Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joey Lauren Adams
Greedy People (2024)
ပင်လယ်ကမ်းစပ်မြို့လေးကို တာဝန်ကြောင့် ပြောင်းရွှေ့လာခဲ့တဲ့ ဝေလ်နဲ့ သူ့ဇနီးပေ့ဂျ်တို့၊ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်အစပြုချင်တဲ့အတွက်ကြောင့် ဒီမြို့လေးကို တစ်ခါတည်းပြောင်းရွှေ့လာကြတဲ့သူတွေဖြစ်ပါတယ်။ လူသစ်,စိတ်သစ်,နေရာသစ်,အလုပ်သစ်မှာနေထိုင်ရင်း ဝေလ်ဟာ အလုပ်စဝင်တဲ့ပထမဆုံးရက်မှာပဲ တိုင်ကြားချက်တစ်ခုကို ဖြေရှင်းဖို့သွားရင်းနဲ့ မတော်တဆဖြစ်ကာ လူသတ်မိသွားပါတော့တယ်။ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝေလ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တယ်ရီတို့ဟာ အိမ်ထဲမှာ ဒေါ်လာ၁သန်းငွေသားတွေအပြည့်ထည့်ထားတဲ့ ခြင်းတစ်ခုကို တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ပိုက်ဆံကိုမြင်ပြီးနောက် လောဘစိတ်ရယ်, လူသတ်မှုကို အမှုမပတ်ဖို့အတွက် နှစ်ယောက်သား အကြံထုတ်ရင်း ဒေါ်လာတစ်သန်းကို ခွဲယူကြပြီး ဒီလူသတ်မှုကိုတော့ တခြားတစ်ယောက်က သတ်တဲ့ပုံစံနဲ့ထားခဲ့မယ်ဆိုပြီး လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ဒီအမှုကိစ္စကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ရှိနေဦးမလဲ ........လောဘကြောင့်နဲ့ ဝေလ်တို့ ဘယ်လိုကိစ္စတွေ ကြုံတွေလာရဦးမလဲ..... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.6 GB)/(854 MB) Quality….Webrip 1080p / ...
movie
Greedy People (2024)
5.1
In the Shadows (2001)
ဒီဇာတ်ကားကတော့ hollywood stunt သမားတွေရဲ့အလုပ်လုပ်ပုံနဲ့ သည်းထိတ်ရင်ဖိုမှုခင်းအကြောင်း ရောစပ်ပြီးပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လိုက်ကတော့ Eric O'Bryne လို့ခေါ်တဲ့ ကြေးစားလူသတ်သမားဖြစ်ပြီးတော့ဝါရင့် Hollywood stunt သမားတစ်ယောက်ကိုလက်စားချေတဲ့အနေနဲ့ သတ်ဖို့ တာဝန်ရခဲ့ပါတယ်။ဒါပေမဲ့ သတ်ဖို့ကြိုးစားရင်း stuntသမားနဲ့ ရင်းနှီးပြီး သူလိုချင်ခဲ့တဲ့သာမာန်ဘဝကို ခဏတာ ပိုင်ဆိုင်ပြီးတဲ့နောက်တာဝန်ကျေအောင်လုပ်ဖို့ အချိန်ရောက်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားကြည့်ကြပါခင်ဗျာ File size… 2.3 GB / 1.13 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Action / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jack
movie
In the Shadows (2001)
7.6
Dazed and Confused (1993)
ဒီရုပ်ရှင်က ၁၉၇၆ ခုနှစ် မေလ ၂၈ ရက်မှာ အော်စတင်၊ တက္ကဆက်ဒေက အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းစာသင်နှစ် နောက်ဆုံးရက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ IMDb 7.6 , Rotten Tomatoes 93% အထိရထားပါတယ်။ဒီရုပ်ရှင်မှာ ဇာတ်လိုက်အုပ်စုတစ်ခုတည်းနဲ့ ဇာတ်လမ်းသွားတစ်ခုတည်းနဲ့မဟုတ်ဘဲ ကွဲပြားတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ ဆက်စပ်ထားတဲ့ ဇာတ်လမ်းတွေကို အဓိကထားပြီး ရိုက်ကူးထားတာပါ။ ဥပမာအနေနဲ့၊ နိုင်ငံတကာတန်း လူမိုက် စီနီယာကျောင်းသားတွေရဲ့ အကြမ်းဖက် သောင်းကျန်းကြတာတွေ၊ အားကစားသမားဖြစ်ပေမဲ့ ဘီယာသောက် ဝိသောက် ပျော်ပါးရတာနှစ်ခြိုက်တဲ့ ဘောလုံး (ဘေ့စ်ဘော) ကစားသမားကျောင်းသားတစ်ယောက်နဲ့ အသင်းအတွက် အပျော်အပါးကိစ္စတွေကိုစွန့်လွှတ်ဖို့ရာ စာချုပ်ရေးထိုးဖို့ တိုက်တွန်းနေတဲ့ သူ့နည်းပြအကြောင်း၊ အရင်က အပျော်အပါးကိစ္စတွေကို လုပ်လေ့မရှိခဲ့ပေမဲ့ ဒီညနေရောက်တော့မှ ပါတီတစ်ခုကိုတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ အထက်တန်းနှစ်က သိပ္ပံစာဂျပိုး ဂိသူငယ်ချင်းတစု၊ အထက်တန်းပထမနှစ်ကို စတက်ခါစမှာပဲ စီနီယာတစ်အုပ် ...
