Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Johnny Flynn
5.8
Song One (2014)
သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 26m Genre ...
movie
Song One (2014)
6.8
Clouds of Sils Maria (2014)
မာရီယာ အန်းဒရက်ဟာ နိုင်ငံတကာကျော်ကြားတဲ့ ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ပါ သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀က စစ်ဂရစ်ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရင်း အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်သူနာမည်ကြီးဖြစ်လာရတဲ့ ဇာတ်လမ်းမှာပဲ တခြားနေရာကနေ ပြန်ပြီးသရုပ်ဆောင်ဖို့ဖြစ်လာတဲ့အခါ အတိတ်က မှတ်ဉာဏ်တွေကြားမှာ မာရီယာတစ်ယောက် ရှေ့မဆက်နိုင်ဖြစ်ရင်း အခြားဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ ခက်ခဲနေခဲ့ပါတော့တယ်ဒီဇာတ်ကားမှာကတော့ နိုင်ငံခြား အနုပညာရှင်တွေဟာ သူတို့ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို အလေးအနက်ထားပုံ ဇာတ်ကောင်အဖြစ်ခံယူပုံတွေအပြင် အနုပညာရှင်တွေရဲ့ ဘဝကိုပါ ရိုက်ကူးတင်ဆက်ထားတဲ့ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Twilight ထဲက နာမည်ကျော်မင်းသမီး Kristen Stewart လည်း ပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှူလိုက်ကြပါဦးခင်ဗျာ File size…(2 GB)/(910 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
Clouds of Sils Maria (2014)
7.7
One Life (2023)
Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်းစစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ...ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာတီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ...။ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်...ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကိုအလည်သွားရာကစခဲ့ပါတယ်...။အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီးဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ပြည်နယ်တစ်ခုကိုတောင်းပါတယ်...။စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကိုလိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့်အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာစစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကိုစစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်...။ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီးအသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လိုကယ်တင်နိုင်မှာလဲ....။Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကိုတော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေးတစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာNicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ...။သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ...။ File size…2.02GB / 720MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , ...
movie
One Life (2023)
7.1
Real Steel (2011)
IMDb Rating(7.1)မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ဇာတ်လမ်းကတော့... စက်ရုပ်တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ... ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။ သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။ စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ....နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ.....။Review Crd File size…(3 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:06:50 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie
Real Steel (2011)
2011
6.2
Scrooge: A Christmas Carol(2022)
ခရစ်စမတ်နဲ့ပတ်သတ်တဲ့ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားနာမည်ကိုရင်းနှီးနေတဲ့လူတွေလည်းရှိမှာပါ။ ဟိုးငယ်ငယ်လေးတုန်းကလည်း စကရုချ်နဲ့ပတ်သတ်တဲ့ဇာတ်ကားလေးတွေ ထွက်ခဲ့ပါတယ်။ ဒါလေးကတော့ 2022 မှထွက်လာတဲ့ကားသစ်လေးပါ။ ခရစ်စမတ်ဆိုတာကို စက်ဆုပ်ရွံရှာမုန်းတီးပြီး ပျော်ပွဲရွှင်ပွဲတွေကိုလည်းကြည့်မရတဲ့ လူ့ဂွစာကြီးတစ်ယောက် "အက်ဘီနီဇာစကရုချ်".. အကြင်နာတရားခေါင်းပါးပြီး လောဘကြီးတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ခရစ်စမတ်မရောက်ခင် မနက်ခင်းမှာ စကရုချ်ဆီ ၔည့်သည် ၃ ယောက်ရောက်လာခဲ့ပါတယ်။ ထိုၔည့်သည် ၃ ယောက်ဟာ စကရုချ်ရဲ့ဘဝကြီးကို ဘယ်လိုအပြောင်းအလဲဖြစ်သွားစေမယ်ဆိုတာကတော့...File size…(2.4GB) / (`1.29B) / (698MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre... Animation / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Scrooge: A Christmas Carol(2022)
