Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Westley
6.3
Sometimes Always Never (2018)
ခရစ်ယာန်ကျမ်းစာတွေထဲမှာ ပျောက်သောသားအကြောင်းရေးသားထားတဲ့ ကျမ်းပိုဒ်တွေ ပါဝင်ပါတယ်။အဲ့ဒီ ပျောက်သောသားဆိုတာက အိမ်ရဲ့စည်းစိမ်တစ်ဝက်ကို ယူကာအိမ်ကနေဆင်းသွားပြီး သုံးဖြုန်းလို့ ကုန်တော့မှ အိမ်ကိုပြန်လာတဲ့သားအကြောင်းပဲ ဖြစ်ပါတယ်။အဖေဖြစ်သူက အဲ့ဒီပျောက်သောသားပြန်လာတဲ့အခါမှာ စိတ်မဆိုးမငြိုငြင်တဲ့အပြင် အိမ်ရဲ့ကျွဲနွားတစ်ဝက်ကိုသတ်ပြီးစားသောက်ပွဲကြီးလုပ်ပေးတဲ့အပြင်လက်စွပ်တစ်ကွင်းပါ ပြန်လာတဲ့အနေနဲ့ ပေးခဲ့ပါသေးတယ်။အဲ့ဒီအချိန်မှာ ဘေးနားကနေရပ်ကြည့်နေရတဲ့ လူကတော့အဖေ့နားမှာပဲ ကျန်ပြီး အစစအရာရာကူလုပ်ပေးခဲ့တဲ့လိမ္မာတဲ့သားပါပဲ။အခုတင်ဆက်ပေးမဲ့ Sometimes Always Never ဆိုတဲ့ဇာတ်ကားကလည်းအဲ့ဒီအကြောင်းအရာကို Live Actionပြန်ရိုက်ထားသလားတောင် ထင်ရပါတယ်။2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားဖြစ်ပြီး IMDbRating 6.3 ရရှိထားပါတယ်။ဇာတ်ကားလေးရဲ့ အကျဉ်းချုပ်ကတော့ အထက်မှာပြောခဲ့သလိုပဲ အလန်ဆိုတဲ့အဖေမှာ ပီတာနဲ့ မိုက်ကယ်ဆိုတဲ့သားနှစ်ယောက်ရှိပြီး မိုက်ကယ်ကတော့ ငယ်ငယ်လေးကတည်းကအိမ်ကနေဆင်းသွားပြီး ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတော့ အလန်ကမိုက်ကယ်ပျောက်သွားတဲ့အချိန်ကတည်းကစပြီး လိုက်ရှာနေခဲ့တာအခုဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။အဲ့ဒီလို ပျောက်သောသားကို လိုက်ရှာနေရင်းနဲ့ အဖေဖြစ်သူရဲ့အနွံတာတွေ အားလုံးကို ခံနေရသူကတော့ ပီတာပဲဖြစ်ပြီးသူ့အဖေပြဿနာရှာသမျှ ဒုက္ခပေးသမျှကို ခါးစည်းခံရင်းနဲ့ပဲသည်းခံနေလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အလန်ကတော့ပီတာ့ကို မမြင်ဘဲပျောက်သောသားကိုပဲ လိုက်ရှာနေရင်းနဲ့နောက်ဆုံးမှာ ကျမ်းစာထဲကလို ပျောက်သောသားအိမ်ပြန်လာပါ့မလားဆိုတာကို ကြည့်နေကျဇာတ်ကားတွေနဲ့ Feelingမတူပဲ တစ်မျိုးလေးကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File ...
movie
Sometimes Always Never (2018)