Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Pankow
7.2
Talk Radio (1988)
1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ...
movie
Talk Radio (1988)
5.5
Bride Wars (2009)
IMDB: 5.5Rotten Tomatoes: 10%Genre: Comedy/Romanceဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင်Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။Bride Wars (2009) ကသက်သေပါပဲ။တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီးမင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် "အမ်မာ နဲ့ လစ်ဗ်" ဆိုပြီးရှိတယ်။နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာမင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်းနှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကတိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု)လစ်ဗ်အဖြစ် မင်းသမီး Kate Hudsonဒန်နီယယ်အဖြစ် မင်းသား Steve Howeyဖလက်ချ်ဂျာအဖြစ် မင်းသား Chris ...
movie
Bride Wars (2009)
2009
6.5
Morning Glory (2010)
Morning Glory (2010)~ IMDb - 6.5/10, Rotten Tomatoes - 55% ~မနက်ခင်း အစောကြီး ရုပ်သံအစီအစဉ်တွေ ရုပ်မြင်သံကြားကနေ တင်ဆက်ပေးတာကို ကျွန်တော်တို့တတွေ ရင်းနှီးကြမယ်တော့ မထင်ပါဘူး။ မနက်ခင်း ၄ နာရီ ၅ နာရီလောက်မှာ တိုက်ရိုက်တင်ဆက်ကြတဲ့ အစီအစဉ်တွေပါ။ ကျွန်တော်ငယ်ငယ်ကတော့ ၇ နာရီလောက်မှာ အဖေဖွင့်ထားတဲ့ ရေဒီယိုကနေ ပြည်တွင်းပြည်ပ အသံလွှင့်အစီအစဉ်တွေ မရိုးတမ်း နားထောင်ခဲ့ရပါတယ်။ အခုလည်း ဒီလိုပါပဲ။ အန်ကယ်ဆမ်တို့ တိုင်းပြည်က ရုပ်မြင်သံကြား မနက်ခင်း အစီအစဉ်တွေပေါ့။ ကဏ္ဍစုံပါဝင်တာမလို့ သာမန်ပြည်သူ၊ စီးပွားရေးသမားကစလို့ ဝန်ထမ်း၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ စောင့်ကြည့်ရတဲ့ အစီအစဉ်တွေပါပဲ။မနက်ခင်းအစီအစဉ် ထုတ်လုပ်တင်ဆက်တဲ့ ဘက်ကီ ဖူလာ ဆိုတဲ့ တက်ကြွတဲ့ ထုတ်လုပ်ရေးမှူးတစ်ယောက်ဟာ ကံမကောင်းစွာနဲ့ "မင်္ဂလာမနက်ခင်းပါ နယူးဂျာဆီ" အစီအစဉ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ...
movie
Morning Glory (2010)
2022