Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Dossett
Little Manhattan (2005)
အချစ်ဦး မြေးဦးရတဲ့ထိ မမေ့ဘူးဆိုတဲ့ စကားလေး ဘရားသားတို့ ကြားဖူးမှာပါ။ အများစုကတော့ ကြားဖူးရုံတင်မကဘူး၊ ကြည်နူးမှုတွေ နာကျင်မှုတွေ ရောပြွန်းပြီးတော့ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ သိခဲ့ကြမှာပါ။ အခုချိန်ထိလည်း နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်ထောင့်တစ်နေရာမှာ လွမ်းဆွတ်တသနေမယ့် အချစ်မျိုးပေါ့။ ကဲ စကားမရှည်တော့ဘူး။ဇာတ်လမ်းအကျဉ်း ဆယ်နှစ်သားလေး ဂေ့ဘ်ဟာ မိဘတွေ ကွာရှင်းတော့မယ့်အခြေအနေကြောင့် စိတ်ညစ်ရတာကလွဲလို့ ပုံမှန် ဆယ်ကျော်သက်ဘဝကို ပျော်ပျော်ပါးပါး အပူအပင်ကင်းကင်း ဖြတ်သန်းနေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ ဂေ့ဘ်ဟာ မိဘတွေကို ကရာတေးအတန်းကို ပူဆာတဲ့အချိန်မှာ သူ့မိဘတွေက ဂေ့ဘ်စိတ်ချမ်းသာဖို့ အတန်းအပ်ပေးလိုက်ရာကနေ ကရာတေးအတန်းကို သွားတက်တဲ့အခါမှာ သူလေးငါးနှစ်သားအရွယ် ကလေးဘဝက ကစားဖော် ကစားဖက် ကောင်မလေးဖြစ်တဲ့ ရိုစ့်မယ်ရီနဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။အစကတော့ သူ့ထက် တစ်နှစ်ကြီးတဲ့ ရိုစ့်မယ်ရီအပေါ်ထားရှိတဲ့ ခံစားချက်က ပုံမှန်အတိုင်းဆိုပေမယ့် သူတို့နှစ်ယောက် ကရာတေးလေ့ကျင့်ဖော် လေ့ကျင့်ဖက်ဖြစ်လာပြီး ခဏခဏ တွေ့ဖြစ်တဲ့အခါမှာ သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေက ...
movie
Little Manhattan (2005)
5.8
The Oranges (2011)
The Oranges (2011)CM ပရိသတ်တို့ရဲ့အချစ်တော် ဒေါက်တာဂွစာကြီး ဟောက်စ်ကို နောက်ကာရိုက်တာတစ်မျိုးနဲ့ မြင်ရမယ့်ကားလေးပါဇာတ်လမ်းအကျဥ်းကတော့ နယူးဂျာဆီပြည်နယ်က Orange ဆိုတဲ့မြို့နယ်လေးမှာနေထိုင်တဲ့သိပ်ကိုခင်မင်ကြတဲ့ အိမ်နီးချင်းမိသားစုနှစ်စုရှိပါတယ်မိသားစုနှစ်စုက သမီးဖြစ်သူ နီနာနဲ့ ဗန်နက်ဆာတို့ဆိုလည်း ငယ်ငယ်ကအရမ်းခင်ခဲ့ကြပြီးအထက်တန်းရောက်မှ နီနာကဗန်နက်ဆာ့ကိုပလစ်ပြီး ကျောင်းကအလန်းဇယားကောင်မလေးအဖွဲ့နဲ့သွားပေါင်းခဲ့တာပါနီနာဆိုတဲ့ကောင်မလေးက မိဘအပေါ်လည်း ဂျစ်ကန်ကန်နဲ့ ကလန်ကဆန်လုပ်၊ ကောင်လေးတွေလည်းထည်လဲတွဲပြီးသူ့အသက်၂၄နှစ်အရွယ်မှာ မိဘသဘောမတူတဲ့အီသန်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ဖို့လုပ်ပြီးအီသန်ကသူ့အပေါ်သစ္စာဖောက်သွားမှ မိဘအိမ်ပြန်လာတာပါအိမ်ပြန်ရောက်တော့လည်း နီနာဆိုတဲ့ အမွှေစိန်လေးက အငြိမ်မနေပါဘူးသူ့ရဲ့ဂြိုဟ်မွှေချက်က ဗန်နက်ဆာ့အဖေနဲ့အမေဖြစ်တဲ့ ဒေးဗစ်နဲ့ပေ့ချ်ကို ပြတ်စဲမလိုဖြစ်စေပြီး ဒေးဗစ်နဲ့ သူ့အဖေဖြစ်သူတယ်ရီကြားကခင်မင်မှုကိုလည်းပျက်မလိုဖြစ်စေခဲ့တာဆိုတော့ ဘယ်လိုတွေဂြိုဟ်မွှေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦးစာကြွင်း - ဒီထဲမှာ ဒေါက်တာဟောက်စ်ရဲ့ကာရိုက်တာက ဟောက်စ်လိုမျိုး ဇွတ်တရွတ်နိုင်တယ်လို့ပြောလို့ရပေမယ့် ဟောက်စ်လိုခေါင်းမာတဲ့လူကြီးမဟုတ်ဘဲ သိပ်ကိုသဘောမနောကောင်း လိုက်လျောတတ်တဲ့လူကြီးအဖြစ် တွေ့ကြရမှာပါအပေါ်မှာပြောခဲ့တဲ့ဇာတ်ကောင်တွေထဲက ဘယ်သူဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော် Translated by MTAEncoded by YKFile Size : 1.58GB and 791MBQuality : 1080p Blu-Ray H264 ...
