Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John O'Brien
5.8
Enough (2002)
Enough (2002)===========ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲ မစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာ လက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာ မျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေး အချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Enough (2002)
6.2
Scrooge: A Christmas Carol(2022)
ခရစ်စမတ်နဲ့ပတ်သတ်တဲ့ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားနာမည်ကိုရင်းနှီးနေတဲ့လူတွေလည်းရှိမှာပါ။ ဟိုးငယ်ငယ်လေးတုန်းကလည်း စကရုချ်နဲ့ပတ်သတ်တဲ့ဇာတ်ကားလေးတွေ ထွက်ခဲ့ပါတယ်။ ဒါလေးကတော့ 2022 မှထွက်လာတဲ့ကားသစ်လေးပါ။ ခရစ်စမတ်ဆိုတာကို စက်ဆုပ်ရွံရှာမုန်းတီးပြီး ပျော်ပွဲရွှင်ပွဲတွေကိုလည်းကြည့်မရတဲ့ လူ့ဂွစာကြီးတစ်ယောက် "အက်ဘီနီဇာစကရုချ်".. အကြင်နာတရားခေါင်းပါးပြီး လောဘကြီးတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ခရစ်စမတ်မရောက်ခင် မနက်ခင်းမှာ စကရုချ်ဆီ ၔည့်သည် ၃ ယောက်ရောက်လာခဲ့ပါတယ်။ ထိုၔည့်သည် ၃ ယောက်ဟာ စကရုချ်ရဲ့ဘဝကြီးကို ဘယ်လိုအပြောင်းအလဲဖြစ်သွားစေမယ်ဆိုတာကတော့...File size…(2.4GB) / (`1.29B) / (698MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre... Animation / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Scrooge: A Christmas Carol(2022)
4.1
Cheaper by the Dozen (2022)
Cheaper by the Dozen (2022)Walt Disney Pictures ကနေထုတ်လုပ်တဲ့ မိသားစုဟာသ ကားသစ်လေးထွက်လာပါပြီ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေ casts ပေါင်းများစွာသုံးပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာဇာတ်ညွှန်းရေးဆရာမ Gail Lerner ရဲ့ ကားသစ်လေး~ "Cheaper by the Dozen"... ကလေးရောလူကြီးရော ကြည့်နိုင်တဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် ဒီကားသစ်လေးကို အရင် ၁၉၅၀ နဲ့ ၂၀၀၃ ကထွက်ခဲ့တဲ့ နာမည်တူ ကားဟောင်းကြီးတွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ် အရင်ကားတွေနဲ့မတူဘဲ ခေတ်အလိုက်ပြောင်းလဲသွားတဲ့သဘာဝတွေကိုမြင်တွေ့ရမှာဖြစ်ပြီး တကယ့်လူနေမှုဘဝကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ် လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် လူတိုင်းနီးပါး ကိုယ့်အိပ်မက်ကို တစ်နေ့မှာ ဖြစ်လာအောင် အကောင်အထည်ဖော်ချင်ကြမှာပါပဲ ဒီကားလေးမှာလည်း မိသားစုဝင်တွေအကုန် ကိုယ်စီအိပ်မက်ရှိကြပြီး ကိုယ့်အိပ်မက်အတွက် ရေကုန်ရေခမ်းကြိုးစားကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်တွေးထားတဲ့ အိပ်မက်က ကိုယ်တွေနဲ့ မကိုက်တဲ့ အရာတစ်ခု/ ဖြစ်လာတာတောင် မပျော်ရွှင်ရတဲ့ အရာတစ်ခုဖြစ်လာတတ်ပါတယ် ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေနဲ့ တိုင်ပင်ပြီး စည်းလုံးမှုကိုပြထားတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့Paul Baker (Zach Braff) နဲ့ Kate ...
movie
Cheaper by the Dozen (2022)
2022