Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Heard
7.6
After Hours (1985)
ဘဝကိုသာမန်ဖြတ်သန်းနေတဲ့ ပေါလ်ဟတ်ကတ်ဟာ ကော်ဖီဆိုင်မှာဆုံခဲ့တဲ့ မာစီဆိုတဲ့အမျိုးသမီးကြောင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး၊ အဆိုးရွားဆုံးညတစ်ညကို ဖြတ်သန်းလာရဖို့ ဖြစ်လာပါတယ်။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ကံဆိုးမှုတွေ ထပ်ခါထပ်ခါကြုံနေရတဲ့ ပေါလ်ဟတ်ကတ် ဘယ်လိုလွတ်မြောက်မလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
After Hours (1985)
6.9
Justice League: The New Frontier (2008)
IMDB 6.9 (nice) နဲ့ Rotten Tomatoes 71% ရရှိထားပါတယ်။ ဒီတစ်ခါတော့ Justice League အဖွဲ့ဝင်တွေဟာ 2000 ခုနှစ်လောက်မှာရှိခဲ့ကြတာမဟုတ်တော့ဘဲ ဒုတိယကမ္ဘာစစ်မပြီးခင် 1940 ဝန်းကျင်မှာ ရှိခဲ့တာပါ။ အဖွဲ့ဝင်တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူညီမှုတွေကြောင့်Justice League ဆိုတာဖြစ်မလာသေးဘဲ တစ်နေရာဆီ ကွဲနေကြပါတယ်။အမေရိကန်တွေဘက်ကနေ ရပ်တည်တဲ့ Superman, ဒုတိယကမ္ဘာစစ်အတွင်းမှာညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတဲ့ ဗီယက်နမ်တွေဘက်က ရပ်တည်တဲ့ Wonder Woman,အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို လက်မခံလို့ ဝရမ်းပြေးဖြစ်နေတဲ့ Batman,ရာဇဝတ်သားတွေကို တစ်ကိုယ်တော်လိုက်ဖမ်းပေးနေတဲ့ Flash,ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ပေးပြီး စိတ်ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ Green Lantern နဲ့အခုမှ ကမ္ဘာပေါ်ကိုရောက်လာပြီး လူသားတွေအကြောင်းသိဖို့ကြိုးစားနေတဲ့Martian Manhunter တို့ဟာ ကမ္ဘာပေါ်က လူတွေအားလုံးကိုသတ်မယ့်ရန်သူတစ်ကောင်ကို တိုက်ရဖို့ အကြောင်းဖန်လာပါတယ်။အဲဒါကတော့ ကမ္ဘာကြီးနဲ့အသက်အတူတူလောက်ရှိတဲ့ဗဟို (The Centre) လို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့်ပါပဲ။တခြားအပြိုင်စကြာဝဠာဇာတ်လမ်းမျိုးမဟုတ်ဘဲစစ်ပွဲပြီးတဲ့အချိန်မှာ Justice League အဖွဲ့ဝင်တွေ ပေါ်ပေါက်လာခဲ့ရင်ဘယ်လိုကွဲပြားသွားမယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကိုဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။File size… ...
movie
Justice League: The New Frontier (2008)
7
Pollock (2000)
Pollock (2000)~ IMDb - 7/10, RT - 80%, Meta - 77% ~ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay ...
movie
Pollock (2000)
2000
7.0
Mind the Gap (2004)
Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထားဘူတာက ပလက်ဖောင်းတွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ ...
movie
Mind the Gap (2004)
7.2
In the Line of Fire (1993)
In the Line of Fire (1993)~ IMDb - 7.2/10, Rotten Tomatoes - 96% ~ဒီဇာတ်ကားကို 1993 မှာ ပြသခဲ့တာဖြစ်ပြီး Troy နဲ့ Air Force One ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Wolfgang Petersen ရဲ့ လက်ရာကိုမှ မင်းသားကြီး Clint Eastwood နဲ့ John Malkovich တို့ အားဖြည့်ထားတဲ့ Old but Gold လို့ဆိုရနိုင်တဲ့ Thriller Action ဇာတ်ကားပါ။ IMDb မှာ 7.2/10 နဲ့ RT ဆို 96% ထိရရှိထားပါတယ်။ဒီဇာတ်ကားမှာ မင်းသားကြီး Clint Eastwood က သမ္မတကနေဒီရဲ့ သက်တော်စောင့်ဟောင်း ဖရန့်ခ်ဟောရီဂန်အဖြစ် ပါဝင်ထားပါတယ်။ ကနေဒီလုပ်ကြံခံရတဲ့အချိန် ...
