Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jon Daly
5.5
Bride Wars (2009)
IMDB: 5.5Rotten Tomatoes: 10%Genre: Comedy/Romanceဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင်Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။Bride Wars (2009) ကသက်သေပါပဲ။တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီးမင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် "အမ်မာ နဲ့ လစ်ဗ်" ဆိုပြီးရှိတယ်။နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာမင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်းနှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကတိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု)လစ်ဗ်အဖြစ် မင်းသမီး Kate Hudsonဒန်နီယယ်အဖြစ် မင်းသား Steve Howeyဖလက်ချ်ဂျာအဖြစ် မင်းသား Chris ...
movie
Bride Wars (2009)
2009
4.8
Zoolander 2 (2016)
၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie
Zoolander 2 (2016)
2016
6.3
Hail, Caesar! (2016)
၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie
Hail, Caesar! (2016)
2016
5.3
Destroy All Neighbors (2024)
Destroy All Neighbors (2024)~ IMDb - 5.3/10, Rotten Tomatoes - 71% ~Rock n Roll ဂီတရူးသွပ်သူ Prog-Rock ဂီတပညာရှင် ဝီလီယံဘရောင်းက သူ့အယ်လ်ဘမ် အပြီးသတ်ဖို့ ကြိုးစားရင်း အိပ်မက်ဆိုးလို ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ကြုံရတဲ့ ဟာသ Horror ရုပ်ရှင်ဖြစ်ပါတယ်။ဝီလီယံက ချစ်သူအမ်မလီနဲ့အတူ အဆောက်အဦးဟောင်းတစ်ခုမှာ တိုက်ခန်းငှားနေပါတယ်။ သူတို့အခန်းနားပတ်လည်က စိတ်ရှုပ်စရာ အိမ်နီးချင်းတွေနဲ့ ဆူသံတွေကြောင့် သူ့အယ်လ်ဘမ် မပြီးတာလို့ ယူဆနေတာပါ။ တကယ်က အဲဒီလိုဖြစ်နေတာ ကြာခဲ့ပါပြီ။ တစ်ညမှာတော့ အသစ်ပြောင်းလာတဲ့ အိမ်နီးချင်း ဗလက်ဆိုတဲ့လူကြီးက ညလုံးပေါက်ဆူညံနေရာကနေ ဝီလီယံက သည်းမခံနိုင်တော့ဘဲ စိတ်ရူးပေါက်ပြီး ဗလက်ကို သတ်မိသွားပါတယ်။ ဒါပေမဲ့ သေသွားတဲ့ဗလက်က ဝိညာဉ်အဖြစ်နဲ့ သူ့ကို စိတ်အနှောင့်အယှက်ပေးနေတဲ့အခါ ဗလက်အလောင်းကို ရှင်းပစ်ဖို့ နည်းမျိုးစုံကြံရင်း မမျှော်လင့်ဘဲ လူထပ်သတ်မိပြန်ပါတယ်။ ...
movie
Destroy All Neighbors (2024)
2024
6.6
Mystery Team (2009)
အချစ်ဆုံးသူငယ်ချင်း သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ စုံထောက်ဝါသနာအိုးလေးဦးဆောင်တဲ့ လှို့ဝှက်ဆန်းကြယ်အဖွဲ့ဟာ ရပ်ကွက်ထဲကအရေးမပါတဲ့အမှုငယ်လေးတွေက်ု ဖြေရှင်းနေရာမှ တစ်နေ့မှာတော့ ကလေးမလေးတစ်ယောက်က သူ့မိဘတွေရဲ့လူသတ်မှုကို သူတို့ထံလာရောက်ဖြေရှင်းခိုင်းပါတော့တယ်။ လူသတ်မှုကို အဖြေရှာရင်း အလွဲတွေနဲ့တွေ့ကြံုပုံ လွဲလွဲလေးပဲကောင်းပါတယ်ဆိုသလို လွဲနေရင်းနဲ့ပဲ သဲလွန်စတွေတွေ့လာပုံ၊ သူငယ်ချင်းသုံးယောက်ရဲ့ အူကြောင်ကြောင်နိုင်ပုံ ကလေးဆန်ပုံနဲ့ သူငယ်ချင်း သံယောဇဉ်တို့ကို မပျင်းရအောင် ဟာသနှောကာ ရိုက်ကူးတင်ဆက်ထားတဲ့ လူငယ်စုံထောက်ဟာသကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(933 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy, Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Mystery Team (2009)
The Donor Party (2023)
