Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joji Mundakayam
7.0
Anchakkallakokkan (2024)
Anchakkalakokkan (2024) အကြောက်တရား IMDb 7.3 CM ပရိသတ်ကြီးအတွက် မလေယာလမ်မှုခင်းဒရာမာ ရုပ်ရှင်ကားအသစ်တစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့ငယ်ဘဝမှာ ညအိပ်ရာဝင်ပုံပြင်တွေကနေနားထောင်ပြီး ကြောက်လန့်ခဲ့ရတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်စီတော့ရှိကြမှာပါ. အန်ချက်ခ်ကာလက်ခ်ခိုကမ်ဆိုတဲ့နာမည်ကလည်း ဇာတ်ဆောင်ဗာဆူဒီဗန်ရဲ့ ငယ်ဘဝမှာကြောက်ရွံ့ခဲ့ရတဲ့မလေယာလမ်ဒဏ္ဍာရီသတ္တဝါကြီးပါ.ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ၁၉၈၆ခုနှစ်ရွေးကောက်ပွဲနီးလို့အခြေအနေတင်းမာနေတဲ့အချိန်မှာ နယ်စပ်ဒေသရွာလေးတစ်ရွာမှာမြေပိုင်ရှင်ကြီး ချာပရာတစ်ယောက်လုပ်ကြံခံလိုက်ရတာနဲ့ ဇာတ်လမ်းကိုအစပျိုးထားပါတယ်. နောက်နေ့မှာပဲ ရှက်တတ်ကြောက်တတ်သွေးမြင်မူးလဲတတ်တဲ့ ရဲပေါက်စဗာဆူဒီဗန်ဟာ အဲဒီရွာကိုကျပြီး စီနီယာနာဒါဗာရမ်ဘန်နဲ့အတူ လုပ်ကြံမှုကိုစုံစမ်းရဖို့ဖြစ်လာပါတော့တယ်.အခြေအနေတွေရှုပ်ထွေးနေတဲ့ကြားကနေ ဖခင်သေဆုံးမှုအတွက်ဒေါသထွက် ပြဿနာဖန်တီးဖို့ ချာပရာသားတွေက ရွာကိုရောက်လာတဲ့အပြင် ချာပရာကိုသူသတ်လိုက်တာပါလို့ ဝန်ခံလိုက်သူကလည်းရှိနေပါတယ်. ဒီလိုသုံးပွင့်ဆိုင်အနေအထားမှာ တစ်ဖက်နဲ့တစ်ဖက်ဘယ်လိုကြမ်းကြ ရမ်းကြမလဲ လူသတ်သမားကရောအစစ်ဟုတ်ပါ့မလား ရွေးကောက်ပွဲအချိန် လက်ဝဲယိမ်းလက်ယာယိမ်းတွေကရော ဘယ်လိုရှုပ်ထွေးကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.19GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Anchakkallakokkan (2024)
2024
8.2
Kaathal – The Core (2023)
Kaathal – The Core (2023) ဗဟိုအူတိုင်IMDb-8.2/10 Rotten tomatoes -100%အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ လက်လွတ်မခံသင့်တဲ့ မလေယာလမ်းဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပြန်ပါပြီ။Raatchasi (2019)ထဲမှာ ကြမ်းခဲ့တဲ့ စစ်တပ်အရာရှိ ကျောင်းအုပ်ဆရာမကြီးကို မှတ်မိတယ်ဟုတ်။ အဲဒီ မင်းသမီးချောကြီး ဂျိုသီကာက ဒီထဲမှာလဲ အခွင့်အရေးတစ်ခုအတွက် တိုက်ပွဲဝင်နေပြန်ပါပြီ။ မင်းသားကလည်း နုပါတယ်ဆိုတဲ့ဘောလိ၀ုဒ်မင်းသားကြီးတွေထက်ပိုနုနေတဲ့ တောင်ပိုင်းမင်းသားကြီးမမ်မိုတီ။ ဝေဖန်ခြင်းခံရသလောက် အရမ်းကိုအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဆိုလည်း မမှားဘူးပေါ့။ဇာတ်လမ်းကိုအကျဉ်းချုံးပြောရရင် မိဘကို