Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joely Richardson
7.2
The Patriot (2000)
၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာသူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာသူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီးမိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။သို့သော်က မပါတ်သတ်လိုပေမယ့်ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကိုစောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူကဒဏ်ရာရလာခဲ့ပါတယ်။သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီးနှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန်ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကိုဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက်တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့တပိုင်းတစကူညီရပါတော့တယ်။Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားကထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲတမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်းဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေကအမြင်ဆန်းသစ်နေပါတယ်။နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ်အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ဒီဇတ်ကားကို ...
movie
The Patriot (2000)
2000
6.2
Endless Love (2014)
Endless Love (2014)~ IMDb rating - 6.2/10 ~ဒီရုပ်ရှင်လေးထဲမှာတော့ အထက်ကျောင်းမှာ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျိတ်ဘတ်တာဖီးလ်ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အစ်ကိုခရစ်ကိုဆုံးရှုံးပြီးနောက်ပိုင်း အနေအေးလာတဲ့အခါ ကျောင်းမှာသူတစ်ယောက်တည်းလိုမျိုး အဖော်မရှိဖြစ်နေခဲ့ပါတယ်။ သူများတွေ ဂျိတ်ကိုမေ့မေ့ပျောက်ပျောက်ဖြစ်နေပေမဲ့ အဲဒီထဲမှာ သူ့ကိုသဘောကျပြီး စောင့်ကြည့်နေတဲ့ ဒေးဗစ်ဆိုတဲ့ အတန်းဖော်ကောင်လေးကတော့ မပါခဲ့ပါဘူး။ဒေးဗစ်ဟာ တစ်ကောင်ကြွက်၊ ဝပ်ရှော့ဖွင့်ထားတဲ့ အဖေပဲရှိတော့တဲ့ သာမန်လက်လုပ်လက်စား မိသားစုငယ်လေးကဖြစ်ပြီး ဂျိတ်ကတော့ ပညာတတ်လူကုံထံအသိုင်းအဝိုင်းကဖြစ်ပါတယ်။ သားတစ်ယောက်လည်းဆုံးရှုံးထားရတဲ့ သူ့ရဲ့အဖေ ဟူ့ချ်ဘတ်တာဖီးလ်ဟာ အငယ်ဆုံးသမီးလေးဂျိတ်တစ်ယောက် ဒေးဗစ်နဲ့တွေ့တဲ့အခါမှာ ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ရပါတယ်။ ပညာရေးအရရော အဆင့်အတန်းအရပါကွာခြားလွန်းနေတဲ့ ဒေးဗစ်ကို ဂျိတ်ရဲ့အမေ"အန်း"နဲ့ အစ်ကို"ကိ့သ်"တို့က ကြည်ဖြူကြပေမဲ့ ဟူ့ခ်ျကတော့ လုံးဝလက်မခံနိုင်ခဲ့ပါဘူး။မိုးအေးအေးနဲ့ကွေးရင်းကြည့်လို့ကောင်းမယ့် ဒီလူငယ် Drama, Romance ကားကောင်းလေးတစ်ကားပါပဲ။ ဟူ့ခ်ျတစ်ယောက် ဒေးဗစ်နဲ့ဂျိတ်ရဲ့ဆက်ဆံရေးကို ဘယ်လိုကြားဝင်နှောင့်ယှက်မလဲ... တကယ်တော့ သူဟာဘယ်လိုလူမျိုးလဲ... မိသားစုအပေါ်တကယ်ရောကောင်းရဲ့လား... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရင်း ဒေးဗစ်နဲ့ ဂျိတ်အချစ်ဇာတ်လမ်းကိုလည်း ရင်တဖိုဖိုနဲ့ ...
