Channel Myanmar

Jonathan Erich Drachenberg

The Assassination of Jesse James by the Coward Robert Ford ( 2007 ) 7.5
The Assassination of Jesse James by the Coward Robert Ford ( 2007 ) [Unicode]Assassination of Jesse James By the Coward Robert Ford (2007)IMDB Rating....... 7.5ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ ရာဇဝင်လူဆိုးကြီးကို သေချာမသိကြရင်တောင် အရှောင်အတိမ်း ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ စကားလေးတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုနာမည်တွင်ရလောက်အောင်လည်းညဂျက်ဆီဂျိမ်းစ်ကို ဖမ်းမယ့်အစား ငါးရှဉ့်ကို လက်ချောဆီသုတ်ပြီး ဖမ်းရတာကမှ လွယ်ပါဦးမယ်။ ဒီလိုနဲ့ ဂျက်ဆီဂျိမ်းစ်းဟာ ဆုကြေးအမြင့်ဆုံး ရာဇဝင်လူဆိုးဖြစ်လာတာပါပဲ။နာမည်တူ စာအုပ်ကိုပဲရိုက်ထားတဲ့ဒီရုပ်ရှင်ဟာ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ သူနဲ့ကြားက ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီရုပ်ရှင်ရဲ့ နာမည်မှာတင် ဘာအကြောင်းဆိုတာ ဂဃနဏကြီးသိအောင် ပြပြီးသားပါ။ Brad Pittရဲ့ Plan B Entertainmentကာထုတ်လုပ်ထားပြီး မထီတထီဇာတ်ရုပ်တွေမှာာသိပ်လိုက်တဲ့ Brad Pitt ကပဲညဂျက်ဆီဂျိမ်းအဖြစ် သရုပ်ဆောင်ထားပါတယ်။အိမ်အနားစွန်းမှာ ရွေ့မျောနေတဲ့ မှောင်ရီပျိုးစကောင်းကင်အောက်က တိမ်‌‌တွေ။ ပိန်းပိတ်အောင်မှောင်နေတဲ့ ရထားလမ်းဆီ ဟိုးအဝေးကခုတ်မောင်းလာတဲ့ ကျောက်မီးသွေးသုံး မီးရထားတစ်စင်း။ ဓားပြတိုက်ဖို့ ရထားသံလမ်းပေါ်ထွက်ရပ်နေတဲ့ ကျောက်မီးသွေး‌ငွေ့တွေကြားက ဂျက်ဆီဂျိမ်းစ် သူ့ကို ထိုးထားတဲ့ ရထားရှေ့မီး။ ရောဘတ်ဖို့ဒ်ရဲ့ သေနတ်ပြောင်းကို ကျောခိုင်းထားတဲ့ ဂျက်ဆီဂျိမ်းစ်ရဲ့ ‌ပန်းချီကားရှေ့က နောက်ဆုံးထွက်သက်။ ဒီရုပ်ရှင်ရဲ့ Cinematographyတွေအားလုံးက ဒီ၂နာရီခွဲကြာတဲ့ ရုပ်ရှင်ကို တစ်ကွက်မှ ...
movie

The Assassination of Jesse James by the Coward Robert Ford ( 2007 )

2007