Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jon Arthur
6.6
Gerald’s Game (2017)
Gerald's Game (2017)IMDb Rating (6.5) / Rotten Tomatoes (91%)အတူနေဖို့ ကုတင်မှာ လက်ထိပ်တွေဘာတွေခတ်ပြီးကာမှ ယောက်ျားဖြစ်သူနှလုံးရပ်သွားလို့ခေါ်မကြားအော်မကြားအိမ်ကြီးထဲမှာ တစ်ယောက်ထဲ လက်ထိပ်ကြီးနဲ့ကူကယ်ရာမဲ့ဖြစ်သွားတဲ့ ဇနီးသည်နှင့် ထူးဆန်းသော Horror ဇာတ်လမ်းဆိုပြီး ခေါင်းစဉ်တပ်ရမယ့်ဇာတ်ကားပါ။ဒီဇာတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေဇာတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ်ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့်သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ်တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ...ဇာတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ်သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie ...
movie
Gerald’s Game (2017)
2017
6.1
The Free World (2016)
The Free World (2016) ================= IMDb Rating - 6.1/10၁၅ နှစ်သားကတည်းက ထောင်ထဲကို ဝင်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ ဟင့်အင်း၊ သူဘာမှမလုပ်ခဲ့ဘူး။ သူအမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ဗျာ၊ လူ့ယဉ်ကျေးတို့ အသိုင်းအဝိုင်းက တရား ဥပဒေ ဘက်တော်သားပါဆိုတဲ့ အဖွဲ့လိုက်ကြီးက သူ့ကို သံတိုင်တွေနောက်ပို့ခဲ့တယ်။ ဒီကောင်လေးက တီဗီမင်းသားပေါ့လေ။ မသိတဲ့သူမရှိ။ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့အကောင်တွေတိုင်း သူ့ကိုမြင်ရင် သင်္ကာမကင်းဖြစ်၊ အနိုင်သွားကျင့်ချင်တဲ့ ခွေးစိတ်တွေပေါက်လာကြရော။ သူ့ကိုစွပ်စွဲခဲ့တဲ့အမှုက ကြီးကျယ်လွန်းတော့ မှုခင်းတီဗီမှာ မသိသူမရှိတဲ့ကောင်လေး။ ဒီတော့ ကြက်သီးထလောက်စရာ ပြစ်မှုကြီးရဲ့တရားခံက တရားဥပဒေဘက်တော်သားပါဆိုတဲ့ကောင် တွေအပေါ် ငါးသလောက်ပြုံး ပြုံးနေတဲ့အချိန် ဒီလူငယ်လေးက လေးဘက်လေးတန် သံတိုင် တွေကြားမှာ။ထောင်ထဲမှာ အနိုင်ကျင့်ရမ်းကားမှုတွေကြား ဒီလူငယ်လေး ကြမ်းတမ်းလာတယ်။ လူဆိုးရင့်မာ ကြီးတွေကိုယ်တိုင် လက်ရှောင်ရတဲ့ ဖိုက်တာအကြမ်းစားကြီး။ အခန်းဖော်ကို ပြဿနာရှာလို့ မျက်လုံးတစ်ဖက် ဖောက်ထုတ်ပစ်လိုက်တာ သူ့ကို ဒဏ္ဍာရီမှာ မျက်လုံးတစ်လုံးပဲရှိတဲ့သတ္တဝါ ရဲ့ အမည်ဝိုင်းပေးလိုက်ကြတယ်။ ဆိုက်ကလော့ပ်ကြီးတဲ့။တစ်ခါကလည်း သူ့အတွက် ထောင်ထမင်းကို တမင်ညစ်ပြီး မကျွေးတဲ့ထောင်စောင့်တစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်တာ နှစ်လလောက် ကိုးမားဝင်သွားသတဲ့။ ...