movie
Endless Love (2014)
2014
6.6
Red Sparrow (2018)
Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie
Red Sparrow (2018)
2018
4K HEVC
6.1
Little Bone Lodge (2023)
Crime, Horror, Thriller အမျိုးအစား ရုပ်ရှင်သစ်တစ်ခုဖြစ်ပါတယ်။ ဒါရိုက်တာ Matthias Hoene ရဲ့လက်ရာဖြစ်ပြီး Joely Richardson နဲ့ Neil Linpow တို့ ပါဝင်ထားပါတယ်။ ဝရမ်းပြေးညီအစ်ကိုနှစ်ယောက် မုန်တိုင်းကြီးတစ်ခုအတွင်းမှာ အိမ်တစ်လုံးထဲကို ဝင်ခိုမိကြပါတယ်။ အဲဒီအိမ်မှာနေတဲ့မိသားစုကို ဓားစာခံအဖြစ် ဖမ်းထားလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီအိမ်နဲ့မိသားစုက ရိုးရှင်းမနေဘဲ ကြောက်စရာ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာကို သိလိုက်ရတဲ့အခါ...File size…(1.3 GB)/(657 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Horror, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by WolfemHein
movie
Little Bone Lodge (2023)
6.2
Red Lights (2012)
Red Lights (2012)ကျွန်တော်တို့တွေအသည်းစွဲ Peaky Blinders ရဲ့ Thomas Shelby မင်းသားဖြစ်တဲ့ Cillian Murphy... ဆယ်စုနှစ်တစ်ခုလောက်ချစ်ခဲ့ကြရတဲ့ မမ၊ နောက်ဆယ်စုနှစ်တွေမှာလည်း ဆက်ချစ်ရဦးမယ့် မမ Elizabeth Olsen... Avatar နဲ့ Aliens ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ရင့်ကျက်တည်ကြည်ခန့်ငြားနေဆဲ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တဲ့ Sigourney Weaver... ၈၀ခုနှစ်တွေကတည်းကနေ ခုချိန်ထိ ဂန္ထဝင်တွင်နေဆဲ တွင်နေမယ့် အနှိုင်းမဲ့မင်းသားကြီး Robert De Niro...ခုလို Cast အလန်းကြီးတွေအပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်တွေပါ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~Professor Dr. Margret Matheson ဟာ Psychologist တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ Physicist တစ်ယောက် ဖြစ်တဲ့ Tom Buckley နဲ့အတူ သဘာဝလွန်ဖြစ်ရပ်ဆိုတဲ့ အောက်လမ်း၊ အထက်လမ်း၊ မှော်ဆရာ၊ တန်ခိုးရှင် ဆိုပြီး မဟုတ်မမှန်လုပ်ကြံလိမ်ညာနေကြသူတွေကို ဖော်ထုတ်ကြပါတယ်။ ...
movie
Red Lights (2012)
2012
6.9
[18+] Lady Chatterley’s Lover (2022)
Lady Chatterley's Lover (2022)(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ)1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ...
movie
[18+] Lady Chatterley’s Lover (2022)
2022
6.6
Event Horizon (1997)
Event Horizon (1997)Resident Evil ဇာတ်ကားအများစုရဲ့ ဒါရိုက်တာ Paul W.S. Anderson ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဒီကားကို ပါရာမောင့်က ထုတ်ခဲ့တာဖြစ်ပြီး ဒီကားကို ထုတ်ပေးဖို့ ပါရာမောင့်မှာ ဆွယ်တရားသွားဟောတုန်းက ကားတောင်ထွက်မလာသေးဘဲ ပါရာမောင့် အမှုဆောင်တွေ လန့်ပါလန့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ The Matrix ထဲက မောဘီးယပ်စ်ကြီး Laurence Fishburne က အဓိက ပါဝင်သရုပ်ဆောင်ထားသလို ဘွန်းခဲ့ပေမဲ့လည်း Cult Classic Horror Film တစ်ကားဖြစ်ခဲ့တဲ့အတွက် ကြည့်သင့်တဲ့ ဂန္ထဝင်တစ်ကားပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်တွေကို သဘောကျတဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ သိပ္ပံစိတ်ကူးယဉ် သဲထိတ်ရင်ဖိုကားပီသသလို တော်တော်လည်းကြမ်းတာကြောင့် အသည်းငယ်တတ်သူတွေတော့ မကြည့်စေချင်ပါဘူး။ ဒီကားကြည့်ပြီးရင်တော့ အချင်းချင်း ခေါင်းစားကြစရာ အချက်အလက်တွေ အများကြီးထွက်လာမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။လူသားတွေဟာ လပေါ်မှာ အပြီးတိုင်အခြေချပြီးတဲ့နောက် ၂၅ နှစ်အကြာမှာ လူသားသမိုင်းတလျှောက် ပထမဆုံးသော အလင်းထက်မြန်တဲ့ ...
