Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Johnny Knoxville
Saving Bikini Bottom: The Sandy Cheeks Movie (2024)
သားသားမီးမီးတို့အားလုံးကြိုက်ကြတဲ့ ရေမြုပ်ကောင်လေးကာတွန်းကားအသစ်ထွက်လာပါပြီဒီတစ်ခါမှာတော့ စပွန့်ချ်ဘော့ဘ်နဲ့သူ့သူငယ်ချင်း ရှဥ့်မလေးတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ ဘီကီနီဘော်တွန်လို့ခေါ်တဲ့သူတို့နေထိုင်ရာရေအောက်မြို့လေးကို သိပ္ပံပညာရှင်လူဆိုးတစ်သိုက်သိမ်းပိုက်သွားရာကနေ စပွန့်ချ်တို့နှစ်ယောက်ပြန်ကယ်ထုတ်ဖို့ကြိုးစားကြမှာပါ''''မင်းမျက်နှာကို သေခြင်းတရားကစိုက်ကြည့်လာတဲ့အခါ မင်းဘာလုပ်မလဲကွ'''' ''''ကျွန်တော်လား ဒီလိုကြည့်တာရိုင်းတယ် အခြားနေရာကိုကြည့်လို့ပြောလိုက်မှာပေါ့ဗျ''ဆိုတဲ့ စပွန့်ချ်ဘော့ဘ်ပါနော်ကလေးတွေရဲ့အကြိုက်ဟာသကာတွန်းကားလေးပါရှင်... File size…(1.5 GB)/(870 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:22:00 Genre... Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si
movie
Saving Bikini Bottom: The Sandy Cheeks Movie (2024)
5.8
Above Suspicion (2019)
ရဲတွေ FBI တွေရာဇဝတ်မှုတစ်ခု နောက်ကိုလိုက်တဲ့အခါမှာသူတို့အတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လိုချင်နေတဲ့သတင်းတွေကို အသေးစိတ်ပြောပြပေးနိုင်မဲ့သတင်းပေးတွေပါပဲ။အဲ့ဒီသတင်းပေးတွေကြောင့်ပဲ ဖော်ထုတ်နိုင်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်တဲ့ ဒုစရိုက်မှုတွေဆိုတာလည်းမနည်းပါဘူး။သတင်းပေးတွေက ရဲတွေကိုသတင်းပေးရာမှာ လျှို့ဝှက်သတင်းပေးရတာလည်းရှိသလို တရားရုံးမှာသက်သေထွက်ဆိုပေးရတဲ့အထိ လုပ်ပေးရတာတွေလည်းရှိပါတယ်။သတင်းပေးတွေဖက်က အဲ့လိုသတင်းပေးရတဲ့ အကြောင်းပြချက်တွေကလည်း မျိုးစုံရှိကြပါတယ်။အခုတင်ဆက်ပေးမဲ့Above Suspicion ဆိုတဲ့အပြင်လောကက ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာအထက်မှာပြောခဲ့သလိုသတင်းပေးနဲ့ FBI အေးဂျင့်တစ်ယောက်ရဲ့ကြားမှာ ဖြစ်ခဲ့တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ပိုက်ဗေးလ်မြို့မှာနေထိုင်ခဲ့တဲ့ ဆူဇန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကယိုယွင်းပျက်စီးနေတဲ့ ပိုက်ဗေးလ်မြို့ရဲ့စီးပွားရေးအကြပ်အတည်းတွေကို အံကြိတ်ပြီး ရှင်သန်နေရတဲ့ကွာရှင်းထားတဲ့ကလေးအမေတစ်ယောက်ပဲဖြစ်ပါတယ်။သူတို့မြို့က ဘယ်လောက်ပျက်စီးနေလဲဆိုရင် ပိုက်ဆံရှာဖို့ အသုဘလုပ်ငန်းနဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့လုပ်ငန်း ၂ ခုပဲရှိတော့တဲ့အထိကိုဆိုးဝါးနေခဲ့တာပါ။အဲ့ဒါတွေကြောင့်ပဲ ဒီမြို့ကနေထွက်သွားချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ကဘယ်တုန်းကမှ မပြည့်၀ခဲ့သလို အရာရာပြည့်စုံတဲ့ယောက်ျားတစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ချင်တာကတော့ သူ့ရဲ့အိပ်မက်ကြီးတစ်ခုပါပဲ။အဲ့ဒီအိပ်မက်တွေအားလုံးက တစ်နေ့မှာတော့သူတို့မြို့ကို FBIအေးဂျင့်မာ့ခ်ရောက်လာတဲ့အခါမှာ ပြည့်၀သွားသလိုခံစားလိုက်ရပါတယ်။အေးဂျင့်မာ့ခ်မှာ သားနဲ့မယားနဲ့ဆိုပေမဲ့အဖက်ဖက်က ပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်မျိုးဖြစ်တဲ့အတွက် ဆူဇန်အတွက်ရေငတ်နေချိန်ဝိုင်ချိုတွေ့လိုက်ရသလိုအေးဂျင့်မာ့ခ်ကို တမ်းတမ်းစွဲဖြစ်ပြီး သတင်းပေးအနေနဲ့ချဉ်းကပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေဆက်ဖြစ်လာမယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.55GB / 660MB Quality…WEB-Rip ...
