Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Malkovich
4.5
White Elephant (2022)
White Elephant(2022) အသစ်ထွက်လာတဲ့ Action, Thriller ကားသစ်လေးပါ။ အညွှန်းဘာညာ ဘာမှ မပြောခင်မှာ တစ်ခုပြောချင်တာက poster မှာ Bruce Willis ပါပေမဲ့ ဒီကားမှာတော့ သူက main role က ပါတာမဟုတ်ပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...တာဝန်ကျနေတဲ့ ရဲ နှစ်ယောက်က ဂိုဏ်းတခုကို စောင့်ကြည့်နေရာကနေ လုပ်ကြံမှုတခုကို တွေ့လိုက်ရတယ်။ဒါကို သိတော့ လူရှေ့မှာ မြေသူဌေးအယောင်ဆောင်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ့လက်သား Gabe ကို ဒီမျက်မြင်သက်သေ ရဲ နှစ်ယောက်ကို သတ်ခိုင်းပါတယ်။ ဒီကနေ စလိုက်တဲ့ပြစ်မှုတွေ ပြဿနာအဆက်လိုက်တွေက တဖြည်းဖြည်းပိုကြီးလာပါလေရော။ဒီပြဿနာမှာ ကြားဝင်ပါနေသူကတော့ မရိန်းတပ်သားဟောင်းပါ။ အရှုပ်အရှင်းတွေကြား သူ့ရဲ့ မရိန်းတပ်သားဟောင်းဆိုတဲ့ ဂုဏ်နဲ့ပါ ရင်းလာရတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 1.3GB, 547MB & 283MB Quality : 1080p ...
movie
White Elephant (2022)
2022
7.1
Alive (1993)
Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီစ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie
Alive (1993)
1993
5.0
Shattered (2022)
Shattered (2022) ဇာတ်လမ်းအညွှန်း*****************************Thriller pyscho 18+ rated ရုပ်ရှင်အမျိုးအစားလေးပါ။ခရစ်စတိုဖာ ဒက်ကာဆိုတဲ့ အင်မတန်ချမ်းသာတဲ့ အမျိုးသားဟာ ငယ်ဘဝရဲ့ စိတ်ထိခိုက်မှုတွေကြောင့် လူတွေကို မနှစ်မြို့တာနဲ့ သူ့အိမ်ကို တစ်ခါမှ ဧည့်သည်လည်း အဝင်မခံသလို အပြင်ထွက်ရင်လည်း လူနည်းတဲ့ ညနက်တဲ့အချိန်မှ ထွက်တာများတယ်။သူက သမီးလေးတစ်ဦးနဲ့ အမျိုးသမီးနဲ့ ကွာရှင်းဖို့လုပ်နေတဲ့ ငယ်ရွယ် ချမ်းသာတဲ့ သူတစ်ဦးပေါ့။ တစ်နေ့ စကိုင်းဆိုတဲ့ အမျိုးသမီးလေးတစ်ဦးနဲ့တွေ့ပြီး ချစ်ကြိုက်မိခဲ့တယ်။၁၈ယောက်နဲ့အထက် ကြည့်ရမယ့် ချစ်တင်းနှောအခန်းတွေလည်းပါပါတယ်။ဓါးပြတိုက်ခံရမလိုဖြစ်ပြီး ခြေထောက်ကျိုးတဲ့အခါ အဲ့အမျိုးသမီးကို ယုံကြည်ပြီး အိမ်က လျှို့ဝှက်နံပါတ်တွေအကုန်ပေးခဲ့တယ်။ခက်တာက အဲ့အမျိုးသမီးက ရိုးရိုးသားသား သူ့ဆီ ချဉ်းကပ်ခဲ့တာမဟုတ်ဘူး။ တစ်ခန်းပြီးတစ်ခန်း ထိတ်တလန့်လန့်နဲ့ ဘာဆက်ဖြစ်မလဲ သိချင်ရင်တော့ ဇာတ်ကားလေးကို အဆုံးထိကြည့်လိုက်ပါနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size : (1.4GB), (397MB) ...