movie
Event Horizon (1997)
1997
The Lost Girls (2022)
The Lost Girl (2022) =============== Drama, Fantasyငယ်ငယ်က ကျနော်တို့အားလုံးကြိုက်ခဲ့ကြတဲ့ Peter Pan & Wandy , Peter Pan & Captain Hook တို့ဇာတ်လမ်းတွေကို အားလုံးကြည့်ဖူးကြမှာပါ။ ကြယ်တွေ စုံတဲ့တစ်ညမှာ ပီတာပန်ဆိုတဲ့ နတ်သူငယ်လေးက ၀န်ဒီဆိုတဲ့ ကောင်မလေးကိုလာ ခေါ်လေ့ရှိတယ်။ ၀န်ဒီရဲ့အဖွား၊ ၀န်ဒီရဲ့ အမေတို့ တုန်းကလည်း ပီတာပန်ဟာ နဲဗားလန်းဆိုတဲ့ စိတ်ကူးယဉ်ကျွန်းကြီးကိုခေါ်သွားလေ့ရှိတယ်။ နွေဦးရဲ့ ကြယ်တွေစုံတဲ့တစ်ညမှာ ပီတာပန်ဟာ ၀န်ဒီ့ဆီရောက်လာပြီး ကတိတစ်ခုတောင်းခဲ့တယ် ။" မင်း ဘယ်တော့မှ ကြီးပြင်းမလာပါနဲ့ ၀န်ဒီ နောက်နှစ်နွေဦးမှာ ကိုယ်လာခေါ်မယ်"၀န်ဒီဟာလည်း ပီတာအလာကို စောင့်နေခဲ့တာ နှစ်တွေအကြာကြီး ကြာခဲ့ပါပြီ ။ ပီတာကရော ပြန်ရောက်လာပါ့မလား....? ၀န်ဒီရဲ့ ဘဝကရော ဘာတွေဆက်ဖြစ်သွားမလဲ...? Cast တွေအနေနဲ့လည်း Preter Pan နေရာမှာ Sherlock Holmes ထဲက လူတိုင်းကြိုက်ခဲ့တဲ့ လူငယ်သရုပ်ဆောင် ...
movie
The Lost Girls (2022)
2022
5.7
101 Dalmatians 1996
ကျွန်တော်တို့ ငယ်ငယ်က အရမ်းသဘောကျတဲ့ ခွေးလေး ၁၀၁ ကောင် ကာတွန်းကားကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 101 Dalmatians 1996 ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားရဲ့ထားခြားချက်ကို ပြောရမယ်ဆိုရင်တော့ ခွေးလေးတွေကိုယ်တိုင်ပါပဲ ကျွန်တော်ကတော့ ရုပ်ရှင်ထဲမှာ တိရစ္ဆာလေးတွေ ထည့်ရိုက်ရင် အရမ်းသဘောကျပါတယ် ဘာလို့ဆိုတော့ သူတို့ကို သရုပ်ဆောင်ဖို့ သင်ပေးရတာ မလွယ်ဘူးလေ ဒါပေမယ့် အခုနောက်ပိုင်းမှာ CGI ဆိုတဲ့ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ရုပ်အတုတွေပဲ ထည့်ရိုက်ကြပါတော့တယ် ဒီတော့ အရင်ခေတ်ကလို တိရစ္ဆာန်လေးတွေရဲ့ သရုပ်ဆောင်ချက်တွေ မြင်ရဖို့အခွင့်အရေးရှားသွားပါတယ် ဒါပေမယ့် ၁၉၉၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဒီကားမှာတော့ ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးမြင်ကြရမှာပါ အခုလို စိတ်ဖိစီးစရာများတဲ့ ကာလမှာ Old but Gold ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ File size…(1.5 GB) and (1 Gb) Quality….BluRay 1080p and 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Htet Wai Lwin
movie
101 Dalmatians 1996
3.7
The Turning (2020)
