Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Cusack
8.1
Stand by Me
Stephen King ဆိုရင် Horror ဘုရင်ကြီးလို့ ပြေးမြင်ယောင်ကြလိမ့်မယ်ထင်တယ်။ ပြောလည်း ပြောချင်စရာပေါ့ IT တို့ Dark Tower တို့လို အကြမ်းစား universe တွေကို ဖန်းတီးခဲ့တဲ့သူကိုး။ ဒါပေမဲ့ ရိုးရိုးလေးနဲ့ လှနေတဲ့ ကားတွေလည်း ရှိခဲပါသေးတယ်။ တွမ်ဟမ့်ကြီးရဲ့ the Green Mile လို၊ လူတိုင်းအသည်းကျော် The Shawshank Redemption ဇာတ်လမ်းမျိုးတွေပေါ့။ အခု ဒီကားလေးက အေးအေးငြိမ်ငြိမ်လေးနဲ့ စိတ်လှုပ်ရှားရတဲ့ကားလေးပါ။ ထူခြားချက်ကတော့ ကလေးလေးတွေရဲ့ စွန့်စားခန်းလေးဖြစ်နေတာပါပဲ။ (IT ထဲတုန်းက အရှုံးသမားလေးများအဖွဲ့ကိုလည်း စိမ်းကြမယ်မထင်ဘူး) ဇာတ်လမ်းကတော့ ဟိုးလေတကျော် လူပြောများနေတဲ့ ကလေးပျောက်တဲ့ အမှုကို ကလေးတွေက အဖွဲ့လိုက် ပြန်ရှာကြတဲ့ဇာတ်လမ်းပါပဲ။ စရိုက်စုံတဲ့ ကလေးလေးယောက်ရဲ့အကြောင်းပေါ့။ ထုံးစံအတိုင်း နောက်ခံစကားပြောအေးအေးလေးနဲ့ မပျင်းရအောင်ဆွဲခေါ်သွားတဲ့ကားပါ။ File size… 1 Gb / 500 Mb Quality… Bluray ...
movie
Stand by Me
7.5
The Player(1992)
The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie
The Player(1992)
6.9
Con Air(1997)
Con Air(1997)အညွှန်း*******************Blu-Ray 1080p5.1ch, 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....(unicode)နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ... ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့... ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ် နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေ ပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ....ရသအပြည့်အ၀ခံစားရအောင် BLU-RAY 1080P5.1CH နဲ့ အပြည့်အစုံပြန်လည်တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ဒီဇာတ်လမ်လေးကတော့ မင်းသားကြီးနီကိုးလတ်စ်ကေ့စ်ချ်ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် သူ့ခေတ်သူ့အခါမှာတော်တော်အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ် ဇာတ်ကားအကြောင်းကတော့.. စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ် ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့ သူ့အိမ်ပြန်ခရီးလေးဘယ်လိုဖြစ်သွားမလဲ အခက်အခဲတွေအများကြီးနဲ့ကိုဖြတ်ကျော်ပြီးအိမ်ပြန်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ် ရှေ့တန်းပြန်ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပါကွက်ကွက်ကွင်းကွင်းနဲ့တင်ပြထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်.... (zawgyi)နီကိုးလတ်စ်ကေ့စ်ခ်ျ ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ခ်ျ)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ ...
