Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jonathan Aris
6.0
Churchill (2017)
D-Day ဆိုတဲ့စကားလုံးကိုဂျာမနီ အမေရိကန်စစ်ကားတွေကြည့်ဖူးတဲ့လူတွေဆိုရင်တော့မြင်ဖူးသလိုလိုရှိနေကြမှာပါ။အဲ့ဒီ D-Day ဆိုတာကဒုတိယကမ္ဘာစစ် ၁၉၄၄ ခုနှစ် ဇွန်လ၆ ရက်နေ့တုန်းက ပြင်သစ်ကိုကျူးကျော်လာတဲ့ ဂျာမနီတွေကိုမဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကြည်း ရေ လေစစ်ကြောင်းသုံးခုနဲ့အကြီးအကျယ် ချီတက်နှိမ်နင်းခဲ့ကြတဲ့နေ့ပဲဖြစ်ပါတယ်။အဲ့ဒီ စစ်ဆင်ရေးက ကြီးလွန်းလို့ သမိုင်းမှာတောင် ဒုတိယအကြီးဆုံး ပင်လယ်ချီတက်မှုကြီးလို့တောင် သတ်မှတ်ခံထားရပါတယ်။ကျူးကျော်လာတဲ့ ဂျာမနီတွေကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပေမဲ့ ပြန်လည်ပေးဆပ်ရတာတွေကလည်းကြီးမားပါတယ်။စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီမှာတင်စစ်သားပေါင်း ၉၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ အသေအပျောက်တွေရှိခဲ့ကြပါတယ်။အဲ့ဒီကာလမှာ အဲ့ဒီလို ဆုံးရှုံးမှုတွေကိုလုံး၀မဖြစ်စေချင်တဲ့သူတစ်ယောက်ရှိပါတယ်။အဲ့ဒီလူကတော့ ဝင်စတန်ချာ့ချေးလ်ဆိုတဲ့ ယူကေဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်။သူကပထမကမ္ဘာစစ်မှာတုန်းက ဒီလိုမျိုးကြီးမားတဲ့ချီတက်မှုမျိုးကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပြီး ဆုံးရှုံးမှုတွေကိုမျက်မြင်တွေ့ခဲ့ရတဲ့အတွက် နိုင်ငံရဲ့လူငယ်ပေါင်းနှစ်သိန်းခွဲလောက်နဲ့ ချီတက်မဲ့စစ်ဆင်ရေးကြီးကိုအပြင်းအထန်ကန့်ကွက်ပြီး ဖျက်သိမ်းဖို့ကြိုးစားနေခဲ့သူပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့အသက်တွေနဲ့ယှဉ်လာရင် ဒီစစ်ဆင်ရေးကိုသွားရမဲ့ လူငယ်တွေကိုတော့စတေးကိုစတေးရမှာ ဖြစ်တဲ့အပြင် သမ္မတကိုယ်တိုင်ကပါသူ့ဖက်မှာရှိမနေတဲ့အတွက် တားဖို့မဖြစ်နိုင်ခဲ့ပါဘူး။အခုတင်ဆက်ပေးမဲ့ Churchill ဆိုတဲ့ရုပ်ရှင်ထဲမှာ အထက်ပါပြောခဲ့တဲ့အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ဝင်စတန်ချာ့ချေးလ်ရဲ့နေရာကနေ ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့အတွက် စစ်ပွဲသမိုင်းကြောင်းတွေကိုစိတ်ဝင်စား သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.39GB / 626MB Quality… ...