movie
Above Suspicion (2019)
5.4
Sweet Dreams (2024)
Sweet Dreams (2024) ================ IMDb - 5.4/10လမ်းမှားရောက်နေတဲ့သူအားလုံးဟာ အရင်တစ်ချိန်က ကောင်း ကောင်းမွန်မွန်ဘ၀ကို ပြန်ရဖို့ အိမ်မက်လှလှလေးမက်မိတာ သ ဘာ၀ပါပဲ။ မော်ရစ် တစ်ယောက်ဟာ အရက်စွဲနေတာကြောင့် မူးယစ်ဆေးဖြတ်တဲ့သူတွေစုနေတဲ့ Sweet Dreams ဆိုတဲ့ ဂေ ဟာကိုရောက်လာပါတယ်။ ဂေဟာမှာက မူးယစ်သေစာအမျိုး မျိုးစွဲလမ်းနေတဲ့ လူတန်းစားအမျိုးမျိုးရှိနေပြီး ရောက်ခါစမှာ တော့ မော်ရစ် တစ်ယောက် လိုက်လျောညီထွေစွာနေနိုင်ဖို့ရုန်း ကန်ရပါတယ်။သူတို့တွေဟာ အပျော်တမ်း ဆော့ဖ်ဘောကစားကြလေ့ရှိပြီး တစ်နေ့မှာတော့ ဂေဟာရဲ့ငွေကြေးအခက်အခဲကြောင့် ဒေါ်လာ ရှစ်သောင်းရရှိမယ့် ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ကြပါတယ်။ အဲဒီအခါ မှာတော့ မော်ရစ် ဟာ မထင်မှတ်ဘဲ သူတို့ဂေဟာရဲ့ ဆော့ဖ် ဘောအသင်းကို နည်းပြလုပ်လိုက်ရပါတယ်။ အားကစားကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တဖြည်းဖြည်းနဲ့ နားလည်မှု၊ နွေးထွေးမှုတွေရှိလာကြပုံတွေ... မော်ရစ်တစ်ယောက်သူချစ်ရတဲ့ သမီးလေးနဲ့ ပြန်တွေ့ရဖို့နဲ့ သူ့ရဲ့အရင်အောင်မြင်ခဲ့တဲ့ဘ၀ကို ရရှိဖို့ ပြန်လည်ကြိုးစားပုံတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.16 GB) / (920 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, ...
