Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joel Smallbone
Unsung Hero (2024)
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ For King&Country pop duoနှစ်ယောက်ဖြစ်တဲ့ Joelနဲ့Luke smallbone တို့ညီအစ်ကိုနှစ်ယောက်ရဲ့ငယ်ဘဝမိသားစုအကြောင်းကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒေးဗစ်နဲ့ဟယ်လန်စမောဘုန်းတို့ရဲ့သားသမီးခြောက်ယောက်ထဲမှာ ဂျိုအယ်လ်နဲ့လုခ်တို့ညီအစ်ကိုနှစ်ယောက်က "For King&Country"ဆိုတဲ့အမည်နဲ့အနုပညာအလုပ်များလုပ်ပြီး သူတို့ရဲ့အစ်မဖြစ်တဲ့ Rebecca St.James ကလည်းအောင်မြင်တဲ့အနုပညာဖြစ်လာပါတယ်သူတို့တွေဟာ ဂရမ်မီဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့အနုပညာရှင်တွေပါ ဒီဇာတ်ကားမှာ သူတို့ရဲ့ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ မိသားစုဝင်တွေအချင်းချင်းဖေးမကူညီအားပေးပြီး ချစ်ခြင်းမေတ္တာတွေအကြောင်းကိုရိုက်ကူးထားတာပါ ဖခင်ဖြစ်သူ ဒေးဗစ်စမောဘုန်းဟာ ဖျော်ဖြေပွဲတွေကိုစီစဥ်ပေးရတဲ့အောင်မြင်တဲ့ပွဲစီစဥ်သူpromoter တစ်ယောက်ပါ. ဒါပေမဲ့ တစ်ခေါက်ကအလုပ်လုပ်ရင်းအမှားဖြစ်သွားပြီး ပိုင်ဆိုင်သမျှဆုံးရှုံးလိုက်ရပါတယ် အဲ့ဒါကြောင့် ပိုကောင်းတဲ့အနာဂတ်ကိုရှာမယ်ဆိုပြီး သြစတြေးလျကနေ အမေရိကားကိုပြောင်းလာပြီး ဘဝအသစ်စတင်ပါတယ်အဲ့မှာနေရင်း အခက်အခဲတွေကိုဖြတ်သန်းရင်းနဲ့ သူတို့ရဲ့သားသမီးတွေမှာ ဂီတပါရမီပါလာတာကိုသိပြီး အခက်အခဲတွေကြားမှ သားသမီးတွေရဲ့အိပ်မက်ကိုမြေတောင်မြှောက်ပေးဖို့ကြိုးစားခဲ့ပုံတွေကိုရိုက်ကူးထားတာပါ ထူးခြားတာက ဒီဇာတ်ကားကို ဂျိုအယ်လ်စမောဘုန်းကိုယ်တိုင်ဒါရိုက်တာအနေနဲ့ပါဝင်ရိုက်ကူးထားပြီး ဖခင်ဖြစ်သူ"ဒေးဗစ်"နေရာမှာလည်း သူကိုယ်တိုင်ပဲပါဝင်သရုပ်ဆောင်ထားတာပါ IMDB rating လည်း 7.3/10အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပါတယ်File size…(1.6 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Unsung Hero (2024)
Journey to Bethlehem (2023)
ခရစ္စမတ်နေ့ဆိုတာဟာ ဘုရားသခင်ဂျီးဆပ် ဖွားမြင်တော်မူတဲ့နေ့ပါ။ အခု ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ ဂျီးဆပ်မွေးဖွားလာပုံနဲ့ မယ်တော်မယ်ရီနဲ့ဂျိုးဆပ်တို့ရဲ့ဇာတ်လမ်းအကြောင်းကို Musical Film အနေနဲ့ ရိုက်ကူးထားတဲ့ A Journey to Bethlehem ဆိုတဲ့ ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ဂျူဒါတိုင်းပြည်ကြီးမှာ မယ်ရီဆိုတဲ့ကောင်မလေးကို သူမရဲ့မိဘတွေဟာ ဂျိုးဆပ်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ပေးဖို့စီစဥ်ကြပါတယ် သူတို့နှစ်ယောက်ရဲ့စေ့စပ်ပွဲလုပ်ပြီး မင်္ဂလာမဆောင်ရခင်မှာ မယ်ရီဟာထူးခြားလှတဲ့အိပ်မက်မက်ခဲ့ပါတယ် အဲ့ဒါကတော့ ကောင်းကင်ကတမန်တော်တစ်ယောက်ဟာ သူမဆီကိုလာပြီး သူမဟာ ဘုရားသခင်ရဲ့သားတော်ကို မွေးဖွားပေးဖို့အတွက်ရွေးချယ်ခံထားရတယ်လို့လာပြောပါတယ်။အဲဒီနောက်မှာ သူမဟာ အပျိုစင်ဘဝနဲ့ပဲကိုယ်ဝန်ရခဲ့တော့ ဂျိုးဆပ်ရဲ့မိဘတွေဘက်ကနေ စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်ပါတယ် မယ်ရီတစ်ယောက် ကလေးကိုဘယ်လိုမွေးဖွားမလဲ ဂျိုးဆပ်ကရော အိပ်မက်ကိုယုံကြည်ပါ့မလား။ တစ်ဖက်မှာလည်း ပညာရှိသုံးယောက်ဟာ ဘုရားသခင်ရဲ့သားတော်မွေးဖွားမယ်ဆိုလို့ လိုက်ရှာနေကြပါတယ်ဂျူဒါတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ဟဲရစ်ဟာလညး်ဆိုးရွားယုတ်မာတဲ့ဘုရင်ဖြစ်တယ် သူကရော အဲ့ဒီမွေးဖွားလာမယ့်ကလေးနဲ့ပက်သက်ပြီးဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဂျီးဆပ်မမွေးဖွားမီ မယ်ရီရဲ့ဘဝအကြောင်းကိုအဓိကရိုက်ပြထားပြီး မယ်ရီနဲ့ဂျိုးဆပ်တို့နှစ်ဦးကြားကမေတ္တာအကြောင်းတွေအဓိကပါပါတယ် File size…(1.4 GB)/(870 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Journey to Bethlehem (2023)