5.5
The Score (2022)
The Score (2022)ဒီရုပ်ရှင်ကတော့ Musical အမျိုးအစားပါ။ ဒါပေမယ့် တခြားဇာတ်ကားတွေနဲ့မတူတာက Crime Musical အမျိုးအစား ဖြစ်ပါတယ် အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ထရိုင်နဲ့မိုက်တို့က ဒုစရိုက်သမား တေလေဂျပိုးတွေပါ ထရိုင်ရဲ့အစ်ကို နဲ့မိုက်နဲ့က အရင်ကတွဲဖက်ဖြစ်ပြီး ကိစ္စတစ်ခု အဆင်မပြေရင်း ထရိုင်ရဲ့အစ်ကို ထောင်ကျသွားခဲ့တယ် အဲမှာ မိုက်က ထရိုင်ကို ခေါ်ပြီး သူ့အစ်ကို ဝှက်ထားခဲ့တဲ့ ပိုက်ဆံတွေနဲ့ အပေးအယူတစ်ခု လုပ်ဖို့ ကော်ဖီဆိုင်တစ်ခုကို ခရီးထွက်ခဲ့ကြတယ် ရလာတဲ့ ပစ္စည်းတွေ အမြတ်တွေလည်း တစ်ယောက်တစ်ဝက်ခွဲကြမယ်ဆိုပြီးတော့ပေါ့ ဒါပေမယ့် ထရိုင်က ကော်ဖီဆိုင်ကိုရောက်တော့ ကော်ဖီဆိုင်က မိန်းကလေးကို စိတ်ဝင်စားသွားခဲ့တယ် အဲမှာ အရာအားလုံးက သူတို့ထင်ထားခဲ့တဲ့အတိုင်းဖြစ်မလာခဲ့တော့ဘူး ပြီးတော့ မိုက်က ထရိုင်ကိုခေါ်လာတဲ့ အဓိက အကြောင်းရင်းကတော့.....Drama, Romance လေး အနည်းငယ် ပါပေမယ့် တခြား Musical ကားတွေလိုတော့ အချစ်သီးသန့်ကား မဟုတ်ဘူး ဒုစရိုက်မှုတွေ အက်ရှင်ခန်းတွေ Musical ခန်းတွေပါတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ကြည့်နေကျ Musical တွေထဲကနေ ကွဲထွက်တဲ့ အရသာတစ်မျိုး ရမယ်ဆိုတာ သေချာပါတယ်။အညွှန်း နဲ့ ...
movie
The Score (2022)
2022
Operation Mincemeat (2022)
ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ...
movie
Operation Mincemeat (2022)
7.5
The Outfit (2022)
The Outfit (2022) ~ IMDb - 7.5/10, RT - 86%, Meta - 69% ~အင်္ဂလိပ် အမျိုးသား အပ်ချုပ်ဆရာတစ်ဦး၊ အရေတွန့်နေတဲ့ အသားအရည်နဲ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်တွေနဲ့၊ ချီကာဂိုမြို့ပေါ်က ကျော်ကြားသူကြီးပေါ့။ သူ့ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်သလိုပါပဲ။ ဒါပေမဲ့ ဘွိုင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ လာ ဖောင်တိန်း ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ မှုခင်းနှိမ်နင်းရေး FBI အဖွဲ့ရယ်၊ သူတို့ကြားမှာ သူ့အပ်ချုပ်ဆိုင်လေးက အေးချမ်းသလိုလိုနဲ့ ငရဲတွင်းတစ်ခု ဖြစ်နေပါတော့တယ်။ဒီလိုနဲ့ အောက်ဖစ် ဆိုတဲ့ အဖွဲ့တစ်ခုကလည်း ကြားကဝင်ရှုပ်လာပြန်တယ်။ ဂိုဏ်းအဖွဲ့နှစ်ခုကြား ဘယ်သူမှန်းမသိရတဲ့ အောက်ဖစ် ကို ကြောက်ကြ လန့်ကြရပေါ့။ ဘွိုင်းအဖွဲ့ထဲကို လျှို့ဝှက်အသံဖမ်းစက်တစ်လုံး ရောက်လာပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်တဲ့ အသံတွေ ဖမ်းမိသွားတဲ့အခါမှာ ဇာတ်လမ်းက ရုပ်လုံးကြွလာပါတယ်။ ...
movie
The Outfit (2022)
2022
7.1
The Dig (2021)
The Dig (2021) ===========IMDb Rating - 7.1/10"ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxonsတွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ...
movie
The Dig (2021)
2021
7.0
Emma.(2020)
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့February လကမှထွက်ရှိထားတဲ့ ဇာတ်ကားအသစ်စက်စက်လေးပါ။Emma 2020ဟာဆိုရင် IMDb rating 7 ရထားတဲ့ ကားလေးဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံ ဟိုက်ဘရေးမြို့ကိုအခြေခံပြီးရိုက်ကူးထားတဲ့ Romance Comedy ဇာတ်ကားအမျိုးအစားပါဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင် အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ အမ်မာနဲ့ နိုက်တလီတို့ရဲ့ သူငယ်ချင်းသံယောဇဥ်နဲ့ အချစ်ကြားဝေခွဲမရဖြစ်မှုတွေကို၁၈၁၅ခုနှစ်အင်္ဂလန်နိုင်ငံရဲ့အငွေ့အသက်နောက်ခံနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။လက်ထပ်ဖို့စိတ်ကူးမရှိတဲ့ အမ်မာနဲ့ နိုက်တလီတို့ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ဖို့ ကြိုးစားနေတဲ့သူတွေ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားလေးပါ File Size : ( 710 MB , 328 MB) Quality : WEB-DL 720p Running Time : 2 hr 04 min Format : Mp4 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by NuNu Phyoe Encoded by ...
movie
Emma.(2020)