movie
In the Line of Fire (1993)
1993
5.7
Would You Rather (2012)
"မင်းသာဆိုရင်ဘာလုပ်မလဲ" ဒီမုန့်ကို ဂျွန်ကိုကျွေးမလား ဒန်နီရယ်ကိုကျွေးမလား ဒါက ကလေးတွေကစားကြတဲ့ကစားနည်းတစ်ခုပေါ့ ဒီဇာတ်ကားထဲမှာလည်းဒီကစားနည်းကိုပဲဇာတ်အိမ်တည်ပြီးအသုံးပြုထားတာပါ။ အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့မောင်လေးကိုတစ်ယောက်တည်းပြုစုစောင့်ရှောက်နေရတဲ့သူပါ။ တစ်ရက်မှာတော့ မောင်ဖြစ်သူ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့အတွက် လိုအပ်နေတဲ့ငွေကြေးကို လန်ဘရစ်ခ်ဖောင်ဒေးရှင်းကကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို မက်လုံးပေးဖိတ်ခေါ်တာခံလိုက်ရပါတယ်။ညစာစားပွဲအရောက်မှာတော့ အိုင်းရစ်လို ငွေရေးကြေးရေး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့လူ ခုနစ်ယောက်ပါရောက်ရှိနေပြီး လိုအပ်နေတဲ့ငွေကြေးအထောက်အပံ့ကိုရဖို့ရာ သနားညှာတာမှုကင်းမဲ့တဲ့ကစားပွဲတွေကိုတောက်လျှောက်ကစားပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့တစ်ယောက်ကသာ ရရှိနိုင်မယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ ဒီကားထဲမှာ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ၊ ကျင့်၀တ်တွေ ၊သစ္စာဖောက်ပြားမှုတွေ ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီးရွေးချယ်ခိုင်းထားတဲ့ ရက်စက်တဲ့ကစားနည်းတွေကိုကစားကြရာကနေတဆင့်ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ဘယ်သူတွေက ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းပြီးအနစ်နာခံကြမလဲ၊ ဘယ်သူတွေကသူတစ်ပါးကိုချနင်းပြီး ရက်စက်ယုတ်မာကြမလဲ ၊ ကစားပွဲရဲ့အဆုံးသတ်မှာရော အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(490 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Would You Rather (2012)
The Milagro Beanfield War (1988)
Rt-61 ~ IMDb-6.81988 မှာထွက်ရှိခဲ့တဲ့ The Milagro Beanfield War ရုပ်ရှင်ကို စာရေးဆရာ John Nichols ရဲ့ The Milagro Beanfield War ဆိုတဲ့ဝတ္တုကိုယူပြီး ဒါရိုက်တာ Robert Redford ကရိုက်ကူးခဲ့တာပါ။ 1989 ခုနှစ်အတွက် Best Original Score အော်စကာ ဆုကိုလည်းရရှိခဲ့ပါသေးတယ်။နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ လူပေါင်း 450 ခန့်နေထိုင်ကြတဲ့ မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ အတိတ်မှာတုန်းကတော့ ရေအရင်းအမြစ်ပေါများတာကြောင့်စိုက်ပျိုးရေးအဆင်ပြေပေမဲ့ ဆည်ကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ မြို့အတွက်ဆည်ရေလွှတ်မပေးတော့တာကြောင့် စိုက်ခင်းတွေခြောက်သွေ့ပြီး ဘာမှစိုက်ပျိုးလို့မရတော့ပါဘူး။ ဒါပေမဲ့လည်း မြို့ကို အံ့ဖွယ်တောင်ကြားပရောဂျက်ဆိုတဲ့နာမည်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်းတစ်ခုကိုဖောက်ပေးထားပြီး ဒေသခံတွေအသုံးပြုတာကိုလည်း တားမြစ်ထားပါတယ်။ တစ်နေ့မှာတော့ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်ကလည်းရှားတဲ့အပြင် ဘာမှလည်းစိုက်ပျိုးလို့မရတာကြောင့်စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကိုကန်လိုက်မိပြီး ရေမြောင်းပေါက်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ပဲစိုက်ခင်းထဲကိုရေသွင်းမိသလိုဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲခင်းသေးသေးလေးကို ရေသွင်းမိတဲ့ကိစ္စကနေစပြီး ကုမ္ပဏီကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေပါ ...