မလွန်ဆန်နိုင်လို့ မိဘပေးစားတဲ့သူနဲ့လက်ထပ်လိုက်ရတဲ့အမျိုးသမီး အူမာနာ၊ ခင်ပွန်းဖြစ်သူကလည်း နယ်နယ်ရရမဟုတ် တစ်ချိန်ကဘဏ်မန်နေဂျာဖြစ်ပြီး အခုချိန်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့်အမတ်လောင်းတစ်ယောက်ဖြစ်တဲ့ မက်သရူး၊အများအမြင်မှာတော့ အူမာနာဟာ သိပ်တော်တဲ့ခင်ပွန်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ ဂုဏ်ယူနေတဲ့ဇနီးတစ်ယောက် အများသူငါက အားကျရတဲ့အိမ်ထောင်ရှင်မတစ်ယောက်လို့ ထင်ရက်စရာရှိပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ တကယ့်လက်တွေ့ဘဝက အူမာနာကတော့ ဖန်သားနန်းတော်က ပင်တိုင်စံဘုရင်မတစ်ယောက်သာသာရယ်ပါ။ ဘာလို့လဲဆိုတော့ ခင်ပွန်းဖြစ်သူအမတ်လောင်းမက်သရူးက ကိုယ်တိုင်က လိင်တူစိတ်ဝင်စားသူဖြစ်ပါရဲ့နဲ့၊ ကိုယ့်မှာလည်း လိင်တူချစ်သူရှိနေပေမဲ့ အများအမြင်မှာ ဇွတ်ကျားလေးဖြစ်အောင် Anti LGBTတစ်ယောက်လုပ်နေတဲ့အပုန်းဖြစ်နေလို့ပါပဲ။ဘာသာရေးအယူအဆ အိန္ဒိယလူနေမှုအသိုင်းအဝိုင်းရဲ့ဖိအားတွေကတစ်ဖက်၊ လူထုကလည်း LGBTကိုလက်ခံတဲ့နေရာမဟုတ်လေတော့ အမတ်ဖြစ်ချင်တဲ့မက်သရူးတစ်ယောက် ...
movie
Kaathal – The Core (2023)
2023
5.9
Kurukkan (2023)
Kurukkan (2023) IMDb-6.1/10ဘတ်ဂျတ်ရူပီး၂ကုဋေကျော်အသုံးပြုရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာမှုခင်းရုပ်ရှင် မလေယာလမ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော် ဆယ်လီတယောက် အသတ်ခံရတဲ့အမှုကိုလိုက်ရင်း မီဒီယာရှေ့မှာ အရှက်တကွဲဖြစ်ခဲ့တဲ့ ရဲအရာရှိက သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့အရေး အဲဒီလူသတ်မှုတရားခံကိုကြိုးစားပြီးရှာခဲ့တယ်။သူ့စိတ်အထင်နဲ့ပဲ ဟာရီဆိုတဲ့လူကို လူသတ်တရားခံအဖြစ် စွပ်စွဲပြီးတဲ့နောက် ရုံးတော်မှာ ယုတ္တိရှိရှိနဲ့ မမှန်သက်သေထွက်ဆိုတတ်တဲ့ လူယုတ်မာတယောက်နဲ့ပေါင်းပြီး ဟာရီကို လူသတ်တရားခံအဖြစ်ဖမ်းခဲ့တယ်။သက်သေအထောက်အထားတချို့ကလည်း ဟာရီဆီ့ကိုညွှန်ပြနေလေတော့ တရားခံအဖြစ်နဲ့ အမှုရင်ဆိုင်ရပါတော့တယ်။မဟုတ်မှန်းသိလာရက်နဲ့ သူ့ဂုဏ်သိက္ခာကိုအဖတ်ဆယ်ဖို့အရေး လုပ်ကြံဖန်တီးသူ ရဲအရာရှိနဲ့ တရားခံရိုးစွပ်ခံရသူဟာရီရဲ့ အပြစ်ကင်းကြောင်း သက်သေပြပုံတို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Zwe Yan~BpL~Moonတို့ပဲဖြစ်ပါတယ်) File size…1.8GB / 860MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni~V~Zwe Yan~BpL~Moon
movie
Kurukkan (2023)
2023
7.8
Joji (2021)