movie
Shattered (2022)
7.7
Changeling (2008)
Changeling (2008) ~ IMDb - 7.7/10, RT - 62%, Meta - 63% ~အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားဟာ ဒါရိုက်တာ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန...မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ...ဒုစရိုက်မှုတွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်...Single Mother တစ်ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ.....သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ...
movie
Changeling (2008)
2008
7
Shadow of the Vampire (2000)
2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ ထူးခြားမှုတွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်ကြည့်ရှုတဲ့ပရိသတ်တွေအတွက် မတူညီတဲ့ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပြီး အသစ်အဆန်းကိုတောင့်တနေတဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်Cast တွေအနေနဲ့လည်း မခေလှတဲ့သူတွေချည်းပါပဲ Tobey Maguire Spider-Man မှာ Green Goblin အနေနဲ့ ပါ၀င်ခဲ့တဲ့ Willem Dafoe....\action ကားတော်တော်များများမှာ တွေ့မြင်နေကြဖြစ်တဲ့ John Malkovich...ရုပ်ရှင်ချစ်သူတွေနဲ့ မျက်နှာမစိမ်းလှတဲ့ဂျာမန်သရုပ်ဆောင် Udo Kier အစရှိသဖြင့် ဝါရင့်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးပါဒီဇာတ်ကားဟာ ဂျာမန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ F.W Murnau က နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းNosferatu ကို ရိုက်ကူးဖန်တီးဖြစ်ခဲ့ပုံကို စိတ်ကူးယဉ်ဆန်ဆန် တစ်ဖန်ပြန်လည်ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပါတယ်ဇာတ်လမ်းအရဆိုရင်တော့ Nosferatu ကို ဖန်တီးဖြစ်ခဲ့ပုံဟာ ထိုခေတ်ထိုအခါက Bram Stoker ရဲ့ နာမည်ကြီး story ဖြစ်တဲ့Dracula ကို မူပိုင်ခွင့် ...
movie
Shadow of the Vampire (2000)
7.7
Empire of the Sun (1987)
စတီဗင် စပီးဘက်ရဲ့ Epic war dram ရုပ်ရှင်တစ်ခု တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်မှာ ဒါရိုက်တာက အသက် 13 နှစ်အရွယ် မင်းသား ခရစ်ရှန်ဘေးကို အယောက် ၄၀၀၀ လောက် ဝင်အရွေးခံတဲ့အထဲကမှ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ ဂျေမီဆိုတဲ့ ဗြိတိန်လူမျိုး ကောင်ကလေးပါပဲ။ သူက သူ့မိဘနှစ်ယောက်နဲ့အတူ ရှန်ဟိုင်းမှာ မွေးကတည်းက နေခဲ့တာပါ။ တကယ်တော့ တရုတ်နဲ့ ဂျပန် စစ်မကြေညာဘဲ စစ်ဖြစ်နေတာ လေးနှစ်လောက်ကြာနေပါပြီ။ ဒါပေမဲ့ နိုင်ငံတကာ သံတမန်လုံခြုံရေးအရ ရှန်ဟိုင်းမှာ အေးအေးလူလူ နေထိုင်နေကြတဲ့ အနောက်တိုင်းသားတွေ အများကြီးပါပဲ။ သူတို့အေးအေးလူလူ နေနိုင်တဲ့အချိန်တွေ ကုန်တော့မှာကို မသိကြသေးပါဘူး။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးမကျဲခင်အထိပေါ့လေ။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ ဂျပန်တွေ ရှန်ဟိုင်းကိုဝင်လာချိန်မှာမှာ ဗြိတိန်သားတွေအလုအယက် ထွက်ပြေးကြရပါတော့တယ်။ ထွက်ပြေးကြတဲ့အချိန်မှာမှ ဂျေမီလေးက တစ်ယောက်တည်း မိဘတွေနဲ့ ကွဲပြီးကျန်နေခဲ့တာပေါ့။ ဂျေမီလေးက လေယာဉ်တွေကို အရမ်းစိတ်ဝင်စားပြီး ဂျပန်တွေကိုလည်း သတ္တိရှိတယ် လေယာဉ်တွေပိုကောင်းတယ်ဆိုပြီး လေးစားတဲ့စိတ်ရှိပါတယ်။ ကလေးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့အတွေးပေါ့။ ဒါပေမဲ့ ဘေစီဆိုတဲ့ အမေရိကန်တစ်ယောက်နဲ့အတူ ဂျပန်ချွေးတပ်စခန်းမှာ နှစ်အတော်ကြာနေလိုက်ရတဲ့အခါမှာတော့ ဂျေမီ တစ်ဖြည်းဖြည်းပြောင်းလဲလာရတာကို စစ်သမိုင်းနောက်ခံနဲ့ လှလှပပ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ သေသွားတဲ့သူရဲ့ ဖိနပ်တွေကို မချွတ်ဖို့အတင်းတားခဲ့ဖူးတဲ့ ကောင်လေး အဖြစ်ကနေ သူသေသွားရင် သူ့ဖိနပ် ကျွန်တော့်ကိုပေးနော်ဆိုတဲ့ ကောင်လေးဖြစ်လာတဲ့ဂျေမီ။ ...
