Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Johannes Bah Kuhnke
6.8
The House That Jack Built (2018)
The House that Jack Built(2018) IMDb: 6.8/10 Rotten Tomatoes: 60% Genre: Psychological Horror/ Psychological Thriller "ဂျက်ခ်တည်ဆောက်ခဲ့တဲ့အိမ်လေး" တဲ့ရုပ်ရှင်ခေါင်းစဉ်က။မသိရင်ပဲ သာယာလှပတဲ့ ရုပ်ရှင်လိုလိုနဲ့။ တကယ်တမ်းဒီရုပ်ရှင်ကအတော်လေးစိတ်ညစ်ဖို့ကောင်းပါတယ်။ တကယ်လည်းကောင်းတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။American Psycho ကြိုက်ရင် ဒီရုပ်ရှင်ကိုသဘောကျမှသေချာပါတယ်။ ကျွန်တော်ကအကျင့်တစ်ခုရှိတယ်။ အဲဒါက ရုပ်ရှင်တစ်ခုကို ဘာသာမပြန်ချင် အဲဒီရုပ်ရှင်နဲ့ပတ်သက်သမျှကို လိုက်ရှာကြည့်တာ။ ရှာကြည့်တော့ တကယ်ပဲ ဒီရုပ်ရှင်က လူကြိုက်များလှပါတယ်။ တချို့ဆိုရင် ရုပ်ရှင်ဝေဖန်ရေးသမားတွေပြောတာကိုနားမယောင်နဲ့။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်အောင်ကြည့်လို့ဆိုပါတယ်။ တကယ်ပဲကောင်းတယ်လို့ပြောပါရစေ။ဇာတ်ညွှန်း ဂျက်ခ် ဟာ OCD ရောဂါခံစားနေရတဲ့ စိတ်ရောဂါရှင် ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာလူကိုကြုံရင်ကြုံသလိုသတ်နေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာလူသတ်ရတာကိုအနုပညာမြောက်တယ်လို့ထင်နေပြီး လူသတ်တာကိုပဲပျော်မွေ့နေတဲ့လူဖြစ်ပါတယ်။ သူ့ရဲ့အယူအဆတွေက တကယ့်လက်တွေ့လောကနဲ့လုံးဝကိုဆန့်ကျင်နေပြီး အတော်လေးလည်းကြောက်ဖို့ကောင်းလှပါတယ်။ သူဘယ်နှစ်ယောက်ထိထပ်ပြီးတော့သတ်နိုင်မှာလဲ။ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုကြည့်လိုက်ပါ။ ကြည့်နေရင်းနဲ့ သူ့ရဲ့အယူအဆတွေကိုတောင်လက်ခံမိမလိုလို ဘာသာပြန်ရင်းဖြစ်သွားပါသေးတယ်။ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Matt Dillion ဟာလည်းအတော်လေးကိုသရုပ်ဆောင်ကောင်းလှပါတယ်။ ဒီဇာတ်လမ်းလေးကိုတော့ ၁၂ နှစ်တာကာလအတွင်းမှာ သူသတ်ခဲ့တဲ့လူတွေအကြောင်းကိုပြန်ပြောပြတဲ့ပုံစံနဲ့ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ File size… 4.5 GB / 1.5 GB Quality… ...
movie
The House That Jack Built (2018)
2018
5.5
Red Dot (2021)
တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကိုမြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လိုစိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့အဲ့လိုစိတ်ကူးထားသူတွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသားဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီးနှစ်ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကိုပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lightsတွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်းရုတ်တရက်ကြီး Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ရှူသူတွေကိုအဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twistအပိုင်းကလည်း ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေးကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…1.24GB / 574MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Drama , Horror ...