movie
Churchill (2017)
5.8
Morgan (2016)
မော်ဂန်ဆိုတဲ့ကလေးမလေးဟာ လူသားမိဘများကမွေးဖွားလာတာမဟုတ်ဘဲ သိပ္ပံပညာရှင်တွေဖန်တီးထားတဲ့မျိုးစပ်သက်ရှိလူသားအတုပဲဖြစ်ပါတယ်..သူဟာသိပ္ပံပညာရှင်တွေရဲ့သုံးကြိမ်မြောက်ဖန်တီးမှုဖြစ်ပြီးရှေ့နှစ်ခေါက်ကအမှားတွေကို သင်ခန်းစာယူပြီးဖန်တီးထားတာဖြစ်တဲ့အတွက် ဉာဏ်ရည်ဉာဏ်သွေးကောကြီးထွားမှုနှုန်းကောကသာမန်လူတွေထက်ကို သိသိသာသာကောင်းမွန်တဲ့သူတစ်ယောက်ပေါ့..တစ်နေ့မှာတော့မော်ဂန်လေးဟာစိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘဲ သူ့ကိုဖန်းတီးခဲ့တဲ့သူတွေထဲကတစ်ယောက်ကိုတိုက်ခိုက်လိုက်မိပါတယ်ဒါကြောင့်သူ့ကိုစစ်ဆေးဖို့ရုံးချုပ်ကလူနှစ်ယောက်ကိုလွှတ်လိုက်ပါတော့တယ် မော်ဂန်လေးဆက်ပြီးအသက်ရှင်မလားအဆုံးသတ်ခံရမှာလားဆိုတာက အဲဒီလူနှစ်ယောက်ရဲ့အစီအရင်ခံစာအပေါ်မူတည်နေပါတယ် ဆိုတော့ အသက်5နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ရှိပြီး တစ်ချိန်တည်းမှာပဲအဲဒီအသက်နဲ့မလိုက်တဲ့ ဉာဏ်ရည်နဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့မော်ဂန်တစ်ယောက် ဘယ်လိုတွေအစစ်ခံရမလဲ....အသက်ရှင်ခွင့်ရမလား အဆုံးသတ်ခံရမလားဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ......... File size…1.30GB / 611MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
Morgan (2016)
7.0
The World’s End (2013)
ကဲ Three Flavours Cornetto Trilogy ထဲက နောက်တစ်ကားလာပါပြီ.... Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။The World’s End (2013) ရုပ်ရှင်မှာတော့ Simon Pegg နဲ့ Nick Frost တို့အပြင် Martin Freeman , Rosamund Pike တို့လိုနာမည်ကျော်သရုပ်ဆောင်တွေပါအားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ...
movie
The World’s End (2013)
2013
4K HEVC
6.9
Bright Star (2009)
အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ...
movie
Bright Star (2009)
8.1
Rogue One: A Star Wars Story (2016)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Rogue One: A Star Wars Story (2016)
2016
4K HEVC
6.7
Flawless (2007)
ဒီကားလေးကတော့ IMDB 6.7/10 ရရှိထားတဲ့ Crime/Drama/Thriller ကားဟောင်းလေးဖြစ်ပြီး မင်းသမီးကြီး Demi Moore နဲ့ မင်းသားကြီး Michael Caine တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။၁၉၆၀ ခုနှစ်များဆီက ဥရောပတစ်ခွင်မှာ အလုံခြုံဆုံးဆိုတဲ့၊ အတွင်းဘက်မှာ ကွန်ကရစ်တွေ၊ ကျောက်သားနံရံတွေနဲ့ ကာရံထားပြီး အပြင်ဘက်မှာ ၃ လက်မထု စတီးနံရံနဲ့ ဝန်းရံထားတဲ့ လန်ဒန်စိန်အဖွဲ့အစည်းကြီးရဲ့ အလုံပိတ်ခန်းထဲကနေ စိန် ၂ တန်စာလောက်ပျောက်သွားခဲ့ပါတယ်။ပေါင် သန်း ၁၀၀ လောက်တန်ကြေးရှိတဲ့ စိန်တွေကို လုံခြုံရေးကင်မရာတွေ၊ သံမဏိနံရံတွေ၊ အစောင့်တွေ၊ အဆောက်အအုံရဲ့ ပိတ်ထားတဲ့ တံခါးအထပ်ထပ်ကိုဖြတ်ပြီး ဘယ်သူက ဘယ်လိုပြောင်မြောက်တဲ့နည်းလမ်းနဲ့ ခိုးယူခဲ့လဲဆိုတာနဲ့ စိန်တွေကို ပြန်တွေ့အောင်ရှာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(866 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre...Crime, Drama, ...