The Donor Party (2023)ဒီ The Donor Party ဆိုတဲ့ ဇာတ်ကားကတော့ ဟာသဇာတ်ကားတွေရိုက်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဒါရိုက်တာ Thom Harp ကိုယ်တိုင် ရေးပြီး ရိုက်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ တစ်ချိန်က Watchmen နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Malin Akerman ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားပြီးတော့ နာမည်ကြီး ဟာသသရုပ်ဆောင် Jerry O'Connell ကနေ ပါဝင်အားဖြည့်ပေးထားတာပဲဖြစ်ပါတယ်။ဂျက်ကလင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကလေးအရမ်းလိုချင်နေတဲ့လူတစ်ယောက်ပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ယောက်ျားနဲ့ ကွဲပြီး နှစ်ပေါင်းများစွာ သောကရောက်ခဲ့ပြီးတဲ့အခါ ကလေးအမေတစ်ယောက်ဖြစ်ဖို့ ယောက်ျားယူစရာမလိုဘူးဆိုတာကို သိသွားပါတော့တယ်။ ဒီလိုနဲ့ပဲ သူနဲ့ သူ့သူငယ်ချင်းတွေက မွေးနေ့ပါတီပွဲတစ်ပွဲမှာ ဂျက်ကလင်းကို ကိုယ်ဝန်ရအောင်လုပ်ပေးမယ်ဆိုပြီး အကြီးအကျယ်အစီအစဉ်ဆွဲပါတော့တယ်။ အဲဒီမွေးနေ့ပါတီပွဲမှာ ဂျက်ကလင်းတစ်ယောက် ဘယ်သူတွေနဲ့ ဆုံရမလဲ... ဘယ်လိုမျိုးတွေ ဝုန်းဒိုင်းကြဲပြီးတော့ ကိုယ်ဝန်ရအောင် လုပ်မလဲဆိုတာကိုကြည့်ပြီး တစ်ကားလုံးထိုင်ခွီနေရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark ...
movie
The Donor Party (2023)
2023
6.7
The Donor Party(2023)
The Donor Party(2023)**********************လောကကြီးက လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိကြပါတယ် ဒါပေမယ့် ဒီကားထဲက Jaclyn McGinley ဆိုတဲ့ ကာရိုက်တာကတော့ထူးထူးဆန်းဆန်း အမေဖြစ်ချင်တာပါ ...ဒီ့ထက်ပိုဆန်းတာက ယောကျာ်း မယူဘဲ အမေဖြစ်ချင်တာပါ ....အဲ့ဒီလို လုပ်ဖို့က မွေးစားရင်မွေးစား မဟုတ်ရင် sperm bank ကိုသွားမှာပဲရပါတော့မယ်... ဒါပေမယ့် အဲ့ဒီနှစ်ခုလုံးက ဈေးကြီးတာမို့လို့လည်း မလုပ်နိုင်ပြန်ပါဘူး အဲ့ဒီတော့ ယောကျာ်းလည်းမယူရ ကလေးလည်းရ ပိုက်ဆံလည်းမကုန်မယ့်အကြံကိုသူ့သူငယ်ချင်းနှစ်ယောက်က ကူစဉ်းစားပေးပါတော့တယ်... ကလေးရဖို့ ဘာတွေ ဘယ်လိုကြံကြမလဲဆိုတာကတော့.......File Size : (1.4GB) and (632MB) Quality : AMZN.WEB-DL1080P,720p Format…mp4 Duration…01:33:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie
The Donor Party(2023)
7.3
The Secret Life of Walter Mitty (2013)
[Unicode]The Secret Life of Walter Mitty (2013)အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ...
movie
The Secret Life of Walter Mitty (2013)
5.6
King Tweety (2022)
Bugs Bunnyတို့ Daffy Duckတို့ Road Runnerတို့ Tweetyတို့ရဲ့ Looney Tunesကာတွန်းတွေကို ငယ်ငယ်က အားလုံးကြိုက်ဖူးကြမှာပါ။ လူနဲ့ရောရိုက်တာတွေရော ဂိမ်းတွေရော အများကြီးထွက်ထားတဲ့ နာမည်ကြီး ကာတွန်းစီးရီးပါပဲ။ ဒီနှစ်မှာတော့ ဖန်တွေအတွက် Tweetyရဲ့ အန်နီမေးရှင်း ရုပ်ရှင်အသစ် ထွက်လာပါတယ်။ကနေရီငှက်ကလေးတွေနဲ့ ခွေးတွေ ယှဉ်တွဲနေတဲ့ ကနေရီကျွန်းက ဘုရင်မ ကနေရီငှက်ကလေး ပျောက်ချင်းမလှပျောက်သွားပြီးနောက် Tweetyဟာ ကနေရီကျွန်းရဲ့ ပျောက်ဆုံးနေတဲ့ တော်၀င်မျိုးဆက်လို့ ပြောလို့ရတဲ့ အချက်တွေရှိနေတာကြောင့် ကနေရီကျွန်းရဲ့ ဘုရင်ဖြစ်လာပါတယ် ။ ကျွန်းကို သွားပြီးတဲ့နောက် အရင်ဘုရင်မ ဘာလို့ပျောက်သွားသလဲနဲ့ ဘုရင်ဖြစ်ဖို့ Tweetyတစ်ယောက် ဘာအန္တရာယ်တွေနဲ့ ကြုံရမလဲ အသည်းတအေးအေးနဲ့ ကြည့်ရမှာပါ။90 ခုနှစ်တွေကို ပြန်လွမ်းမောဖို့ကောင်းတဲ့ 90ခုနှစ်က နာမည်ကြီးကာတွန်းဇာတ်ကောင်ရဲ့ ကားအသစ်မို့ ကလေးလေးတွေရော ကလေးကြီးတွေရော ကြည့်လို့ အဆင်ပြေကြမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File Size__(1.5GB) ...