movie
Red Dot (2021)
7.2
Force Majeure (2014)
သင်ဟာ ဇာတ်ကားလေးကြည့်ရင်း တွေးနေရတာကိုသဘောကျသူလား၊ တစ်စိမ့်စိမ့်နဲ့ဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးကိုသဘောကျသူလား၊ အဆုံးမှာတွေးစရာတွေပေးသွားတာမျိုးကို သဘောကျသူလား။ ဒါဆို Force Majeure ဆိုတဲ့ drama/comedy ဇာတ်ကားလေး ရှိပါတယ်။ ဒီဇာတ်ကားမှာပေါ့ တိုမက်စ် နဲ့ အက်ဘီဆိုတဲ့ လင်မယားမှာဟယ်ရီ နဲ့ ဗီရာဆိုတဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။သူတို့တွေဟာ မိသားစုနဲ့အတူ အနားယူချင်တာကြောင့်နှင်းလျှောစီးတဲ့နေရာကို ၅ရက် အပန်းဖြေခရီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။ နှင်းလျှောစီးတဲ့အချိန် အဆင်ပြေနေခဲ့ကြပေမယ့် နေ့လယ်စာစားချိန်ရောက်တော့ ပြဿနာစလာပါတော့တယ်။ သူတို့ နေ့လယ်စာ စားဖို့လုပ်တုန်း နှင်းတောင်ပြိုမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါဟာ နှင်းလျှောစီးသူတွေအန္တရာယ်ကင်းအောင် တမင်ဖြိုချတာဖြစ်ပေမယ့် စားသောက်ဆိုင်တည့်တည့်ကို အရှိန်နဲ့ဆင်းလာတဲ့အခါ တိုမက်စ်လည်း ကလေးတွေနဲ့မိန်းမကို ထားခဲ့ပြီး တန်းနေအောင်ပြေးပါတော့တယ်။ ကံကောင်းစွာနဲ့ ဘယ်သူမှဘာမှမဖြစ်ခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ အက်ဘာကို စိတ်ခုစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ပြီးကတည်းက တိုမက်စ်နဲ့အက်ဘာဟာ အဆင်မပြေတွေဖြစ်ခဲ့ကြပြီး သူတို့ပြဿနာကတစ်ဖက်၊ ကလေးတွေကတစ်ဖက်၊ ကြားမှာ ဘယ်လိုတွေဆက်ပြီးဖြစ်သွားမလဲ၊ တိုမက်စ်တကယ်ပဲမှားခဲ့တာလား၊ အက်ဘာကပဲ အတွေးလွန်နေတာလား၊ အဆုံးမှာဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်၀င်စားဖို့ကောင်းတာကြောင့် drama ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.20 GB / 697 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ..... ...
movie
Force Majeure (2014)
2014
4.8
So Different (2009)
So Different (2009) ===============ဒီတစ်ခေါက်မှာတော့ ဆွီဒင် အချစ်ကားလေးတစ်ကား မိတ်ဆက် ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ နှစ်ယောက်တစ်ဘ၀၊ တစ်အိုး တစ်အိမ် ထူထောင်ပြီးရင်တောင် စိတ်သဘောထားချင်းမတူညီရင်၊ တစ်ယောက်ကိုတစ်ယောက်မချစ်ရင် အဆင်မပြေနိုင်တဲ့အကြောင်း ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လော့တ်တာ နဲ့ စန်နာ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ သိပ်ကိုထူးချွန်တဲ့သူတွေ ဖြစ်ကြပါ တယ်။ လော့တ်တာဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းကြာ ပေမယ့် စရိုက်ချင်းမတူတဲ့အခါမှာ အဆင်မပြေဖြစ်ပြီး ကွာရှင်းထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အောင်မြင်တဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌ ရာထူးကို ရရှိပြီးတဲ့နောက် ကျန်ခဲ့တဲ့သမီးနှစ်ယောက်နဲ့ ပါတီအရေးကြားမှာ မထိန်းချုပ်နိုင်ဖြစ်လာပါတော့တယ်။စန်နာဟာဆိုရင်လည်း ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ ညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး သူ့အချစ်ရေးကို လေးလေးနက် နက် မစဉ်းစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီညီအစ်မနှစ်ယောက် သူတို့ရဲ့အလုပ်နဲ့ အချစ်ရေးကြားမှာ ဘယ်လိုတွေအဆင်ပြေအောင် ကိုင် တွယ်သွားကြမလဲ၊ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်ကျော် ကြမလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Jaka ဖြစ်ပါတယ်)File Size..........(2.17 GB) / (927 MB) / ...