movie
Dazed and Confused (1993)
Animal (2014)
ကောလိပ်ကျောင်းသားငါးယောက်ဖြစ်တဲ့ အလီဆာ၊သူ့ချစ်သူ မတ်၊ သူ့အဖေတူမအေကွဲအစ်ကို ဂျက်ဖ်နဲ့ ဂျက်ဖ်ကောင်မလေးမန်ဒီ၊ အားလုံးရဲ့သူငယ်ချင်း ရှောင် တို့ဟာ တောအုပ်ထဲကိုခြေလျင်တောင်တက် အပျော်ခရီး ထွက်ခဲ့ကြပါတယ်။အလီဆာနဲ့ဂျက်ဖ်တို့ငယ်စဉ်က သူ့အဖေနဲ့အတူသွားလေ့ရှိခဲ့တဲ့ ရေတံခွန်ကိုရှာရင်း အဲ့ဒီမှာတင် မိုးချုပ်သွားတဲ့အတွက် ကားဆီကိုလမ်းလျှောက်ပြန်လာချိန်မှာ တောရိုင်းတိရိစ္ဆာန်တစ်ကောင် ကိုက်ဖြတ်စားသောက်ထားတဲ့အလောင်းတစ်လောင်းရဲ့ အကြွင်းအကျန်တွေနဲ့အတူ အဲ့ဒီသတ္တဝါကြီးကိုပါ ရင်ဆိုင်တိုးမိချိန်မှာတော့..။သူတို့အားလုံး ခြေဦးတည့်ရာပြေးရင်းက တောအုပ်ထဲမှာ သစ်သားအိမ်တစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီအိမ်ထဲမှာလည်း သူတို့ထက်ကြိုရောက်နှင့်သူတွေရှိနေပြီး သူတို့ကိုယ်တိုင်ဟာလည်း ဒီသတ္တဝါရဲ့ရန်က လွတ်အောင်ပုန်းအောင်းနေတာဖြစ်တဲ့အတွက် အားလုံးစုပေါင်းပြီးအမည်မသိသတ္တဝါကြီးရဲ့ အန္တရာယ်ကလွတ်အောင် ကြိုးစားကြရတော့မှာပါ။creature feature ဇာတ်ကားတွေရဲ့ ဖော်မျူလာအတိုင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သတ္တဝါကြီးကိုပုံဖော်ထားတာတွေ၊ suspense တွေအားလုံး သေသပ်စနစ်ကျပြီး ဇာတ်လမ်းရော လှည့်ကွက်ပါမိုက်ပါတယ်။File size…(1.4 GB)/(670 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:22:00 Genre...Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
Animal (2014)
5.1
The Quest for Tom Sawyer’s Gold (2023)
The Quest for Tom Sawyer's Gold (2023) =============================မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် ကလေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ ...
movie
The Quest for Tom Sawyer’s Gold (2023)
2023
6.4
Big Daddy (1999)
Big Daddy (1999) ============= IMDb Rating - 6.4/10၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး မင်းသား Adam Sandler ရဲ့ ဟာသဒရာမာ ဇာတ်ကားတစ်ကားပါ။ Adam Sandler ရဲ့ ထုံးစံအတိုင်း ဟာသတွေအများကြီးပါသလို ဒရာမာကိုလည်း ခပ်ပါးပါးလေး ထည့် ထားပါတယ်။ Adam Sandler လျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တွေကို ပြန်လည်အမှတ်ရရင်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့နိုင်အောင် CM ပရိသတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဆန်နီဟာ ဥပဒေနဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့နေ အလုပ် ကိုမလုပ်ဘဲ လမ်းကြေးကောက်တဲ့ ဂိတ်မှာ အလုပ်လုပ်နေတဲ့သူပါ။ ဘဝကို အလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းနေတာမို့ ရည်းစားဖြစ်သူ ဗနက်ဆာက သိပ်ပြီး မကြိုက်လှပါဘူး။ ဗနက်ဆာဟာလည်း ဆန်နီနဲ့ လမ်းခွဲဖို့ ပြောခဲ့လိုက်ပါတယ်။ ဆန်နီဟာ ဖခင်ဖြစ်စေချင်တဲ့ ရှေ့နေ အလုပ်ကိုမလုပ်တဲ့ အတွက် ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေပါဘူး။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေတဲ့ ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။တကယ်တော့ ဂျူလီယန်ဟာ ဆန်နီ့အခန်းဖော်ဖြစ်တဲ့ ...
