Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jonathan Dubsky
The Scarehouse (2014)
ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ကားလေးကတော့ သည်းထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့သူတွေ လက််မလွတ်သင့်တဲ့ကားလေးပါဇာတ်ကားနာမည်လေးက The Scarehouseလို့ ခေါ်ပြီး ၂၀၁၄ကထွက်ထားတာမို့ ထွက်တာကြာပြီးဖြစ်တဲ့ကားဟောင်းလေးပါ နာမည်ကြီးဒါရိုက်တာနဲ့ ထုတ်လုပ်သူ Gavin Michael Boothက ရိုက်ကူးထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ လွန်ခဲ့တဲ့နှစ်နှစ်မှာ ကောလိပ်ကျောင်းသူတစ်စု ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါတယ် နှစ်နှစ်အကြာ ကောလိပ်ကျောင်းသူ၆ယောက်ဟာ သရဲအိမ်ပါတီပွဲကို ဖိတ်ကြားခြင်းခံရပါတယ် ဒါပေမဲ့ သရဲအိမ်ထဲရောက်သွားချိန်မှာတော့ သူတို့ထင်သလို ပါတီပွဲက ပျော်စရာမကောင်းနေတဲ့အခါ သူတို့ကို ဘယ်သူဖိတ်တာလဲ ဘာကြောင့်ဖိတ်ခံရတာလဲ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို The Scarehouse ကားမှာ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာမို့ သွေးထွက်သံယိုကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်ဇာတ်လမ်းအညွှန်းရေးသားသူ April Snow File size…(1.1 GB)/(583 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow
movie
The Scarehouse (2014)
6.9
Warm Bodies (2013)
IMDb (6.9) / Rotten Tomatoes (81%)Vampire တစ်ကောင်ကိုချစ်နိုင်ပေမယ့် Zombieဆိုရင်ရော ချစ်နိုင်ပါ့မလား? အခုက စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် အလှည့်ပါ။ လူ့ဦးနှောက်တွေစားတဲ့ Zombieတစ်ကောင်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ Zombieတစ်ကောင်ဖြစ်တဲ့ Rဟာ သူရဲ့တစ်နေ့တာကို စွန့်ပစ်ခံမြို့က လေဆိပ်ပျက်ထဲမှာ ဟိုဟိုဒီဒီလျှောက်သွားရင် ကုန်ဆုံးလေ့ရှိပါတယ်။ သူ့မှာ Mဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။အဓိပ္ပါယ်မဲ့နေတဲ့ သူ့ဘဝထဲကို ဝင်လာတဲ့သူက Julie Julieနဲ့သူ့သူငယ်ချင်းတစ်စု Rတို့နေတဲ့ မြို့ပျက်ထဲမှာရှိတဲ့ ဆေးဝါးတွေကို ယူဖို့ အထက်ကအမိန့်ပေးခံရတယ်။ Julieတို့လည်း အဆောက်အအုံဟောင်းတစ်ခုက ဆေးဝါးတွေကို သယ်နေတုန်း Rတို့ Zombieအုပ်စုနဲ့တိုးတဲ့အခါ….... Zombieဖြစ်နေတဲ့ Rဟာ Julieရဲ့ချစ်သူကို သတ်ပစ်ပြီး သူ့ရဲ့ ဦးနှောက်ကို စားလိုက်တယ်။ ဒီနေရာမှာ လှည့်ကွက်တစ်ခုက သေသူရဲ့ ဦးနှောက်ကိုစားလိုက်တဲ့အခါ သေသူရဲ့မှတ်ဉာဏ်တွေကို zombieက ခံစားနိုင်တယ်ဆိုတာ။Julieချစ်သူ့ရဲ့ မှတ်ဉာဏ်တွေကတစ်ဆင့် Rဟာ Julieအပေါ် ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားလိုက်ရတယ်။ ဒီလိုနဲ့ zombieတွေ လက်ထဲ ဒုက္ခရောက်နေတဲ့ Julieကို ...
movie
Warm Bodies (2013)
2013
4K HEVC
Polytechnique (2009)
လူတွေဟာ စိတ်အလိုမကျမှုတွေ၊ စိတ်မွန်းကျပ်မှုတွေ၊ ဒေါသစိတ်တွေ အဆုံးစွန်ထိများပြားလာပြီး ဘယ်လိုမှမထိန်းနိုင်တော့တဲ့အခါ တစ်နည်းနည်းနဲ့ ပွင့်ထွက်ပေါက်ကွဲတတ်ကြတာ မဆန်းတဲ့ဖြစ်စဥ်တစ်ရပ်ဖြစ်ပါတယ်။ အဲ့လိုဖိစီးမှုတွေများလာတဲ့အခါ အချို့က တရားဓမ္မနဲ့ ပွင့်ထွက်စေသလို၊ တချို့က လောင်းကစား၊ အရက်မူးယစ်ဆေး၊ အပျော်အပါးတွေနဲ့ ဖြေလျှော့တတ်ပြီး တချို့ကျတော့လည်း တေးဂီတ၊ ရုပ်ရှင်တွေနားဆင်ကြည့်ရှုတာမျိုး၊ အပန်းဖြေခရီးထွက်တာမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။ဒါပေမဲ့ တချို့လူတွေကတော့ စိတ်ထဲမှာအရမ်း overwhelmed ဖြစ်လာတဲ့အခါ တခြားသူတွေလို နည်းအမျိုးမျိုးနဲ့ဖြေသိမ့်ဖြေလျှော့နိုင်စွမ်းတွေမရှိကြပါဘူး။ သူတို့ဟာ များသောအားဖြင့် စိတ်ပညာသဘောတရားအရ introvert (အတွင်းကြိတ်) တွေဖြစ်လေ့ရှိကြပါတယ်။ အဲ့လိုလူတွေဟာ အတွင်းအဇ္ဈတ္တရဲ့ပူလောင်မွန်းကျပ်မှုကို တကိုယ်လုံး စိတ်ရောကိုယ်ပါ အကူးစက်ခံပြီးတဲ့အဆုံး၊ မတတ်သာတဲ့အဆုံးမှာတော့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ သေကြောင်းကြံတာမျိုးတွေ လုပ်တတ်ကြပါတယ်။တချို့အဲ့လိုလူမျိုးတွေကတော့ မိမိကိုယ်ကိုလည်း သေကြောင်းကြံသလို မိမိဘက်ကမတရားဘူးလို့ယူဆတဲ့အရာ၊ မိမိဒုက္ခတွေရဲ့ အရင်းအမြစ်လို့ သူ့ဟာသူယူဆတဲ့အရာတွေကိုပါ တပါတည်းအဆုံးသတ်ပြီးမှ သေကြောင်းကြံလေ့ရှိသလို တချို့ကျတော့လည်း အဲ့ဒီအရာတွေပေါ်ကို စိတ်လွှတ်ချပေါက်ကွဲပစ်လိုက်ရုံနဲ့ နှစ်သိမ့်ရာရသွားတတ်ကြတာမျိုးလည်းရှိပါတယ်။ဒါတွေဟာ ယနေ့ခေတ်မှာ ကျွန်တော်တို့မကြားချင်ဘဲကြားကြားနေကြရတဲ့ လက်နက်မဲ့သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ ...
movie
Polytechnique (2009)
7.0
Pawn Sacrifice (2014)
[Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie
Pawn Sacrifice (2014)