movie
Con Air(1997)
1997
5.5
Never Grow Old(2019)
Never Grow Old(2019)IMDb...5.5,,,,,Rotten..100%အလွန်အေးချမ်းသာယာလှတဲ့ နယ်စပ်မြို့လေးတစ်မြို့ရှိတယ်.... ဒီအေးချမ်းမှုတွေဟာ ဒတ်ခ်ျအဲလ်ဘတ် နဲ့ သူ့လူတွေ ရောက်လာတဲ့အချိန်မှာတော့ကမ္ဘာပျက်သလိုဖြစ်ကုန်တယ်.. ဒတ်ခ်ျအဲလ်ဘတ်တို့အဖွဲ့ဟာသူတို့ကိုဆန့်ကျင်သူအားလုံးကို သေနတ်နဲ့ပစ်သတ် တဲ့အပြင် မြို့နေလူထုအပေါ်မှာလည်း လုပ်ချင်တိုင်းလုပ်နေတယ်...မည်သို့ပင်ဆိုစေကာ မူ ဒီမြို့ရဲ့ သုဘရာဇာ ပတ်ထရစ် တိတ် ကတော့ လူသတ်မှုတွေများလာတာနဲ့အမျှ အလုပ်အကိုင် အဆင်ပြေသလိုတောင်ဖြစ်လာတယ်.... သူကိုယ်တိုင်လည်း လူရမ်းကားဝရမ်းပြေးတွေနဲ့ အပေါင်းအသင်းဖြစ်သွားခဲ့တယ်...ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့မိသားစုပါ အန္တရာယ်ရှိလာတဲ့အခါ လူရမ်းကားတွေလက်ကနေ သူ့မိသားစုကို ကြိုးစားကယ်တင်ပုံတွေကို ရင်တထိတ်ထိတ် နဲ့ ကြည့်ရှုခံစားရမဲ့ အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်.. File Size : (850 MB) and (316 MB) Quality : WEB-DL 720p, Format…mp4 Duration…01:40:00 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie
Never Grow Old(2019)
2019
5.8
River Runs Red (2018)
ကျွန်တော်တို့အားလုံးရဲတွေရဲ့ လုပ်ငန်းတာဝန်ကိုသိကြပါတယ် လူဆိုးတွေဖမ်းမယ် ပစ်သင့်ရင်ပစ်မယ်.. ရဲတွေကလူဆိုးတွေကိုပစ်တာ ခတ်တာ ကျွန်တော်တို့အများကြီး ကြည့်ဖူးကြပါပြီ တကယ်လို့ရဲတွေက လူဆိုးမဟုတ်တဲ့သူတွေကို ပစ်မိရင်ရော ဒီမေးခွန်းကိုဒီကားမှာမေးပြထားပါတယ် ချားလ်ကိုးမန်းက သူတို့မြို့ရဲ့ ပထမဆုံးလူမည်းတရားသူကြီးတစ်ယောက်ပါ တရားသူကြီးဖြစ်လာဖို့သူကြိုးစားခဲ့သလို့တစ်ဖက်မှာလဲ သူ့ရဲ ဇနီးချောတရုတ်မလေးနဲ့ သူ့သား စီဂျေကိုးမန်းဂျူနီယာလေးကလဲ သူရဲ့ ကြိုးစားရတဲ့အားဆေးတွေပါပဲ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ ကလေးမွေးခဲ့တဲ့ ချားလ်ကသူ့ဘဝကိုသူပြန်တည်ဆောက်ပြီး တရားသူကြီးဖြစ်လာသည်အထိကြိုးစားခဲ့တဲ့သူတစ်ယောက် ဒီလိုနဲ့ သားလေးကသူ့ရဲ့ အကယ်ဒမီပထမဆုံးသွားရတဲ့နေ့မှာပဲ ရဲဝန်ထမ်း၂ယောက်ရဲ့ မှားယွင်းပစ်ခတ်မှုကိုခံရပြီးသေဆုံးသွားခဲ့ပါတယ်.. မှားယွင်းပစ်ခတ်ခဲ့တဲ့ရဲ၂ယောက်ကလဲ သူတို့အမှားကိုတာဝန်မယူဘဲ စီဂျေကပဲသူတို့ကိုသေနတ်နဲ့ပစ်မလိုလုပ်လို့ ပြန်ပစ်ရတာပါဆိုပြီး လုပ်ကြံထွက်ဆို အကွက်ပြန်ဆင်လိုက်ပါတယ် ဥပဒေအကြောင်းသိတဲ့ရဲရဲ့ အကွက်စေ့တဲ့ လုပ်ကြံမှုကိုတရားဥပဒေက မဖြေရှင်းပေးနိုင်တဲ့အခါ ကိုးမန်းတစ်ယောက်ဘယ်လိုဖြေရှင်းမလဲ.. ဒီမြို့မှာသားကိုရဲသတ်တာခံရတဲ့ သူက တစ်ယောက်ထဲရောဟုတ်ရဲ့လား.. ဆိုတာကိုတော့ ဇတ်ကားကိုကြည့်ရှုပြီးခံစားလိုက်ပါ.. Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