movie
The Free World (2016)
2016
5.1
The D Train (2015)
The D-Train (2015) ===================ဒန်နီရယ်ဟာ အထက်တန်းကျောင်းအောင်ပြီးကတည်းက ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလာတဲ့ ကလေးတစ်ယောက်အဖေပါ။ အကြံပေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ ဘာမှအပူအပင်လည်းမရှိပါဘူး။ကျောင်းသားဟောင်းကော်မတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သူအောင်ခဲ့တဲ့ ဂရန့်ဘာကလော့ချ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားနေပေမယ့် ကျောင်းသားဟောင်းတွေက ပွဲတက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ အဲဒီအချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အထက်တန်းကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ အိုလီဗာလောလက်စ်ဆိုတဲ့သူကို ပွဲတက်ဖို့ဖိတ်ကြားမယ့်အကြံပါပဲ။ ဒန်နီရယ်တစ်ယာက်မသိခဲ့တာကတော့ အဲဒီကိစ္စကနေစပြီး သူ့ဘဝရဲ့အချိုးအကွေ့ကို ကြုံရတော့မယ်ဆိုတာပါပဲ။ အဲဒီအချိုးအကွေ့ကတော့..... School of Rock နဲ့နာမည်ကြီးလာခဲ့တဲ့ မင်းသား Jack Black ရဲ့ ၂၀၁၅ခုနှစ်ထွက် ဒရမ်မာကားကောင်းလေးဖြစ်ပြီးတော့ မင်းသား James Marsdenကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အားလုံးပဲ ကြည့်ရှုလိုက်ကြပါဦးနော် File size….....1.06GB / 407MB Quality…......1080p BluRay AAC5.1CH / 720p Format…......mp4 Duration......1h 41m Subtitle….....Myanmar Subtitle (Hard Sub) Encoder…....YK Translated...Myo Myo Htet
movie
The D Train (2015)
2015
8.1
12 Years a Slave (2013)
12 Years a Slave (2013) IMDb - 8.1/10_____Rotten - 95% Won 3 Oscars. Another 238 wins & 335 nominations ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။ ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ အကျော်ကြားဆုံးကတော့ "Gone With the Wind " လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့ တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့ ၁၉ရာစုရဲ့အရောင်းရဆုံစာအုပ် " Uncle Tom's Cabeint" အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ ယခုကားရဲ့ မူလဘူတ " 12yearsAslave"ဆိုတဲ့ စာအုပ် စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve ကတော့ Biography တစ်ပုဒ်ပါတဲ့။ ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက် မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့ 12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့... ဟိုအရင်များဆီတုန်းက.... အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ Solomon Northupဆိုတဲ့ လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့ လှည့်ဖျားပြီး ...
movie
12 Years a Slave (2013)
2013
6.3
Benji(2018)
NetFlix ရုပ်သံလိုင်းကရိုက်ကူးထားပြီး Director - Brandon Camp ရိုက်ကူးထားတဲ့ Benji ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်Benji ဆိုတာ ဟိုး 1980s ကာလလောက်ကထဲက ထွက်ထားတဲ့ကားလေးဖြစ်ပြီးဇာတ်လမ်းကောင်းလွန်းတော့ ဒါရိုက်တာ အမျိုးမျိုးက ပြန်လည်ရိုက်ကူးကြပါတယ် ထူးခြားတာတစ်ခုက ဒီကားထဲမှာ တော့ Benji ဟာ ခွေးအစစ်ကို သေချာသင်ပြီး လိုခြင်တဲ့အမူအရာ သရုပ်ဆောင်တဲ့ပုံစံရအောင် ထပ်ခါတလဲလဲအချိန်ပေးရိုက်ကူးထားတယ်လို့သိရပါတယ်IMDb မှာတော့ 6.4 ရထားပြီးတော့ ခွေးချစ်တတ်တဲ့ ပရိတ်သတ်ကြီး အတွက်တင်ဆက်ပေးလိုက်ပါတယ်ဘန်ဂျီဆိုတာပေစုတ်စုတ်နဲ့ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ဖြစ်ပါတယ်ဘယ်သွားလို့ဘယ်လာရမှန်းမသိဘဲ လမ်းဘေးမှာနေတဲ့ ဘန်ဂျီလေးကို ကာတာဆိုတဲ့ ကလေးလေးတစ်ယောက်ကအိမ်ကိုခိုးခေါ်လာခဲ့ပြီး သူ့ညီမ ဖရန်ကီနဲ့အတူ သူ့အမေမသိအောင် ဖွက်ထားဖို့ကြိုးစားခဲ့ပါတယ်တရက်မှာတော့ ကာတာနဲ့ဖရန်ကီတို့မောင်နှမကို ဓားပြတွေက ရောင်းစားဖို့ဖမ်းသွားတဲ့အခါ ဘန်ဂျီလေးကအစွမ်းကုန်ကြိုးစားပြီး ကလေး၂ယောက်ကို ဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်တကယ့်ခွေးအစစ်တွေကို သင်ပေးပြီး လိုချင်တဲ့အိုက်တင်မရမချင်း အပင်ပန်းခံရိုက်ကူးထားတာဖြစ်လို့ ကြည့်ရတာအချိန်ကုန်တန်စေမှာပါ Qty - 720p Web DLDuration - 1hr 45minSubtitle ...
movie
Benji(2018)
2018