movie
Sweet Dreams (2024)
2024
5.7
Father of Invention (2010)
Father of Invention (2010) ===================ဒီကားလေးကတော့ Superman Return တို့ Baby Driver တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kevin Spacey Fowler ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy Drama ကားလေးပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းအနေနဲ့ Fowler တစ်ဖြစ်လဲ စွန့်ဦးတီထွင်သူ ဒိတ် ဒိတ်ကြဲတစ်ယောက်ဖြစ်တဲ့ Axle ဟာ သျှမ်းသျှမ်းတောက် အောင်မြင် ချမ်းသာရာကနေ သူ့ရဲ့ထုတ်ကုန်တစ်ခုမှာ Error တက်သွားပြီး လူတွေ ထိခိုက်သွားတဲ့အခါမှာတော့ ၈နှစ်လောက် ဂျေးအောင်းလိုက်ရပါတယ်။ အဲဒီနောက်ပိုင်း ဘဝကို တစ်ကနေပြန်စတဲ့ အဖြစ်အပျက်လေးကို ဟာသ လေးတွေနှောပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။Axle တစ်ယောက် ပြန်ကြိုးစားရင်း ဘယ်လို တလွဲတွေလုပ်မိမလဲ..မိသားစုကိုထားခဲ့ပြီးသမီး ဖြစ်သူငယ်ငယ်ရွယ်ရွယ်နဲ့ ဂျေးအောင်းလိုက်ရတာကြောင့် ပျက်စီးသွားတဲ့ သားအဖနှစ်ယောက်ကြားကဆက်ဆံရေးကို အလွဲအမှားလေးတွေကြားက ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.88 GB) / (693 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thetti Tun Encoder..........SWM
movie
Father of Invention (2010)
2010
6.5
Jackass Presents: Bad Grandpa (2013)
Jackass Presents: Bad Grandpa (2013) Genre – Comedy IMDB – 6.5/10 အသေအလဲ ခွီနေရမယ့် ဟာသကားကောင်းလေး တစ်ကားလာပါပြီ။ဟာသကားဆိုပေမဲ့ ဇာတ်လမ်းပုံစံ ရိုက်ထားတာမျိုးမဟုတ်ပဲ ဇာတ်ညွန်းတော့ပါပြီးတကယ့်အပြင်ကလူတွေကို ချောင်းရိုက်ကင်မရာ ပေါင်းစုံနဲ့Prank တွေလုပ်နောက်ပြောင်ပြီးတော့ ဇာတ်လမ်းသွားပုံစံ လုပ်ထားတာပါ။Jackass ဆိုတာ တခြားလူတွေမလုပ်ကြတဲ့ အန္တရာယ်လည်းများတဲ့ပေါက်ကရစတန့်ပေါင်းစုံတွေလုပ်ပြီး နာမည်ကြီးတဲ့ငပြောင်အုပ်စုပါ မကြည့်ဖူးရင် ကြည့်ဖို့ အကြံပေးချင်ပါတယ်။ဒီကားထဲမှာတော့ Jackass ထဲ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့Johnny Knoxville က အသက် ၈၀ ကျော် အဖိုးကြီးတစ်ယောက်လိုမိတ်ကပ်တွေနဲ့ ပြင်ဆင်ပြီး လူတွေကို လိုက်ဖောက်ထားတာပါ(အော်စကာတောင် စကာတင် ဝင်ခဲ့ပါသေးတယ် ဘယ်လောက်ပီပြင်သလဲဆို)။Johnny Knoxville က ဂျက်ကီချမ်းတို့ အာနိုးတို့နဲ့လည်း ရုပ်ရှင်တူတူတွဲရိုက်ဖူးပါတယ်။သူ့ရဲ့ဇာတ်လမ်းလေးကတော့ အသက် ၈၀ ကျော် အဖိုးကြီးနှစ် ၄၀ ကျော် မိန်းမဖြစ်သူနဲ့ မလွတ်လပ်ခဲ့ရတာကို မိန်းမဆုံးသွားတော့လူပျို ဖြစ်ပြီး ပျော်နေတဲ့အချိန် သမီးဖြစ်သူက ဆေးမှုနဲ့ထောင်ထဲ ...
movie
Jackass Presents: Bad Grandpa (2013)
2013
6.3
The Last Stand (2013)
The Last Stand (2013) ================အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီးအာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံးအမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီးနောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာကပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ်အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်ကအက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးကဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့်အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… 1.8 GB / 925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre ..... Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie
The Last Stand (2013)
2013
7.1
Lords of Dogtown(2005)
Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Lords of Dogtown(2005)
6.1
Men in Black II (2002)
ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ...MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်...အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ...