River Runs Red (2018)
2018
7.3
Identity(2003)
Identity(2003) IMDb....7.3,,,,Rotten.....62% သရဲကားတော့မဟုတ်ပါဘူး ဒါပေမယ့် Thriller ပါ လုံးဝအာရုံအပြည့်အ၀စူးစိုက်ပြီးကြည့်ရလောက်အောင် ဆွဲခေါ်သွားမယ့်ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့ Nevada မှာရှိတဲ့ Motel တစ်ခုမှာ မုန်တိုင်းဒဏ်ကြောင့် သောင်တင်ကြတဲ့ လူ ၁၀ယောက်ရှိပါတယ်... ဒါပေမယ့်အဲ့၁၀ယောက်အတွက် ကပ်ဆိုးကြီးတစ်ခုက ဆိုက်ရောက်လာတယ်... အဲ့ဒါကတော့ ထူးဆန်းစွာပဲ၁ယောက်ပြီး၁ယောက်အသတ်ခံရတာပါ... ခင်ဗျားတို့ကိုယ်တိုင် ဘယ်သူသတ်တယ် ...ဘယ်သူက ကြံစည်နေတယ်ဆိုတာကိုတော့ အဖြေရှာကြည့်လိုက်ပါ..... Spoiler ဖြစ်သွားမှာစိုးလို့ဆက်ပဲကြည့်ကြပါလို့ အဲပြီးတော့တစ်ခုလောက်ပြောပြဦးမယ် "As I was walking up the stairs, I met a man who wasn't there. He wasn't there agian today. I wish, I wish he'd go away." ဒီစာသားလေးကအခုနေမြင်ရဖတ်ရတာတော့သာမန်လိုပဲဖြစ်နေပေမယ့် တကယ်တမ်းကတော့ ဒီစာသားက Canda ရဲ့ Antigonish Nova Scotia မြို့လေးမှာရှိတဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက လှေကားနားက လူတစ်ယောက်အကြောင်းကို William Hughes Mearns ရေးသားထားတဲ့ နာမည်ကြီးကဗျာထဲကစာသားလေးပါ... ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့အခါ သာမန်ကဗျာစာသားကနေ ဒီစကားကိုကြားတိုင်းကြားတိုင်း ကျောချမ်းလောက်တဲ့အထိကိုဖြစ်စေတာပါ... ဇာတ်ကားကြည့်ပြီးခံစားနေတုန်းခပ်ကြမ်းကြမ်းနှလုံးခုန်သံတွေထွက်ပေါ်လာတာကို နှစ်ခြိုက်သူတွေအတွက် ထွေးပွေ့ထားသင့်တဲ့ Thriller ကားပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala ...
movie
Identity(2003)
2003
4.2
Distorted (2018)
ဒီဇာတ်ကားလေးကတော့ Mystery, Thriller ဇာတ်ကားဇာတ်အေးလေးတစ်ကားဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးဇာတ်လမ်းတွေပဲကြည့်ချင်ရင်တော့ လက်ရှောင်သွားဖို့အကြံပြုချင်ပါတယ်။လူတိုင်းကြိုက်မဲ့ကားမျိုးမဟုတ်ပေမယ့် ကြိုက်တဲ့လူတိုင်းကတော့ အကောင်းဆုံးထဲမှာပါတယ်လို့ပြောကြမှာပါ။ဒီကားထဲမှာ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေနည်းပညာရဲ့ကြောက်စရာကောင်းတဲ့သက်ရောက်မှုတွေကို စိတ်ဝင်တစားတွေ့ရမှာပါ။စုံထောက်ကားကြိုက်သူတွေ သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအတွက်အရမ်းကိုအကြိုက်တွေ့စေမှာပါ။နာမည်ကြီးမင်းသမီးမင်းသားများဖြစ်တဲ့ Christina Ricci နဲ့ John Cusack သရုပ်ဆောင်ထားပါတယ်။၃၂နှစ်အရွယ် သားတစ်ယောက်ဆုံးပါးသွားလို့စိတ်ကျရောဂါဖြစ်နေတဲ့ Lauren တစ်ယောက် သက်တောင့်သက်သာပိုရှိစေဖို့ The Pinnacle ဆိုတဲ့ ခေတ်မှီအိမ်ယာမှာရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့စိတ်ကျရောဂါဟာသက်သာမလာပဲ ပိုဆိုးလာသလိုဖြစ်နေပြီးတော့ ထူးဆန်းတာတွေမြင်နေကြားနေရပါတယ်။အဲဒါတွေက သူရဲ့စိတ်ထဲမှာပဲဖြစ်နေတာလား တကယ်ဖြစ်နေတာလားသူ့ရဲ့ခင်ပွန်းဖြစ်သူကရော သူ့ကိုကူညီပေးနိုင်ပါမလားဆိုတာကတော့....