Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Koyama
5.9
Six Days Seven Nights (1998) 6 days , 7 Nights
Six Days, Seven Nights (1998)ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။ File ...
movie
Six Days Seven Nights (1998) 6 days , 7 Nights
1998
5.8
The Green Hornet (2011)
The Green Hornet (2011)နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို ...
movie
The Green Hornet (2011)
6.0
The Time Machine (2002)
The Time Machine (2002) IMDb Rating (6.0)အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက် ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့... ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့ အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေ သုတေသနတွေ နဲ့ ပျော်မွေ့နေတတ်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကို လက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ...
movie
The Time Machine (2002)
2002
7.8
The Last Samurai (2003)
The Last Samurai ဆိုပဲ Tom Cruise ဆိုပဲ ပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာ မြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ် ************ အဲ့မှာ သောက်ဂွကျတာပဲ တက်တက်စင်အောင်လွဲ မြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော် အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီ ယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့ တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ်The plot - ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်း ဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ...ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ ...
movie
The Last Samurai (2003)
2003
4K HEVC
7.4
Felon(2008)
အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလို ဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့ လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်.ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲ ဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက် မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့. သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့် သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့ စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ.ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန် အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည် လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကိုCM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.28GB / ...
movie
Felon(2008)
5.7
Escape from L.A(1996)
ဒီကားလေးကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ရှိထားတဲ့ Escape from New York ရဲ့ sequel ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲက timeline ကတော့ ၂၀၁၃ ခုနှစ်ကိုယူထားတာဖြစ်ပြီး ခေတ်မီလက်နက်တွေ ပစ္စည်းကိရိယာတွေကို ထည့်သွင်းပြသထားပါတယ်အမေရိကန်ပြည်ထောင်စုထဲက လော့စ်အိန်ဂျယ်လိစ်မြို့တော်ကြီးက ဒုစရိုက်မှုတွေများပြားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတအသစ်က အဲဒီမြို့ကို နိုင်ငံကနေ ခွဲထုတ်ပစ်လိုက်ပါတယ်ပြီးတော့ အမေရိကကို ပြန်လည်ပြုပြင်မယ်ဆိုပြီး မူးယစ်ဆေး၊ အရက်၊ဆေးလိပ် မသောက်ရ၊ မိန်းမ မလိုက်စားရဆိုပြီး စည်းကမ်းတွေချမှတ်ခဲ့ပါတယ်အဲဒါတွေကို ဆန့်ကျင်သူအားလုံး ပြည့်တန်ဆာတွေ လူဆိုးတွေ ပြစ်မှုအသေးလုပ်မိသူတွေကအစ နိုင်ငံထဲမှာမနေရဘဲ အယ်လ်အေမြို့ကြီးကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ပါချမှတ်ခဲ့ပါတယ်တစ်နေ့မှာတော့ သမ္မတရဲ့သမီးဖြစ်သူက နိုင်ငံတော်လျှို့ဝှက်စီမံကိန်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး အယ်လ်အေမြို့ကို ထွက်ပြေးခဲ့ပါတယ် ပြီးတော့ အဲဒီပစ္စည်းကို အယ်လ်အေမြို့ထဲက အကြမ်းဖက်ခေါင်းဆောင်ဆီ အပ်လိုက်ပါတယ်အဲဒီပစ္စည်းကို လိုက်ယူဖို့အတွက် နာမည်ကျော် လူဆိုး စနိတ်ခ် ...
movie
Escape from L.A(1996)
7.2
Furious 7 (2015) Fast and Furious 7
Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie
Furious 7 (2015) Fast and Furious 7
2015
6.9
The Book of Eli(2010)
The Book of Eli(2010) တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာဇာတ်လမ်းအမျိုးအစားဆိုတာထက် မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်..မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်...ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်းကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်...ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်..ထိုသို့သောမင်းသားကြီးများစာရင်းတွင် Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်..ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့်The Book of Eli ကို တင်ဆက်ပါလိုက်ပါသည်...စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာတောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ အီလိုင်တစ်ယောက်အသက်ကိုတောင် ပဓာန မထားဘဲ အသည်းအသန် ခုခံခဲ့သည်။ဤမျှ ...
movie
The Book of Eli(2010)
2010