movie
Empire of the Sun (1987)
6.4
The Messenger: The Story of Joan of Arc (1999)
The Messenger: The Story of Joan of Arc (1999)ဒီကားလေးဟာ ပြင်သစ်တော်လှန်ရေးကားလို့ပြောလို့ရသလို ဘာသာရေးအစွန်းရောက်သူတွေ အစွန်းရောက်မှုတွေကို ပြသတဲ့ကားလို့လဲ ပြောလို့ရပါလိမ့်မယ်။နန်းတွင်းကား၊ ရှေးခေတ်စစ်ကားတို့ရဲ့ ထုံးစံအတိုင်း တိုက်ပွဲတွေကို ကြည့်ရမှာဖြစ်သလို ပိုပြီးထူးဆန်းတာက ဒါဟာ သမိုင်းဝင်ဖြစ်ရပ်ကို အခြေပြုပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မင်းသမီးဂျန်းဟာ ဘုရားသခင်ရဲ့ တမန်တော်လို့ဆိုပြီး ပြင်သစ်အတွက် အင်္ဂလန်ကနေ လွတ်လပ်ရေး တိုက်ပွဲတွေ အနိုင်ဆောင်ကျဉ်းပေးခဲ့သူဖြစ်ပါတယ်။ သူဟာ တကယ်ပဲ ဘုရားသခင်ရဲ့ တမန်တော်လား၊ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်လို့ပဲလား၊ ဒါမှမဟုတ် ကံကောင်းလို့ပဲ တိုက်ပွဲတွေနိုင်ခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှ အသေအချာမသိခဲ့ကြပါဘူး။ ဒါပေမယ့်လည်း တိုက်ပွဲတွေကြားထဲ သစ္စာဖောက်မှုတွေ၊ ဘာသာရေးအစွန်းရောက်မှုတွေ လွှမ်းမိုးလာတဲ့အချိန်မှာတော့ ဘုရားသခင်ရဲ့ တမန်တော်၊ သူတော်စင်ဂျန်းဟာလည်း လူတွေရဲ့ ဓါးစာခံဖြစ်သွားရရှာပါတယ်။မင်းသမီး Milla Jovovich ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားဟာ စိတ်လှုပ်ရှားစရာအပြည့်နဲ့ အပီအပြင်ခံစားလို့ရမယ့်ကားလေးဖြစ်တာမို့ အားပေးကြည့်ရှုလိုက်ကြပါဦး...(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ...
movie
The Messenger: The Story of Joan of Arc (1999)
1999
6.8
Extremely Wicked, Shockingly Evil and Vile
အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . .(သို့မဟုတ်)Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . ._________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ ...