movie
King Tweety (2022)
6.7
Making Babies(2018)
Making Babies(2018)ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ မိသားစု ကားလေးပါဒါရိုက်တာ Josh F Huber ရိုက်ကူးထားတဲ့ ဒီကားလေးမှာ မင်းသမီးချော Eliza Coupe နဲ့ Steve Howey တို့ အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Making Babies ဆိုတဲ့ နာမည်လေးအတိုင်းပဲ ...... ကလေးကို အရူးအမူးလိုချင်လှတဲ့ ဂျွန်( Steve) နဲ့ ကေတီ(Coupe) တို့ လင်မယားဟာ ၅ နှစ်ကြာတဲ့အထိ ကလေးမရလာတဲ့အခါ သူတို့တွေ ဆေးပညာရဲ့ အကူအညီနဲ့ ကလေးရဖို့ ကြိုးစားကြပါတော့တယ် .....ဂျွန်ဟာ အိုင်တီဌာနက ဖြစ်ပြီး သူ့ဝါသနာက ဘီယာဖောက်တဲ့ လုပ်ငန်းပါ ..... ကေတီကတော့ ကုမ္ပဏီတခုက စာရင်းကိုင်တယောက်ပေါ့ ...... အလုပ်တဘက်နဲ့ သူတို့နှစ်ယောက် ကလေးကို ငမ်းငမ်းတက်လိုချင်လို့ ဘယ်လို ခက်ခက်ခဲခဲကြိုးစားကြတာကို ဟာသလေးတွေ စွက်ပြီး ပေါ့ပေါ့ပါးပါးလေး ရိုက်ထားတာပါ .....ဒီကားလေးဟာ ဘယ်ဆီနေမှန်းမသိသေးတဲ့ ကလေးလေးကို ကြိုချစ်နေကြတဲ့ မိဘတွေရဲ့မေတ္တာကို ...
movie
Making Babies(2018)
2018
5.8
Masterminds (2016)
Masterminds (2016)_____IMDb - 5.8/10 ယနေ့ခေတ် Hollywood ရဲ့Comedy ဇာတ်ကားများတွင် နေရာအရဆုံးလို့ပြောရမဲ့ သရုပ်ဆောင်တွေနီးပါး အကုန်ပါဝင်ထားတယ်။ Zach Galifianakis, Owen Wilson, Kristen Wiig, Kate McKinnon, Leslie Jones နဲ့Jason Sudeikis တို့ဆိုမှတော့ နောက်ထပ်ဟာသ သရုပ်ဆောင်တွေမလိုအပ်တော့လောက်အောင်ကို ပြည့်စုံနေပြီ။ ထို့အပြင် ဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံထားတာ။ 1997 ခုနှစ်တုန်းက America မှာ ထူးဆန်းတဲ့ ဘဏ်ဖောက်ထွင်းမှူကြီးတစ်ခုဖြစ်ခဲ့တယ်။ ဖောက်တဲ့သူက ထိုဘဏ်ရဲ့ဝန်ထမ်းကိုယ်တိုင်ဖြစ်နေခဲ့တော့ ပိုပြီးထူးဆန်းတယ်လို့ဆိုလို့ရတယ်။ ထိုဝန်ထမ်းဟာ ပိုက်ဆံတွေအကုန်ယူကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့အာဏာပိုင်တွေအပါအဝင် လူတိုင်းကထင်ကြတယ်။ ဒါပေမဲ့ဖြစ်ရပ်မှန်က သူက အသုံးချခံသွားရတာပါ။ ပိုက်ဆံတွေကို အကုန်ရသွားတာ သူကိုယ်တိုင်မဟုတ်သလို ထိုပိုက်ဆံတွေကိုရသွားခဲ့တဲ့ လူတွေကလည်း သူ့ကိုသတ်ရန် လူသတ်သမားတစ်ယောက် လွှတ်လိုက်တယ်။ ထို့အပြင် ရဲတွေကလည်း သူ့နောက်ကို လိုက်နေကြပြီ။ အခုလိုပြောလိုက်လို့သဲထိပ်ရင်ဖိုကြီးလို့ဆိုလို့ရပေမဲ့ ရယ်ရတာတော့ ...
movie
Masterminds (2016)
2016