Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jojo T. Gibbs
Civil War (2024)
A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် ...
movie
Civil War (2024)
4K HEVC
DogMan (2023)
dogman ဒီကားကတော့ ပြင်သစ်ဒါရိုက်တာ ရိုက်ကူးထားတဲ့ အက်ရှင်ကားပါပဲ။ နာမည်ထဲက အတိုင်း ခွေးလူသား တစ်ယောက်အကြောင်းပါ။ စူပါဟီးရိုးကားမဟုတ်ပေမဲ့ စိတ်ကူးယဉ်ဆန်ဆန်ပဲ ခွေးတွေက သူတို့ရဲ့သခင်ခိုးသမျှကို အတိအကျနားလည်နေပြီ လူတွေကို တိုက်ခိုက်တာ၊ ပစ္စည်းတွေခိုးတာ လုပ်တတ်နေတာပါ။ ဒီရုပ်ရှင်အတွက် လေ့ကျင့်ထားတဲ့ခွေးအစစ်တွေအများကြီးကိုအသုံးချပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဒေါက်ဂလပ်ဆိုတဲ့လူတစ်ယောက်အဖမ်းခံရပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စိတ်ဆရာဝန်မ တစ်ယောက်က သူ့ဘဝအကြောင်းကို အင်တာဗြူးတာနဲ့စတင်ထားပါတယ်။ ငယ်ငယ်ကတည်းက အနိုင်ကျင့်တတ်တဲ့အဖေကြောင့် ခွေးတွေနဲ့ ခွေးလှောင်အိမ်ထဲမှာပဲ နေခဲ့ရတဲ့ကလေးဟာ လူတွေထက်ခွေးတွေကို ပိုချစ်တတ်ပြီး ပိုနားလည်လာသလို ခွေးတွေကလည်း သူ့ကို အပြည့်အဝနားလည်လာကြပါတယ်။ ဒေါက်ဂလပ်ရဲ့ ကလေးဘဝကနေ လူကြီးဘဝအထိ ရုန်းကန်လာရပုံတွေ ခွေးတွေကို ဂေဟာဖွင့်ပြီး စောင့်ရှောက်ထားရင်း ပိုက်ဆံမရှိတော့လို့ သူ့ခွေးတွေရဲ့အကူအညီနဲ့ ခိုးရဝှက်ရပုံတွေ၊ လူတွေကိုကူညီရင်းနဲ့ နောက်ဆုံးမှာ လူမိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ရင်ဆိုင်ရပုံတွေကို အမေးအဖြေတလှည့် ဇာတ်ကွက်တစ်လှည့်ပြသသွားတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။File size…(1.6 GB)/(975 ...
movie
DogMan (2023)
8.4
Past Lives (2023)
Past Lives (2023)~ IMDb - 8.4/10, Rotten Tomatoes - 97% ~သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်...ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်...တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်...ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ...
movie
Past Lives (2023)
2023
4K HEVC