movie
Extremely Wicked, Shockingly Evil and Vile
2019
3.5
Rogue Hostage (2021)
ခုတစ်ခါမှာတော့ 11 ရက်နေ့ကမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ Action Thriller အမျိုးအစားဖြစ်တဲ့Rogue Hostage ကို တင်ဆက်ပေးပါရစေမင်းသားကတော့ Fast&Furious ပရိသတ်တွေတော့ မှတ်မိမယ်ထင်ပါတယ် ဟုတ်ပါတယ် သူကတော့ မင်းသားTyrese Gibson ပဲဖြစ်ပါတယ် သူဟာ ဒီကားမှာတော့ ကိုင်ဆိုတဲ့ ဇာတ်ကောင်ကို ရိုက်ကူးပုံဖော်သွားပါဇာတ်လမ်းအကျဥ်းပြောပြရမယ်ဆိုရင်တော့ စစ်ဆင်ရေးတစ်ခုကို အစပြုရမှာပါမရိန်းတပ်သားတစ်ဦးဖြစ်တဲ့ ကိုင်ဟာ ကံအကြောင်းမလှစွာနဲ့ အဆိုပါစစ်ဆင်ရေးမှာ သူ့ရဲ့ရဲဘော်ရဲဖက်ကို ဆုံးရှုံးလိုက်ရပါတယ် ကိုယ့်ရဲ့ပါတနာရဲဘော်တစ်ယောက် ဆိုးဆိုးရွားရွားသေဆုံးတာကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရခြင်းဟာ ကိုင်ကိုအလွန်သွေးပျက်ပြီး စိတ်ခြောက်ခြားဖြစ်စေခဲ့ပါတယ် ကိုယ်နဲ့သေမတူရှင်မကွာ သွေးသောက်ညီအစ်ကိုလို အမြဲတာဝန်ထမ်းဆောင်နေရတဲ့ပါတနာကို ဆုံးရှုံးလိုက်ရတာ ခံစားချက်က အလွန်ဝမ်းနည်းစရာကောင်းလှပါတယ် အဲ့ဒီဆုံးရှုံးမှုကို မျက်မြင်တွေ့လိုက်ရတဲ့ ကိုင်အဖို့ ရူးမတတ်ခံစားရမှာပါ အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာလည်း ကိုင်ဟာသွေးထွက်သံယိုတွေ သေနတ်ပစ်သံတွေကို Trauma တစ်ခုလို ဆက်ပြီးခံစားခဲ့ရပါတယ်အဲ့လိုနဲ့ ကိုင်တစ်ယောက် မရိန်းတပ်ကနှုတ်ထွက်ပြီး ခိုနားရာအိမ်ပြန်လာတဲ့အခါမှာလည်းကံကြမ္မာက ...
movie
Rogue Hostage (2021)
2021
5.4
Ava (2020)
အက်ရှင်ကားကြိုက်တဲ့သူတွေအတွက် အက်ရှင်ကားသစ်လေးတင်ပေးလိုက်ပြီနော်။IMDb 5.5/10 ရထားပြီးဇာတ်ကားအမျိုးအစားကတော့ Action/ Dramaဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း မင်းသမီးကစပိုင်တစ်ယောက်ဖြစ်ပြီးခက်ခဲနက်နဲတဲ့တာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့် တော်လွန်းတဲ့သူမကို အဖွဲ့ကပင်ပြန်ကြောက်လာတဲ့အတွက်နောက်ဆုံးတစ်ဖွဲ့လုံးရဲ့ပစ်မှတ်ပြန်ဖြစ်လာခဲ့ပါတယ်။အဲ့တာကိုသိသွားတဲ့မင်းသမီးကလည်းဘယ်လိုလက်တုံ့ပြန်မလဲဆိုတာကိုတော့ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ File Size : ( 906 MB , 330 MB) Quality : WEB Rip 720p Running Time : 1 hr 36 min Format : Mp4 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Knox Knox Encoded by Moe Myint Lwin
movie
Ava (2020)
Arkansas (2020)
