Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jonas Smulders
Crypto Boy (2023)
ဒီနှစ် ၁၀ လပိုင်းမှာတင် Netflix ကထွက်ထားတဲ့အသစ်စက်စက်ဇာတ်ကားလေး။ ကားနာမည်အရဆို ခရစ်ပတို အကြောင်းအဓိကပြရိုက်ထားသလိုထင်ရပေမဲ့ ကြည့်ကြည့်ရင် အဖေနဲ့ သားကြားက သံယောဇဉ်ပတ်သတ်မှု bond တစ်ခုကိုမြင်ရမှာပါ။အသက် ၂၀ မခံချင်စိတ်အပြည့်၊မြှီးကောင်ပေါက် အရွယ် အာမီရ်နဲ့ အရွယ်ရောက်လာလည်းသားသမီးအပေါ်ကလေးလို ဘာမှမလုပ်တတ်သေးပါဘူးဆိုပြီး ဘယ်အရာမှ စိတ်မချ လက်မလွှဲတတ်တဲ့ မက္ကဆီကန်စားသောက်ဆိုင်ပိုင်ရှင် အိုမာတို့ရဲ့အဖေတစ်ခု၊သားတစ်ခုဇာတ်အိမ်လေးဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်သားဖြစ်ပေမဲ့ deli ပဲလိုက်ပို့နေရတော့စိတ်အိုက်လာတဲ့တစ်နေ့ deli လိုက်ပို့ရင်း ရွိုင်ရဲ့ခရစ်ပတိုဟောပြောပွဲကိုရောက်သွားတော့၊ ရွိုင်မှာ အာမီရ်ဖြစ်ချင်အားကျရတဲ့ ငယ်ရွယ်ချမ်းသာပျော်ပါးပြီး လုပ်ငန်းကိုဦးစီးနေတာတွေ့ရချိန် အာမီရ်အားတွေတက်ပြီး ရွိုင်လိုဖြစ်အောင်လုပ်မယ်ဆိုပြီး ရွိုင့်ရဲ့ ခရစ်ပတိုကုမ္ပဏီမှာအလုပ်ရအောင်လျှောက်ပါတော့တယ်။ ရွိုင်ကလည်း အာမီရ်လုပ်ရည်ကိုင်ရည်ကိုသဘောကျသွားတော့အလုပ်ခန့်ပြီး ဘောနပ်စ်တွေပါပေးလိုက်ပါသေးတယ်။လူကြီးတို့သဘာဝအတိုင်း အသစ်အဆန်းတွေထွက်လာရင်စိတ်တိုင်းမကျသံသယများတတ်တဲ့ အိုမာက သားဖြစ်သူ ခရစ်ပတိုဆိုတဲ့အသစ်အဆန်းနဲ့အလုပ်လုပ်ပြီးငွေအများကြီးရနေတာ့ မယုံသင်္ကာစိတ်ပူမိပြီး သားအဖ နှစ်ယောက်အခြေအနေကအရင်ကထက် တကျက်ကျက်ပိုဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ ဘဝဆိုတဲ့အတိုင်း တန်းတန်းမတ်မတ်သွားတာဘယ်ရှိမတုန်း။ တနေရာရာ ခလုတ်ငုတ်တို့နဲ့တိုက်မိချိန်မှာတော့ ဒီသားအဖနှစ်ယောက်ပဲရှိချိန်တစ်ယောက်ကိုတစ်ယောက်မှီတင်းဖေးမရင်းသံဝေဂရစရာကြည့်ရမှာဖြစ်ပါတယ်…. File size…(1.4 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre..Drama ...
