Channel Myanmar

John Stephenson

Spartacus (1960)
Spartacus (1960)  ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Spartacus (1960)

The Lord of the Rings: The Return of the King (2003) 8.9
The Lord of the Rings: The Return of the King (2003) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Return of the King (2003)

2003
4K HEVCHDR