ညအချိန်ကြီး အလယ်ခေတ်Gothic ပုံ အဆောက်အဦးတခုအတွင်းမှမိန်းကလေးတယောက် ထွက်ပြေးလာပြီးကားတံခါးကို အလျင်အမြန်ဖွင့်ကာ မောင်းပြေးသည်။အိမ်ကြီးထဲတွင်တော့ ကလေးတယောက်က ပြတင်းပေါက်မှ ကြည့်နေပြန်တယ်။ကားလေးက ခြံဝင်းတံခါးဆီအရောက်တွင်တော့တံခါးပိတ်ထားတာကြောင့် ရပ်သွားရတော့တယ်။အထဲမှ မိန်းကလေးထွက်လာပြီး တံခါးပွင့်အောင်လုပ်လိုက်နိုင်တယ်။တံခါးပွင့်လို့ ကားဆီပြန်သွားပြီး ကားတံခါးဖွင့်မယ်အလုပ်ကားဘေးမှန်ထဲပေါ်လာတာကတော့.....သူကတော့ သူ့အခန်းဖော်ကို ကြိုမပြောမိလို့ တောင်းပန်နေရတယ်။သူအလုပ်လုပ်တဲ့ကျောင်းကနေ ထွက်ပြီး ကလေးမလေးတယောက်ကိုထိန်းပေးဖို့ ကျောင်းကလူတွေကပဲ အလုပ်ရှာပေးလိုက်ကြတယ်။ရုတ်တရက်ကြီးဆိုတော့ သူ့အခန်းဖော်ကိုလည်း ပြောပြီးပြီးချင်းသူလည်း အလုပ်ကိုသွားရတော့မယ်။အလုပ်ကတော့ လုပ်တဲ့ဆီမှာပဲ နေရမှာဆိုတော့ အခန်းဖော်ကတော့သူမရှိတော့မှာကို စိတ်မကောင်းတော့ တဖျစ်တောက်တောက်ပေါ့။သူ့အမေဆီကိုလည်း သူမသွားခင် နှုတ်ဆက်သွားရအုံးမယ်။ဒီလိုနဲ့ သူနေရမယ့်ဆီ ရောက်လာတယ်။အိမ်ကြီးကတော့ ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာရှိပြီးရှေးခေတ်အိမ်ကြီးပဲ နေတဲ့သူကတော့ အိမ်တော်ထိန်းခေါ်ရမယ့်အမျိုးသမီးကြီးတယောက်နဲ့ ကလေးမလေးပဲနေတယ်။ ...
movie
The Turning (2020)
6.2
Color Out of Space (2019)
မင်းသားကြီး Nicholas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ဒီ Color Out of Space ဇာတ်ကားလေးကတော့၂၀၁၉ခုနှစ်ထွက် Fantasy/ Sci-fi အမျိုးအစားဖြစ်ပြီးကြာမြင့်ချိန် ၁နာရီနဲ့၅၁မိနစ်ရှိပါတယ်နေသန်ဂါဒနာဟာ သူ့မိန်းမထရီဆာရဲ့ကျန်းမာရေးအခြေအနေကြောင့်လာဗီနီယာ ဘန်နီ နဲ့ ဂျက်လို့ခေါ်တဲ့သူ့သားသမီးသုံးယောက်နဲ့အတူကျေးလက်ဒေသလေးကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။တစ်ညမှာ သူတို့အိမ်ရှေ့ကိုထူးဆန်းလှတဲ့ဥက္ခာခဲကြီးကျရောက်လာပြီးတော့အခြားဂြိုဟ်ကလာတဲ့သန္ဓေပြောင်းဇီဝသက်ရှိကြောင့်သူတို့ရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ကျေးလက်နေဘဝလေးဟာအိပ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါနေသန်နဲ့သူ့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစောင့်ကြည့်ရမှာမို့ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ။ File Size : ( 1 GB , 375 MB ) Quality : WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Horror , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Color Out of Space (2019)
7.8
The Girl with the Dragon Tattoo (2011)
The Girl with the Dragon Tattoo (2011) IMDb - 7.8/10_______Rotten - 86% Won 1 Oscar. Another 26 wins & 91 nominations ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီးတစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့.... Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့ The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး IMDb7.8နဲ့ RT86%ရရှိထားတဲ့ crime flim ...
