Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Seitz
7.2
Talk Radio (1988)
1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ...
movie
Talk Radio (1988)
6.0
G.I. Jane (1997)
ယောက်ျားမိန်းမ ခွဲခြားဆက်ဆံခြင်းဆိုတာ ဟိုးအရင်ကတည်းကနေအခုထက်ထိ ဆက်ရှိနေသေးတဲ့ပြဿနာကြီးတစ်ခုပါ။စစ်တပ်တွေထဲမှာလည်း အဲ့လိုခွဲခြားမှုတွေအများအပြားရှိခဲ့ပါတယ်။ယောက်ျားတွေက ဘယ်နေမှာမဆို တာဝန်ထမ်းဆောင်လို့ရပေမဲ့အမျိုးသမီးတွေကိုတော့ ကျန်တဲ့အရာတွေမကြည့်ဘဲ အမျိုးသမီးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာထူးနေရာတွေ လေ့ကျင့်ရေးတွေအများအပြားမှာ ပိတ်ပင်ခံခဲ့ရပါတယ်။အခုတင်ဆက်ပေးမဲ့ G.I Janeဆိုတဲ့ 1997 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားထဲမှာအဲ့လိုခွဲခြားမှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီးIMDb Rating 6.0 ရရှိထားတဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဇာတ်ကားတစ်ကားဖြစ်ပါတယ်။အိုနီးလ်ဆိုတဲ့ထောက်လှမ်းရေးမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်က တစ်နေ့မှာတော့အဲ့လိုခွဲခြား ဆက်ဆံမှုတွေကိုမကြိုက်တဲ့ အမတ်ကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလေ့ကျင့်ရေးက တော်ရုံလေ့ကျင့်ရေးမဟုတ်ဘဲ အမေရိကန်တစ်နိုင်ငံလုံးမှာအပြင်းထန်ဆုံး လေ့ကျင့်ရေးဖြစ်တဲ့အတွက် တော်ရုံယောက်ျားတွေပါလွယ်လွယ်ကူကူမကျော်ဖြတ်နိုင်တဲ့ လေ့ကျင့်ရေးတစ်ခုပဲဖြစ်ပါတယ်။အိုနီးလ်က မိန်းမသားဖြစ်ပေမဲ့ စိတ်ဓာတ်မာတဲ့အတွက် အဲ့ဒီလေ့ကျင့်ခန်းတွေအားလုံးကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့မလဲနောက်ဆုံးမှာရော သူအောင်မြင်ခဲ့မလား သူ့ကိုကူညီပေးခဲ့တဲ့အမတ်ကြီးကရော ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေကြောင့် ဒီလိုလုပ်ပေးခဲ့တာလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.07B / 962MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama , War Subtitle….Myanmar ...
movie
G.I. Jane (1997)
8.0
JFK(1991)
JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie
JFK(1991)