Lionsgateကဖြန့်ချီလိုက်ပြီး Liam Hemsworthပါဝင်ထားတဲ့အသစ်စက်စက်ဇာတ်ကားတစ်ကားပါ။ကိုင်ဟာ ဖားလို့ခေါ်တဲ့လူတစ်ယောက်ရဲ့လက်အောက်မှာကိုကင်းတွေဖြန့်ပေးတဲ့သူတစ်ယောက်ပါ။နောက်တော့အချီကြီးလုပ်ရမယ်ဆိုလို့ Arkansasပြည်နယ်ကိုပြောင်းသွားပြီးဆွင်းဆိုတဲ့သူနဲ့အတူ ဘရိုက်ရဲ့ပန်းခြံထဲမှာနေပြီးကိုကင်းဖြန့်တာပေါ့။သူတို့အားလုံးရဲ့အထက်ကဘော့စ်ကတော့ ဖားဖြစ်ပေမယ့်ကိုင်ရောဆွင်းရောက ဖားကိုဘယ်သူမှန်းလည်းမသိ၊မြင်လည်းမမြင်ဖူးပါဘူး။နောက်တော့ ဘရိုက်ကသူများသတ်တာခံရတဲ့အခါသူတို့အကျပ်ရိုက်သွားပါတယ်။ထွက်ပြေးရင်လည်းသူတို့သတ်တယ်ထင်ပြီး ဖားကလိုက်သတ်မယ်၊အမှန်အတိုင်းပြောရအောင်လည်း ဖားကဘယ်သူမှန်းမသိနဲ့ တိုင်ပတ်ရင်းဘရိုက်သေဆုံးမှုကိုဖုံးကွယ်ကာ ရေလိုက်ငါးလိုက်ဆက်လုပ်နေလိုက်ပါတယ်။သူတို့ဆီကို တစ်ယောက်ယောက်လိုက်လာတော့မယ်ဆိုတာကိုသိနေရင်းနဲ့ပေါ့....ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 404 MB) Quality : BluRay 720p Running Time : 1 hr 59 min Format : Mp4 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Arkansas (2020)
6.9
Con Air(1997)
Con Air(1997)အညွှန်း*******************Blu-Ray 1080p5.1ch, 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....(unicode)နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ... ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့... ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ် နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေ ပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ....ရသအပြည့်အ၀ခံစားရအောင် BLU-RAY 1080P5.1CH နဲ့ အပြည့်အစုံပြန်လည်တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ဒီဇာတ်လမ်လေးကတော့ မင်းသားကြီးနီကိုးလတ်စ်ကေ့စ်ချ်ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် သူ့ခေတ်သူ့အခါမှာတော်တော်အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ် ဇာတ်ကားအကြောင်းကတော့.. စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ် ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့ သူ့အိမ်ပြန်ခရီးလေးဘယ်လိုဖြစ်သွားမလဲ အခက်အခဲတွေအများကြီးနဲ့ကိုဖြတ်ကျော်ပြီးအိမ်ပြန်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ် ရှေ့တန်းပြန်ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပါကွက်ကွက်ကွင်းကွင်းနဲ့တင်ပြထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်.... (zawgyi)နီကိုးလတ်စ်ကေ့စ်ခ်ျ ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ခ်ျ)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ ...
