Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Higgins
6.8
Ghostbusters (2016)
Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie
Ghostbusters (2016)
2016
4K HEVC
8.1
In the Name of the Father (1993)
ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာလက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie
In the Name of the Father (1993)
6.2
Please Don’t Destroy: The Treasure of Foggy Mountain (2023)
" Please Don't Destroy: The Treasure of Foggy Mountain "နာမည်ဖတ်ကြည့်ရင်တော့ အရှည်ကြီ: ဘာရေးလို့ရေးထားမှန်းခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ဇာတ်ကားကတော့ တိုတိုလေးနဲ့ တကယ်ကိုထိထိမိမိရှိတဲ့ ဟာသကား ဖြစ်ပါတယ်။နာမည်ကျော် TV show တစ်ခုဖြစ်တဲ့ Saturday night live ရဲ့ writers တွေဖြစ်တဲ့ John, Ben, Martin တို့ ၃ ယောက်က ဒီ ဇာတ်ကားထဲမှာလည်းကိုယ်တိုင် ပါဝင် ရေးသား သရုပ်ဆောင်ထားတာမို့ ဟာသတွေကကြည့်တဲ့သူတွေကို ရယ်မောစေမှာ အမှန်ပါပဲ။ သူတို့ချည်းပဲ မဟုတ်ပဲနာမည်ကျော် ဝါရင့်သရုပ်ဆောင် Conan O'Brien ကလည်း ပါဝင်သရုပ်ဆောင်ထားတာမို့ ပေါ့ပျက်ပျက် ဟာသကား မဟုတ်တာ အသေအချာပါပဲ..ဇာတ်လမ်းလေးကတော့ John, Ben, Martin တို့ သူငယ်ချင်း ၃ ယောက်ဟာငယ်ငယ်ကတည်းက ခင်လာပြီး ...
movie
Please Don’t Destroy: The Treasure of Foggy Mountain (2023)
7.6
A Man Called Otto (2023)
A Man Called Otto (2023)မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ ဒရာမာ ရုပ်ရှင်အသစ်လေးဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုရုပ်ရှင်သက်သက်ပါပဲ။အော့တိုဆိုတာ့ ခပ်ရင့်ရင့်နဲ့အလုပ်ကိုအတိအကျလုပ်တတ်တဲ့လူ့ခွစာကြီး တစ်ယောက်ရှိပါတယ်။ အားလုံးကို ဆူပူ အပြစ်တင်နေပေမဲ့ အကူအညီလိုအပ်ရင်လည်းအကုန်လုပ်ပေးတတ်တာမို့ အားလုံးကချစ်ကြပါတယ်။ အဲဒီအချိန်မှာပဲ သူ့အိမ်ဘေးကို တွမ်မီနဲ့မယ်ရီဆောဆိုတဲ့ ဇနီးမောင်နှံနဲ့ ကလေးလေးနှစ်ယောက်ပြောင်းလာပါတယ်။ အဓိကကတော့ အော့တိုဘာလို့ ဒီလိုဂွကျကျ အဘိုးကြီးဖြစ်နေလဲဆိုတဲ့ နောက်ကြောင်းရယ်၊ လက်ရှိကာလမှာ သူတို့ကိုနှင်ထုတ်ဖို့ကြိုးစားနေတဲ့အိမ်ခြံမြေလုပ်ငန်းရှင် လူယုတ်မာတွေကို ရပ်ကွက်သားတွေစည်းစည်းလုံးလုံးပြန်တိုက်ထုတ်ပုံတွေရယ်ကို မေတ္တာတရားပုံဖော်မှုသက်သက်နဲ့ တင်ဆက်ထားတာပါပဲ။တွမ်ဟန့်ကို ဒစ်ဂျစ်တယ်အထူးပြုလုပ်ချက်နဲ့ လူငယ်ပုံဖန်တီးတဲ့နေရာမှာတော့ The Burbs 1989 က ပုံတွေကို အခြေခံပြီး ပြုလုပ်ထားတာပါ။ တွမ်ဟန့်ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူကတော့ Truman Hanks ဖြစ်ပြီး တွမ်ဟန့်ခ်ရဲ့ သားအရင်းပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 940MB | 464MB Format… mp4 Duration…. ...
movie
A Man Called Otto (2023)
2023
6.6
Merci Bocuse (2019)
Merci bocuse 2019 မြန်မာစာတန်းထိုး ===================== စိတ်ဝင်စားစရာ documentary ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဟင်းချက်ရတာနဲ့ စားသောက်စရာပြုလုပ်ပုံတွေကို သဘောကျနှစ်သက်သူတွေ ဒီဘိုကူးစ်ဒေါပြိုင်ပွဲ မှတ်တမ်းရုပ်ရှင်ကို သဘောကျလောက်မယ်ထင်ပါတယ် ဘိုကူးစ်ဒေါပြိုင်ပွဲတွေကို နှစ်စဥ်ကျင်းပပါတယ်။ နှစ်တိုင်းနိုင်ငံပေါင်းနှစ်ဆယ်ကျော်က နိုင်ငံအဆင့်ရွေးချယ်ခြင်းခံရတဲ့စားဖိုမှုးတွေချည်း ပါဝင်ကြပြီး ပြင်သစ်နိုင်ငံလီယွန်းမြို့ကို လာရောက်ယှဥ်ပြိုင်ကြရပါတယ်။ အဲ့ဒီက ပုဂ္ဂိုလ်ကကျောင်းမှာရက်ပိုင်းလောက်နေပြီးမှ ပြိုင်ကြရတာပါ။ စားဖိုမှုးတွေဟာ အရမ်းကို ဒီဟင်းချက်တဲ့ပရောဖက်ရှင်နယ်လ်အပေါ် အနုစိတ်တန်ဖိုးထားကြတာကို တွေ့ရမှာပါ။ပြိုင်ပွဲရဲ့စည်းကမ်းတွေအပြင် ဟင်းလျာတွေထည့်တဲ့ဗန်းကအစ အရမ်းကိုပြောင်မြောက်အောင်အချိန်ပေးစဥ်းစားပြီး လုပ်ကြတာတွေ ဒီပြိုင်ပွဲကို စပေါ်ပေါက်စေခဲ့တဲ့ ပြင်သစ်လူမျိုး ပေါ်လ်ဘိုကူးစ်အကြောင်း ၊ စားဖိုမှုးတွေ အခက်အခဲတွေကြား ကြိုးစားရုန်းကန်ခဲ့ရတာတွေ၊ ဒီစားဖိုမှုးတွေနောက်က ထောက်ပံ့ ၊ ပံ့ပိုးပေးတဲ့အသင်းအဖွဲ့တွေ၊ မိသားစုဝင်တွေအကြောင်း တွေ့ရမှာပါ။ စားဖိုမှုးကြီးပေါ်လ်ဘိုကူးစ်အကြောင်း စာအုပ်များစွာရေးသားခဲ့ကြပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကိုတော့ ကနေဒါနိုင်ငံကိုယ်စားပြု စားဖိုမှုးအဖွဲ့ကနေ ရိုက်ကူးထားပါတယ် Translated and reviewed by Dodo Encoded by : YK Quality : 1080p WEBRip And 720p File Size : 972MB and 484MB
movie
Merci Bocuse (2019)
2019