Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Johannes Krisch
6.4
A Cure for Wellness (2016)
A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie
A Cure for Wellness (2016)
7.5
Revanche (2008)
IMDb 7.5 , RT - 96 %ရသပေါင်းစုံ ပေးစွမ်းနိုင်မယ့် ဇာတ်အိမ်ကောင်းကောင်းနဲ့ ဂျာမနီ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။သင့်မှာ သိပ်ချစ်ရတဲ့ လူ တစ်ယောက်ရှိလား။ အဲဒီလူရဲ့ ဖြစ်တည်မှု၊ အပြုမူ၊ ကာရိုက်တာ၊ အလုပ်၊ အကုန်လုံးကို အရာရာ နားလည်ပေးနိုင်တဲ့အထိ ချစ်ပေးရတဲ့ Favourite person မျိုး ရှိပြီလား။ ယောင်္ကျားလေးတွေက ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေးကိုဆိုရင် အသက်ပါပေးပြီး ကာကွယ်ပေးချင်ကြတာက သဘာဝပါပဲ။ အကယ်၍ ကိုယ် နှစ်နှစ်ကာကာ ချစ်ရတဲ့ ကောင်မလေးကို လက်လွတ်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော ..... ရင်ကွဲမတတ် ခံစားရမှာက မလွဲဧကန်ပါပဲ။တာမာရာနဲ့ အဲလက်စ်က သိပ်ကို ချစ်ကြတဲ့ရည်းစားတွေပါ။ ဒါပေမယ့် ကံတရားက မျက်နှာသာ မပေးတော့ ၂ယောက်လုံး ဆင်းဆင်းရဲရဲနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရှာဖွေနေကြရပါတယ်။ ဒါပေမယ့် လောကကြီးရဲ့ Matrix အတိုင်း ဆင်းရဲလေ ...
movie
Revanche (2008)
7.5
A Hidden Life (2019)
ဒါကတော့ IMDb Rating 7.6နဲ့ tomatoesမှာ 80%အထိရထားပြီးဆုတွေအောင်မြင်မှုတွေရထားတဲ့ Historical dramaကားလေးပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာ အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခုကိုပျက်စီးခဲ့ရတဲ့ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားကအေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်းချစ်စရာသမီးလေးသုံးယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ဒုတိယကမ္ဘာစစ်စတော့ ဖရန့်ကိုစစ်လေ့ကျင့်ရေးခေါ်ခဲ့ပေမယ့်ဩစတေးလျမှာယာသမားတွေလိုတာကြောင့် သူ့ကိုအိမ်ပြန်လွှတ်ခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုစစ်တိုက်ဖို့အခေါ်ခံရတဲ့အချိန်မှာတော့ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေမှန်ကန်တယ်လို့မထင်၊စစ်ပွဲကလည်းမတရားဘူးလို့ယူဆတဲ့ဖရန့်တစ်ယောက်ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးတဲ့။ဒီလိုနဲ့သူ့ကိုအကျဉ်းထောင်ထဲပို့လိုက်ပြီး စီရင်ချက်ချဖို့စောင့်ဆိုင်းနေရပါတယ်။ဒီကားမှာ ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက်ထောင်တွင်းသူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီးစိတ်ထဲမှာကျဉ်းကြပ်လာသလိုခံစားရမှာပါ။သာယာပျော်ရွှင်နေတဲ့မိသားစုလေးဆီမှာကိုယ်မှန်တယ်ထင်တဲ့အရာကိုခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့်သူ(မ)ပင်ပန်းဆင်းရဲစွာအလုပ်လုပ်ရပြီးပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့်ယောက်ျားအပေါ်ငြူစူခြင်းမရှိပဲအဆုံးထိပါရမီဖြည့်ပေးခဲ့တဲ့မိန်းမတစ်ယောက်ကိုလည်း အံ့ဩစရာမြင်ရမှာပါ။ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးရင်းA hidden lifeဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိပဲပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာမတွေးရဲအောင်ပါပဲ။ဒီလိုကားမျိုးတွေကိုလူကြိုက်များမှာမဟုတ်မှန်းသိပေမယ့်ဒရမ်မာကားကောင်းတွေကို ရင်နဲ့ခံစားကြည့်ရှုသူတွေအတွက်တော့ဇာတ်ကားကောင်းတစ်ကားဆိုတာ အသေအချာပါပဲ။ File Size : ( 2 GB ...
movie
A Hidden Life (2019)
7.3
In the Fade
Rating မြင့်မြင့် Crime Drama ကားကောင်းကောင်း ကြည့်လိုတဲ့ CMပရိသတ်ကြီးအတွက်In the fade (2018) ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အရာအားလုံးရင်းပြီးတည်ဆောက်ခဲ့ရတဲ့ ပျော်ရွှင်စရာမိသားစုလေးတစ်ခုဆိုတာကတ်ဂျာ ပိုင်တိုင်သမျှအရာအားလုံးပါ။တစ်နေ့တော့ မထင်မှတ်ပဲ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့်မိသားစုဘဝလေးပျက်ဆီးသွားခဲ့ရပါတော့တယ်။ဗုံးဖောက်ခွဲခဲ့တဲ့လူကို သိလာခဲ့တဲ့နောက် ကတ်ဂျာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?တရားမျှတမှုကိုရော ရှာတွေ ့နိုင်ပါ့မလား?မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ၊အားမလိုအားမရ ခံစားချက်တွေနဲ့အတူဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်နိုင်သွားတဲ့ကားလေးလို့ပဲ ညွှန်းလိုက်ပါရစေ။Ratingတွေ အနေနဲ့ကတော့ Imdb 7.3 Rotten Tomatoes 74% ရရှိထားတဲ့ ကားလေးပါ။File Size : (761 MB) and (302 MB) Quality : 720p WEB DL Running Time : 1hr 46min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Source : ...
movie
In the Fade
2017