movie
Con Air(1997)
1997
6.0
Velvet Buzzsaw(2019)
Velvet Buzzsaw(2019) IMDb....6.0,,Rotten....66% ဒီသရဲကားကတော့ ထူးထူးခြားခြား ပန်းချီကားနဲ့ ဇာတ်အိမ်တည်ထားတယ်....တခြား horror တွေလို Jump Scare တွေနဲ့ ထိတ်လန့်အောင်လုပ်တဲ့ကားမျိုးတော့မဟုတ်ဘူး...သို့ပေမယ့်ပန်းချီကားတစ်ချပ်ရဲ့ ဖြစ်တည်ပုံကို ပရိတ်သတ်ကို အသေအချာလေးချပြပြီးမှထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ တစ်ဆက်ထဲပြသွားတာမို့ကြည့်ရှုတဲ့သူက တစ်စိမ်စိမ့် စိတ်လှုပ်ရှားပြီး ထိပ်လန့်မိတာမျိုး .....ကြောက်ကလည်းကြောက် ဘာဆက်ဖြစ်ဦးမလဲဆိုတဲ့ စူးစမ်းချင်စိတ်ကလည်းထိန်းမရဆိုတဲ့ ဇတ်ကားမျိုးလို့ဆိုရင်လည်းမမှားပါဘူး..ဒီကားထဲက အဓိကမင်းသားဖြစ်တဲ့ Jake Gyllenhaal ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်...သူကတော့ ပန်းချီလောကမှာဆို သိပ်ကိုအောင်မြင်တဲ့ Reviewer တစ်ယောက်ပါ..သူညွှန်းဆိုတဲ့ပန်းချီကားဟေ့ဆိုရင် အရမ်းကိုအောင်မြင်ဖို့ရာနှုန်းပြည့်ပါပဲ...ဒါပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ဘဝကို ဆန်းပြားလွန်းတဲ့ ပန်းချီကားတစ်ချပ်ရောက်လာချိန်မှာတော့...ကိုင်း horror ကားကြိုက်တဲ့ပရိတ်သတ်တို့ရေ...ပန်းချီကားက ဘယ်လိုပန်းချီကားမို့လဲ...ဘယ်လိုကံကြမ္မာဆိုးတွေနဲ့အတူ ပန်းချီကားနဲ့ ပါလာမလဲ...ဘယ်လောက် လူတွေအသက်ဆုံးရှုံးကြရလဲ...ကိုင်းခံစားကြည့်လိုက်ဦးဗျို့......တစ်ခုပြောချင်တာက ကားသစ်ထဲက horror ကားကောင်းတစ်ကားပေါ်ထွက်လာတယ်လို့ပြောရင်လည်း မမှားဘူးထင်တယ်....File Size : (967 MB) and (401 MB) Quality : WEB-DL 720p, Format…mp4 Duration…01:53:00 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Velvet Buzzsaw(2019)
2019
6.2
Beowulf (2007)
သူရဲကောင်းတို့ ခေတ်ကောင်းချိန်...Beowulf လို့ ခေါ်တဲ့ သူရဲကောင်းရဲ့ နာမည် ထွန်းထွန်းတောက်နေချိန်...တစ်ချိန်တည်းမှာပဲ ဘုရင် Hrothgar ရဲ့ တိုင်းပြည်မှာမိစ္ဆာဆိုး တစ်ကောင်မွှေလို့ တစ်တိုင်းပြည်လုံး အစည်းပြေ မီးသေနေတဲ့ အချိန်...ကြံရာမရတဲ့ အဆုံး ဘုရင်ခမျာ Beowulf ကို ရှေ့တော်တင်သွင်းပြီး မိစ္ဆာကို တိုက်ထုတ်ခိုင်းရတော့တယ်...အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ပြီးနောက် ဒီအောင်မြင်မှုဟာဒီ့ထက်ပိုကြီးမားတဲ့ အမျက်ဒေါသနဲ့ လက်စားချေမှုကြီးတစ်ခုဆီကို ဦးတည်သွားတော့တယ်...မိစ္ဆာရဲ့ မိခင်ပါပဲ... ဆွဲဆောင်မှုရှိလွန်းခြင်းရဲ့ နောက်ကွယ်မှတစ်ဆက်တည်းဆိုသလို ပျက်ဆီးခြင်းတရားတွေပါ ပါလာတဲ့ မကောင်းဆိုးဝါးမပေါ့...သူမဟာ Beowulf အတွက် အနိစ္စတရားလေလား...IMDB - 6.2/10, RT - 71% Back to the Future နဲ့ Forrest Gumps တို့ရဲ့ ဒါရိုက်တာဖြစ်ပြီးVisual ရိုက်ချက်တွေကို ကျွမ်းကျင်လွန်းတဲ့ Robert Zemeckis ရဲ့ လက်ရာဖြစ်ပါတယ်။ဒါရိုက်တာတင် နာမည်ကျော်မဟုတ်ပဲ ပါဝင်တဲ့ Cast ...