movie
Flawless (2007)
6.5
Sightseers (2012)
Sightseers (2012)ခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၂ထွက် sightseer ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Dark comedy တွေရိုက်နေကျ ဒါရိုက်တာ Ben Wheatleyရဲ့ လက်ရာလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ သာမန်စုံတွဲတစ်တွဲ နောက်တွဲယာဉ်နဲ့ အားလပ်ရက်ခရီးထွက်တာကနေ စတင်ခဲ့ပါတယ်။ ခရစ်နဲ့ တီနာတို့က ချစ်ချစ်ခင်ခင်နဲ့ ရိုမန်တစ်ဆန်တဲ့ ခရီးတစ်ခုကို စီစဉ်ခဲ့ကြတာပါ။ တီနာရဲ့အမေကတော့ ခရစ်ကို မယုံပေမဲ့ တီနာကတော့ ပျော်ပျော်ရွင်ရွင်ပဲ ခရီးထွက်လာခဲ့ပါတယ်။ဇာတ်လမ်းအစပိုင်းမှာ ပျော်စရာ သာမန်ဇာတ်ကားလေးလို့ထင်ရပေမဲ့ ခရစ်ဟာ မထင်မှတ်ဘဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်မိခဲ့ပါတယ်။ ခရစ်ဟာ တမင်တကာပဲ သတ်ခဲ့တာလား? မတော်တဆဖြစ်သွားတာလား?ခရီးစဉ်ကို မပျက်ဆီးစေချင်တဲ့ တီနာကရော ပြန်ခေါ်နေတဲ့ သူ့အမေရယ် ဒီလိုအဖြစ်ဆိုးဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ?အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းရဲ့ ပုံစံဟာ ပြောင်းလဲသွားပြီး ဇာတ်ဆောင်တွေရဲ့ နားလည်ရခက်တဲ့ စိတ်တွေ ... မထင်ထားတဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။သွေးသံရဲရဲအခန်းတွေ လိင်ဆက်ဆံခြင်းတွေ ညစ်ညမ်းအသုံးအနှုန်းတွေပါဝင်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့််တော်ပါဘူး မိုးအေးအေးမှာ ...
movie
Sightseers (2012)
2012
7.0
The Jackal(1996)
The Jackal(1996) အညွှန်း********************* Bruce Willis နဲ့ Richard Gere တို့အပြိုင်ကျဲထားပါတယ်.. အမေရိကန် FBI အဖွဲ့ဟာ ရရှားဗိုလ်ကြီးခိုစလိုဗာနဲ့အတူ ရရှားမူးယစ်ရာဇာဂိုဏ်းတစ်ခုကိုဝင်စီးရင်း ထိတ်ထိတ်ကြဲ မာဖီးယားခေါင်းဆောင် တဲရက်ရဲ့ ညီကို မတော်တဆ ပစ်သတ်ခဲ့မိပါတယ်။အဲဒီမှာ ဒေါသထွက်သွားတဲ့ တဲရက်ဟာ အမေရိကန်တွေကို ကလဲ့စားပြန်ချေဖို့ FBI အဖွဲ့ဒါရိုက်တာဘရောင်းကိုလုပ်ကြံမယ်ဆိုပြီး လုပ်ကြံသတ်ဖြတ်ရာမှာ တဖက်ကမ်းခတ်နေတဲ့ဝံပုလွေငယ်ဆိုတဲ့ကြေးစားကို ငှါးရမ်းခဲ့ပါတော့တယ်။အဲဒီဝံပုလွေငယ်ဆိုသူဟာ လုပ်ကြံသတ်ဖြတ်မှုပေါင်း မနည်းမနောလုပ်ခဲ့ဖူးတဲ့လူဖြစ်ပေမယ့် ဖမ်းမိဖို့ဝေးစွ သူ့ပုံပန်းသဏ္ဍာန်ကို မြင်ဖူးတဲ့သူတောင် လက်ချိုးရေလို့ရပါသတဲ့။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့..... File Size :(2.1GB)(878 MB) and (224 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:04:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
The Jackal(1996)
5.4
She Will (2021)