ဒီဇာတ်လမ်းကတော့ စိတ်ဝင်စားရတဲ့ India Murder/ Thirller ကားပါIMDB မှာ 7.8/10 ရထားပါတယ်မိသားစု family ဇာတ်လမ်းကို ဦးတည်ရိုက်ထားပြီးဇာတ်အိမ်ကို covidအတွင်းတည်ဆောက်ထားပါတယ်..မြို့တစ်မြို့က မျက်နှာဖုံးသူဌေးမိသားစုတခုရဲ့ဘဝအဖြစ်အပျက်ပေါ့သန်မာပြီးအာဏာရှိတဲ့ အဖေရယ် သား ၃ ယောက်ရယ် ပထမသားရဲ့သားဆယ်ကျော်သက်အရွယ်တစ်ယောက်ရယ် ဒုတိယသားရဲ့မိန်းမရယ်တစ်အိမ်တည်း အားလုံး၆ယောက်အတူနေကြတယ် အိမ်ထဲ ခြံထဲမှာတော့အလုပ်သမားတွေအများကြီးရှိကြတယ်.Joji ကတော့ ၃ယောက်တည်းကအငယ်ဆုံးသားပါ သူက ညီအကိုထဲမှာအိမ်ထောင်မရှိ လူလွတ်တစ်ယောက်။ တစ်အိမ်လုံး သားအားလုံးကအဖေကို အရမ်းကြောက်ရတယ် တနေ့တော့ သူတို့အဖေက အလုပ်တခုလုပ်ရင်းဦးနှောက်သွေးကြောပေါက်သွားပါတယ် covid အတွင်းဆိုတော့ ဆေးကုရခက်ပေမဲ့ဆေးရုံအမြန်ပို့ပေမဲ့ လေဖြတ်သွားပါတယ် အဖေဒီလိုဖြစ်ချိန်မှာ Jojiကအခွင့်အရေးတွေ ယူလာတယ် အဖေပိုင်တဲ့အရာတွေကို မျက်စိကျပြီးရအောင်လုပ်ရာက ဘာဖြစ်မလဲ လူသတ်မှုကရော ဘယ်လိုဖြစ်မလဲကို ကြည့်ရမှာပါ.. File size…1.93 GB / 729MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama , Crime Subtitle….Myanmar ...
movie
Joji (2021)
8.1
Saudi Vellakka (2022)
IMDb 8.2လူတွေဟာ အကြောက်တရားနဲ့ပတ်သက်လာရင် လုပ်မိလုပ်ရာ လုပ်တတ်ကြရင်း ရှုပ်ထွေးသွားတတ်ကြပြီး ပြဿနာတွေတစီတတန်းကြီးတတ်ခဲ့ရပုံကို ဒီဇာတ်ကားလေးက မီးမောင်းထိုးပြထားတဲ့ ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ကားနာမည်က မာလာယလမ်ဘာသာနဲ့ ပြန်ရင် ဆော်ဒီအုန်းသီးနုတဲ့ဟုတ်ပါတယ် ဆော်ဒီအာရေဗျက အုန်းသီးနုတော့ မဟုတ်ဘူးနော်မာလာယလမ်က ဒေသတစ်ခုလေးရဲ့နာမည်ကိုပြောတာပါဒီဇာတ်ကားလေးက အမှုတစ်ခုကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်ကလေးတွေဟာ ခရစ်ကတ်ကစားရင်းနဲ့ အဖွားအိုကိုထိမှန်သွားရာကနေ စပြီး ဒီအမှုဟာ ကိုးနှစ်ကြာအထိ ကြာညောင်းခဲ့ပါတယ် အမှန်တော့ သူတို့မိသားစုကို ကြည့်မရတဲ့ဘေးအိမ်က တရားလိုမိသားစုကိုမြှောက်ထိုးပင့်ကော်လုပ်ပြီးအမှုဖွင့်ခိုင်းခဲ့တာပါ ပုဒ်မကလည်း ၃၂၆ အာမခံမရတဲ့ပုဒ်မပေါ့ အဘွားအရွယ် ဆီးချို သွေးတိုးလည်းရှိတဲ့လူအတွက် လွယ်ကူမနေလေတော့.... ဆက်လက်ပြီး ဒီအမှုမှာ ဘယ်သူဟာ အမှန်တရားကို အောင်နိုင်မလဲ ဘာတွေသင်ခန်းစာရမလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါနော်..။ File size…1.8GB / 971MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Taylor ~ Yunni
movie
Saudi Vellakka (2022)