movie
So Different (2009)
2009
7.3
The Birdcatcher (2018)
ဒီဇာတ်ကားကတော့ 2019 ခုနစ်ကထွက်ထားတဲ့ဇာတ်ကားလေးပါ နာဇီခေတ်ကိုအေခြခံပီးရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ် IMDb 4.7နဲ့ Google user 80%က ထောက်ခံထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ ဇာတ်လမ်းအကျဉ်းကတော့ တွန်ဟိုင်းမြို့မှာနေနေတဲ့ ဂျူးလူမျိုးတွေရှိပါတယ် အဲ့ဒီ့ထဲမှာ အက်စတာတို့မိသားစုလည်းအပါအဝင်ပါပဲ တနေ့မှာတော့ နာဇီတွေက တွန်ဟိုင်းက ဂျူးလူမျိုးတွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေ စတင်လုပ်လာပါတော့တယ် အဲ့ဒီ့မှာ အက်စတာရဲ့ မိဘနှစ်ပါးလည်အသတ်ခံရပီး အက်စတာဟာ ထွက်ပြေးရပါတယ် ထွက်ပြေးရင်းပြေးရင်းနဲ့သူမဟာ နာဇီတွေရဲ့ဘက်တော်သားဖြစ်တဲ့ နော်ဝေလူမျိုး ဂျိုဟန်ရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ် အဲ့ဒီမှာဂျိုဟန်ရဲ့သား အက်ဆယ်က သူမကိုကူညီပေးခဲ့တာပါ ဒါပေမယ့် နာဇီတွေကလွတ်သွားတဲ့သူမကိုလိုက်ရှာနေတာကြောင့်ရယ် ဂျိုဟန်က နာဇီတွေရဲ့လူဖြစ်တာကြောင့်ရယ် အဲ့ဒီအိမ်ကို သူမဟာ ယောကျာ်းလေးတယောက်ဟန်ဆောင်ပီး ရောက်သွားခဲ့ပါတယ် အဲ့ဒီမှာ သူမ ရှင်သန်ဖို့ ဘာတွေကြုံတွေရင်ဆိုင်ရမလဲနာဇီတွေလက်ထဲကနေ ဒီအိမ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာလားဆိုတာ ကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့Pyae Shan Tun Wai ပါ
movie
The Birdcatcher (2018)
2018
4.4
The Chamber (2016)
ဒီဇာတ်လမ်းလေးကတော့ မြောက်ကိုရီးယား နဲ့ အမေရိကန်တို့ စစ်ပွဲကာလမှာ မြောက်ကိုရီးယားဘက်က အဝေးထိန်းဒုံးကျည်တွေ စတင်တီထွင်ပြီးပြီလို့ သတင်းရပီးနောက်မှာ အမေရိကန်ဘက်က ရေငုပ်သင်္ဘောနဲ့ မြောက်ကိုးရီးယား ဒုံးကျည်ကိုသွားဖျက်စီး တဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Aurora သင်္ဘောကပ္ပတိန်က မတ်စ်လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ထဲက အကျွမ်းကျင်ဆုံးကပ္ပတိန် တစ်ယောက်ပါ။ ရေဒါခံလို့မရတဲ့ သင်္ဘောမှ မြောက်ကိုရီးယားရေတပ်ထဲ ဝင်လို့ရမှာဖြစ်လို့ တစ်စီးထဲကျန်တဲ့ စစ်သုံးသင်္ဘော Aurora အကြောင်းကိုလည်း သိရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ မတ်စ်နဲ့ ကျန်တဲ့အဖွဲ့ဝင်တွေက မြောက်ကိုရီးယားရေပိုင်နက်ထဲသွားပီး ဒုံးကျည်ထိပ်ဖူးကိုဘယ်လိုဖျက်စီးကြမလဲ ဘယ်လိုတွေပူးပေါင်းပီး လုပ်ဆောင်ကြမလဲဆိုတာ.... ရင်တထိတ်ထိတ်နဲ့လိုက်ပာခံစားချင်သူတွေ အကြိုက်တွေ့မယ့်ကားတစ်ခုဖြစ်ပါတယ်.... ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ May Thu Kyaw ဖြစ်ပါတယ်
movie
The Chamber (2016)
2016