She will (2021)===========ဒီဇာတ်ကားကတော့ 2021 မှာ ထွက်ရှိခဲ့ပြီး IMDb 5.5 ရရှိထားတဲ့ Psychological Horror and Thriller ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကတော့ ဗရိုနီကာ ဂန့်ထ် ဆိုတဲ့ နာမည်ကြီးမင်းသမီးကြီး တစ်လက်ဟာ ခွဲစိတ်မှုတစ်ခုကို ခံယူပြီး ပြန်လည်ထူထောင်ရေးအတွက် စကော့တလန်နယ်ဘက်မှာ သွားရောက်နေထိုင်ရာမှ စတင်လာပါတယ်။ဒေစီ ဆိုတဲ့ သူနာပြုအကူတစ်ယောက်လည်း ဗရိုနီကာ့ကို ပြုစုပေးဖို့အတွက် သူမနဲ့အတူတူ လိုက်ပါလာခဲ့တယ်။ အဆိုပါနေရာက ဆက်သွယ်မှုပြင်ပ ဧရိယာတစ်ခုဖြစ်ပြီး ထိတ်လန့်ဖွယ် အဖြစ်ဆိုးတွေနဲ့ တည်ရှိနေခဲ့တဲ့ နေရာတစ်ခုပါ။လူထောင်ချီ မီးလောင်သေဆုံးခဲ့ရပြီး ထူးဆန်းဖွယ် ရွှံ့နွံတွေအပြည့်နဲ့ နေရာမှာ ဗရိုနီကာတို့လိုပဲ အနားယူဖို့ လာရောက်ကြတဲ့ လူထူးဆန်းတွေလည်း ရှိလို့နေပါတယ်။ ဗရိုနီကာလည်း အဲဒီကိုရောက်မှ သူမရဲ့ ငယ်ဘဝက စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာပြီး အိပ်မက်တွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအင် တွေ ရရှိလာတာကို သိလိုက်ရတယ်။ အဲဒီနောက်မှာတော့ ကြောက်လန့်ဖွယ် အဖြစ်အပျက်တွေနဲ့ ထိတ်လန့်ဖွယ်အတိတ်ဆိုးတွေ ပြန်လည်စတင်လာပါတော့တယ်။မီးလောင်မှုတွေနဲ့ ရွှံ့နွံတွေကြား ဆက်စပ်မှုတွေ၊ စုန်းမငှက်မွှေးလို့ခေါ်ကြတဲ့ ကျပ်ခိုးတွေနဲ့ အမှောင်ထုတွေကြားက ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာမို့ Psychological Horror ...
movie
She Will (2021)
2021
5.1
Zone 414 (2021)
Memento ထဲက မင်းသားကြီး Guy Pearce , Vikings နဲ့ Warcraft ထဲက မင်းသား Travis Fimmel နဲ့Revenge ဖိုက်တာဇာတ်ကားထဲက အီတလီမင်းသမီး Matilda Lutz တို့လို ဇာတ်ဆောင်တွေနဲ့ ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ဒေးဗစ်ကာမိုက်ကယ်ဟာ မရိန်းတပ်သားဟောင်းတဖြစ်လဲ ရဲစုံထောက်ဟောင်းတစ်ဦးဖြစ်ပြီးတော့ အမှုတစ်ခုနဲ့ထွက်လာခဲ့တဲ့နောက်ပိုင်း အလွတ်စုံထောက်အဖြစ်အသက်မွေးနေပါတယ်။တစ်နေ့တော့ သူ့ကို ဇုန် ၄၁၄ လို့ခေါ်တဲ့ လူသားအသွင်နဲ့စက်ရုပ်တွေရဲ့နယ်မြေ ရိုဘော့မြို့တော်လို့ခေါ်ကြတဲ့ နေရာကြီးကိုတည်ထောင်ထားတဲ့ မာလွန်ဗိဒ်ဆိုသူကဆက်သွယ်လာခဲ့ပြီး အဲ့ဒီဇုန်ထဲကိုထွက်ပြေးသွားခဲ့တဲ့ သူ့သမီးကို ရှာဖွေပြီးပြန်ခေါ်လာခဲ့ဖို့ အမှုအပ်လာပါတယ်။အဲ့ဒီဇုန်ထဲမှာ ပထမဆုံးတွေ့ဆုံရတဲ့သူကတော့ ဂျိန်းဆိုတဲ့ဖောက်သည်တွေဆန္ဒကို နည်းမျိုးစုံနဲ့ဖြည့်ဆည်းပေးဖို့တာဝန်ယူထားတဲ့စက်ရုပ်မလှလှလေးတစ်ယောက်ဖြစ်ပါတယ်။ ဗိဒ်သမီးရဲ့ ပျောက်ဆုံးမှုဟာ သာမန်အိမ်ပြေးမှုတစ်ခုအဖြစ်စတင်ခဲ့ပေမယ့် ရှုပ်ထွေးပွေလီတဲ့လူတွေရဲ့အကောက်ဉာဏ်၊ ရူးသွပ်မှု ၊ အတ္တတွေကြားမှာ သူတို့အတွက် အန္တရာယ်ဟာ ပိုမိုနက်ရှိုင်းလာပါတော့တယ်။မြင်နေတွေ့နေကျဇာတ်လမ်းမျိုးဖြစ်ပေမယ့် ပုံဖော်ထားတဲ့ CGI တွေ Cinematography အမိုက်စားတွေနဲ့အတူ 90s ဝန်းကျင်ကခေတ်စားခဲ့တဲ့စက်ရုပ်လူသားကားတွေ ခေတ်လွန်မြို့တော်တွေရဲ့ vibe မျိုး တစ်ခါတစ်လေ Blade runner လိုပုံစံမျိုးကိုတောင်ပြန်အမှတ်ရစေတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(1.7 GB) / (999 MB) / ...
movie
Zone 414 (2021)
7.3
Radioactive (2019)
ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။ မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့ သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီး ကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။ မဒမ် ကျူရီ တွေ့ခဲ့တာကတော့ Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး သိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့် အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက် သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့် ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာ ဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီး လူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီ ဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစ သိပ္ပံပညာရှင်ဘဝ အောက်ခြေကနေ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊ အဆုံးသတ်ချိန်ထိ ပြသထားတာကို ...
movie
Radioactive (2019)
2019
8.0
The Martian (2015) EXTENDED
Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါၤဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အဂါၤဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင်ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့အဂါၤဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာnasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အဂါၤဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်ကအဂါၤဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်းလူငယ်လေးတစ်ယောက်ရဲ့ ...
movie
The Martian (2015) EXTENDED
2015
6.1
Vivarium (2020)
Sci-fi / Thriller ကားကောင်းကြိုက်သူများအတွက် လတ်တလောထွက်ထားပြီးNow you see me တို့ Zombie Land တို့ထဲကမင်းသား Jesse Eisenberg ပါဝင်ထားတဲ့ကားလေး။လူငယ်စုံတွဲ တတွဲက အတူနေဖို့အိမ်လေး တအိမ်ကိုလိုက်ရှာနေခဲ့တယ်။အိမ်ရာစျေးနှုန်းတွေကလည်း သိတဲ့အတိုင်း တဖြည်းဖြည်းမြင့်တက်လာနေတယ်။အသိတယောက်ကလည်း အိမ်ရာကောင်းကောင်းတွေ့ရင်လက်မနှေးဖို့ ရတုန်းယူထားဖို့အကြံပေးသွားသေးတယ်။အဲနေ့ညနေမှာပဲ သူတို့စုံတွဲက အိမ်ရာတွေရောင်းတဲ့နေရာမှာအိမ်ခြံမြေအကျိုးဆောင်နဲ့ သွားတွေ့ ခဲ့ကြတယ်။အကျိုးဆောင်ပုံစံကတော့ တမျိုးကြီးပဲ။ထောင့်မကျိုးတာလည်း မဟုတ် ရိုင်းစိုင်းတာလည်းမဟုတ်တမျိုးကြီးဖြစ်နေပေမယ့် အပြောကောင်းတော့သူတို့အိမ်ရာကို ပုံထဲတင်မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။အကျိုးဆောင်အပြောအရ နေရာကလည်းအဆင်ပြေမယ့်ဆင်ခြေဖုံးနေရာအိမ်ရာတွေကိုလည်း လူတွေကဝယ်ပြီး နေရာရွှေ့လာကြတော့မှာ။အိမ်ရှာနေတာလည်း ကြာနေပြီမလား။အဆင်ပြေရင်တော့ ဝယ်လိုက်ကြမယ်စိတ်ကူးနဲ့ပေါ့။အဲလိုနဲ့ သူတို့အိမ်ရာတွေဆီသွားခဲ့ကြတယ်။အိမ်တွေကတော့ ပုံစံတူတွေပဲ။အဲလိုနဲ့ သူတို့ကြည့်ရမယ့် အိမ် ...