movie
Beowulf (2007)
2007
6.1
Mile 22 (2018)
ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie
Mile 22 (2018)
2018
6.1
Mile 22 (2018)
ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie
Mile 22 (2018)
2018
7.0
Burn After Reading(2008)
Burn After Reading(2008) IMDb....7 ဒီတစ်ခါ ကျွန်တော်တို့ မိတ်ဆက်ပေးချင်တဲ့ကားကတော့ cast တွေ အရမ်းကြမ်းတဲ့ R rate ရထားတဲ့ Crime Drama ရုပ်ရှင် တစ်ကားပါ။ Castတွေကတော့ ဟောလိဝုဒ်ရဲ့ Legendတွေဖြစ်ခဲ့တဲ့ George Clooney, Brad Pitt နဲ့Tilda Swinton တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့.. CIA အေးဂျင့်ပြုတ် တစ်ယောက်ဟာ အရေးကြီးတဲ့ ပဟေဋ္ဌိဆန်တဲ့ အချက်အလက်တွေပါတဲ့ CD တစ်ချပ်ကို မှတ်တမ်းအနေနနဲ့လုပ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ဒီCDဟာ Georgetwon Gymမှာ ကျန်ခဲ့ပြီး အလုပ်သမား နှစ်ယောက် လက်ထဲရောက်သွားခဲ့ပါတယ်။ အဲ့ဒီ အလုပ်သမား ၂ယောက်ကတော့ Lindaလို့ ခေါ်တဲ့ အလှပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်ဖို့ ငွေလိုနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ Chad ဆိုတဲ့ လူအတစ်ယောက်ဖြစ်ပြီး ဒီ CDကို ရောင်းဖို့ ကြိုးစားတဲ့အခါမှာတော့..... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသတစ်ပိုင်း ရင်ဖိုစရာတစ်ပိုင်းနဲ့ ခံစားရမဲ့ Imdb rating 7 တိတိရထားတဲ့ မှုခင်း ဒရာမာ ကားကောင်းတစ်ခုပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pinky ပဲဖြစ်ပါတယ်... File Size : (900 MB) and (356 MB) Quality : ...
movie
Burn After Reading(2008)
2008
7.3
Rounders(1998)
Rounders(1998)IMDB...7.3,,,Rotten...65%Rounders ( ကျားများ) ကျား ။ ။ ကံတိုက်ကစားတဲ့ ဖဲသမား မဟုတ်ပဲ ဖဲလိမ်ရိုက်သူ ဖဲနဲ့ အသက်မွေးသူများကို ကျားဟုခေါ်သည်။Ref..မင်းသိင်္ခ ဆရာသခင်နဲ့ နှစ်ပေါင်းများစွာ ခင်ဗျား ဖဲကစားရတာ စိတ်ဝင်စားလား...။ ကျွန်တော်တော့ မကြာမကြာ ဖဲကစား ဖူးတယ်။Texas Holdem Poker လို့ခေါ်တဲ့ ဆိုတဲ့ ဖဲကစား နည်းလည်း အပါအဝင်ပါပဲ။ ဒီ ကစားနည်းကို ကျွန်တော် ကံ နဲ့ ဆုံးဖြတ်ချက်သက်သက်လို့ ထင်ခဲ့ဖူးပါတယ်... ဒီ ဇာတ်ကားကို မကြည့်မိခင် အထိပေါ့။ ဖဲလိမ်ရိုက်တယ်ဆိုတာထက်လူ့စိတ်ကို ဖတ်တယ် ဆို ပိုမှန်မလားပဲ။ ဒီထဲမှာ Matt Damon ပြောခဲ့သလို ပြောခဲ့သလိုပါပဲ ဖဲချပ်တွေကို ကစားတာ မဟုတ်ပါဘူး လူတွေရဲ့ စိတ်ကို ကစားလိုက်တာပါ။ ဖဲတစ်ချပ်ဝေတိုင်းမှာ ဆုံးဖြတ်မှုတစ်ခု လုပ်ရတယ်။ ဆက်လိုက်မလား အရှုံးပေးလိုက်မလားလောင်းကြေးမြှင့်မလား ...