movie
Big Daddy (1999)
1999
5.6
Tankhouse (2022)
Tankhouse (2022) ============== IMDb Rating - 5.6/10ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ ဇာတ်ပို့ဇာတ်ရံပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့ တက်ခ်ကာ နဲ့ ဆန်ဒရင်း တို့က ပြဇာတ်တွေ လှည့်လည် ကပြကြရင်း အပြန်အလှန်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ပေါ့။ တစ်နေ့ သူတို့နှစ်ယောက်ရဲ့ နစ်မြုပ်နေတဲ့ ပြဇာတ်ရုံ ထိုးနှက်မှု ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေနေစဉ်မှာပဲ မတော်တဆမှုတစ်ခုဖြစ်ပွား သွားခဲ့ပြီး ထုတ်လုပ်ရေးကနေ နှစ်ယောက်လုံး အလုပ်ဖြုတ်ခံလိုက်ရတယ်။အဲဒီဖြစ်ရပ်ကြောင့်ပဲ မိဘတွေဆီက အထောက်အပံ့တွေလည်း ဖြတ်ခံရ၊ နယူးယောက် ပြဇာတ်ထုတ်လုပ်ရေးတွေကနေပါ လက်သင့်မခံကြ ဖြစ်လာတော့တယ်။ ဒီလိုနဲ့ပဲ ဆန်ဒရင်းရဲ့ မွေးရပ် ဖာဂိုမြို့လေးကို ပြောင်းရွှေ့လာကြပြီး မြို့ရဲ့ ပြဇာတ်ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးပမ်းကြတော့တာပေါ့။စစ်မှန်တဲ့အနုပညာကို ဦးစားပေးလွန်းပြီး အရမ်း သဝန်တိုတတ်တဲ့ တက်ခ်ကာ နဲ့ ချောမော လှပပြီး သရုပ်ဆောင်တော်လွန်းတဲ့ ဆန်ဒရင်း တို့ကြား ဘယ်လို ပြဿနာတွေ ရှိလာနိုင်မလဲ။ တက်ခ်ကာ လိုချင်တဲ့ အနုပညာမြောက်လွန်းတဲ့ ...
movie
Tankhouse (2022)
2022
5.9
Jay and Silent Bob Reboot (2019)
Jay နဲ့ Silent Bob ဆိုတာကတော့ အပြင်မှာတကယ်ရှိတဲ့ဆေးသမား ၂ ယောက်ကို အခြေပြုပြီး Kevin Smith ကဖန်တီးထားခဲ့တဲ့ဇာတ်ကောင်တွေပါသူတို့ကို Bluntman နဲ့ Chronic လို့လည်းသိထားကြပါတယ်...ဒီ Reboot မတိုင်ခင် သူတို့ Universe အတိုင်းဇာတ်ကားပေါင်းများစွာထွက်ရှိထားပါသေးတယ်...ဒီ Reboot ထဲမှာတော့ တကယ့်အပြင်က Jay နဲ့ Bob တို့တစ်တွေသူတို့နာမည်တွေကိုလုယူပြီး ရုပ်ရှင်ရိုက်မယ့်Kevin Smith ကိုတားကြမှာဖြစ်ပါတယ် Comedy ရသအပြည့်အဝနဲ့ အတူChris Hemsworth, Ben Affleck, Matt Damon နဲ့နောက်ဆုံး Stan Lee ပါ Cameo အဖြစ်ပါဝင်ထားကြတာမို့လို့ကြည့်ကောင်းပါတယ်လို့ လက်တို့လိုက်ရင်းစကားအသုံးအနှုန်းကြမ်းတာလေးတော့သတိပြုစေချင်ပါတယ်လို့... File Size : ( ...
movie
Jay and Silent Bob Reboot (2019)