Channel Myanmar

John Newberg

Dreamer: Inspired By a True Story (2005) 6.8
Dreamer: Inspired By a True Story (2005) ဒီဇာတ်လမ်းမှာ ပြိုင်မြင်းလေ့ကျင့်ရေးသမားဖြစ်တဲ့ Benက အလုပ်များတာကြောင့် သူ့သမီးလေး Cale ကို လျစ်လျူရှုပြီး နေရင်းက အလုပ်မှာ ခြေထောက်ကျိုးသွားတဲ့ပြိုင်မြင်းမလေးတစ်ကောင်ဖြစ်တဲ့ Sonador ကိုကယ်ရင်း အလုပ်ပြုတ်သွားခဲ့တယ်။Cale လေးက Sonador ကိုချစ်ပြီး Ben နဲ့အတူ အိမ်မှာ Sonador ခြေထောက်သက်သာအောင်ကူညီရင်းက သားအဖနှစ်ယောက် ပြန်လည်စည်းလုံးလာပြီး နွေးထွေးတဲ့ မိသားစုတစ်ခုပြန်လည်ရရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်နေတဲ့ Ben တို့မိသားစု ငွေကြေးအတွက် Sonador မြင်းမလေးနဲ့ ပြိုင်မြင်းလောင်း​ကြေးလောကမှာ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ နွေးထွေးတဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ကလေးမလေး Cale ရဲ့ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုရှိတဲ့ အတုယူစရာစိတ်ဓာတ်နဲ့ သတ္တိကို ရင်ထဲနွေးထွေးပြီး​ အနှစ်သာရအပြည့်နဲ့ ကြည့်ရှုရမဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p ...
movie

Dreamer: Inspired By a True Story (2005)

Civil War (2024)
Civil War (2024) A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် ...
movie

Civil War (2024)

4K HEVC
Landscape with Invisible Hand (2023) 6.1
Landscape with Invisible Hand (2023)   လူသားတွေရဲ့ ကမ္ဘာကြီးဟာ လောဘမောဟဒေါသတွေနဲ့ တဖြည်းဖြည်းပျက်စီးလာနေပါပြီ။စီးပွားရေးတွေဆုတ်ယုတ်နေသလို နည်းပညာတွေကလဲမတိုးတက်တော့ပါဘူး။အဲ့ဒီအချိန်မှာ ကမ္ဘာဂြိုလ်ပေါ်ကို ဗက်လို့ခေါ်တဲ့ဂြိုလ်သားတွေရောက်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ လူတွေရဲ့ထုံးစံအတိုင်းငြင်းဆိုခဲ့ကြပေမဲ့ အကွက်မြင်တတ်ကြတဲ့စီးပွားရေးသမားတွေကဗက်တွေရဲ့နည်းပညာ မြင့်မားမှုတွေကိုမြင်ပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကမ္ဘာကြီးက တကယ်နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ အလယ်ကနေဟက်တက်ကွဲသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နဲ့အောက်နဲ့ကွဲသွားခဲ့တာဖြစ်ပါတယ်။လေပေါ်လွင့်မြောနေတဲ့ကမ္ဘာကြီးရဲ့အပေါ်မှာ နေရတဲ့လူတွေကချမ်းသာတဲ့လူတွေ ဂြိုလ်သားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး မြေကြီးပေါ်မှာနေရတဲ့လူတွေကတော့ဆင်းရဲပြီးကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။အက်ဒမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကနိမ့်ကျတဲ့ မြေကြီးပေါ်ကမ္ဘာမှာနေနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ တခြားသူတွေထက်သာတဲ့အရာက သူတို့မိသားစုမှာ နေစရာအိမ်တစ်လုံးရှိနေတာပါပဲ။တစ်နေ့မှာတော့ အက်ဒမ်ကကျောင်းမှာ ကလိုဝီဆိုတဲ့အိမ်ခြေရာမဲ့ ကောင်မလေးနဲ့တွေ့ပြီးစိတ်ကောင်းရှိသူကြီးပီပီ ကောင်မလေးရဲ့တစ်မိသားစုလုံးကိုအိမ်ပေါ်ခေါ်တင်ထားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာသူတို့တွေနဲ့ဂြိုလ်သားတွေကြားမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဘယ်လိုအဆင့်အတန်းခွဲခြားမှုတွေရှိလဲ ဆိုတာကိုကြည့်ရင်းနဲ့ ကိုယ်တွေကမ္ဘာကိုဂြိုလ်သားတွေလာသိမ်းပိုက်လာရင်ဘယ်လိုတွေဖြစ်လောက်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့စိတ်ကူးယာဉ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…2.77GB / 861MB Quality… AMZN.WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Landscape with Invisible Hand (2023)

The Blind Side (2009) 7.7
The Blind Side (2009) The Blind Side (2009)IMDb Rating (7.7) / Rotten Tomatoes (66%)မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့်အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့်မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:08:33 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by HaDes
movie

The Blind Side (2009)

