Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joel Gretsch
6.1
Push (2009)
Push (2009)IMDb Rating (6.1)မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့ Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့...ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။ အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . ။ File size…(9.7 GB)/ (2.9 GB ) / (1.4 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:51:27 Subtitle….Myanmar ...
movie
Push (2009)
2009
4K HEVC
5.3
Are You Here (2013)
ဒီဇာတ်လမ်းမှာတော့ Owen Wilson နဲ့ ZachGalifianakis တို့က သူတို့နဲ့ အလိုက်ဖက်ဆုံးဇာတ်ကောင်တွေကို အသီးသီး သရုပ်ဆောင်ထားကြတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်.Owen Wilson ကလည်း သူအပိုင်နိုင်ဆုံး Womanizerဇာတ်ကောင်အဖြစ်နဲ့ Steve Dallas အဖြစ်ပါဝင်ထားသလို Zach Galifianakis ကလည်းအူကြောင်ကြောင်ကျပ်မပြည့် လူနားမလည်တဲ့စကားတွေထထပြောတဲ့ Weirdo ပုံစံမျိုးကို ကြိုးစားစရာမလိုဘဲပြောင်မြောက်ပီပြင်နေခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘန်ဘိတ်ကာ ရဲ့အဖေ သေဆုံးသွားရာကနေ စပြီး. စတိဗ်အနေနဲ့သူငယ်ချင်းဖြစ်သူကို မိဘအိမ်ရှိရာ ကျေးလက်ကိုလိုက်ပို့ပေးတာကနေ စခဲ့ပါတော့တယ်.အသုဘကို လာရင်းနဲ့ပဲ. အဖေ့ရဲ့ နောက်အိမ်ထောင်မိထွေး၊ အစ်မဖြစ်သူ တယ်ရီ တို့နဲ့အတူသေတမ်းစာကို ဖတ်ကြားရမယ့်အချိန်ကို ရောက်လာပြီးမထင်မှတ်ထားဘဲ ဧကများစွာကျယ်တဲ့လယ်ယာမြေအပြင် မြို့ပေါ်က ကုန်စုံဆိုင်ကိုပါအမွေရခဲ့ချိန်မှာတော့..ဘန်အနေနဲ့. သူ့ဘဝရဲ့ ရည်ရွယ်ချက်အသစ်ကိုရှာဖွေချိန်တန်ပြီဟု ယူဆပြီး လယ်ယာမြေနဲ့ စတိုးဆိုင်ကိုပြောင်းလဲဖို့ ကြိုးစားချိန်မှာတော့ သူ့ရဲ့လုပ်ရည်ကိုင်ရည်အပေါ်မူတည်ပြီး အိမ်ခြံမြေပိုင်ဆိုင်ခွင့်အတွက်အစ်မဖြစ်သူ နဲ့ တိုက်ပွဲဝင်ရပုံများ၊ လူအများလိုက်မမီနိုင်တဲ့ အကြံဉာဏ်တွေကို လူအများ နားလည်အောင်စည်းရုံးရပုံများ၊ စတိဗ် ...
movie
Are You Here (2013)
5.5
A Father’s Nightmare (2018)
A Father's Nightmare (2018) =====================လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ် သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။ သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင် မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက် လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ် တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများ တယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ် ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့ သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင် လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ် ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာ ရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ် သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့ စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေး ပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရ တယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစား စရာလေးဖြစ်နေပြီ။လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာက သူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အ ဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို ...
movie
A Father’s Nightmare (2018)
2018
7.6
Air (2023)
Air (2023) ========== IMDb Rating - 7.6/10Good Will Hunting ရုပ်ရှင်ကြီးတုန်းကလိုပဲ ဘန်အက်ဖလက်နဲ့ မက်ဒေမွန်တို့အတွဲညီညီနဲ့ ရုပ်ရှင်ကောင်းတစ်ခုဖန်တီးလိုက်ပြန်ပါပြီ။ ဒါရိုက်တာကလည်း ဘန် အက်ဖလက်ပါပဲ။ Ozark စီးရီးရဲ့ မင်းသား ကြီး ဂျေဆန်ဘိတ်မန်းလည်း အားဖြည့်ပေးထားပါသေးတယ်။ IMDb 7.6 အထိ ရထားတာမို့ ကားကောင်းဆိုတာ သိသာမှာပါ။ဒီရုပ်ရှင်ဟာ သမိုင်းတလျှောက်အကောင်းဆုံး ဘတ်စကတ်ဘောသမား မိုက်ကယ်ဂျော်ဒန်နဲ့ နိုက်ကီကုမ္ပဏီတို့ ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့ သမိုင်း ဝင် Air Jordan ဖိနပ် သဘောတူညီချက်အပေါ် အခြေခံပြီးရိုက်ကူးထား တာဖြစ်ပါတယ်။ အဲဂျော်ဒန်ဝမ်း စနိကာဖိနပ်ဟာ သမိုင်းတလျှောက် လူကြိုက်အများဆုံးစာရင်းဝင်ဖိနပ်ပဲဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန် ရု ပ်ရှင်ထဲမှာမပါဝင်ခဲ့ပေမဲ့ ဘန်အက်ဖလက်ဟာ မိုက်ကယ်နဲ့ အကြိမ်ကြိမ် တိုင်ပင်ခဲ့ပြီး အသေးစိတ်ရိုက်ကူးခဲ့တာပါ။မိုက်ကယ်ဂျော်ဒန်ဟာ ဒီရုပ်ရှင်အတွက် နှစ်ခုပဲ ပြန်တောင်းဆိုပါတယ်။ သူ့အမေနေရာမှာ Viola Davis ကိုသရုပ်ဆောင်စေဖို့နဲ့ သူ့ရဲ့မိတ်ဆွေ ကောင်းကြီး ဟောင်းဝဒ်ဝိုက်အကြောင်းကိုပါ ထည့်သွားပေးဖို့ပါပဲ။ ဘန်အက်ဖလက်ကလည်း သူ့ရဲ့ဘော်ဒါကြီးဖြစ်တဲ့ ခရစ်တက်ကာ (Rush Hour ထဲကမင်းသား) ကို ဟောင်းဝဒ်အဖြစ်ထည့်သွင်းခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုလည်း အမေဇုံက အွန်လိုင်းကနေပဲ ပြဖို့ ...
movie
Air (2023)
2023
4K HEVC
7.6
Minority Report (2002)
Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie
Minority Report (2002)
2002
6.5
National Treasure: Book of Secrets (2007)
National Treasure: Book of Secrets (2007) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ ...
movie
National Treasure: Book of Secrets (2007)