movie
The Milagro Beanfield War (1988)
7.0
Snake Eyes(1998)
Snake Eyes(1998)*****************အံစာတုံး နှစ်တုံးကစားရတဲ့ဂိမ်းတွေမှာ ဂဏန်းအနည်းဆုံး ဖြစ်တဲ့ တစ် နှစ်ကြိမ်ကျရင်တော့မြွေမျက်လုံးနှစ်လုံးနဲ့ဆုံရသလိုပဲ ကံအဆိုးဆုံးဖြစ်လို့ Snake Eyes ဆိုပြီး တင်စားခေါ်ကြပါသတဲ့။ ဒီဇာတ်ကားမှာ တော့ မင်းသားကြီး Nicolas Cageက အကျင့်ပျက်ချစား၊ငွေညစ်၊ဖောက်ပြန်အကုန်လုပ်တဲ့ ကံဆိုးသူ ရဲသား ရစ်ချက် ဆန်တိုရိုအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဖြစ်စဉ်က ရစ်ဟာသူလုပ်နေကျအတိုင်း လောင်းကစားလုပ်ဖို့၊ ရာထူးတောင်းဖို့သူငယ်ချင်းဖြစ်သူရဲ့အကြီးအကဲဆီမျက်နှာလို မျက်နှာရလုပ်မယ်ဆိုပြီးဟဲဗီးဝိတ်ချန်ပီယံပွဲကို သွားတာက စတာပါပဲ။ ဖြစ်ချင်တော့ သူ လောင်းတဲ့ဘက်ကလည်း အနိုင်သေချာပါရက်နဲ့ ရှုံး၊အပူအကပ်မယ့် အကြီးအကဲကလည်း ပွဲခင်းထဲမှာပဲလုပ်ကြံခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ ................... File Size : (2.3GB)(838 MB) and (284MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Crime, Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Snake Eyes(1998)
6.7
Home Alone 2: Lost in New York (1992)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;Instead of flying to Florida with his folks, Kevin ends up alone in New York, where he gets a hotel room with his dad's credit card—despite problems from a clerk and meddling bellboy. But when Kevin runs into his old nemeses, the Wet Bandits, he's ...
movie
Home Alone 2: Lost in New York (1992)
1992
HEVC 1080p 5.1
7.5
Home Alone (1990)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;Eight-year-old Kevin McCallister makes the most of the situation after his family unwittingly leaves him behind when they go on Christmas vacation. But when a pair of bungling burglars set their sights on Kevin's house, the plucky kid stands ready to defend his territory. By ...