movie
Men in Black II (2002)
2002
4K HEVC
7.1
Jackass Forever (2022)
Jackass Forever ဒါကတော့ Jackass film series ရဲ့နောက်ဆုံးထွက်ရှိလာတဲ့ကားပါ။Jackass အစီအစဉ်တွေကတော့ အရင်အတိုင်းပဲ ထူးဆန်းတဲ့စတန့်ကွက်တွေ လုပ်ပြပြီးအဖွဲ့သားအချင်းချင်းနောက်ပြောင်ကြတာမျိုးပါ။စတန့်တော်တော်များများက အန္တရာယ်များပြီး ရွံစရာကောင်းတာတွေလည်းပါပါတယ်။တစ်ကားလုံး ပေါက်တတ်ကရတွေလုပ်ပြနေလို့ တော်တော်ရယ်ရပါတယ်။ဒီကားက Jackass ရုပ်ရှင်တွေထဲမှာတော့ အကောင်းဆုံး rating ရထားပါတယ်။ဟိုးအရင် MTV ကအစီအစဉ်မှာတည်းက ပါ၀င်ခဲ့တဲ့ Johnny Knoxville တို့ Steve O တို့အစုံအလင်ပါ၀င်ကြပြီး Machine Gun Kelly ,Eric Andre တို့ကလည်း Guest star အဖြစ်ပါ၀င်ထားပါတယ်။ရုပ်ရှင်ထဲက စတန့်တွေကိုအပြင်မှာတော့မစမ်းကြည့်ကြပါနဲ့ဦးနော်။Genre.....Comedy, Action, documentary Quality….WEB-DL 480p and 720p File size…(1.6GB)/(346.80MB) Format…mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hardsub) Translator ..... SP Encoder .....Mr. Anderson
movie
Jackass Forever (2022)
5.1
Mainstream (2020)
Mainstream (2020)===============Andrew Garfield ကို YouTuber အဖြစ်တွေ့ရမယ့် ကားလေးလာပါပြီ။ NoWayHome အပြီး လူပြော ပြန်များလာတာကြောင့် သူ 2020 က သရုပ် ဆောင်ဖူးတဲ့ Mainstream နဲ့မိတ်ဆက်ပေးချင်ပါတယ် ။အသုံးအနှုန်းေတွ ကြမ်းတာကြောင့် ကိုယ့်ဟာကို ချင့်ချိန်ပြီးကြည့်ကြပါလို့။ ဒီကားမှာ Andrewရဲ့ ဇာတ်ကောင်စရိုက်ဟာ ခန့်မှန်းရခက်တယ်... Social media နဲ့ Internet တွေကို ဆန့်ကျင်လှောင်ပြောင်တဲ့ liberal တစ်ယောက် လို့သတ်မှတ်ရမလားပဲ... သူ့မှာ ဖုန်းတောင်မရှိ ကြုံရာနေ ကြုံရာအလုပ်လုပ်ပြီးဖြတ်သန်းနေတဲ့ လူတစ်ယောက် ဒါကို ဘားမှာအလုပ်လုပ်တဲ့ ဖရန်ကီဆိုတဲ့ကောင်မလေးကတွေ့ပြီး ဗီဒိရိုရိုက်တင်ရာကနေ အန်ဒရူးတို့ အင်တာနက်မှာ စပြီးနာမည်ကြီးလာပါတယ် ...ဒီအလားအလာကိုမြင်တဲ့ ဖရန်ကီဟာ အန်ဒရူးနောက်ကိုလိုက်ပြီး သူ့အတွေးအခေါ်နဲ့ ပြောင်းလဲရေးတရားတွေကို ဗီဒိရိုရိုက်တင်တယ် လူတွေကလည်း ဒါကို သဘောကျကြတယ်...အန်ဒရူးကိုယ်တိုင်လည်း Internet မှာနာမည်ကြီးနေတဲ့ လူတွေရဲ့လုပ်ရပ်တွေကို လှောင်ပြောင် သရော်တဲ့ အနေနဲ့ ဖရန်ကီနဲ့ပေါင်းပြီး No One Special ဆိုတဲ့ YouTube channel နဲ့ YouTuber ဖြစ်လာတယ်။ ...
movie
Mainstream (2020)
2020
7.1
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)အညွှန်း**************************************************************IMDb.... 7.1ဒီဇာတ်ကားလေးက Netflix ကနေပြီးတော့ unbreakable Kimmy Schmidt series ထဲကို 2020 special အနေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အသက် ၂၉ နှစ်အရွယ် ကမ်မီဟာ အင်ဒီရားနနား မြို့လေးရဲ့ မြေအောက် ကတုတ်ကျင်းထဲမှာ နှစ်အတော် အကြာ ပိတ်လှောင်ခြင်းခံထားရဖူးပါတယ်။ကြောက်စိတ်တွေနဲ့ သူမဟာ လက်ထက်ဖို့ သုံးရက်အလိုမှာ လွယ်အိတ်ထဲကနေမမျှော်လင့်ပဲ စာကြည့်တိုက်ကနေ ဌားထားတဲ့ စာအုပ်လေးကို တွေ့ရှိခဲ့တယ်။ အဲ့လိုနဲ့ အကောင်းမြင် သမားလေးဖြစ်တဲ့ ကမ်မီဟာ နောက်ထပ် သူ့လို မတရားခံရသူ မိန်းကလေးတွေ ရှိနေနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မင်္ဂလာပွဲမစခင် သုံးရက် အလိုမှာ သူငယ်ချင်း ဖြစ်သူ တိုင်းဒက်စ်နဲ့ အင်းဒီးရားနား မြို့လေးကို ပြန်သွားခဲ့ပါတယ်။သူမှာ သူ့ ...
