Channel Myanmar

Joel Nagle

Mothers’ Instinct (2024) 6.3
Mothers’ Instinct (2024)  The idea of youထဲက လန်ဒန်ဘွိုင်းလေးရဲ့ မမကြီးAnne Hathaway ရဲ့ crime dramaလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါတော့ ချစ်တတ်တဲ့မမ မဟုတ်ဘဲအချစ်ကြီးလွန်းတဲ့ မိခင်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့တွေ့မြင်ရမှာပါ။စီလင်းတို့လင်မယားနှစ်ယောက် ခက်ခက်ခဲခဲကြိုးစားပြီးတော့မှ မက်စ်ဆိုတဲ့သားငယ်လေးကိုမွေးလာတာပေါ့။ ဖြစ်ချင်တော့ မက်စ်လေးကိုမွေးအပြီးမှာ စီလင်းတစ်ယောက် ချို့ယွင်းမှုတစ်ခုရှိနေတာသိလိုက်ရပြီး မက်စ်လေးဟာ သူ့ဘဝရဲ့တစ်ယောက်တည်းသောကလေးဆိုတာ သိလိုက်ရချိန်မှာတော့ ကလေးရူးရူးနေတဲ့စီလင်းတို့မက်စ်လေးကို ပိုးလိုဥထားကြတာပေါ့။စီလင်းတို့အိမ်ဘေးမှာရှိနေတာကတော့စီလင်းရဲ့သူငယ်ချင်း အဲလစ်တို့လင်မယားဖြစ်ပြီးတော့သူတို့မှာလည်း သီအိုဆိုတဲ့သားငယ်လေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာပေါ့။စီလင်းနဲ့ အဲလစ်တို့ခင်မင်ကြသလိုပဲ မက်စ်လေးဟာလည်းသီအိုရဲ့ကစားဖော်ဖြစ်နေခဲ့တာပေါ့။ဒီလိုသာယာနေတဲ့ မိသားစုနှစ်ခုရဲ့အလယ်ကိုကံကြမ္မာဆိုးဝင်လာပြီးတော့ မက်စ်လေးကိုခေါ်ဆောင်သွားရာကစလို့ စီလင်းတစ်ယောက်တစ်စစနဲ့ပြောင်းလဲသွားတဲ့အခါ...မူရင်း French versionမှာကလည်း လူကြိုက်များသလိုဝတ္ထုကလည်းအောင်မြင်ထားတဲ့ ဒီရုပ်ရှင်လေးကိုAnne Hathaway ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ပေါင်းစပ်လို့ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။ File size…1.13GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD
movie

Mothers’ Instinct (2024)

Do the Right Thing (1989) 8.0
Do the Right Thing (1989)  IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie

Do the Right Thing (1989)

The Post (2017) 7.3
The Post (2017) The Post(2017) ************** IMDb....7.3,,,,,Rotten ....88 ဒါရိုက်တာက Steven Spielberg ....အဓိက သရုပ်ဆောင်တွေကMeryl Streep, Tom Hanks နဲ့  Sarah Paulson  ....Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေအခြားဆုပေါင်းများစွာ ရတာတွေ အသာထား ...ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်....အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာKatherine Graham (မင်းသမီးကြီး Meryl Steep) ပါ...အယ်ဒီတာကတော့Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်..သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင်  ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်...အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့  သူတို့တွေ ကြုံရတဲံ အခက်အခဲတွေအန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်...အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ...သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala  ဖြစ်ပါတယ်...File Size :(2.6GB) &(994MB) Quality ...
movie

The Post (2017)

2017
Paranoia (2013) 7.8
Paranoia (2013) ဒီကားလေးကတော့ တကယ့် Thrillerဇာတ်ကောင်းလေးပါ. ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ပရိသတ်ကို အဆုံးသတ်ထိဆက်ကြည့်စေချင်မယ့် ဇာတ်ကားလေးဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ ငယ်င‌ယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တဲ့ အဒမ်ကတ်စီဒီဟာ နာမည်ကြီး နည်းပညာကုမ္ပဏီဖြစ်တဲ့ ဝိုက်စ်မှာ ၀င်ရောက်လုပ်ကိုင်ဖို့ ပရောဂျက်ကို တင်ပြခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်. အဒမ်သာ လူငယ်ပီပီ မိုက်ရုးရဲဆန်စွာနဲ့ ပရောဂျက်လုပ်ဖို့ ကုမ္ပဏီကပေးထားတဲ့ ထောက်ပံ့ငွေကို သုံးပြီး သူငယ်ချငိးတွေနဲ့ ပျော်ပါးသောက်စားပစ်ခဲ့ပ့ါတယ်. အဲ့ကိစ္စကို ဝိုက်စ်ဖက်ဒ်က သိတဲ့အခါမှာ သူ့ကို ငွေအလွဲသုံးစားမှုနဲ့ တရားစွဲမယ် ငြိမ်းခြောက်ပြီး သူတို့ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ အိုက်ကွန်ကုမ္ပဏီရဲ့နည်းပညာလျှို့ဝှက်ချက်တွေကို ခိုးယူဖို့ အတင်းအကြပ်ခိုင်းခဲ့ပါတယ်. အဒမ်ဟာ အိုက်ကွန်ကုမ္ပဏီရဲ့လူယုံဖြစ်လာတဲ့အခါမှာတော့ ကုမ္ပဏီနှစ်ဦးရဲ့လှည့်ကွက်တွေကို နားလည်ပြီး သူဟာဓားစာခံဖြစ်မှန်းမသိပဲ ဖြစ်နေခဲ့တာကိုပါနလည်ခဲ့ပါတယ်. အဒမ်ဟာ ကုမ္ပဏီနှစ်ခုရဲ့ယှဉ်ပြိုင်မှုကြားကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်အားထုတ်သွားတယ်. ကုမ္ပဏီကြီးတွေရဲ့ပြိုင်ဆိုင်မှုက ဘယ်လောက်ထိနက်နဲတယ်ဆိုတာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါရစေဗျာ...   File Size -  1gb Quality - bluray 1080p Subtitle -  burmese Translator - YK Encoder - XCode
movie

Paranoia (2013)

2013