movie
Home Alone (1990)
1990
HEVC 1080p 5.1
7.0
The Guardian(2006)
The Guardian(2006)IMDb...7.0ကယ်ဆယ်ရေး ရေကူးသမားသမိုင်းတစ်လျောက်မှာ ထင်ရှားတဲ့ ဘန် ရန်ဒဲလ် ဟာကယ်ဆယ်ရေးအလုပ်ကိုအလွန်ခုံမင်ပြီး ရာထူးတိုးမယူဘဲ ပင်လယ်မှာ စွန့်စားရတာကိုပဲ အထူးနှစ်သက်သူတစ်ယောက်ပါ...လှိုင်းတံပိုးကြားမှာ သေမင်းနဲ့လက်တစ်ကမ်းအလိုရောက်နေတဲ့ ဒုက္ခသည်ကိုကယ်ရတာလည်းမလွယ်လှပါဘူး...ပုံမှန်စိတ်ပျောက်ဆုံးနေတတ်တဲ့အပြင် သဘာဝဘေးအန္တရယ်ကလည်း မျှော်လင့်မထားတဲ့နည်းမျိုးစုံကြုံတွေ့နိုင်တာကြောင့်ဘန် တို့အဖွဲ့အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ...သူဟာဒီကယ်ရေးအလုပ်ကို အချိန်ပေးလွန်းလို့ချစ်ဇနီးနဲ့တောင်ကွာရှင်း၇တဲ့အနေအထားရောက်ခဲ့ပါတယ်..တစ်နေတော့ ညဘက် သဘေ်ာတစ်စီးဒုက္ခရောက်တာကို အရေးပေါ်ကယ်ဆယ်ဖို့အကြောင်းဖန်လာတယ်...ဒီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဒုက္ခသယ်တစ်ယောက်ကိုမကယ်နိုင်တဲ့အပြင်ရဟတ်ယာဉ်နဲ့ သူကလွဲလို့ကျန်တဲ့သူတွေ အသက်ဆုံးရှုံးသွားတယ်...ဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာတော့ ဘန်အတွက်အပြောင်းအလဲတွေအများကြီးဖြစ်ပါတော့တယ်...ဒီဇာတ်ကားဟာ မင်းသားကြီး Kevin Costner ဉီးဆောင်ထားပြီး Ashton Kutcher နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဆုကြီးတစ်ဆုရရှိခဲ့သလို အခြားဆု(၄)ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ခဲ့တယ်...အစမှ အဆုံးထိ တော်တော်ကြီးကိုကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်… File Size : (1.04 GB) and (442 MB) Quality : Blu-Ray 720p Format…mp4 Duration…02:19:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Guardian(2006)
7.6
The Great Debaters(2007)
The Great Debaters(2007) IMDb.....7.6,,,,,Rotten....79% စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်....ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာစာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင်တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ...ကျွန်တော်ဘာလို့ ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့ခင်ဗျားတို့လည်းမှန်းမိလောက်မှာပါ....ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်....သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့ အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်...ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို့ အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေမြင်နေရလိမ့်မယ်...ဒီကားကိုကြည့်မယ်ဆိုရင် debate ပွဲတွေများစွာကြည့်ရမယ့်အပြင်ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်..ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ...အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချို့တွေ တွေ့ရလိမ့်မယ်...နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်...ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို့ ခင်ဗျားဟာကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်....ဘာသာပြန်သူကတော့ Scarlett May ပဲဖြစ်ပါတယ်.... File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:06:00 Genre : ...
movie
The Great Debaters(2007)
2007
6.6
The Pelican Brief(1993)
The Pelican Brief (1993) IMDB Rating -------- 6.6 ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္တုဟာ The Firm တို့ A Time To Kill တို့ Rain Makerတို့လို နာမည်ကျော် Legal Thriller တွေပဲရေးခဲ့တဲ့ John Grisham ပါ။ သူရဲ့ ပထမဆုံးဝတ္တု A time to killဟာ၂၀၁၂အထိ စစ်တမ်းအရ ၂၇၅သန်းအထိ ကော်ပီရောင်းရပြီးပါပြီ။ ဒီနောက်ရေးတဲ့ The Firm ဟာ Best Seller စာရင်း ဝင်ခဲ့ပြီး သူ့ကို စအောင်မြင်စေခဲ့တဲ့ Legal Thrillerဖြစ်ပြီး မကြာသေးခင်ကပဲ CM မှာ တင်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ သူရဲ့ နာမည်ကျော်ဝတ္တုတစ်ပုဒ်ကိုပဲ Julia Roberts နဲ့ Denzel Washington တို့လို ဒိတ်ဒိတ်ကြဲတွေ သရုပ်ဆောင်ထားတဲ့ The Pelican Brief ဆိုတဲ့ ကားနဲ့ ထပ်မိတ်ဆက်ပေးပါရစေ။ဗဟိုတရားရုံး ဂျူဒီ နှစ်ယောက်ကို ...