movie
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)
5.3
We Summon the Darkness(2019)
We Summon the Darkness(2019)လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့ကောင်မလေးသုံးယောက်က စတိတ်ရှိုးပွဲကို ကြည့်ဖို့သွားရင်းနဲ့ ကောင်လေးအဖွဲ့နဲ့ ဆုံခဲ့ပါတယ်။အဲ့အချိန်မှာ စေတန်မာရ်နတ်ကို ကိုးကွယ်ယုံကြည်တဲ့သူတွေက လူတွေလိုက်သတ်နေတဲ့ အချိန်ဖြစ်တယ်။ ရှိုးပွဲပြီးတဲ့ညမှာ သူတို့ သုံးယောက်နဲ့ လမ်းမှာဆုံတွေ့တဲ့ ကောင်လေးတွေ အဖွဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးကြုံခဲ့ကြတယ်..။ဘယ်သူတွေက ဘာသာရေးမှိုင်းတတ်ခံရပြီး လိုက်သတ်နေကြတာလဲ။ သူတို့အားလုံးကော ရှင်နိုင်ကြမှာလား။ တစ်ဖက်ပိတ် အယူဝါဒတွေရဲ့ ကြောက်စရာကောင်းမှု၊ ဆိုက်ကို ဆန်ဆန် လူသတ်နေမှုရဲ့နောက်ကွယ်က ကြိုးကိုင်နေမှုတွေကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်.ခပ်ကြမ်းကြမ်းHorror ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Horror,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae zawgyiWe Summon the Darkness(2019)လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့ကောင်မလေးသုံးယောက်က ...
movie
6.3
Polar (2019)
Polar (2019)____IMDb - 6.3/10 Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ပါ) File Size : (900 MB) Quality : HDRip 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle ...
movie
Polar (2019)
2019
5.4
Fun Size (2012)
ရမ်ဆိုတဲ့မိန်းကလေးဟာ အသက်အများကြီးငယ်တဲ့ကောင်လေးနဲ့တွဲနေတဲ့သူ့အမေရယ်၊အစအနောက်အရမ်းသန်ပြီး သူ့ကိုခနခနဒုက္ခပေးနေတဲ့သူ့ရဲ့မျောက်လောင်းမောင်လေးအဲလ်ဘတ်နှင့်အတူနေထိုင်နေရတဲ့သူပါ...သူ့မိသားစုကိုစိတ်ကုန်နေတာကြောင့် အထက်တန်းပြီးတာနဲ့သူတို့နဲ့ဝေးရာ နယူးယောခ့်တက္ကသိုလ်ကိုသွားရောက်တက်ရောက်ဖို့ စိတ်ကူးထားပါတယ်...သူ့ကို သူတို့ကျောင်းရှိ အေရွန်ရိုင်လီဆိုသည့် ပေါ်ပြူလာအဖြစ်ဆုံးကောင်လေးကဟောလိုးဝင်းနေ့မှာကျင်းပမယ့် သူ့ရဲ့ပါတီပွဲကိုလာဖို့ဖိတ်ကြားထားပါသေးတယ်...သူလဲ ဟောလိုးဝင်းပါတီပွဲမှာ ဒိုရိုသီအနေနဲ့ဝတ်ပြီးတက်ရောက်ဖို့အတွက်ပြင်ဆင်ထားပါတယ်...ဒါပေမယ့်လဲ ပွဲနေ့မှာ သူ့အမေက ရမ့်ကို အဲလ်ဘတ်ကိုထိန်းထားခိုင်းပြီးသူ့ရည်းစားနဲ့အတူအပြင်ထွက်သွားပါတော့တယ်...ရမ်လဲစိတ်ပျက်ပျက်နဲ့သူ့မောင်လေးကိုခေါ်ပြီး အပြင်ဘက်ထွက်လာရမှာတော့ကံဆိုးစွာနဲ့ အဲလ်ဘတ်ကိုပျောက်သွားတာကြောင့် ရမ့်အနေနဲ့ သူ့အမေပြန်မလာခင်မှာအဲလ်ဘတ်ကိုတွေ့အောင် ရှာရတော့မှာပါ...