2009
1080p HEVC
[18+]Addicted(2014) 6.7
[18+]Addicted(2014) [18+]Addicted(2014)*******************ဇိုဝီရဲ့ဘဝမှာ အများအမြင်မှာတော့ တကယ့်ကို ပြီးပြည့်စုံနေလွန်းလှပါတယ်။ကိုယ်တိုင်က အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင်ဖြစ်သလို ဗိသုကာပညာရှင် ခင်ပွန်းဖြစ်သူနဲ့ကလည်း သိပ်ကိုချစ်ကြတဲ့ ငယ်လင်ငယ်မယားတွေပါ။ ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ဒါပေမဲ့ ဇိုဝီ့မှာ sex ကို စွဲလန်းလွန်းနေတဲ့စိတ်ရောဂါရှိနေပြီး ခင်ပွန်းဖြစ်သူနဲ့တင် သူ့လိုအင်ဆန္ဒတွေ မပြည့်ဝဘဲအပြင်မှာ အပျော်ရှာမိရာက သူ့မိသားစုဘဝကိုပါ ထိခိုက်လာတဲ့အခါမှာတော့…သူ့ရဲ့ dark side ကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာ…မိသားစုနဲ့အတူမကြည့်သင့်သောအခန်းများပါဝင်ပါကြောင်း သတိပေးပါရစေ.. File Size :(2GB)(743MB) and (170 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:46:00 Genre : Drama, Romance,Adult, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by DS Encoded by SD
movie

[18+]Addicted(2014)

InstaPsycho 2020 4.4
InstaPsycho 2020 ဒီဇာတ်ကားလေးကတော့ ဆယ်ကျော်သက်လူငယ်တွေကြားမှာ ရှိတဲ့ မနာလိုပြိုင်ဆိုင်မှုတွေကနေ ပေါက်ဖွားလာတဲ့ အမုန်းတရားတွေအကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးပေါ့ မိဘမဲ့ကလေး ကယ်လီတစ်ယောက် မက်ဒီနဲ့ အေဗာတို့ရှိတဲ့ မြို့ကိုပြောင်းလာပြီးနောက် ကျောင်းတူတူတက်ရင်း သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ် အရာရာကိုသိမ်ငယ်စိတ်နဲ့နေနေတဲ့ ကယ်လီတစ်ယောက် မက်ဒီရဲ့သူငယ်ချင်းဟောင်း ဆာရှာနဲ့တွေ့တဲ့အခါမှာတော့ မနာလိုစိတ်တွေက ပုန်ကန်ထကြွလာခဲ့ပါတယ် ကယ်လီတစ်ယောက် ဆာရှာကို ဆန့်ကျင်ဖို့ အမျိုးမျိူးနည်းနဲ့ကြိုးစားရုံသာမကဘဲ မက်ဒီနဲ့ အေဗာကိုပါ သူနဲ့အတူဆန့်ကျင်ဖို့ သိမ်းသွင်းပါတော့တယ် အဲ့လိုနဲ့ သူငယ်ချင်းသုံးယောက် စိတ်တိုင်းကျ အမွှေစိန်လုပ်ရင်းကနေ မထင်မှတ်ကိစ္စလေးတွေကြောင့် အေဗာတစ်ယောက်သေခဲ့ရပါတော့တယ် အဲ့ကနေတစ်ဆင့် ကယ်လီ တစ်ယောက် ဘာတွေဆက်လုပ်မလဲ အေဗာကရေယ ဘာလို့သေသွားတာလဲ အဆုံးသတ်ကရောဘယ်လိုဖြစ်မလဲဆိုတာ ဒီဆယ်ကျော်သက် ကောင်မလေးသုံးယောက်ရဲ့ဇာတ်လမ်းထဲမှာ ရှုစားလိုက်ကြပါဦး   File Size : 600 Gb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr30 min Genre :Thriller  Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

InstaPsycho 2020

I See You (2019) 6.5
I See You (2019) (Unicode)2019 ထွက် Thriller ဇာတ်ကားဖြစ်ပြီး Gore တွေ သွေးသံတရဲရဲတွေမပါဝင်ပေမယ့် R rated ဖြစ်ပါတယ်..အိမ်ထောင်ရေးဖောက်ပြန်ထားမိတဲ့ အမေဖြစ်သူဂျက်ကီကို သားဖြစ်သူကော်နာက အရမ်းစိတ်နာနေတာကနေ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်...ရဲအရာရှိခင်ပွန်းဖြစ်သူနဲ့လည်း အိမ်ထောင်ရေးလည်းအဆင်မပြေတော့ပဲ မိသားစုတစ်စုလုံး စိတ်ဆင်းရဲနေကြရပါတယ်...အဲ့အချိန်မှာပဲ သူတို့မြို့နယ်မှာ ဆယ်နှစ်ဝန်းကျင်ကလေးတွေဆက်တိုင်ပျောက်နေပါတယ်...အဲ့ဒါနဲ့ အဲ့အမှုကို ခင်ပွန်းဖြစ်သူက ဦးဆောင်စုံစမ်းရမယ့်တာဝန်ကျလာပါတော့တယ်...အဲ့အချိန်ကစလို့ သူတို့အိမ်မှာ ထူးဆန်းတာတွေဆက်တိုက်ကြုံလာရပါတော့တယ်...ကလေးပြန်ပေးဆွဲသမားက ဘယ်သူဖြစ်မလဲသမားရိုးကျအမှုမှဟုတ်ရဲ့လားဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ...IMDB 6.5/10 ရရှိထားပါတယ်(ရှပ်ရှင်အညွှန်း နဲ့ ဘာသာပြန်သူကတော့ May Myat Thu ပါ)  File Size : (800 MB) and (400 MB) Quality : AMZN WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre : Crime, ...
movie

I See You (2019)

2019