Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John MacMillan
5.1
Seize Them! (2024)
2024 ခုနှစ်ထွက် အသစ်စက်စက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့လို ခေတ်ဟောင်း မင်းညီမင်းသား ဘုရင်တွေအုပ်စိုးတဲ့ခေတ်ကို နောက်ခံထားပြီး ကြိုက်တတ်တဲ့လူတွေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ဇာတ်ကောင်းကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်ဒေဂန်ဆိုတဲ့ ဘုရင်မငယ်ငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး တိုင်းရေးပြည်ရေးလေး ဘာမှသေချာမသိတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်တာနဲ့အညီ ထုတ်ထားတဲ့ ဥပဒေတွေဟာလည်း ပြည်သူတွေကိုအတော်လေးအကြပ်ရိုက်နေစေခဲ့တာပါ။အဲဒီအချိန်မှာပဲ ကြောင်သူတော်လုပ်ပြီး ပြည်သူတွေကိုကယ်တင်ဖို့ တော်လှန်တာပါဆိုပြီး ဟမ်းဘဲဂျုန်းဆိုတဲ့ အမျိုးသမီးက ဦးဆောင်ပြီးတော်လှန်တာ အောင်မြင်သွားခဲ့ပါတယ်။ ဆိုတော့ ထီးနန်းကျပြီး သတ်မှာစိုးလို့ ထွက်ပြေးသွားတဲ့ ဘုရင်မဒေဂန်ဟာ သူ့ကိုကယ်တင်ပေးမယ်ဆိုတဲ့ အိမ်နီးချင်းဘုရင် ၂ပါးဆီအကူညီတောင်းဖို့ မိုင်တစ်ရာ့လေးဆယ်ရှိတဲ့ ခရီးကို ကုန်းကြောင်းလျှောက်သွားပြီး စွန့်စားခန်းဖွင့်ပါတော့တယ်။အဲဒီတော့ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ သူ့ရဲ့ထီးနန်းရော ပြန်ရမှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
Seize Them! (2024)
6.8
Hanna (2011)
Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wrightက 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေလျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကိုဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်းကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကိုဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie
Hanna (2011)
5.7
The People We Hate at the Wedding (2022)
The People We Hate at the Wedding (2022)(1080p ရပါပြီ)ဒိုနာရဲ့ဘဝမှာ ဟန်နရစ်နဲ့ ဘေလ်ဆိုတဲ့ ခင်ပွန်းသည်နှစ်ဦးနဲ့ ချစ်ခင်ပေါင်းသင်းခဲ့ပြီး အယ်လိုဝီ ၊ အယ်လစ် နဲ့ ပေါလ်လို့အမည်ရတဲ့ သားသမီးသုံးဦးဖြစ်ထွန်းခဲ့ပါတယ်။ ယခင်ယောက်ျားနဲ့ ရခဲ့တဲ့ သမီးဖြစ်သူ အယ်လိုဝီဟာ ကျောင်းပိတ်ရက်တိုင်း သူနေထိုင်ရာ အင်္ဂလန်ကနေ အမေရိကန်အထိလာပြီး သူ့ရဲ့မောင်ငယ် ညီမငယ်တွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။ဒီလိုနဲ့ ငယ်စဉ်အချိန်မှာ ရင်းနှီးပျော်ရွှင်ခဲ့ကြတဲ့ အမေတူအဖေကွဲ မောင်နှမသုံးဦးဟာ လောကကြီးအလည် ရှင်သန်ကြီးပြင်းလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ကြပြီး ဒါကိုသတိထားမိတဲ့ အစ်မကြီးဖြစ်သူ အယ်လိုဝီက သူ့မင်္ဂလာပွဲမှာ သူ့ရဲ့မိသားစုဝင်တွေကို ဖိတ်ကြားပြီး မိသားစုပြန်လည်ပေါင်းစည်းဖို့ စီစဉ်ခဲ့ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ စကားပြောလာတဲ့ ကြွယ်ဝချမ်းသာမှု၊ အဆင့်အတန်းတွေရဲ့ ကွာဟမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သူတို့မောင်နှမသုံးဦးကြားက ကတောက်ကဆလေးတွေဟာ အချင်းချင်းထိခိုက်နစ်နာစရာတွေပါ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါင်းစည်းဖို့ကြံကာမှ သံယောဇဉ်ကုန်စရာတွေပါ ဖြစ်လာခဲ့ကြတဲ့ သူတို့မိသားစုတစ်ခု အင်္ဂလန်မှာ ...
movie
The People We Hate at the Wedding (2022)
2022
8.5
The Dark Knight Rises (2012)
The Dark Knight Rises (2012) IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight ...
movie
The Dark Knight Rises (2012)
2012
4K HEVC IMAXHDR
7.1
The Dig (2021)
The Dig (2021) ===========IMDb Rating - 7.1/10"ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxonsတွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ...
movie
The Dig (2021)
2021
7.0
Maleficent (2014)
Maleficent (2014) IMDb - 7.0/10_____Rotten - 54% Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie
Maleficent (2014)
2014
6.1
King Lear (2018)
အင်္ဂလန်ပြည့်ရှင်မင်းကြီး King Lear ဟာ တိုင်းပြည်ကိုသုံးပိုင်းခွဲပြီး သမီးတော်သုံးဦးဆီမျှဝေပေးရာကနေ ဇာတ်လမ်းစပါတယ်... ကောက်ကျစ်တဲ့သမီးနှစ်ဦးရဲ့မြှောက်ပင့် စကားတွေကြား ဘ၀င်ခွေ့ခဲ့တဲ့ King Lear... မိမိအပေါ်စိတ်ရင်းနဲ့မေတ္တာထားတဲ့သမီးငယ်ကိုမှ ရက်စက်မိလေခဲ့တဲ့ King Lear... ယုတ်ညံ့သူတွေရဲ့မျက်နှာဖုံးကွာကျလာချိန်မှာ... အမှားအမှန်ကို ကွဲကွဲပြားပြားသိလာချိန်မှာ... အရာအားလုံးက ပြန်ပြင်ဆင်ဖို့အချိန်မှီပါဦးမလား... (ဒီရုပ်ရှင်ထဲမှာ ဘုရင်ကြီးလီယာဘေးက မိတ်ဆွေစစ်တွေရဲ့ တန်ဖိုးကိုလည်းဖော်ကျူးထားပါတယ်)။ Shakespear ရဲ့နာမည်ကျော် King Lear ၀တ္ထုကို ယနေ့ခေတ်အသွင်အပြင်နဲ့ ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ Archi Than Gyi ဘာသာပြန်ပြီး အညွှန်းကိုယ်လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
King Lear (2018)
2018