movie
The Pelican Brief(1993)
1993
5.6
White Chicks(2004)
White Chicks(2004)White Chick ဆိုတဲ့ ၂၀၀၄ ထွက် Crime, Comedy ဇာတ်ကားလေးနဲ့ ရယ်ကြရအောင်။ FBI အေးဂျင့် ညီအကို ၂ ယောက်ရှိတယ်...သူတို့ညီအကို ၂ ယောက်ဟာ ဒီအလုပ်ကိုတကယ်လည်း ၀ါသနာပါသလို အတတ်နိုင်ဆုံးအောင်မြင်အောင် ကြိုးစားလေ့ရှိတယ်... သို့ပေမယ့် အလွဲကြီးဆိုတဲ့စကားလုံးက သူတို့အလုပ်မှာ အမြဲကပ်ရက်ပါလေ့ရှိတယ်... ရှင်းလေရှုတ်လေဆိုတဲ့ညီအကို ၂ ယောက်ဆိုပါတော့... ဒါကြောင့်အလုပ်ကထွက်ရဖို့အကြောင်းဖန်လာတယ်... ကံကောင်းတာက သူတို့ ၂ယောက်ရဲ့ သိက္ခာကိုပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုရလာတယ်... ပြသနာတောထဲရောက်နေတဲ့ လူဖြူအမျိုးသမီးတစ်ယောက်ကို လေဆိပ်ကနေ Hamtonဆိုတဲ့နေရာကို ဘေးမသီရန်မခဘဲရောက်အောင်ပို့ပေးဖို့တာဝန်ပေးခြင်းခံရတယ်... ကဲ သူတို့ ညီအကို ၂ယောက် အောင်မြင်မလား...ဘယ်လိုအလွဲတွေဖြစ်မလဲ.... ပြန်ပေးသမားတွေရန်ကရော လွတ်အောင်ရုန်းနိုင်ပါ့မလား... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့.... File Size : (859MB) and (375 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Comedy.Crime Subtitle : Myanmar Subtitle (Hard Sub) Translated by d3mon Encoded by Phyo Pyae
movie
White Chicks(2004)
7.8
Awakenings(1990)
movie
Awakenings(1990)
1990
7.3
The Tale(2018)
The Tale (2018)IMDb....7.3ဒီတစ်ခေါက်တော့Rating မြင့်မြင့်ဇာတ်လမ်းကောင်းလေးတွေကိုကြည့်ရှုချင်ကြတဲ့Channel Myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်တာကတော့The Tale (2018) ကားလေးပါ။Imdb Rating 7.3/10 Rotten Tomatoes 99% တောင်ရရှိထားတာပါ။HBO filmsကနေထုတ်လုပ်ရိုက်ကူးခထားတဲ့ဒီကားလေးဟာဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံထားပါတယ်။Nominations တွေလဲအများကြီးဝင်ထားတာမလို့အထွေအထူးမညွှန်းတော့ပဲဇာတ်လမ်းကိုပဲညွှန်းပါတော့မယ်။အသက်၄၈နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဂျနီဖာဖောက်စ်ဟာအောင်မြင်တဲ့သတင်းသမား၊ပါမောက္ခတစ်ဦးဖြစ်သလိုချစ်ရတဲ့ချစ်သူနဲ့အတူတူဘဝကိုအောင်မြင်ပျော်ရွှင်စွာဖြတ်သန်းနေတဲ့အမျိုးသမီးတစ်ဦးပါ။တစ်နေ့မှာတော့မိခင်ဖြစ်သူဆီကမထင်မှတ်ပဲရောက်လာတဲ့ဖုန်းမက်ဆေ့တွေကနေဒီဇာတ်လမ်းဟာစတင်ခဲ့ပါတယ်။ဂျနီဖာအသက်၁၃နှစ်ကရေးထားခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုအမေဖြစ်သူကတွေ့ရှိသွားတာပါ။အဲဒီစာမှာပါတဲ့အကြောင်းအရာတွေအရငယ်စဉ်ကသူရင်းနှီးကျွမ်းဝင်ခဲ့တဲ့မစ္စဂျီနဲ့ဘီလ်ကိုပြန်ရှာဖွေဖို့အကြောင်းဖန်လာပါတော့တယ်။၁၃နှစ်အရွယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာသူမသိလိုက်ခင်မှာပဲသူ့အပေါ်ကိုသက်ရောက်ရင်းအသက်၄၈အရွယ်ရောက်ချိန်မှာတော့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါပြီ။ရှာဖွေရင်းနဲ့မှသူကိုယ်တိုင်မေ့လျော့ထားခဲ့တဲ့ဇာတ်လမ်းတွေကိုမှတ်မိသိရှိလာချိန်မှာတော့သူမဘာဆက်လုပ်မယ်။ဘယ်လိုဖြေရှင်းမယ်ဆိုတာစိတ်ဝင်စားစရာပါ။ဒီကားကိုဘာကားရယ်လို့ခေါင်းစဉ်တပ်လိုက်မှာစိုးရိမ်မိတာကြောင့်အညွှန်းတောင်မရေးချင်ခဲ့ပါဘူး။မဖြစ်မနေရေးလာရတော့လဲအတတ်နိုင်ဆုံးအကျဉ်းချုံးထားတဲ့အတွက်အကျယ်တဝင့်ကိုတော့ဇာတ်လမ်းထဲမှာသာကြည့်ရှုခံစားဖို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းနာမည်ကတော့The Tale (2018)ပါ။Channel Myanmarမှတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...File Size : (1.1 GB) and (429 MB) Quality : Blu-Ray 720p, Format…mp4 Duration…01:54:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie
The Tale(2018)
2018
6.1
Assault on Wall Street (2013)
Assault On Wall Street ဇာတ်ကားကတော့ Director : Uwe Boll ရိုက်ကူးထားတဲ့ Action , Crime , Thriller အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 6.1/10 Rotten Tomatoes - 66%ဒီဇာတ်ကားထဲမှာဆိုရင် Action မင်းသားကြီး Dominic Purcell က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။***အညွှန်း***New York မြို့သား Jim ဆိုသောသူရဲ့မိန်းမဖြစ်သူကကလေးမရနိုင်သည့်အပြင် ကုသရခက်ခဲသော ရောဂါပါရှိနေပါတယ်။ ထိုရောဂါကို ကုသရန် ဆေးတစ်လုံးကပင် $300လောက်ကျမည်ဖြစ်တာကြောင့် သူစုဆောင်းထားသမျှကို ပိုတိုးပွားလာအောင် စတော့ရှယ်ယာတွင် ရင်းနှီးမြုပ်နှံလိုက်ပါတယ်။ သို့သော် စတော့ရှယ်ယာတစ်ခုလုံးပျက်သွားတာကြောင့် ပိုက်ဆံတွေအကုန်ဆုံးရှုံးကုန်ပါတယ်။အလိမ်ခံရတယ်ဆိုတာသိတာကြောင့် ရှေ့နေ၊ရဲစခန်း၊စသည်တို့ကို သွားခဲ့သော်လည်း သူ့အတွက်ဘာမှမလုပ်ပေးခဲ့ပေ။ ထိုနေ့မှာပဲ သူ့မိန်းမဖြစ်သူက သူ့အတွက်နှင့် သူယောကျာ်းပိုက်ဆံတွေထပ်ကုန်ပြီး စိတ်သောကရောက်နေမှာ စိုးတာကြောင့် ကိုယ့်ကိုကိုယ်သတ်သေလိုက်ပါတယ်။ အရာရာကို ဆုံးရှုံးခဲ့ရပြီးနောက် Jimတစ်ယောက် သူ့ရဲ့ဆုံးရှုံးမှု့တွေအတွက် ဘယ်သူတွေ ဘယ်လို ပြန်ပေးဆပ်စေမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ File size…(900 MB) and (400 MB) Quality…BR-Rip 720p IMDb Rating... 6.1/10 Format…mp4 Duration….01:38:55 Type...Action,Crime,Thriller Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
movie
2013
5.9
A Perfect Ending (2012)
