Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Lewis
Bosco (2024)
Fast And Furious ထဲကမင်းသား Tyrese Gibson တို့Army Of The Dead တို့ Emily The Criminal တို့လိုကားတွေအပြင်တခြားနာမည်ကြီးဇာတ်ကားတွေမှာလည်းဇာတ်ပို့အနေနဲ့သရုပ်ဆောင်ခဲ့တဲ့မင်းသား Theo Rossi တို့အပြင် တခြားနာမည်ကြီးတွေလည်းပါဝင်သရုပ်ဆောင်ထားတဲ့၂၀၂၄ အသစ်ထွက်ထောင်ဖောက်ဖြစ်ရပ်မှန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို ၂၀၀၄ ခုနှစ်မှာဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုနဲ့ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခံခဲ့ရတဲ့ ကွမ်တေးဘော့စကိုအက်ဒမ်ရဲ့ဖြစ်ရပ်မှန် ဇာတ်ကြောင်းအပေါ်မှာအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။သူဘာလို့ ဒီလိုတွေဖြစ်လာတာလဲဆိုတာကိုပြောပြရရင်တော့သူ့ငယ်ဘ၀ကိုပြန်သွားကြည့်ရမှာပါပဲ။ငယ်ဘ၀မှာအဖေနဲ့အမေနဲ့ကကွဲနေကြပြီး အဖေကမူးယစ်ဆေးရောင်းဝယ်မှုတွေလုပ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ ရှေ့ကနွားကဖြောင့်ဖြောင့်မသွားတော့နောက်ကနွားကလည်း အဖေ့လမ်းစဉ်အတိုင်းလိုက်ပြီးငယ်ငယ်လေးကတည်းက ဒီလောကမှာပဲကျင်လည်ကျက်စားခဲ့ပါတော့တယ်။ကြားထဲမှာလည်း ထောင်တွေခဏခဏကျခဲ့ပြီး နောက်ဆုံး ချမှတ်ခံခဲ့ရတဲ့ထောင်ဒဏ် ၃၅ နှစ်ဆိုတာကတော့ သူ့အတွက်အများဆုံးပါပဲ။ဒါမျိုးတွေက သူ့အတွက် ထမင်းစားရေသောက်လိုတောင် ဖြစ်နေပေမဲ့ဒီတစ်ခေါက်ထောင်ထဲဝင်ရတဲ့အခါမှာ ထူးခြားနေတာကတော့သူ့ကောင်မလေးနဲ့ ရထားတဲ့သူ့ရဲ့ကလေးကမွေးတော့မှာဖြစ်ပြီးမကြာခင်မှာ အဖေတစ်ယောက်ဖြစ်ရတော့မှာပါပဲ။အဲ့ဒီကလေးဇောနဲ့ပဲဘော့စကိုတစ်ယောက် ဒီထောင်ကနေထွက်ပြေးတော့မယ်လို့ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း သူဘယ်လိုအရာတွေခံစားခဲ့ရလဲသူဘာတွေဖြစ်ချင်ခဲ့လဲ ထောင်ဖောက်ဖို့ကိုရော ဘယ်လိုကြိုးစားခဲ့မယ်ဆိုတာကို သူ့ဘ၀ထဲဝင်ကြည့်နေရသလို ရှင်းရှင်းလင်းလင်းရိုက်ကူးပြသထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30 GB / 464 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ...
movie
Bosco (2024)