Channel Myanmar

John Francis Mountain

The Weather Man(2005) 6.6
The Weather Man(2005) The Weather Man(2005)====================ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကိုပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ်မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှသင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကိုအမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကိုလက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကိုအကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ)work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝကစာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲသူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာသူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်းတလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာမလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကိုလူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလိုသွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့်မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲဝေဝါးနေဦးမှာလား။ ...
movie

The Weather Man(2005)

Sinister 2 (2015) 5.3
Sinister 2 (2015) Sinister 2 (2015)____IMDb - 5.3/10ဒါရိုက်တာ စီရာယန်ဖွိုင်းရဲ့ လက်ရာသဘာဝလွန်ထိတ်လန့် စရာရုပ်ရှင်ကား သြဂုတ် ၂၁ ရက် က ထွက်ရှိထားတာမို့ ပရိသတ် တွေအကြိုခံစားကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။မိသားစုတစ်စုဟာ ပြောင်းဖူး ခင်းထဲမှာ စာခြောက်ရုပ်တွေလို ချိတ်ဆွဲခံရထားပြီး အရှင်လတ် လတ်မီးရှို့ခံရတဲ့ မြင်ကွင်းနဲ့ စထားတာမို့ စကြည့်ကြည့်ချင်းပဲ ကြက် သီးထရမှာပါ။ အဲဒီမြင်ကွင်းက တော့ (၉) နှစ်အရွယ် ဒီလန်ကော လင်း အိပ်မက်မက်နေတာပါ။ နောက်တစ်နေ့မှာတော့ ဒီလန်က သူ့ရဲ့ အမြွှာညီအစ်ကိုဇက်ချ်၊ သူ့ အမေကော်တနီတို့နဲ့ ဈေးဝယ် ထွက်ရာမှာ အမျိုးသားတချို့က ကွက်ကြည့်ကွက်ကြည့်နဲ့ အကဲ ခတ်နေတာကို ကော်တနီ သတိပြုမိခဲ့တာကြောင့် အိမ်ပြန်ခဲ့ကြပါတယ်။ဒီလန်ဟာ မကြာခဏဆိုသလို သရဲကလေးလေးတွေကို အိပ်မက်မက်နေပြီး အိပ်မက်ထဲမှာ မိုင်လိုဆိုတဲ့ ကလေးတစ်ယောက်က အိမ်မြေအောက်ထပ်က Super 8 ဆိုတဲ့ မိသားစုတွေ ...
movie

Sinister 2 (2015)

2015