် လောကကြီးမှာ လက်ရှိဘုရားတွေထက် ရှေးကျတဲ့ Godတွေ၊Cosmic beingsတွေ၊ တိတ္ထိတွေဆိုတာလည်း ရှိပါသေးတယ်...။လူသားတွေဆိုတာ သူတို့ဆီက ကောင်းချီးပြုခံရဖို့အတွဥ် ယဇ်ကောင်သက်သက်ပါ....။ဒီလိုဆိုရင် အသက်ရှင်နေလို့၊ အလုပ်လုပ်နေလို့ ဘာထူးနေဦးမလဲ....။ကိုယ်ချစ်တဲ့သူတွေနားနေလို့၊ ကြိုးစားရုန်းကန်နေလို့ဘာများ ထူးခြားသွားနေဦးမှာလဲ....။ဒီလို Horror vibe မျိုးရမယ့်ကားလေးပါ.... ဇာတ်လမ်းအကျဥ်းကတော့ခရစ်တစ်ယောက် သေဆုံးသွားပြီဖြစ်တဲ့ သူငယ်ချင်းဆီကနေ အထုပ်တစ်ထုပ်ရရှိခဲ့ပါတယ်...။ထိုအထုပ်ထဲမှာ ဒီတိတ္ထိတွေအကြောင်းလေ့လာထားတာတွေ...၊ သက်သေတွေအစုံပါပဲ....။ဒါတွေကို ဖြည်ထုတ်ကြည့်ရင်းကနေ ခရစ်တစ်ယောက် သူကိုယ်တိုင် အန္တရာယ်တောထဲတိုးဝင်မှန်းမသိ တိုးဝင်မိသွားတဲ့အခါမှာတော့....။ File size…950MB / 336MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Older Gods (2023)