movie
Crypto Boy (2023)
5.5
Forever Rich (2021)
Forever Rich (2021) ===============ဒီရုပ်ရှင်ဟာ Netflix က ထွက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်တာနဲ့အညီ ကြည့်ရှုသူတွေရဲ့ ရင်ကို မောစေပါတယ်။ ဇာတ် လမ်းထဲက ဇာတ်ဆောင်ရဲ့ဘဝကို လိုက်ပါစီးမြောသွားမိတဲ့အခါ အားမလိုအားမရဖြစ်မှုတွေ၊ စိတ်တိုင်းမကျဖြစ်မှုတွေ၊ ကိုယ်တိုင် ထလုပ်ချင်စိတ်တွေ စသည်စသည်ဖြင့် ရုပ်ရှင်ကြည့်ပရိသတ်ကို ကြိတ်မနိုင်ခဲမရဖြစ်စေနိုင်ပါတယ်။ဇာတ်လမ်းဟာ ခန့်မှန်းရခက်နေသလို ဇာတ်ကြောတစ်လျှောက် ဆွဲငင်ယူဆောင်မှုအားကလည်း အတော်ကြီးမားပါတယ်။ သေချာ တာကတော့ ဒေါင်းပြီး ကြည့်ရ မတန်မယ့်၊ လူကြီးမင်းတို့ရဲ့ ၁ နာရီ မိနစ် ၄၀ တာအချိန်ကို ဖြုန်းတီးပစ်မယ့်ကားမျိုးမဟုတ်တာတော့ အခိုင်အမာပါပဲ။ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်ကြေညက် စွာ သရုပ်ဆောင်မှု၊ ဇာတ်လမ်းဇာတ်အိမ်ကောင်းမှု၊ ဇာတ်ပျိုးကနေ စလို့ ဇာတ်သိမ်းထိကောင်းလို့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ တိုက် တွန်းလိုပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချီဆိုတဲ့ ကောင်လေးတစ်ယောက် သာမန်ဘဝလေးကနေ နာမည်ကျော်အဆိုတော်ဖြစ်အောင် ကြိုးစား ခဲ့ရတဲ့အကြောင်းတွေနဲ့ အခြားဇာတ်ကောင်ပေါင်းများစွာရံထားတဲ့ ဇာတ်ရှိန်ကောင်းကောင်းတက်စေနိုင်တဲ့ Forever Rich 2021 လေး ကို ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size..........(1.72 GB) / (664 MB) / (382 ...
movie
Forever Rich (2021)
2021
7.0
The East(2021)
The East(2021) အညွှန်း*******************IMDb...7.0အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ဒုတိယကမ္ဘာစစ်လွန်သူပုန်တွေကို ကိုင်တွယ်နှိမ်နင်းဖို့စေလွှတ်လိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့ထဲမှာ ယိုဟန် ဆိုတဲ့လူငယ်စစ်သားလေးတစ်ယောက်ပါဝင်ခဲ့ပါတယ်။ဘာကိုမှအတွေ့အကြုံမရှိ အစိမ်းသက်သက် ဘဝကနေ မဟုတ်မခံမှန်ရာကိုလုပ်တတ်တဲ့ဉာဉ် အရိုးခံစိတ်ထားတွေကြောင့်"The Turk." လို့အများခေါ်ကြတဲ့ ကပ္ပတိန်က မျက်စိကျပြီး သူ့အနီးကပ်လူယုံတစ်ယောက်ဖြစ်လာခဲ့တဲ့အထိ အဆင့်မြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူ စစ်ရဲ့ အနိဌာရုံတွေ၊ အထက်အမိန့်ဆိုတဲ့ ပြန်လှန်မေးခွန်းထုတ်ချင်စရာလုပ်ရပ်တွေနဲ့အတူ တာဝန်နဲ့ အသိစိတ်ကြားမှာ သူဟာ တခြားသူတစ်ယောက်လိုဖြစ်သွားတယ်....ဒီလိုနဲ့ တစ်ခုခုဆိုပြတ်သားလွန်းလှတဲ့ ဟင် ဆိုပြန်လှည့်မကြည့်တတ်တဲ့ တစ်ဇွတ်ထိုးတဇောက်ကန်း သူ့ဆရာ တာကီသားနဲ့ သဘောထားကွဲလွဲလာရင်း သူကိုယ်တိုင်သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတော့တဲ့အခါမှာတော့..။တွေ့ရခဲတဲ့ အင်ဒိုနီးရှားနိုင်ငံနောက်ခံနဲ့ ဖြစ်ရပ်မှန်သမိုင်းတွေအပေါ်အခြေခံထားတဲ့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size :(2.6GB)(1.1GB) and (435MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre : War , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie
The East(2021)