movie
The Oranges (2011)
6.8
Man on a Ledge(2012)
Man on a Ledge(2012)((နင်းကန်လန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့် တင်ဆက်ပေးထားပါသည်။)) ခေါင်မိုးစွန်းပေါ်ကလူတစ်ယောက် သောင်းပြောင်းထွေလီလှတဲ့ လူ့လောကမှာလူပေါင်းများစွာကို ထောင်နှုတ်ခမ်းနားမဟုတ်တဲ့ တိုက်ခေါင်မိုးနှုတ်ခမ်းနားရောက်စေတဲ့ကိစ္စတွေအများကြီးရှိပါတယ်.... ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Avatar မင်းသား Sam Worthington တစ်ဖြစ်လဲ နစ်ကတ်စီဒီဆိုတဲ့လူဟာ ရုစဗဲ့ဟိုတယ်ရဲ့ ၂၁လွှာကနေခုန်ချဖို့လုပ်ပါတယ် ......သူ့ကြည့်ရတာ ဒီလိုခုန်ချဖို့အစီအစဉ်ကို သေသေချာဆွဲထားသလားထင်ရပါတယ်... ခုန်ချဖို့ ခေါင်မိုးစွန်ကိုမသွားခင် လက်ဗွေရာမကျန်အောင် နှုတ်ဆက်စာဆန်ဆန်ရေးခဲ့သလို ဝိုင်ပုလင်းတွေမနက်စာစားတုန်းက ကျန်ခဲ့တဲ့လက်ဗွေရာတွေကိုပါ ရှင်းခဲ့ပါသေးတယ်...ဒီလိုခုန်ချဖို့ စီစဉ်နေတုန်းမှာ နစ်ကတ်စီဒီ ရဲ့နောက်ကြောင်းကို တစ်ချက်ပြတယ်...သူကအရင်ကရဲဖြစ်ဖူးခဲ့ပြီး ပြဿနာတစ်ခုကြောင့် ထောင်(၂၅)နှစ်ကျသွားတယ်...ခုတော့ လူစည်ကားလွန်းတဲ့မြို့လယ်ခေါင်ရဲ့ ဟိုတယ်တစ်ခုပေါ်မှာ ခုန်ချဖို့ကြိုးစားနေပါတယ်...ခုန်ချဖို့ကြိုးစားတာက တခြားကြီးမားတဲ့အစီအစဉ်ကြီးအတွက် အစိတ်အပိုင်းတစ်ခုများဖြစ်လေမလား.... ဒီကားက အီသွားတဲ့နေရာမရှိဘူး...ဇာတ်လမ်းစစချင်းလူတစ်ယောက်တိုက်ပေါ်ခုန်ချဖို့ကြိုးစားတယ်..ပြီးတော့သူနောက်ကြောင်းကိုတစ်ချက်ပြတယ်...အက်ရှင်ခန်းတွေနဲ့ ဇာတ်ကိုပုံဖော်သွားတာ...ကိုယ်တိုင်လိုက်လံအဖြေထုတ်ရင်းဇာတ်လမ်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာသလို အစကနေအဆုံးထိ ကြည့်ရင်း ကိုယ်ပါ ဇောချွေးပြန်လာတဲ့ဇာတ်ကားမို့ ကျန်တဲ့ဟာတွေမပြောတော့ပါဘူး...နည်းနည်း Spoiler လုပ်တာနဲ့ ရသပျက်သွားနိုင်တဲ့ကားမို့ပါ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်....File ...
movie
Man on a Ledge(2012)