2022
8.7
Palthu Janwar (2022)
Palthu Janwar 2022 8.7/ 10 IMDb ဒီတစ်ခါတော့ အိန္ဒိယ မာလာရလမ်ဘာသာစကားနဲ့ ဇာတ်ကားလေးတစ်ခုညွှန်းပေးပါရစေ..လူတိုင်းမှာကိုယ်စိတ်ဝင်စားတဲ့ လုပ်ချင်တဲ့အလုပ်တစ်ခုရှိတယ် ဒါပေမယ့်အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေလုပ်လိုက်ရတဲ့အလုပ်တွေရှိကြတယ်ပေါ့..ဒီဇာတ်ကားလေးမှာ ပရာဆွန်း (Basil Joseph)က တက်ကြွတဲ့animatorတစ်ယောက်ပေါ့..ဒါပေမယ့် သူ့လုပ်ငန်းမအောင်မြင်တော့မိဘတွေနဲ့လူတွေရှေ့မှာ အရှက်ရခဲ့ရလို့ မွေးမြူရေးအင်စပက်တာအဖြစ်နဲ့ အစိုးရအလုပ်တစ်ခုကိုလုပ်ခဲ့လိုက်ရပါတယ် ကိုယ်စိတ်မဝင်စားတဲ့အလုပ်တစ်ခုကို သူတာဝန်ကျတဲ့နယ်မြေမှာ သူဘယ်လိုရေလိုက်ငါးလိုက်ဖြစ်အောင်လုပ်မလဲပြဿနာအလွဲတွေနဲ့အလုပ်မှာကြုံရပေမယ့် "အရာအားလုံးအဆင်ပြေတယ် "ဆိုတဲ့အတွေးနဲ့ အခက်အခဲတွေကိုသူဘယ်လိုဖြေရှင်းမလဲ ကိုယ်စိတ်မဝင်စားတဲ့အလုပ်တစ်ခုကိုသူဘယ်လိုလုပ်မလဲ... အစရှိတာတွေကို ဆက်လက်ကြည့်ရှု့ပေးကြပါဦး... File size…2.3GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Hay Man & BpL & Thet Ko
movie
Palthu Janwar (2022)
2022
7.6
Bro Daddy (2022)
Bro Daddy (2022) ————————————- ဒီကားလေးကတော့ Disney+က ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့မင်းသားကြီး Mohanlal နဲ့ Prithviraj တို့ နှစ်ယောက်တွေ့ဆုံကြမယ့် ဇာတ်ကားပဲဖြစ်ပါတယ်မိသားစုချင်းအရမ်းရင်းနှီးကြပြီး ကာယကံရှင်ချင်းလည်း ရင်းနှီးကြတဲ့ သားဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုလက်ထပ်ပေးဖို့ မိဘတွေက စိတ်အားထက်သန်နေကြပေမယ့် ကာယကံရှင်နှစ်ယောက်သားကဘာလို့များအပြင်းအထန်ကန့်ကွက်နေကြတာလဲ…မမျှော်လင့်ထားပဲ ကိုယ်ဝန်ရခဲ့ပြီး မိသားစုဘဝကို စတင်လိုက်ကြရတဲ့ ရယ်စရာပျော်စရာမိသားစုဘဝလေးကို ဒါရိုက်တာက ပေါ်ပေါ်လွင်လွင် သရုပ်ဖော်ထားပြီးCast တွေကလည်း အမိုက်စားပါပဲဇာတ်အေးခန်းတွေမှာတောင် အဖေနဲ့သားနေရာမှာ သရုပ်ဆောင်ထားတဲ့မင်းသားနှစ်ယောက်ရဲ့ chemistry မိလှတဲ့ bromance ကြောင့် ဇာတ်ကားကိုဇာတ်ရှိန်မကျစေဘဲ ပရိသတ်အာရုံကို ဆွဲခေါ်နိုင်တဲ့ ကားကောင်းလေး ဖြစ်တာကြောင့်ဒီကားလေးကိုလည်း မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော် File size…2.64GB / 1.3GB Quality…1080p WEBDL AAC 5.1CH / 720p Format…mp4 Duration….2h 39mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & HM & Yate & ...
movie
Bro Daddy (2022)
2022