movie
Vivarium (2020)
7.2
The Death of Stalin(2017)
The Death of Stalin(2017)IMDb....7.2,,,Rotten......96%စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ သမိုင်းစာမျက်နှာရဲ့ဆိုးယုတ်မှုဆိုတဲ့ခေါငး်စဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်...လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်းသူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ.....ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်....ဒီဇာတ်ကားကတော့ စတာလင်ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရောဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ....ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်...ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး...အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ..မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင်သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကိုအပြောင်မြောက်ဆုံးတင်ဆက်ထားတယ်...ဒါကြောင့်လည်း ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံရသလိုRating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်...ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ကြည့်လိုက်ကြပါဦးဗျို့....File Size : (992 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…01:47:00 Genre : Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
The Death of Stalin(2017)
2017
7.2
Black Mirror: Bandersnatch (2018)
Black Mirror: Bandersnatch (2018)_____IMDb - 7.2/10 ဒီဇာတ်လမ်းပုံစံဟာလုံးဝအသစ်ပါ Netflixကတော့အဓိကဇာတ်သိမ်းငါးခုရှိတယ်လို့ပြောထားပါတယ် တကယ်တော့အဲ့ထက်များပါတယ် ကျွန်တော်တို့ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ကိုယ့်ဇာတ်လမ်းကိုယ်ရွေးရတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ်အသက်သွင်းပေးထားတဲ့Netflixရဲ့ပထမဆုံးကားပါ ဇာတ်ကောင်ကရွေးချယ်မှုတစ်ခုလုပ်တာနဲ့အဲ့တာကပါကြည့်ရှု့သူအပေါ်သက်ရောက်အောင်စွမ်းဆောင်နိုင်ပါတယ် Basic storylineက1984ခုနှစ်ကလူငယ်ပရိုဂရမ်မာတစ်ယောက်ကိုအခြေခံထားတာဖြစ်ပြီး Bamdersnatchလို့ခေါ်တဲ့ရွေးချယ်မှုတွေနဲ့ဖတ်ရတဲ့စာအုပ်ပုံစံမျိုးကို ဂိမ်းအဖြစ်လုပ်ချင်တဲ့အိပ်မက်လေးတစ်ခုပဲသူ့တစ်ဘဝလုံးမှာရှိပါတယ် ဒါပေမယ့်အဲ့လောက်မရိုးစင်းခဲ့ပါဘူး ကျွန်တော်တို့ကိုယ်တိုင်ခံစားပြီးဇာတ်လမ်းကိုရွေးပေးရမှာပါ Spoilerမပါမှအရသာအပြည့်ကိုခံစားနိုင်မှာမို့ဒီလောက်ပဲပြောပြပါရစေ တစ်ခေါက်ထဲကြည့်ပြီးရိုးသွားမယ့်ကားမဟုတ်တဲ့အပြင် တစ်ခေါက်နဲ့တစ်ခေါက်ရတဲ့ခံစားချက်ကလည်းမတူစေရပါဘူး Bird boxလိုပုံမှန်sci-fiကားကြည့်ပြီးအချိန်ကုန်တာထက်တော့ဒီကားကအများကြီးပေးစွမ်းနိုင်ပါလိမ့်မယ်ဘာသာပြန်ပေးထားတာတော့ Aye Chansu ဖြစ်ပြီး Encodeပေးတာကတော့ကျွန်တော် sithu ပဲဖြစ်ပါတယ်
movie
Black Mirror: Bandersnatch (2018)
2018
7.1
Race (2016)
Race (2016) IMDb - 7.1/10_____Rotten - 62% ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။ ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။ CM ပရိသတ်များ အားပေးလိုက်ကြပါဦး။ (ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်) File Size : 952 MB Quality : Blu ray 720P Running Time : 2hr 14 minute Format : Mp4 Genre : Biography,Drama,sport Encoder : Joker.phs
movie
Race (2016)
2016