Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Boylan
5.0
Campton Manor (2024)
Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားကHorror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့်ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေးဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကိုတွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကိုဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော်ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်းမပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့်သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခုရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက်အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက်တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကိုအခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…976MB / 395MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Campton Manor (2024)
6.3
Rabid (1977)
အဘိုးတို့ခေတ်က အမေရိကန်အပြာသရုပ်ဆောင် မင်းသမီးကြီးမာရီလင်ချိန်းဘားစ်ရဲ့ ခေတ်ဟောင်းဇွန်ဘီးရုပ်ရှပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆုတွေအများကြီးရထားပြီး ဟော်ရာရုပ်ရှင်တွေအရိုက်များတဲ့ ကနေဒါလူမျိုးဒါရိုက်တာကြီး ဒေးဗစ်ခရိုနန်ဘာ့ချ်လက်ရာမို့ ခေတ်ဟောင်းကရုပ်ရှင်ဆိုပေမဲ့ အရည်အသွေးကတော့ ထိပ်တန်းပါပဲ။လမ်းလယ်မှာရပ်ထားတဲ့ ကားတစ်စီးကြောင့် ဆိုင်ကယ်စီးလာတဲ့ စုံတွဲတစ်တွဲဟာ အတော်လေးဆိုးဝါးတဲ့ မတော်တဆမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အမျိုးသားဖြစ်သူက ကျိုးပဲ့ပြီး သတိလစ်တာလောက် ဖြစ်သွားပေမဲ့ အမျိုးသမီးလေးကတော့ ဆိုင်ကယ်မီးလောင်တာနဲ့အတူ ခန္ဓာကိုယ်နေရာအတော်များများမှာ မီးလောင်သွားခဲ့ပါတယ်။အနားမှာ ပလတ်စတစ်ဆာဂျရီလုပ်ပေးတဲ့ ဆေးခန်းရှိနေတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဘယ်မှာမှမစမ်းသပ်ရသေးတဲ့ အရေပြားအစားထိုးနည်းနဲ့ မလွှဲရှောင်သာပဲ ကုပေးလိုက်ရပါတယ်။ ဒီမှာပဲ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထူးဆန်းတာတွေဖြစ်လာပြီး တစ်မြို့လုံးရောဂါကူးစက်ဖို့ ဖြစ်လာပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre...Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
Rabid (1977)
Pet Sematary: Bloodlines (2023)
မြေမြှပ်လိုက်တိုင်း ပြန်ရှင်လာတဲ့ သင်္ချိုင်း၊ စာရေးဆရာကိုယ်တိုင်အကြောက်ဆုံးစာအုပ်Pet Semetaryဒီဇာတ်လမ်းဟာ ဟော်ရာစာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်အကြီးဆုံးဝတ္ထုတွေထဲက တစ်အုပ်ဖြစ်တဲ့ Pet Semetary ကိုအခြေခံပြီးရိုက်ကူးထားတာပါ။စတီဖင်ကင်းဟာ အင်တာဗြူးတိုင်းမှာ သူရေးတဲ့ဝတ္ထုတွေထဲသူအကြောက်ဆုံးဇာတ်လမ်းကိုပြောပါဆိုရင် Pet Semetary ကိုပဲ ညွှန်းလေ့ရှိပါတယ်။ပထမဆုံးရုပ်ရှင်ကို 1989 မှာ ရိုက်ကူးခဲ့ပြီး၊ ၂၀၁၉ မှာ ဗားရှင်းအသစ်ရိုက်ကူးထားပါတယ်။နှစ်ကားလုံးကို ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။အခု ဇာတ်လမ်းကတော့ မူရင်းဝတ္ထုထဲက ဇာတ်လမ်းကြီးမစခင်ရှေ့မျိုးဆက်အကြောင်းကို ရိုက်ကူးထားတာပါ။မူရင်းဇာတ်လမ်းထဲက အဘိုးကြီးဂျက်ဟာ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်လိုက်ပါပဲ။မူရင်းဇာတ်လမ်းတုန်းက တိရစ္ဆာန်သင်္ချိုင်းအကြောင်းကို အဘိုးကြီးကစကားအနေနဲ့ သတိပေးတဲ့ဟာကို အခြေခံပြီး ဇာတ်လမ်းပြန်ဖွဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလဒ်လိုမြို့မှာ ဖုန်းဆိုးမြေလို့ ခေါ်ရမဲ့ နေရာတစ်ခုရှိတယ်။အရင်ကတော့ မျိုးနွယ်စုတွေဟာ တိရစ္ဆာန်တွေကိုမြှပ်နှံပြီး တိရစ္ဆာန်ဝိညာဉ်တွေဟာလူတွေကို မကောင်းဆိုးဝါးလက်ကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဲဒီမြေက ပုတ်သိုးသွားပြီး သီးနှံတွေလည်းသေဆုံးလာသလိုမကောင်းဆိုးဝါး အားကောင်းလာတဲ့အခါ စွန့်ခွာပြီး ပြေးခဲ့ကြပါတော့တယ်။နှောင်းလူတွေ အဲဒီ သင်္ချိုင်းမြေကို ဆက်မသုံးမိအောင်လည်း သတိပေးထားကြပါတယ်။ဒါပေမဲ့ အဲဒီမြေရဲ့ မကောင်းဆိုးဝါးက ...
movie
Pet Sematary: Bloodlines (2023)
2023
4K HEVC
5.3
Land of the Lost (2009)
Land of the Lost (2009)ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသားတွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား... ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား... ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 850MB Quality - ...
movie
Land of the Lost (2009)
2009
7.0
Sleepless in Seattle(1993)
Sleepless in Seattle(1993) အညွှန်း****************************မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်..ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆုများစွာလည်းရရှိခဲ့ပါတယ်..အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင်ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့်အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့..ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင်သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Sleepless in Seattle(1993)