A Perfect Ending ဇာတ်ကားကတော့2012ခုနှစ်မှာ DirectorးWriter : Nicole Connရိုက်ကူးထားတဲ့ 18+ ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့မင်းသမီး Barbara Niven,Jessica Clark တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အိမ်ထောင်ရေးတစ်ခုမှာအချစ် သံယောဇဉ် သစ္စာတရားတို့က အရေးကြီးသလိုလိင်ကိစ္စကလည်း အနည်းနဲ့အများတော့အရေးပါ ပါတယ်။လိင်ဆက်ဆံသူနှစ်ဦးမှာ တစ်ဦးကသားဆန္ဒပြီးမြောက်ပြီး ကျန်တစ်ဦးက မပြီးမြောက်စေခဲ့တာဟာအချိန်ကြာလာတာနဲ့အမျှ အိမ်ထောင်ရေးဖောက်ပြန်မှု့ကိုအနည်းငယ် လှုံ့ဆော်မှု့ပေးစေပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့အသက်40ကျော်အရွယ် ကလေးများနှင့်အမေဟာသူ့ဘဝသက်တမ်းတစ်လျောက်မှာ တစ်ခါမှတောင်ဆန္ဒမပြီးမြောက်ခဲ့ဖူးပါဘူး။ ဒါကြောင့် သူဟာ အသက်40 အရွယ်ရောက်တာတောင်ဆန္ဒပြီးမြောက်ခြင်းအရသာကို မခံစားဖူးတာကြောင့်ယောကျာင်္းအပေါ ်သစ္စာဖောက်ခြင်းလည်းမဖြစ်အောင် မိန်းမလိင်ဆက်ဆံဖော်ကို ငြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ငြားခဲ့တဲ့ လိင်ဆက်ဆံဖော်ကသူ့ထက်အသက်အများကြီးငယ်တဲ့သူ ဖြစ်နေတဲ့အခါမှာတော့ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ရှု့စားကြပါတေ့ာ.....။ဒီဇာတ်ကားကို 18+အနေနဲ့မဟုတ်ဘဲအိမ်ထောင်ရေးတစ်ခုအကြောင်းကိုနားလည်သဘောပေါက်စေရန် တင်ဆက်ထားခြင်းဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ IMDb rating 5.8 ရရှိထားတဲ့Drama,Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size…(999 MB) and (420 MB) Quality…BR-Rip 1080p Format…mp4 Duration….01:50:25 Subtitle….Myanmar Subtitle (Hardsub)Encoded by Naing Aung Latt
movie
A Perfect Ending (2012)
2012
7.3
Big (1988)
Big (1988)IMDb (7.3)......Rotten Tomatoes (93%)၁၉၈၈ ခုနှစ်မှာ မင်းသားကြီး Tom Hanks ဟာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ မင်းသားကြီးလည်း မဖြစ်သေးပါဘူး။ Big ဟာ Tom Hanks ကို အခုလို စူပါမင်းသားဖြစ်လာအောင် တွန်းပို့ပေးလိုက်တယ်ပြောလို့ရပါတယ်။ဇာတ်လမ်းက ရှင်းရှင်းလေးပါပဲ။ ကျနော်တို့ ကလေး ဘဝတုန်းက လူတိုင်းလိုလို ခံစားဖူးခဲ့ကြတဲ့ "လူကြီးဖြစ်ချင်တယ်" ဆိုတဲ့ ခံစားချက်လေး အပေါ်မှာ ရေးဖွဲ့ထားတယ်။ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက် ကလေးဘဝမှာ မနေချင်တော့ဘဲ လူကြီးဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းလေးပြည့် သွားပြီး နေ့ခြင်းညခြင်းပဲ အသက် ၃၀ အရွယ် လူကြီးကြီး ဖြစ်လာတယ်။ ခန္ဓာကိုယ်ကသာ လူကြီး ဖြစ်လာပေမယ့် စိတ်ကတော့ ၁၃ နှစ်ပဲရှိသေးတာပေါ့။ ဒါပေမယ့် လူကြီးဘဝ ဟာ ထင်ထားသလို မဟုတ်ပဲ စိတ်ညစ်စရာတွေလည်းတွေ့လာ တော့ ...
movie
Big (1988)
1988