Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joel Palmer
Dreamcatcher (2003)
IMDb - 5.5 ဆရာကြီး Stephen King ရဲ့ Dreamcatcher စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားတဲ့ သဘာဝလွန်သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျုံးစီ၊ ဘီဗာ၊ ပိပ်နဲ့ ဟင်နရီဆိုတဲ့ သူငယ်ချင်းလေးယောက်မှာ ငယ်ငယ်လေးကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။သူတို့ အသက်ကြီးသွားပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတောင်မှ တစ်နှစ်ကို တစ်ကြိမ်တော့ မိန်းပြည်နယ်မှာရှိတဲ့ တောအုပ်ထဲကိုစခန်းချသွားနေကျပါပဲ။ ဒီနှစ်မှာလည်း စခန်းချသွားကြရင်း နှင်းမုန်တိုင်းတိုက်တာနဲ့ ကြုံခဲ့ရပြီး သူတို့ရဲ့စခန်းချအိမ်ရှိတဲ့ တောအုပ်တဝိုက်မှာ ကူးစက်ရောဂါတမျိုးပြန့်နှံ့လာတဲ့အချိန်မှာတော့ ထူးခြားတဲ့ လက်ဆောင်မွန်တွေရရှိထားကြတဲ့ သူငယ်ချင်းေလးယောက် ဒီဖြစ်ရပ်ဆိုးကို ဘယ်လိုတားဆီးကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Dreamcatcher (2003)
5.0
Valentine (2001)
Valentine (2001) =================၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်း သားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ် ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါ တယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက် ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက် ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာ ဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ် ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊ လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ် ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိ သေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ ဖြစ်လာပါတော့တယ်။Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလက ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ် လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော် တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.5 GB) / (700 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar ...
movie
Valentine (2001)
6.3
Far from Home: The Adventures of Yellow Dog(1995)
ခွေးကလူတွေရဲ့အကောင်းဆုံးအဖော်မွန် ဆိုတဲ့စကားပုံကိုကြားဖူးကြမှာပါ။ခွေးဆိုတဲ့သတ္တဝါကဘယ်သူတွေကိုယ့်ကိုစွန့်ခွာသွားသွား ကိုယ့်ဘေးမှာအမြဲတမ်းရှိနေမယ့်သတ္တဝါလေးတွေပါ။မိတ်ဆွေတွေထက် သစ္စာရှိတာကြောင့်မိတ်ဆွေစစ်လို့ခေါ်ဝေါ်ကြတဲ့အကြောင်းကိုတွေ့မြင်ရမှာပါ။ဒီကားလေးကတော့ ခွေးချစ်သူပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ခွေးကားဟောင်းလေးတစ်ခုဖြစ်ပါတယ်။၉၀ ခုနစ်ကကားလေးဖြစ်ပြီးတော့ ထိုအချိန်က နေထိုင်မှုဘဝ အဆင်အပြင်တွေကိုခံစားရမှာပါ။တောတောင်ရေမြေသဘာဝ ကိုကြည့်ရှုလိုသူတွေအတွက်လည်း နောက်ခံမြင်ကွင်းကစိတ်ကျေနပ်စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အန်းဂတ်စ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးက တိရစ္ဆာန်တွေအပေါ်သနားကြင်နာတတ်ပြီး တစ်နေ့မှာတော့ သူ့နောက်ကိုလိုက်လာတဲ့ လမ်းပျောက်နေတဲ့ ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ကို မွေးစားလိုက်ပါတယ်။ခွေးလေးရဲ့နာမည်ကတော့ Yellow ပါ။ Yellow ကအန်းဂတ်စ်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လာပြီး သံယောဇဉ်လည်းတွယ်လာရင်း မိသားစုရဲ့အရေးပါသူတစ်ဉီးဖြစ်လာပါတယ်။ဒါပေမဲ့ သူရဲ့တကယ် သစ္စာရှိအနစ်နာခံပုံက အခုမှလာမှာပါ။တစ်ရက်မှာ အန်းဂတ်စ်ဟာ သူ့အဖေရဲ့ပင်လယ်ခရီးတစ်ခုကိုလိုက်သွားပါတယ်။ Yellow ကိုပါခေါ်သွားခဲ့တာပါ။အဲ့မှာ ရာသီဉတုပြင်းထန်တာနဲ့ကြုံပြီး လှိုင်းလုံးမိကာ သင်္ဘောမှောက်ပါတော့တယ်။အဲ့ဒီမှာ အန်းဂတ်စ်နဲ့ Yellow နှစ်ဉီး သူဆောက်ထားတဲ့လှေလေးပေါ်ပါသွားပြီး ကျွန်းတစ်ကျွန်းမှာသောင်တင်ခဲ့ပါတယ်။လူသူပြတ်နေတဲ့ တောခြုံကြားမှာ သူတို့အတူ သဘာဝရဲ့ဘေးအန္တရာယ်တွေနဲ့၊သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကိုရင်ဆိုင်ရပါတယ်။ကယ်ဆယ်သူတွေအလာကို စောင့်ဆိုင်းရင်း အန်းဂတ်စ်နဲ့ Yellow နှစ်ယောက်ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်ရပ်တည်သွားကြမလဲ။ အိမ်ကိုရောအရောက်ပြန်နိုင်မှာလား။ တစ်ဖက်က အန်းဂတ်စ်ရဲ့မိဘတွေဖြစ်တဲ့ ဂျွန်နဲ့ကတ်သရင်းတို့ကရော သူတို့ကိုရှာတွေ့နိုင်ပါမလား။ ခွေးတွေသစ္စာရှိတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ဒီကားလေးထဲမှာကြည့်ရှုခံစားလိုက်ပါ။သရုပ်ဆောင်တွေအနေနဲ့ကတော့ ...
movie
Far from Home: The Adventures of Yellow Dog(1995)