ကဲ ဒါဆို သူနဲ့သူ့သူငယ်ချင်းတွေ အဲလ်ဘတ်ကိုရှာပုံတော်ဖွင့်ပုံနဲ့အဲလ်ဘတ်ဘယ်လိုပျောက်သွားတယ်ဆိုတာကိုတော့ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး File Size : (742 MB) and (299 MB) Quality : BluRay 720p Running Time : 1hr 26 min Format : Mp4 Genre : Adventure ,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by MiKi Encoded by Moe Myint Lwin
movie
Fun Size (2012)
2012
4.9
Action Point (2018)
ဒီတစ်ခေါက်မှာလဲ CM Fan တွေကို ဟာသ ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် တစ်ကားလုံး ရယ်နေရလို့စိတ်ညစ်တာတွေတောင် ပျောက်သွားပါလိမ့်မယ်တစ်ခုရှိတာတော့ ညစ်ညမ်းအပြုအမှု နဲ့ ညစ်ညမ်းစကားလေးတွေအနည်းငယ်ပါတာကြောင့် မိသားစု နဲ့ ကြည့်ရင်တော့ သိပ်ပြီးအဆင်ပြေမယ် မထင်ပါဘူး ဒါလေး တစ်ခုပါပဲဇတ်လမ်း ပုံစံကတော့ဒီစီ ဆိုတဲ့ လူဟာ သူ့ ဘဝ ကြီးလို့ သက်မှတ်ထားတဲ့ကစားကွင်းကြီး တစ်ခု ပိုင်ပါတယ် ကစားကွင်းလို့သာပြောရတာ ကစားစရာ ပစ္စည်းက မစုံလင် ဘာမှ မခိုင်ခံညစ်ပတ်စုတ်ပြတ်နေတဲ့ ကွင်းလေး တစ်ခုထဲမှာအဖြစ်သဘော လုပ်ထားတဲ့ ကစားကွင်းတစ်ခုဖြစ်ပြီးဘာမှ အထိန်းမကွပ်မရှိ လုပ်ချင်ရာလုပ်နေတဲ့ သူဖြစ်ပါတယ်တစ်ရက်မှာတော့ ကွာရှင်းထားတဲ့ ဒီစီ မိန်းမဆီကနေသမီးလေး ဖြစ်သူ ဘိုဂီ လာလည်ပါတယ်ဘိုဂီ လာလည်တုန်း တစ်ခဏ ဒီကစားကွင်းကိုအောင်မြင်အောင် လုပ်ဖို့ကြံရွယ်ရင်းဘဏ်က အကြွေးတွေလဲ ဆပ်ချင်နေတဲ့ဒီစီ တစ်ယောက် ဘယ်လို ပေါက်တက်ကရတွေလုပ်ပြီး ကမောက်ကမ တွေ ဖြစ်မယ်ဆိုတာဟား ဖို့ ပြင်ရင်း ကြည့်ရှုလိုက်ရအောင်ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Bommy Chan ဖြစ်ပြီး Thit San ...
movie
Action Point (2018)
2018
5.6
Coyote Ugly(2002)
Coyote Ugly(2002) IMDb....5.6 ဒီဇာတ်ကားက imdb rating က အားရချင်စရာတော့မရှိဘူး...သို့ပေမယ့် စာရေးဆရာမ ဂျူးရဲ့ မောင်တို့ယောင်္ကျားတွေ ဆိုတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါးထဲမှ ဒီကားအကြောင်းလေးဖတ်ပြီး လုပ်ဖြစ်သွားတာပါ....ဆရာမဂျူး ကတော့ ဒီကားရဲ့ လှပမှုတွေကိုအသေးစိတ်ရေးသားထားခဲ့ပါတယ်.....ပြသချိန် ၁နာရီ ၄၀မိနစ်မှာ ဖခင်နဲ့သမီးရဲ့ ချစ်ခြင်း၊သူငယ်ချင်းမိတ်ဆွေရဲ့ ချစ်ခြင်း၊ ဘ၀လက်တွဲဖော်ရဲ့ကူညီဖေးမမှုစတာတွေကို ဖော်ကျူးနိုင်သလို ကိုယ့်ရည်မှန်းချက် တစ်ခုအတွက် ကြိုးစားခဲ့တဲကောင်မလေးတစ်ယောက် စတဲ့ အကြောင်းတွေကို လှလှပပလေးရိုက်သွားနိုင်တယ်လို့ဆိုပါတယ်... ဆရာမဂျူးညွန်းဆိုရလောက်အောင် ဒီကားက လှပချစ်စရာကောင်းလှပါတယ်.. သီချင်းရေး ဆရာမလေး ဖြစ်ချင်တဲ့ ဗိုင်အိုလက်ဟာ နေရာဒေသကို စွန့်ခွာပြီး နယူးယောက်မြို့တော်ကြီး သို့ စွန့်စားထွက်ခွာခဲ့သည်။ ဤသို့ ထွက်ခွာသည်ကို အဖေဖြစ်သူက မနှစ်သက်သော်လည်း မတားခဲ့ပေ။ ဗိုင်အိုလက်သည်လည်း မြို့သို့ ယုံကြည်မှု အပြည့်ဖြင့် ထွက်ခွာခဲ့သော်လည်း မြို့ကြီးပြကြီးတွင် မလယ်ဝယ်သူ တစ်ယောက်အဖြစ် ကျင်လည်နေရကာ အရာရာ အဆင်မပြေ ဖြစ်ခဲ့သည်။ ထို့ထက်ဆိုးသည်ကား ပါလာသော ငွေသားလေးများ အခိုးခံရခြင်း ဖြစ်သည်။ စိတ်ဓာတ်ကျကျဖြင့် ဆိုင်တစ်ဆိုင်ဝင်ထိုင်ရင်း ၀ံပုလွေမလေးများဟု နာမည်ကျော်သော မိန်းကလေးများနှင့် စပ်ဟပ် မိရာက အလုပ်တစ်ခု ရခဲ့သည်။ ထို့ပြင် နယူးယောက် ...
movie
Coyote Ugly(2002)
2000
5.1
Rosy (2018)
IMDB rating -5.1ဒီဇာတ်ကားလေးကတော့နည်းနည်းကြောင်တောင်နိုင်တယ်ဗျဘာလို့လဲဆိုတော့အဲ့လိုမျိုးအပြင်တကယ်ရှိရောရှိရဲ့လားဆိုတာတွေးမိတယ်ရိုမန်တစ်ကားဆိုပေမယ့်thrillerခန်းနည်းနည်းတော့ပါတယ်အဲ့လိုယောက်ျားမျိုးနဲ့တွေ့ရင်မိန်းကလေးတွေဘယ်လိုလုပ်ကြမလဲမသိဘူးဒီဇာတ်လမ်းထဲမှာဒေါ့ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်သူကရိုစီဆိုတဲ့ကောင်းမလေးကိုကြိုက်တာ ကြိုက်တာဆိုပေမယ့်ဖွင့်ပြောတာလဲမဟုတ်ဘူးတစ်ခါတည်းသတိမေ့အောင်လုပ်ပြီးသူအဖွားအိမ်ကမြေအောက်ခန်းထဲမှာထည့်ထားလိုက်တယ်ဒီတိုင်းထည့်ထားတာတော့မဟုတ်ဘူး လုံးဝဂရုစိုက်တယ် အစားအသောက်ကျွေးတယ်မှုခင်းဂျာနယ်တွေထဲမှာဖတ်ရသလိုမျိုးမြေအောက်ခန်းထည့်ထားပြီးမုဒိန်းကျင့်တယ်လို့ဘာတို့လုပ်တယ်ဆိုပြီးမဟုတ်ဘူးသေချာဂရုစိုက်တယ်အိမ်သာသွားတာရေချိုးတာကအစသေချာစောင့်ပေးတာဒါပေမယ့်ကောင်မလေးကိုဒီတိုင်းလွှတ်ထားတာတော့မဟုတ်ဘူး လက်ထိပ်ခတ်ထားတယ် ထွက်ပြေးမှာစိုးလို့ ကောင်လေးကအလုပ်သွားတယ်အလုပ်ကပြန်လာမှမြေအောက်ခန်းတံခါးကိုဖွင့်ပေးတယ်ကောင်လေးကကောင်းမလေးကိုသူဆီမှာရှိနေတာကိုဘယ်သူကိုမှမသိစေချင်ဘူးနေမကောင်းဖြစ်နေတဲ့သူ့ရဲ့အဖွားကိုဆရာဝန်ကအိမ်ပြန်ခေါ်ပြီးဆေးပိုက်တွေတပ်ထားပြီးနေလို့ရတယ်ဆိုတာတောင်သူကအိမ်ကိုမခေါ်ချင်လို့ဆေးပိုက်တွေဖြုတ်ပြီးသတ်ခိုင်းလိုက်တယ်အဲ့ကောင်မလေးလဲသူစိမ်းအိမ်မှာဘယ်ကြာကြာနေနိုင်မလဲ ထွက်ပြေးဖို့ကြိုးစားတာပေါ့အဲ့တော့ကောင်မလေးလဲမိန်းမမာယာတွေသုံးပြီးဘယ်လိုထွက်ပြေးမလဲဆိုတာဇာတ်လမ်းလေးထဲမှာကြည့်လိုက်ပါလို့ဇာတ်ကားထဲမှာဆိုက်ကိုဆန်ဆန်ကောင်လေးတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုဘယ်လိုရူးရူးမူးမူးချစ်နေလဲဆိုတာကတော့ ကြည့်ကြည့်လိုက်ပါ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင် ပါ)File Size : (700 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Comedy, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie
Rosy (2018)
2017
6.2
Walking Tall (2004)