movie
Rounders(1998)
1998
6.5
The Man in the Iron Mask (1998)
The Man in the Iron Mask (1998)_____IMDb - 6.5/10 သင်သာ စာပေတွေကို နှစ်ခြိုက်တဲ့လူတစ်ယောက်ဆိုရင် Alexder Dumas ရဲ့ The Three Musketeers ကို သိမှာပါ။ ရွှေဥဒေါင်းကလည်း သူရဲကောင်းသုံးယောက် အမည်နဲ့ ဘာသာပြန်ပေးခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းကလည်း Muskteers တွေဖြစ်တဲ့ ရာမီ ပေါသိုး အားသိုး ဒါးတညံ တို့ရဲ့ ဇာတ်လမ်းပါပဲ။ The Man in the Iron Mask ဟာလည်း Classic စာပေ တန်း ဝင်ခဲ့ပါတယ်။ ဒီတော့ ဇာတ်ကားအနေနဲ့လည်း မညံ့ခဲ့ပါဘူး။ ဒီကားက ဇာတ်လမ်းအနေနဲ့ဆို The Threemuskteers ရဲ့ Sequel လို့ ဆိုနိုင်ပါတယ်။ Leonado Decaprio ရဲ့ ငယ်ရုပ်ငယ်သွင်ကိုလည်း ကြည့်ကြရဦးမှာပါ။ ဇာတ်လမ်းကိုတော့ Spoil သလို ဖြစ်နေမှာ စိုးလို့ ကျွန်တော် ထည့်မရေးတော့ပါဘူး။ The Three Muskteersကို အရင်ကြည့်ထားရင်တော့ ဒီထဲက ဒါးတညံနဲ့ ရာမီတို့သုံးယောက်ရဲ့ ဆက်ဆံရေးကို ပို သဘောပေါက်မှာပါ။ ကဲ..... ...
movie
The Man in the Iron Mask (1998)
1998
3.5
Supercon (2018)
ရိုးရိုးရယ်ချင်ပါသလား ရှယ်ရယ်ချင်ပါလား တခစ်ခစ်ရယ်ချင်ပါသလားအားရပါးရရယ်ချင်ပါသလား ကျွမ်းထိုးမှောက်ခုံရယ်ချင်ပါသလားကွကို ကလိထိုးပြီး ရီနေစရာမလိုပါဘူး Supercon ဆိုတဲ့ရုပ်ရှင်ကို ကြည့်လိုက်ပါ။ယခင်က အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ကြယ်ပွင့်တွေနဲ့Comic ဆွဲတဲ့ ပညာရှင်တွေဟာ အစည်းအဝေးပွဲတွေမှာ အလုပ်လုပ်ကိုင်နေကြရပါတယ်။(MCU ဇာတ်ကားတွေ ရိုက်မလို့နေမှာပေါ့ )တစ်နေ့မှာတော့ ဒီလိုခက်ခဲရုန်းကန်ရတဲ့ဘဝကနေ ရုန်းထွက်လွတ်မြောက်နိုင်ဖို့အတွက်ရုပ်ရှင်ကြယ်ပွင့်ဟောင်းတစ်ယောက်ဆီက ငွေထုပ်ကို ခိုးယူဖို့ ကြိုးစားပါတော့တယ်။သူတို့ဘယ်လိုအကြံအစည်တွေထုတ်ကြလဲ၊ အောင်မြင်မှာလား မအောင်မြင်ဘူးလားဆိုတာတော့ ဒီဟာသကားကို ကြည့်ရှုလိုက်ရင် အဖြေပေါ်လာပါလိမ့်မယ်။တစ်နေ့တာအမောတွေပြေပျောက်ဖို့လိုအပ်နေတဲ့ ပရိသတ်တွေ၊ရယ်ချင်မောချင်တဲ့ ပရိသတ်တွေ စိတ်ကြိုက်ကားတစ်ကားဖြစ်မှာမို့အခုချက်ချင်းပဲ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ဒေါင်းလိုက်ကြပါ။Qty - 720p Web DLDuration - 1hr 44minGern - ComedyTranslator - Soe Bo BoReview - Arkar PhyoEncoder - Kyaw Ye Aung
movie
Supercon (2018)
2018
1
2
3
Previous
Next