(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre : Action, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by d3mon Encoded by Thanhtike Zaw
movie
Distorted (2018)
2018
5.4
Singularity
ဒီကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်သိပ္ပံကားလေးတစ်ကားဖြစ်ပါတယ်.... ထူးချွန်တဲ့သိပ္ပံပညာရှင်ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့နည်းပညာတွေကိုတိုးမြှင့်ဖို့အတွက် အကောင်းဆုံးဆိုတာကိုလုပ်ဆောင်ချင်လာကြပါတယ်... ဒါကြောင့်လည်း သူတို့ရဲ့အကောင်းဆုံးပေးဆပ်မှု့တွေကိုခံစားဖို့အတွက် အဆုံးဆိုးနဲ့ သဘာဝတရားကြီးကိုဖျက်ဆီးနေကြတာ လူသားတွေဆိုတာကို ယုံကြည်လာကြပါတယ်... တစ်နေ့မှာတော့ သူတို့ရဲ့အကြီးမားဆုံးတီထွင်မှု့အတွက်သူတို့အသက်တွေကိုပေးဆပ်လိုက်ကြပြီး မကောင်းဘူးလို့သတ်မှတ်ထားခဲ့ကြတဲ့လူသားမျိုးနွယ်ကို တစစီဖျက်ဆီးခဲ့ပါတယ်... ခံစားချက်ရှိပြီး ဆိုးရွားတာတွေကိုပဲလုပ်နေတဲ့လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကိုအစားထိုးပြီး ကမ္ဘာကိုသာယာအောင်ဖန်တီးနိုင်ကြမယ်လို့လည်းသူတို့ယူဆခဲ့ကြပါတယ်.... ဒါကြောင့်လည်း လူသားမျိုးနွယ်ကိုဖျက်ဆီးပြီး လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကို အစားထိုးခဲ့ပါတယ်... သူတို့ဟာဥာဏ်ကြီးရှင်တွေဖြစ်တဲ့အတွက် ထာဝရမသေဆုံးနိုင်တဲ့ အရာတွေအဖြစ်တည်ရှိနေကြပြီး နောက်ဆုံးကျန်တဲ့ လူသားမျိုးနွယ်များရှိတယ်လို့ယူဆရတဲ့ မြို့လေးတစ်မြို့ကို သူတို့ရဲ့နည်းပညာမြင့် စက်ရုပ်တစ်ရုပ်နဲ့အစားထိုးပြီး သွားရောက်ဖျက်ဆီးဖို့ကြိုးစားကြမှာပဲဖြစ်ပါတယ်... ဒီကားလေးထဲမှာပေးချင်တဲ့ အချက်ကတော့ သူတို့ယူဆချက်တွေဟာတချို့တ၀က်သာမှန်ကန်ခဲ့ပါတယ်... နောက်ပြီးလူသားတိုင်းပဲ ခံစားချက်ရှိတာမဟုတ်ပါဘူး... လူသားမဟုတ်တဲ့ သက်မဲ့စက်ရုပ်တစ်ရုပ်တောင် အချစ် ဆိုတဲ့ထူးဆန်းတဲ့အရာနဲ့ကြုံတွေ့လာတဲ့အခါ ပြောင်းလဲမှု့တချို့ဟာစတင်လာခဲ့ပါတော့တယ်.... ဒါကြောင့် သိပ္ပံကားထူးထူးဆန်းဆန်းလေးနဲ့ စက်ရုပ်ကားတွေကြိုက်တဲ့လူတွေအတွက်ကတော့ အတိုင်းတာတစ်ခုထိစိတ်ကျေနပ်မှု့ရစေမယ့် ကားလေးဖြစ်ပါတယ်.... File Size : (794MB) and (275 MB) Quality : 720p Web DL Running Time : 1hr 32min Format : Mp4 Genre :Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p Web DL Translated by Thet Htar Phyu Encoded by ...
movie
Singularity
2017
1
2
Previous