အက်ရှင်ကားကြိုက်တဲ့ပရိသတ်တွေအတွက် ဇာန်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်Walking Tall ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၄ခုနှစ်ထွက် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး Imdb rating 6.2/10 ရရှိထားပါတယ်ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ အက်ရှင်မင်းသားကြီးDwayne Johnson,မင်းသမီးချော Ashley Scott,မင်းသား Johnny Knoxville စတဲ့သူတွေဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂုဏ်ထူးဆောင်စစ်သားဖြစ်ဖူးတဲ့ Chris Vaughn တစ်ယောက် ရာထူးကနေအနားယူပြီး မွေးရပ်မြေမြို့လေးမှာ ပြန်အခြေချနေထိုင်ခဲ့ပါတယ်။သူပြန်လာတဲ့အခါ တစ်မြို့လုံးမှာအကြီးဆုံးစီးပွားရေးက အရင်ကျောင်းနေဖက်တွေဖြစ်ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်ကိုင်နေတဲ့ ကာစီနိုလောင်းကစားဝိုင်းကြီးဖြစ်နေခဲ့ပါတယ်။တစ်မြို့လုံးမှာ လောင်းကစား အရက် ဆေး စသည်ဖြင့်မကောင်းမှုမျိုးစုံနဲ့ပြည့်နေတာကိုမြင်နေရတဲ့အခါ Chris တစ်ယောက် ရဲတွေကိုယ်စား သူ့လက်နဲ့ဖြေရှင်းပါတော့တယ်။သူတစ်ကယ်ပဲဖြေရှင်းနိုင်ပြီး အရင်ကလိုကောင်းမွန်တဲ့မြို့လေးပြန်ဖြစ်အောင်လုပ်နိုင်မှာလား....ဘယ်လို ပြဿနာတွေကြုံတွေ့ရမှာလဲဆိုတာ စွန့်စားခန်းအပြည့်နဲ့ရိုက်ကူးထားတာမို့ အက်ရှင်ကားချစ်ပရိတ်သတ်တွေကြည့်ရှု့အားပေးလိုက်ပါဦး File Size : (750 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Action, ...
movie
Walking Tall (2004)
2004
5.8
Teenage Mutant Ninja Turtles (2014)
Teenage Mutant Ninja Turtles (2014)_____IMDb - 5.8/10 #ရုပ်ရှင်မိတ်ဆက်ပရိတ်သတ်ကြီး စောင့်မျှော်နေတဲ့ TMNT ဇာတ်ကား နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက တစ်ချိန်တုန်းက နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ နဲ့ ကာတွန်းစာအုပ် တွေထဲက Superheros ဖြစ်တဲ့ TMNT ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သူက အခုမှ ရုပ်ရှင်ထွက်တာတော့မဟုတ်ပါဘူး။ ၁၉၉၀ တုန်းက ဇာတ်ကား ၃ကားထွက်ထားဖူးသလို၊ ၂၀၀၇ မှာလည်း ကာတွန်းအနေနဲ့ထွက်ထားဖူးပါတယ်။ဇာတ်လမ်းမှာ April O'Neil (Megan Fox) က သတင်းထောက်တစ်ဦးဖြစ်ပြီး New York မြို့က Foot Clan ဆိုတဲ့ ဂိုဏ်းကို လိုက်လံသတင်းယူနေရာကနေ Turtles တွေနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတယ်။ ဒီကနေ သူမ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဖြစ်အပျက်ကို သတိရသွားပြီး Turtles တွေရဲ့ Origin ...
movie
Teenage Mutant Ninja Turtles (2014)
2014