movie
The Girl with the Dragon Tattoo (2011)
2011
5.8
In Darkness (2018)
လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်ကားကောင်းများကို ကြိုက်နှစ်သက်တတ်တဲ့ သူတွေအတွက် ယခုလအတွင်းကမှ ထွက်ရှိထားတဲ့ In Darkness ဆိုတဲ့ ဇာတ်ကားကို တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာ Anthony Byrne ကရိုက်ကူးပြီးတော့၊HBO ရဲ့နာမည်ကျော် TV Series မှာ Margaery Tyrell အဖြစ်လည်းကောင်း၊ The Hunger Game ဇာတ်ကားတွေမှာ Cressida အဖြစ်လည်ကောင်း သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Natalie Dormer ကတော့ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ========== ဆိုဖီယာဟာ မျက်မမြင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ပီယာနိုပညာရှင်တစ်ဦးအဖြစ် ဘဝကိုရပ်တည်နေသူလည်းဖြစ်ပါတယ်။သူဟာ လက်ရှိငှားရမ်းနေတဲ့တိုက်ခန်းမှာ ခြောက်လကျော်ကြာမြင့်ခဲ့သည့်တိုင်အောင်နေထိုင်ခဲ့ပြီးသော်ငြားလည်း မျက်မမြင်တစ်ဦးဖြစ်တာကြောင့် အိမ်နီးချင်းမိတ်ဆွေ များများစားစားမရှိဘဲ သူ့တိုက်ခန်းရဲ့အပေါ်ထပ်မှာနေထိုင်တဲံ ဗရောနစ်အမည်ရှိ အမျိုးသမီးတစ်ဦးနဲ့သာ ခင်မင်ရင်းနှီးခဲ့ပါတယ်။တစ်ရက်မှာ ဗရောနစ်တစ်ယောက် အမျိုးသားတစ်ဦးနဲ့ စကားများပြဿနာတက်နေတာကိုဆိုဖီယာတစ်ယောက်ကြားကြားပြီးလိုက်ချင်းမှာပဲ ဗရောနစ်ဟာ တိုက်ပေါ်ကပြုတ်ကျလို့သေသွားခဲ့ပါတယ်။ခဏကြာပြီးနောက် ရဲတွေရောက်လာပြီးဆိုဖီ့ယာကို ဗရောနစ်သေဆုံးမှုနဲ့ စစ်ဆေးမေးမြန်းရာမှာတော့ ဆိုဖီယာဟာဘာမှမကြားခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ဒါနဲ့ ရဲတွေက ထိုအမှုကို ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုလို့သာ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။သို့ပေမယ့် သင်္ကာမကင်းတဲ့ ရဲဘက်က ...
movie
In Darkness (2018)
2018
5.4
Fallen (2016)
Fallen (2016)_____IMDb - 5.4/10 Fallen 2016 ကားလေးကတော့ ဘုရားသခင်ကို လူစီဖာပုန်ကန်တဲ့အခါ ဘယ်ဘက်ကိုမှမရွေးခဲ့ပဲ ကြားနေခဲ့တဲ့ နတ်သားတစ်ပါးအကြောင်းပါ။ တိုက်ခိုက်ယူရလောက်အောင်အရေးကြီးတာ ချစ်ခြင်းတရားဆိုတဲ့သူ့ရဲ့ခံယူချက်ကြောင့် ကောင်းကင်ဘုံကနှင်ထုတ်ခံလိုက်ရပါတယ်။ နှင်ထုတ်ခံရပြီး ကမ္ဘာမြေပေါ်မှာ တခြားနတ်သက်ကြွေခဲ့ရတဲ့နတ်သားတွေနဲ့အတူ လူသားတွေနဲ့ရောနှောပြီးနေထိုင်ခဲ့ကြပါတယ်။ တစ်နေ့တော့ သူအယောင်ဆောင်တက်နေတဲ့ကျောင်းကို လုစ်ဆို တဲ့ကောင်မလေးတစ်ယောက်ပြောင်းလာခဲ့ပါတော့တယ်။ သူနဲ့ လုစ်ကြားက ဆက်နွှယ်မှုတွေ၊ကျိန်စာတွေ၊သူအလေးထားတဲ့ချစ်ခြင်းတရားတွေကို မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ လူငယ်ဆန်ဆန် ရိုက်ပြထားတဲ့ကားလေးပါ။ပေါ့ပေါ့ပါးပါးနဲ့ လူငယ်Romance ကားလေးတွေကြည်ချင်သူတွေအဖို့တော့ အံကိုက်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးမွန်ကျော်ပဲဖြစ်ပါတယ်) File Size : 702 MB Quality : Bluray 720P Running Time : 1hr 31minutes Format : Mp4 Genre : Drama, Fantasy, Romance Translator : Aye Mon Kyaw Encoder :Thanhtike Zaw
movie
Fallen (2016)
2016